(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာ သိမ္းယူခဲ့တဲ့အေပၚ ပုပ္ရဟန္းမင္းႀကီး အပါအဝင္ ႏိုင္ငံတကာ အသိုင္းအဝိုင္းက စိုးရိမ္မႈေတြရွိေနၾကတဲ့အေၾကာင္း ေကာက္ႏႈတ္ တင္ျပေပးထားပါတယ္။
ျမန္မာႏိုင္ငံမွာ ေ႐ြးေကာက္ပြဲအႏိုင္ရရွိထားတဲ့ အရပ္သား အစိုးရအဖြဲ႕ကို ေဖေဖာ္ဝါရီ ၁ ရက္ေန႔က ျမန္မာစစ္တပ္က အာဏာသိမ္းယူခဲ့ၿပီး ႏိုင္ငံေရးေခါင္းေဆာင္ေတြနဲ႔ တက္ႂကြလႈပ္ရွား သူတခ်ိဳ႕ကို ထိန္းသိမ္းထားလိုက္တဲ့ အေပၚ ပုပ္ရဟန္းမင္းႀကီး အပါအဝင္ ႏိုင္ငံတကာ အသိုင္းအဝိုင္းက စိုးရိမ္မႈေတြရွိေနၾကပါတယ္။
လတ္တေလာ ျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ ပတ္သက္လို႔ ပုပ္ရဟန္းမင္းႀကီးက ျမန္မာျမန္မာျပည္သူေတြနဲ႔ တစည္းတလုံးထဲရွိ တယ္ဆိုတဲ့ အေၾကာင္း မိန္႔ၾကားလိုက္ပါတယ္။ အလားတူပဲ ျမန္မာစစ္တပ္ကိုလည္း ဒီမိုကေရစီနည္းလမ္းတက် ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ေရး အတြက္ လုပ္ေဆာင္သြားဖို႔ လည္း ပုပ္ရဟန္းမင္းႀကီးက တိုက္တြန္းလိုက္ပါတယ္။
“ျမန္မာႏိုင္ငံတြင္း အာဏာလက္ရွိ ထိန္းခ်ဳပ္ထားတဲ့သူေတြအေနနဲ႔ အမ်ားျပည္သူေကာင္းက်ိဳးကို ေရွ႕ရႈၿပီး ေဆာင္႐ြက္ၾကဖို႔ ဆုေတာင္းပါတယ္။ ျမန္မာႏိုင္ငံတြင္း လူမ်ိဳးေရး၊ တရားမွ်တမႈ၊ တည္ၿငိမ္မႈနဲ႔ ဒီမိုကေရစီနည္းက် ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ေရး ေဖာ္ေဆာင္သြားဖို႔ လည္း တိုက္တြန္းလိုပါတယ္။” လို ့ေျပာဆိုသြားပါတယ္။
ႏိုင္ငံအႏွံ႔ ျပည္သူေတြ ေထာင္ေသာင္းခ်ီလမ္းေတြေပၚထြက္ၿပီး စစ္အစိုးရဆန္႔က်င္ေရး ဆႏၵျပပြဲေတြ လုပ္ေဆာင္ေနတဲ့ အခ်ိန္မွာပဲ ပုပ္ရဟန္းမင္းႀကီးက မေန႔တုန္းက ဆုေတာင္းဝတ္ျပဳအၿပီးမွာ စိန္႔ပီတာရင္ျပင္ သူသီတင္းသုံးရာ အေဆာက္အဦးရဲ႕ ေလသာေဆာင္ကေန ေျပာၾကားခဲ့တာပါ။
ျမန္မာႏိုင္ငံအေရး တကမာၻလုံးက ညီညီၫြတ္ၫြတ္ရပ္တည္ဖို႔ ကုလသမဂၢအေနနဲ႔ တတ္ႏိုင္သမွ်လုပ္ေဆာင္သြားမယ္လို႔ ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္ Antonio Guterres ကေျပာပါတယ္။ ဒီမတိုင္ခင္ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔က ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ထိန္းသိမ္းထားသူေတြကို ခ်က္ခ်င္း ျပန္လႊတ္ေပးဖို႔နဲ႔ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီ စနစ္ ျပန္လည္ က်င္းသုံးဖို႔ ကုလသမဂၢ လုံၿခဳံေရးေကာင္စီက တညီတၫြတ္တည္း ေတာင္းဆိုခဲ့ပါတယ္။
“ျမန္မာႏိုင္ငံမွာ အေရးေပၚ အေျခအေန ေၾကညာတာ၊ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္တို႔ အပါအဝင္ အစိုးရ အဖြဲ႕ဝင္ေတြနဲ႔ တျခား လူပုဂၢိဳလ္ေတြကို ဥပေဒမဲ့ ဖမ္းဆီးထိန္းသိမ္းတဲ့အေပၚ လုံၿခဳံေရးေကာင္စီ အဖြဲ႕ဝင္ ႏိုင္ငံ ေတြက အထူးပဲ စိုးရိမ္မိေၾကာင္းနဲ႔ ဖမ္းဆီးထိန္းသိမ္းထားသူ အားလုံးကို ခ်က္ခ်င္း ျပန္လႊတ္ေပးဖို႔ လုံၿခဳံေရးေကာင္စီ အဖြဲ႕ဝင္ ႏိုင္ငံ အားလုံးက ေတာင္းဆို ပါတယ္” လို႔ လုံၿခဳံေရးေကာင္စီ ဥကၠဌ ၿဗိတိန္ႏိုင္ငံက သံအမတ္ႀကီး Barbara Woodward က ဖတ္ၾကား ေၾကညာသြားတာ ျဖစ္ပါတယ္။
ကမာၻ႔အဖြဲ႕အစည္း ႀကီးျဖစ္တဲ့ ကုလသမဂၢအဖြဲ႕ႀကီးနည္းတူ ေဒသဆိုင္ရာ အဖြဲ႕အစည္းလည္းျဖစ္ ျမန္မာႏိုင္ငံကလည္း အဖြဲ႕ဝင္အျဖစ္ပါဝင္ေနတဲ့ ASEAN အာဆီယံ အဖြဲ႕ကလည္း ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ စိုးရိမ္ပူပန္မႈရွိတဲ့ အေၾကာင္းထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္တဲ့ ကိစၥကို ေဆြးေႏြးဖို႔အေရး အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးအဆင့္ အထူး အစည္းအေဝး တစ္ရပ္ေခၚယူဖို႔ အင္ဒိုနီးရွားနဲ႔ မေလးရွားေခါင္းေဆာင္ေတြကလည္း ေတာင္းဆိုလိုက္ပါတယ္။
“ျမန္မာ့အေရး ေဆြးေႏြးဖို႔အတြက္ အာဆီယံ ဥကၠဌကို အဆိုျပဳဖို႔ အင္ဒိုနီးရွားနဲ႔ မေလးရွား ႏိုင္ငံျခားေရး ဝန္ႀကီး ႏွစ္ဦးစလုံးကို ကြၽန္ေတာ္တို႔ ၫႊန္ၾကားထားၿပီးပါၿပီ။ ဒီကိစၥကို မေလးရွား ဝန္ႀကီးခ်ဳပ္နဲ႔လည္း အေသးစိတ္ ညႇိႏႈိင္းေဆြးေႏြးထားပါတယ္။” လို ့အင္ဒိုနီး ရွားသမၼတ Joko Widodo က ေျပာသြားတာပါ။
တခ်ိန္ထဲမွာပဲ မေလးရွား ဝန္ႀကီးခ်ဳပ္ Muhyiddin Yassin က လည္း
“ဒီမိုကေရစီေဖာ္ေဆာင္ေရးမွာ ေျခတလွမ္းေနာက္ျပန္ဆုတ္ သြားတာျဖစ္တဲ့အတြက္ အင္ဒိုနီးရွားႏိုင္ငံလိုပဲ မေလးရွားႏိုင္ငံကလည္း ျမန္မာႏိုင္ငံရဲ႕ လက္ရွိႏိုင္ငံေရး အေျခအေနကို အလြန္ စိုးရိမ္စရာကိစၥတခုအျဖစ္ ျမင္မိပါတယ္။ ျမန္မာႏိုင္ငံတြင္း ႏိုင္ငံေရးမၿငိမ္သက္မႈေတြေၾကာင့္ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ ေအးခ်မ္းမႈကို ထိခိုက္ေနတာကလည္း စိုးရိမ္စရာျဖစ္ေနပါတယ္” လို ့ေျပာဆိုသြားပါတယ္။
ဒီလို ကမာၻ႔ ဥေသွ်ာင္ ဘာသာေရးေခါင္းေဆာင္ေတြနဲ႔ ႏိုင္ငံတကာ အဖြဲ႕အစည္းေတြနည္းတူ အေမရိကန္ျပည္ေထာင္စုအပါအဝင္ ကမာၻ႔ေဒသ အသီးသီး ႏိုင္ငံေတြကလည္း ျမန္မာႏိုင္ငံမွာ စစ္တပ္ကအာဏာသိမ္းယူမႈအေပၚ စိုးရိမ္ပူပန္ေၾကာင္းထုတ္ေဖာ္ေျပာဆိုေနၾကပါတယ္။ ဒါ့အျပင္ဖမ္းဆီးထားတဲ့ ႏိုင္ငံေရးေခါင္းေဆာင္ေတြကို ခ်က္ခ်င္း ျပန္လႊတ္ေပးဖို႔နဲ႔ ဒီမိုကေရစီစနစ္ကို အျမန္ဆုံး ျပန္လည္က်င့္သုံးဖို႔ ဖိအားေပး တိုက္တြန္းေျပာဆိုမႈေတြလည္း ဆက္တိုက္ျပဳလုပ္လာၾကပါတယ္ရွင္။
(Unicode)
ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူတွေ ဘက်က ပုပ်ရဟန်းမင်းကြီး ရပ်တည်
