သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သဘာဝဝန်းကျင်ထိန်းသိမ်းတဲ့ စီးပွားရင်းနှီးမြှုပ်နှံမှု ပုပ်ရဟန်းမင်း တိုက်တွန်း


ပုပ်ရဟန်းမင်းကြီး Francis. (အောက်တိုဘာ ၈၊ ၂၀၂၀)
ပုပ်ရဟန်းမင်းကြီး Francis. (အောက်တိုဘာ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

သဘာဝပတ်ဝန်းကျင်ကို အကာအကွယ်ပေးဖို့ ဂရုမထားတဲ့ ကုမ္ပဏီ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားတာတွေကို ပြန်လည်ထုတ်ယူကြဖို့ ပုပ်ရဟန်းမင်းကြီး Francis က တိုက်တွန်းလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအပြီး ထူထောင်မယ့် စီးပွားရေး ပုံစံအသစ်ဟာ ရေရှည် တည်တံ့ရေးကို အခြေခံရမယ်ဆိုတဲ့ တောင်းဆိုချက်တွေ ထွက်ပေါ်နေချိန်မှာ ပုပ်ရဟန်းမင်းကြီးက အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

ဥတုရာသီ ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်ဖို့ကို တောင်းဆိုတဲ့ အွန်လိုင်းညီလာခံတခုမှာ ပုပ်ရဟန်းမင်းကြီးက ဗွီဒီယိုကတဆင့် အခုလို မိန့်ခွန်းပြောကြား တိုက်တွန်းလိုက်တာပါ။

ဥတုရာသီ ပြောင်းလဲနေမှုအပေါ် အရေးယူ ဆောင်ရွက်ချက်တွေ အမြန်ဆုံး လုပ်ဆောင်ဖို့ သိပ္ပံပညာက အသိပေး ပြောကြားနေတယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီးက အချက် ၃ ချက်ကို ထောက်ပြပြောကြားရာမှာ သဘာဝ ပတ်ဝန်းကျင်အကြောင်း ပိုမိုကောင်းမွန်တဲ့ အသိပညာပေးရေး၊ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးနဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိရေးနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှု ရှောင်ရှားရေးတွေ ပါဝင်ပါတယ်။

လတ်တလော ရင်ဆိုင်နေရတဲ့ ကပ်ရောဂါက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျပ်အတည်းနဲ့ လူမှုရေးရာ ပြဿနာတွေကို ဖြေရှင်းဖို့ ပိုပြီး ဖိအားပေးနေတယ်လို့လည်း သူက ပြောပါတယ်။

ဇွန်လတုန်းကလည်း ဗာတီကန်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ကက်သလစ်ဘာသာဝင်တွေ အနေနဲ့ စစ်လက်နက်ထုတ်လုပ်တဲ့ လုပ်ငန်းနဲ့ ရုပ်ကြွင်းလောင်စာ ထုတ်လုပ်တဲ့ လုပ်ငန်းတွေကနေ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည် ထုတ်ယူဖို့နဲ့ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေကို မျက်ခြည်မပြတ် သတိထားစောင့်ကြည့်ဖို့ တိုက်တွန်းထားပါတယ်။

စနေနေ့က ကျင်းပခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲကို ရုပ်ရှင်မင်းသမီးကြီး Jane Fonda၊ ဗြိတိန် အိမ်ရှေ့မင်းသား William၊ အမေရိကန် ဒုတိယသမ္မတဟောင်း Al Gore နဲ့ ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen တို့လည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)










XS
SM
MD
LG