သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီးယူက မြန်မာစစ်တပ်လုပ်ရပ်ကို အသိအမှတ်ပြုမည်မဟုတ်


(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို တရားဝင် မဖြစ်ရအောင် ဥရောပ သမဂ္ဂ EU က အသေအချာ ဆောင်ရွက်မယ်လို့ EU ရဲ့ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အကြီးအကဲ Josep Borrell က ဖေဖော်ဝါရီလ ၉ ရက် အင်္ဂါနေ့မှာ ပြောဆိုပါတယ်။

“ စစ်တပ်ရဲ့ လုပ်ရပ်ကို တရားဝင် ဖြစ်စေတာမျိုး မလုပ်ဖို့ အသေအချာဆောင်ရွက်ပြီး တချိန်တည်းမှာဘဲ မြန်မာ ပြည်သူ လူထုကို ဆက်လက် ပံ့ပိုးသွားမယ်” လို့ EU နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ Josep Borrell က ဥရောပ ကော်မရှင် ဆွေးနွေးပွဲ အဖွင့်မှာ ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ ၁၀ နှစ်တာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို နောက်ကြောင်းပြန်လှည့်လိုက်တဲ့ လက်သင့်ခံနိုင်စရာ မရှိတဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ အခု လိုအပ်နေပြီလို့လည်း သူက ပြောပါတယ်။

ဥရောပ သမဂ္ဂဘက်က မြန်မာ အပေါ် အရေးယူနိုင်တဲ့ နည်းလမ်းသုံးသွယ်ထဲမှာတာ့ စစ်တပ်နဲ့ ပတ်သက် ဆက်နွယ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ လူတွေကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ရေး၊ ဖွံ့ဖြိုးရေး အကူအညီတွေကို ပြန်လည် သုံးသပ်ရေး၊ လက်နက်ကလွဲလို့ တခြား ကုန်ပစ္စည်းတွေ အတွက် အထူးကုန်သွယ်ခွင့် အခွင့်အရေးတို့ကို ပြန်လည် သုံးသပ်ရေးတို့ ဖြစ်ကြောင်းလည်း ထောက်ပြပါတယ်။

ကုန်သွယ်ရေး အထူးအခွင့်အရေးကို ရုပ်သိမ်းလိုက်ရင်တော့ စစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်းတွေကို မထိခိုက်ဘဲ အရပ်သားတွေရဲ့ အထည်ချုပ်လုပ်ငန်းတွေ အပေါ်မှာ ထိခိုက်နိုင်တယ်လို့ သတိပေးပါတယ်။ ဒီ အထည်ချုပ် လုပ်ငန်းတွေမှာ လုပ်သား ၅ သိန်းလောက် ရှိပြီး အမျိုးသမီး အများစု ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

.............


(Unicode)






XS
SM
MD
LG