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာ သိမ်းယူခဲ့တဲ့အပေါ် ပုပ်ရဟန်းမင်းကြီး အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်မှုတွေရှိနေကြတဲ့အကြောင်း ကောက်နှုတ် တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအနိုင်ရရှိထားတဲ့ အရပ်သား အစိုးရအဖွဲ့ကို ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာစစ်တပ်က အာဏာသိမ်းယူခဲ့ပြီး နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှား သူတချို့ကို ထိန်းသိမ်းထားလိုက်တဲ့ အပေါ် ပုပ်ရဟန်းမင်းကြီး အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်မှုတွေရှိနေကြပါတယ်။
လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ပုပ်ရဟန်းမင်းကြီးက မြန်မာမြန်မာပြည်သူတွေနဲ့ တစည်းတလုံးထဲရှိ တယ်ဆိုတဲ့ အကြောင်း မိန့်ကြားလိုက်ပါတယ်။ အလားတူပဲ မြန်မာစစ်တပ်ကိုလည်း ဒီမိုကရေစီနည်းလမ်းတကျ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အတွက် လုပ်ဆောင်သွားဖို့ လည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။
“မြန်မာနိုင်ငံတွင်း အာဏာလက်ရှိ ထိန်းချုပ်ထားတဲ့သူတွေအနေနဲ့ အများပြည်သူကောင်းကျိုးကို ရှေ့ရှုပြီး ဆောင်ရွက်ကြဖို့ ဆုတောင်းပါတယ်။ မြန်မာနိုင်ငံတွင်း လူမျိုးရေး၊ တရားမျှတမှု၊ တည်ငြိမ်မှုနဲ့ ဒီမိုကရေစီနည်းကျ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ဖော်ဆောင်သွားဖို့ လည်း တိုက်တွန်းလိုပါတယ်။” လို့ပြောဆိုသွားပါတယ်။
နိုင်ငံအနှံ့ ပြည်သူတွေ ထောင်သောင်းချီလမ်းတွေပေါ်ထွက်ပြီး စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ လုပ်ဆောင်နေတဲ့ အချိန်မှာပဲ ပုပ်ရဟန်းမင်းကြီးက မနေ့တုန်းက ဆုတောင်းဝတ်ပြုအပြီးမှာ စိန့်ပီတာရင်ပြင် သူသီတင်းသုံးရာ အဆောက်အဦးရဲ့ လေသာဆောင်ကနေ ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံအရေး တကမ္ဘာလုံးက ညီညီညွတ်ညွတ်ရပ်တည်ဖို့ ကုလသမဂ္ဂအနေနဲ့ တတ်နိုင်သမျှလုပ်ဆောင်သွားမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres ကပြောပါတယ်။ ဒီမတိုင်ခင် ဖေဖော်ဝါရီလ ၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိန်းသိမ်းထားသူတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ် ပြန်လည် ကျင်းသုံးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တညီတညွတ်တည်း တောင်းဆိုခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာတာ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် အစိုးရ အဖွဲ့ဝင်တွေနဲ့ တခြား လူပုဂ္ဂိုလ်တွေကို ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းတဲ့အပေါ် လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံ တွေက အထူးပဲ စိုးရိမ်မိကြောင်းနဲ့ ဖမ်းဆီးထိန်းသိမ်းထားသူ အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံ အားလုံးက တောင်းဆို ပါတယ်” လို့ လုံခြုံရေးကောင်စီ ဥက္ကဌ ဗြိတိန်နိုင်ငံက သံအမတ်ကြီး Barbara Woodward က ဖတ်ကြား ကြေညာသွားတာ ဖြစ်ပါတယ်။
ကမ္ဘာ့အဖွဲ့အစည်း ကြီးဖြစ်တဲ့ ကုလသမဂ္ဂအဖွဲ့ကြီးနည်းတူ ဒေသဆိုင်ရာ အဖွဲ့အစည်းလည်းဖြစ် မြန်မာနိုင်ငံကလည်း အဖွဲ့ဝင်အဖြစ်ပါဝင်နေတဲ့ ASEAN အာဆီယံ အဖွဲ့ကလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှုရှိတဲ့ အကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ကိစ္စကို ဆွေးနွေးဖို့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဆင့် အထူး အစည်းအဝေး တစ်ရပ်ခေါ်ယူဖို့ အင်ဒိုနီးရှားနဲ့ မလေးရှားခေါင်းဆောင်တွေကလည်း တောင်းဆိုလိုက်ပါတယ်။
“မြန်မာ့အရေး ဆွေးနွေးဖို့အတွက် အာဆီယံ ဥက္ကဌကို အဆိုပြုဖို့ အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီး နှစ်ဦးစလုံးကို ကျွန်တော်တို့ ညွှန်ကြားထားပြီးပါပြီ။ ဒီကိစ္စကို မလေးရှား ဝန်ကြီးချုပ်နဲ့လည်း အသေးစိတ် ညှိနှိုင်းဆွေးနွေးထားပါတယ်။” လို့အင်ဒိုနီး ရှားသမ္မတ Joko Widodo က ပြောသွားတာပါ။
တချိန်ထဲမှာပဲ မလေးရှား ဝန်ကြီးချုပ် Muhyiddin Yassin က လည်း
“ဒီမိုကရေစီဖော်ဆောင်ရေးမှာ ခြေတလှမ်းနောက်ပြန်ဆုတ် သွားတာဖြစ်တဲ့အတွက် အင်ဒိုနီးရှားနိုင်ငံလိုပဲ မလေးရှားနိုင်ငံကလည်း မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အခြေအနေကို အလွန် စိုးရိမ်စရာကိစ္စတခုအဖြစ် မြင်မိပါတယ်။ မြန်မာနိုင်ငံတွင်း နိုင်ငံရေးမငြိမ်သက်မှုတွေကြောင့် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ် အေးချမ်းမှုကို ထိခိုက်နေတာကလည်း စိုးရိမ်စရာဖြစ်နေပါတယ်” လို့ပြောဆိုသွားပါတယ်။
ဒီလို ကမ္ဘာ့ ဥသျှောင် ဘာသာရေးခေါင်းဆောင်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနည်းတူ အမေရိကန်ပြည်ထောင်စုအပါအဝင် ကမ္ဘာ့ဒေသ အသီးသီး နိုင်ငံတွေကလည်း မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းယူမှုအပေါ် စိုးရိမ်ပူပန်ကြောင်းထုတ်ဖော်ပြောဆိုနေကြပါတယ်။ ဒါ့အပြင်ဖမ်းဆီးထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီစနစ်ကို အမြန်ဆုံး ပြန်လည်ကျင့်သုံးဖို့ ဖိအားပေး တိုက်တွန်းပြောဆိုမှုတွေလည်း ဆက်တိုက်ပြုလုပ်လာကြပါတယ်ရှင်။