ထုိင္းႏုိင္ငံ အေရွ႕ေျမာက္ပိုင္းမွာ ေရႀကီးမႈေတြေၾကာင့္ ေနအိမ္ေတြ၊ လမ္းေတြနဲ႔ တံတားေတြ ေရနစ္ျမဳပ္ကုန္ၿပီး လူ ၂ ေသာင္း ၃ ေထာင္ေလာက္ ကယ္ဆယ္ေရးစခန္းေတြမွာ ေနထိုင္ေနၾကရပါတယ္။ ဒါ့အျပင္ ထုိင္းအစိုးရဘက္က ေရေဘးကယ္ဆယ္ေရး အကူအညီေတြ ေႏွာင့္ေႏွးေနတဲ့ အေပၚမွာလည္း ေဒသခံေတြ ေဒါသထြက္ေနၾကပါတယ္။
ထုိင္းႏုိင္ငံမွာ ၿပီးခဲ့တဲ့ ၂ ပတ္အတြင္း မိုးအႀကီးအက်ယ္ ရြာသြန္းခဲ့တာေၾကာင့္ ထုိင္းႏုိင္ငံက ခ႐ုိင္တ၀က္ေလာက္မွာ ေရႀကီးတာေတြ၊ ေျမၿပိဳတာေတြ ျဖစ္ခဲ့ၿပီး မိသားစုေတြအေနနဲ႔ သူတုိ႔ရဲ႕ ေနအိမ္ေတြကေန ေဘးလြတ္ရာကို ေလွေတြ၊ ေဖာင္ေတြနဲ႔ ထြက္ေျပးခဲ့ၾကရပါတယ္။
ၿပီးခဲ့တဲ့ ၾသဂုတ္လ ၂၉ ရက္ေန႔ကစတင္ၿပီး ေရႀကီးမႈေၾကာင့္ လူ ၃၂ ေယာက္ ေသဆုံးခဲ့တယ္လု႔ိ ထုိင္းႏုိင္ငံရဲ႕ သဘာ၀ေဘးအႏၱရာယ္ ကာကြယ္ေစာင့္ေရွာက္ေရးဌာနက ဒီကေန႔ ေၾကညာခ်က္ထုတ္ျပန္ ေျပာၾကားလိုက္ပါတယ္။
အခုလို ေနရာအေတာ္မ်ားမ်ားမွာ ေရႀကီးမႈေတြ ျဖစ္ရတာကေတာ့ ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ ျဖစ္ေနတဲ့ Podul မုန္တုိင္းနဲ႔ Kajiki လို႔ေခၚတဲ့ အပူပုိင္းမုန္တုိင္းေၾကာင့္ ျဖစ္တယ္လို႔ ေျပာပါတယ္။
Ubon Ratchathani ခ႐ုိင္ကေတာ့ ေရႀကီးမႈဒဏ္ကို အဆုိုးဆုံးခံခဲ့ရၿပီး ေရက လူေတြရဲ႕ ရင္ဘတ္ေလာက္အထိ ျမင့္တက္ေနၿပီး ကယ္ဆယ္ေရးအဖဲြ႔ေတြကလည္း ကၽြဲႏြားေတြကို အျမင့္ပိုင္းကို ဆဲြေခၚဖို႔ ႀကိဳးပမ္းခဲ့ၾကတာေတြကို ေဒသတြင္း သတင္းမီဒီယာေတြက ေဖာ္ျပေနပါတယ္။
လာအိုနဲ႔ ကေမာၻဒီးယားႏုိင္ငံေတြထဲ နယ္နိမိတ္ခ်င္း ထိစပ္ေနတဲ့ အဲဒီခ႐ုိင္မွာေတာ့ Moon နဲ႔ Chi ျမစ္ေရျမင့္တက္တာေၾကာင့္ အေျခအေနေတြက ပိုၿပီးေတာ့ ဆုိးရြားေစခဲ့ပါတယ္။
-----------------------
[Unicode Version]
ထိုင်းအရှေ့မြောက်ရေဘေး ၃၀ ကျော် သေဆုံး
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ရေကြီးမှုတွေကြောင့် နေအိမ်တွေ၊ လမ်းတွေနဲ့ တံတားတွေ ရေနစ်မြုပ်ကုန်ပြီး လူ ၂ သောင်း ၃ ထောင်လောက် ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြရပါတယ်။ ဒါ့အပြင် ထိုင်းအစိုးရဘက်က ရေဘေးကယ်ဆယ်ရေး အကူအညီတွေ နှောင့်နှေးနေတဲ့ အပေါ်မှာလည်း ဒေသခံတွေ ဒေါသထွက်နေကြပါတယ်။
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ ပတ်အတွင်း မိုးအကြီးအကျယ် ရွာသွန်းခဲ့တာကြောင့် ထိုင်းနိုင်ငံက ခရိုင်တဝက်လောက်မှာ ရေကြီးတာတွေ၊ မြေပြိုတာတွေ ဖြစ်ခဲ့ပြီး မိသားစုတွေအနေနဲ့ သူတို့ရဲ့ နေအိမ်တွေကနေ ဘေးလွတ်ရာကို လှေတွေ၊ ဖောင်တွေနဲ့ ထွက်ပြေးခဲ့ကြရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့ကစတင်ပြီး ရေကြီးမှုကြောင့် လူ ၃၂ ယောက် သေဆုံးခဲ့တယ်လု့ိ ထိုင်းနိုင်ငံရဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးဌာနက ဒီကနေ့ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
အခုလို နေရာအတော်များများမှာ ရေကြီးမှုတွေ ဖြစ်ရတာကတော့ တောင်တရုတ်ပင်လယ်အတွင်းမှာ ဖြစ်နေတဲ့ Podul မုန်တိုင်းနဲ့ Kajiki လို့ခေါ်တဲ့ အပူပိုင်းမုန်တိုင်းကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။
Ubon Ratchathani ခရိုင်ကတော့ ရေကြီးမှုဒဏ်ကို အဆိုးဆုံးခံခဲ့ရပြီး ရေက လူတွေရဲ့ ရင်ဘတ်လောက်အထိ မြင့်တက်နေပြီး ကယ်ဆယ်ရေးအဖွဲ့တွေကလည်း ကျွဲနွားတွေကို အမြင့်ပိုင်းကို ဆွဲခေါ်ဖို့ ကြိုးပမ်းခဲ့ကြတာတွေကို ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြနေပါတယ်။
လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေထဲ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အဲဒီခရိုင်မှာတော့ Moon နဲ့ Chi မြစ်ရေမြင့်တက်တာကြောင့် အခြေအနေတွေက ပိုပြီးတော့ ဆိုးရွားစေခဲ့ပါတယ်။