သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်အပူလှိုင်း လူ၃၀ လောက် သေဆုံး


လူသွားလမ်းပေါ်မှာ အပူသက်သာအောင် ချထားတဲ့ ရေခဲတုံး။ (ဇူလိုင် ၂၀၊ ၂၀၁၈)
လူသွားလမ်းပေါ်မှာ အပူသက်သာအောင် ချထားတဲ့ ရေခဲတုံး။ (ဇူလိုင် ၂၀၊ ၂၀၁၈)

ဂျပန်နိုင်ငံမှာ စံချိန်တင်လောက်တဲ့ အပူလှိုင်းဖြတ်သန်းတာကြောင့် လူပေါင်း ၃၀ လောက်သေဆုံးပြီး ထောင်နဲ့ချီတဲ့ လူတွေလည်း အပူလှိုင်းဒဏ်ခံစားရတာကြောင့် နိုင်ငံတဝှမ်းက ဆေးရုံတွေစီ တက်ရောက်ပြီး ကုသမှုခံယူနေပါတယ်။

အစိုးရကတော့ အပူဒဏ်ကို ခံနိုင်အောင် ရေများများသောက်ဖို့နဲ့ လေအေးစက်အသုံးပြုဖို့ တိုက်တွန်းနေပါ တယ်။ ဂျပန်နိုင်ငံပိုင်းမှာဆိုရင် အပူချိန်ဟာ ၄၁ Celsius ရှိပြီး ကျိုတိုမှာဆိုရင် ၇ ရက်မြောက်အနေနဲ့ ၃၈ Celsius အထိ ရှိနေပါတယ်။

အခုလို အပူချိန်မြင့်တက်နေတာကြောင့် လာမယ့် ၂၀၂၀ ကျရင် တိုကျိုမှာကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲ ကျင်းပ နိုင်ပါ့မလားဆိုပြီးတော့လည်း လူတွေက စိုးရိမ်နေပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်က တိုကျိုကိုရောက်ရှိလာတဲ့ အိုလံပစ်ပြိုင်ပွဲ ကျင်းပနိုင်ရေး စိစစ်ရေးအဖွဲ့ရဲ့အကြီးအကဲ John Coates က ဒီအပူချိန်ကြောင့် အခက်အခဲ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ကြောင်းပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG