{{Zawgyi/Unicode}}
အစုိးရ႐ုံးစုိက္ရာ ေနျပည္ေတာ္ အပါအ၀င္ ၿမိဳ႕ႀကီးတခ်ဳိ႕မွာ စစ္တပ္ကအာဏာသိမ္းတာကုိ ဆန္႔က်င္တဲ့လႈပ္ရွားမႈေတြကို ရဲတပ္ဖဲြ႔က အင္အားသုံးရွင္းလင္းတာေတြ ရွိခဲ့ေပမဲ့ အရွိန္ေလ်ာ့သြားတဲ့ လကၡဏာေတာ့ မေတြ႔ရပါဘူး။ ေနျပည္ေတာ္မွာ ဆုိရင္လည္း ရဲတပ္ဖဲြ႔ရဲ႕ ပစ္ခတ္မႈေၾကာင့္ အနည္းဆုံး လူငယ္ ၂ ဦး ဒဏ္ရာအျပင္းအထန္ ရခဲ့ေပမဲ့ ဆႏၵျပပဲြေတြလည္း ဆက္ျဖစ္ေနပါတယ္။ ေနျပည္ေတာ္နဲ႔ တျခားၿမိဳ႕ႀကီးေတြက ေနာက္ဆုံးအေျခအေနေတြကုိေတာ့ VOA ျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပပါမယ္။
ေသြးထြက္သံယုိ ထိခုိက္မႈေတြ ျဖစ္ခဲ့တဲ့အထိ ရဲတပ္ဖဲြ႔က ႏွိမ္နင္းမႈေတြ ႀကံဳခဲ့ရၿပီး ေနာက္တေန႔ျဖစ္တဲ့ ဒီေန႔မွာပဲ ေနျပည္ေတာ္မွာ ဆႏၵျပပဲြေတြ အရွိန္ေကာင္းေနဆဲ ျဖစ္ပါတယ္။ မြန္းလဲြပုိင္းေလာက္က စခဲ့တဲ့ လမ္းေပၚထြက္ ဆႏၵျပလႈပ္ရွားမႈေတြဟာ ညေနပုိင္းမွာ အင္အားပုိေကာင္းလာတယ္လုိ႔လည္း ဆႏၵျပပဲြမွာ ပါ၀င္သူ တေယာက္က ဗြီအုိေအကုိ ေျပာပါတယ္။
“အခုအခ်ိန္မွာေတာ့ ျပည္သူဖက္က စည္းကမ္းတက် လိုက္နာမႈရွိတယ္။ စည္းကမ္းတက်နဲ့ ဆႏၵျပတဲ့သူေတြ ပဲမ်ားပါတယ္ဗ်။ စည္းကမ္းေဖာက္ဖ်က္တာေတြလည္း မရွိေတာ့ဘူးဗ်။ ခုက သူတို့က (ရဲေတြ) က ေလာ္နဲ့ေအာ္ျပီးေတာ့ ဒီနားမွာ ဆႏၵမျပဖို့ လူစုခြဲဖို့ ကိုယ္အိမ္မွာကိုယ္ေနဖို့ ေအာ္တယ္ဗ်။ မေန့က ထက္ကို လူအင္အားေပါင္းသိန္းေက်ာ္ တစ္သိန္းေက်ာ္မွာရွိတယ္ဗ်။”
လူစုလူေဝးမလုုပ္ဖို့ အာဏာပိုင္ေတြက သတိေပးထားေပမယ့္ စစ္တပ္က အာဏာသိမ္းတာကို ဆန့္က်င္တဲ့ ဆႏၵျပပြဲေတြ ေနရာအနွံ႔ ဆက္လက္ျဖစ္ပြားေနတာကုိ အာဏာပုိင္ေတြ ထိန္းခ်ဳပ္ဖုိ႔ ႀကိဳးစားရာက မေန႔တုန္းက ေနျပည္ေတာ္မွာ ေသြးထြက္သံယုိ အျဖစ္နဲ႔လည္း ႀကံဳခဲ့ရတာပါ။ ရဲတပ္ဖဲြ႔ရဲ႕ ပစ္ခတ္မႈေၾကာင့္ ဒဏ္ရာျပင္းထန္သူ ၂ ဦးအပါအ၀င္ လူ ၂၀ ေလာက္ ထိခုိက္ဒဏ္ရာရခဲ့ပါတယ္။ ဒဏ္ရာျပင္းထန္သူေတြထဲက ၁ ဦးျဖစ္တဲ့ မိန္းကေလးငယ္ကေတာ့ အသက္အႏၱရာယ္ စုိးရိမ္ရတဲ့ အေျခအေနမွာ ရွိေနဆဲျဖစ္ေၾကာင္းလည္း ကုသမႈေပးေနတဲ့ ေနျပည္ေတာ္ ကုတင္ ၁၀၀၀ ေဆးရုံက ဆရာဝန္ တစ္ဦးက ေျပာပါတယ္။
“ေခါင္းထိမွန္တဲ့ ညီမေလးကေတာ့ သူက အထူးၾကပ္မတ္ကုသေဆာင္ထဲမွာပဲရွိပါေသးတယ္။ မေန့က အေျခအေနအတိုင္းပဲ ထူးျခားလာတာမရွိဘူး။ ပိုျပီးေကာင္းလာတာလည္းမရွိဘူး၊ ပိုျပီးဆိုးဝါးလာတာလည္းမရွိဘူး။ ရင္ဘတ္ထိမွန္တဲ့ ညီငယ္ကေတာ့ သူကေတာ့ သက္သာပါတယ္။ သက္သာေနပါျပီ၊ စိုးရိမ္ရတဲ့ အေျခအေနလည္း မရွိေတာ့ပါဘူး။ ေမ်ွာ္လင့္ခ်က္ကေတာ့ သူကေလ ေဆးရုံကို စေရာက္လာတဲ့ အခ်ိန္ကတည္းကိုက သူက လုံးဝသတိမရေတာဘူး။ သူက အရမ္းၾကီးစိုးရိမ္ရတဲ့ အေနအထားနဲ့ ေရာက္လာတာ။ ေခါင္းထိမွတ္တဲ့ ဒဏ္ရာကလည္း အင္မတန္ျပင္းထန္တဲ့ ဒဏ္ရာျဖစ္တယ္။ စျပီးေတာ့ ထိခိုက္မိတဲ့ အခ်ိန္မွာကတည္းကိုက က်ည္ဝင္သြားတဲ့ လမ္းေၾကာင္းတစ္ေလ်ွာက္မွာ ဦးေနွာက္ပ်က္စီးမႈက အရမ္းမ်ားတယ္ခင္ဗ်၊ ဒီအခ်ိန္မွာက သူက ခြဲစိတ္ဖို့အတြက္ မျဖစ္နိုင္တဲ့ အေနအထားေပါ့ေနွာ္။ ခြဲစိတ္ဖို့မျဖစ္နိုင္ေတာ့ က်ြန္ေတာ္တို့ ေစာင့္ၾကည့္ရုံပဲတတ္နိုင္တာေပါ့။ ရွင္းရွင္းေျပာရရင္ေတာ့ သူသည္
အခ်ိန္မေရြး အသက္အႏၱရာယ္ရွိနိုင္တဲ့ အေနအထား၊ ျပီးေတာ့ အသက္အႏၱာရာယ္အလြန္အမင္းစိုးရိမ္ရတဲ့ အေနအထားမ်ိဳးျဖစ္ပါတယ္။”
အရပ္သားအစုိးရ ေခါင္းေဆာင္ေတြကို ဖမ္းဆီးထိန္းသိမ္းၿပီး စစ္တပ္က အာဏာသိမ္းလုိက္တာကုိ မေက်နပ္တာေၾကာင့္ ဆန္႔က်င္အုံၾကြမႈေတြ တုိးလာေနတာကုိ ထိန္းခ်ဳပ္ဖုိ႔ အာဏာပုိင္ေတြကေတာ့ တခ်ဳိ႕ေနရာေတြမွာ ညမထြက္ရ အမိန္႔ထုတ္ျပန္ထားသလုိ လူစုလူေ၀း မလုပ္ဖုိ႔လည္း သတိေပးထားပါတယ္။ အာဏာပုိင္ေတြ သတိေပးေနေပမဲ့ ဆႏၵျပလႈပ္ရွားမႈေတြမွာ အစုိးရ၀န္ထမ္းေတြ အပါအ၀င္ ပူးေပါင္းပါ၀င္လာသူေတြ တုိးလာေနတယ္လုိ႔လည္း စစ္ကိုင္းတိုင္း ကေလးတကၠသိုလ္က ေက်ာင္းသားတေယာက္က ေျပာပါတယ္။
“ကေလးမွာက ျပည္သူလူထုေတြကေတာ့ ပုံမွန္ထက္ ပိုပိုမ်ားလာပါတယ္။ ပုဒ္မ ၁၄၄ ထုတ္ျပီးကတည္းကကို၊ ေလ်ွာ့မသြားဘဲနဲ့ အဆမတန္တိုးလာတယ္ေပါ့ေနွာ္။ ရြာဖက္ေတြကလည္းထြက္လာတယ္။ လက္ရွိ ဒီေန့ ထူးျခားတာကေတာ့ သစ္ေတာဝန္ထမ္းေတြ အကုန္လုံး က်ြန္ေတာ္တို့ ဆႏၵျပတဲ့ သပိတ္မွာ ပူးေပါင္းပါဝင္လာတယ္။ သူတို့ ရုံးယူနီေဖာင္းေတြနဲ့ေပါ့။ ျပီးေတာ့ ေရွ့ေနမ်ားအသင္းခ်ုပ္ကေရာ၊ ပုဂၢလိက ဘဏ္ေတြက ဝန္ထမ္းေတြေရာ ပူးေပါင္းပါဝင္လာတယ္ေပါ့ေနွာ္ ဒီေန့။ ဒီဖက္မွာကေတာ့ တင္းတင္းမာမာ အေျခအေနမ်ိဳးေတာ့ မရွိေသးဘူးေပါ့။ ညပိုင္းေတြမွာ ေက်ာင္းသားေခါင္းေဆာင္ေတြကိုေတာ့ လိုက္လံ ရွာေဖြတာမ်ိဳးေတာ့ ရွိေနတုန္းပါဘဲ။ တစ္ေယာက္မွေတာ့ ဖမ္းဆီးမခံရေသးဘူးေပါ့ေနွာ္။ ဝင္ေရာက္ဖမ္းဆီးတာမ်ိဳးေတာ့မရွိေသးဘူး၊ လမ္းေၾကာင္းေတြ ပိတ္တာမ်ိဳးေတာ့ရွိတယ္။ ဆႏၵျပျပည္သူေတြကေတာ့ ပိတ္တဲ့လမ္းေၾကာင္းေတြကို ေရွာင္ကြင္းျပီး ဆက္ျပီး ဆႏၵျပသြားတာ ျဖစ္တဲ့အတြက္ နွစ္ဖက္ထိခိုက္မႈေတာ့ ဘာမွေတာ့မရွိေသးပါဘူးခင္ဗ်။”
ေရြးေကာက္ပြဲမွာ အနိုင္ရထားတဲ့ လြတ္ေတာ္ကိုယ္စားလွယ္ေတြနဲ့ ဖြဲစည္းထားတဲ့ ျပည္ေထာင္စုလြတ္ေတာ္ ကိုယ္စားျပဳေကာ္မတီကေတာ့ ျငိမ္းခ်မ္းစြာဆႏၵျပသူေတြကို အျကမ္းဖက္ နွိုင္နင္းတာေတြမလုပ္ဖို့နဲ့ နိုင္ငံသားေတြရဲ့ အေျခခံအခြင့္အေရးကို အကာအကြယ္ေပးဖို့ မေန့က ေၾကညာခ်က္ ထုတ္ျပန္တိုက္တြန္းထားပါတယ္။
ကုလသမဂၢနဲ့ အေမရိကန္ အပါအဝင္ နိုင္ငံတကာ အသိုင္းအဝန္းကလည္း စစ္တပ္က အာဏာသိမ္းတဲ့လုပ္ရပ္ကို ျငိမ္းျငိမ္းခ်မ္းခ်မ္း ကန့္ကြက္ဆႏၵျပေနသူေတြကို အင္အားသုံးနွိုင္နင္းတာေတြမလုပ္ဖို့နဲ့ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္နဲ့ စုေဝးခြင့္ေတြကို ေလးစားဖို့သတိေပးထားပါတယ္ရွင္။
.................................................
{{Unicode}}
အစိုးရရုံးစိုက်ရာ နေပြည်တော် အပါအဝင် မြို့ကြီးတချို့မှာ စစ်တပ်ကအာဏာသိမ်းတာကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေကို ရဲတပ်ဖွဲ့က အင်အားသုံးရှင်းလင်းတာတွေ ရှိခဲ့ပေမဲ့ အရှိန်လျော့သွားတဲ့ လက္ခဏာတော့ မတွေ့ရပါဘူး။ နေပြည်တော်မှာ ဆိုရင်လည်း ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူငယ် ၂ ဦး ဒဏ်ရာအပြင်းအထန် ရခဲ့ပေမဲ့ ဆန္ဒပြပွဲတွေလည်း ဆက်ဖြစ်နေပါတယ်။ နေပြည်တော်နဲ့ တခြားမြို့ကြီးတွေက နောက်ဆုံးအခြေအနေတွေကိုတော့ VOA မြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။
သွေးထွက်သံယို ထိခိုက်မှုတွေ ဖြစ်ခဲ့တဲ့အထိ ရဲတပ်ဖွဲ့က နှိမ်နင်းမှုတွေ ကြုံခဲ့ရပြီး နောက်တနေ့ဖြစ်တဲ့ ဒီနေ့မှာပဲ နေပြည်တော်မှာ ဆန္ဒပြပွဲတွေ အရှိန်ကောင်းနေဆဲ ဖြစ်ပါတယ်။ မွန်းလွဲပိုင်းလောက်က စခဲ့တဲ့ လမ်းပေါ်ထွက် ဆန္ဒပြလှုပ်ရှားမှုတွေဟာ ညနေပိုင်းမှာ အင်အားပိုကောင်းလာတယ်လို့လည်း ဆန္ဒပြပွဲမှာ ပါဝင်သူ တယောက်က ဗွီအိုအေကို ပြောပါတယ်။
“အခုအချိန်မှာတော့ ပြည်သူဖက်က စည်းကမ်းတကျ လိုက်နာမှုရှိတယ်။ စည်းကမ်းတကျနဲ့ ဆန္ဒပြတဲ့သူတွေ ပဲများပါတယ်ဗျ။ စည်းကမ်းဖောက်ဖျက်တာတွေလည်း မရှိတော့ဘူးဗျ။ ခုက သူတို့က (ရဲတွေ) က လော်နဲ့အော်ပြီးတော့ ဒီနားမှာ ဆန္ဒမပြဖို့ လူစုခွဲဖို့ ကိုယ်အိမ်မှာကိုယ်နေဖို့ အော်တယ်ဗျ။ မနေ့က ထက်ကို လူအင်အားပေါင်းသိန်းကျော် တစ်သိန်းကျော်မှာရှိတယ်ဗျ။”
လူစုလူဝေးမလုပ်ဖို့ အာဏာပိုင်တွေက သတိပေးထားပေမယ့် စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နေရာအနှံ့ ဆက်လက်ဖြစ်ပွားနေတာကို အာဏာပိုင်တွေ ထိန်းချုပ်ဖို့ ကြိုးစားရာက မနေ့တုန်းက နေပြည်တော်မှာ သွေးထွက်သံယို အဖြစ်နဲ့လည်း ကြုံခဲ့ရတာပါ။ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာပြင်းထန်သူ ၂ ဦးအပါအဝင် လူ ၂၀ လောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာပြင်းထန်သူတွေထဲက ၁ ဦးဖြစ်တဲ့ မိန်းကလေးငယ်ကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေဆဲဖြစ်ကြောင်းလည်း ကုသမှုပေးနေတဲ့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံက ဆရာဝန် တစ်ဦးက ပြောပါတယ်။
“ခေါင်းထိမှန်တဲ့ ညီမလေးကတော့ သူက အထူးကြပ်မတ်ကုသဆောင်ထဲမှာပဲရှိပါသေးတယ်။ မနေ့က အခြေအနေအတိုင်းပဲ ထူးခြားလာတာမရှိဘူး။ ပိုပြီးကောင်းလာတာလည်းမရှိဘူး၊ ပိုပြီးဆိုးဝါးလာတာလည်းမရှိဘူး။ ရင်ဘတ်ထိမှန်တဲ့ ညီငယ်ကတော့ သူကတော့ သက်သာပါတယ်။ သက်သာနေပါပြီ၊ စိုးရိမ်ရတဲ့ အခြေအနေလည်း မရှိတော့ပါဘူး။ မျှော်လင့်ချက်ကတော့ သူကလေ ဆေးရုံကို စရောက်လာတဲ့ အချိန်ကတည်းကိုက သူက လုံးဝသတိမရတောဘူး။ သူက အရမ်းကြီးစိုးရိမ်ရတဲ့ အနေအထားနဲ့ ရောက်လာတာ။ ခေါင်းထိမှတ်တဲ့ ဒဏ်ရာကလည်း အင်မတန်ပြင်းထန်တဲ့ ဒဏ်ရာဖြစ်တယ်။ စပြီးတော့ ထိခိုက်မိတဲ့ အချိန်မှာကတည်းကိုက ကျည်ဝင်သွားတဲ့ လမ်းကြောင်းတစ်လျှောက်မှာ ဦးနှောက်ပျက်စီးမှုက အရမ်းများတယ်ခင်ဗျ၊ ဒီအချိန်မှာက သူက ခွဲစိတ်ဖို့အတွက် မဖြစ်နိုင်တဲ့ အနေအထားပေါ့နှော်။ ခွဲစိတ်ဖို့မဖြစ်နိုင်တော့ ကျွန်တော်တို့ စောင့်ကြည့်ရုံပဲတတ်နိုင်တာပေါ့။ ရှင်းရှင်းပြောရရင်တော့ သူသည်
အချိန်မရွေး အသက်အန္တရာယ်ရှိနိုင်တဲ့ အနေအထား၊ ပြီးတော့ အသက်အန္တာရာယ်အလွန်အမင်းစိုးရိမ်ရတဲ့ အနေအထားမျိုးဖြစ်ပါတယ်။”
အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကို မကျေနပ်တာကြောင့် ဆန့်ကျင်အုံကြွမှုတွေ တိုးလာနေတာကို ထိန်းချုပ်ဖို့ အာဏာပိုင်တွေကတော့ တချို့နေရာတွေမှာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားသလို လူစုလူဝေး မလုပ်ဖို့လည်း သတိပေးထားပါတယ်။ အာဏာပိုင်တွေ သတိပေးနေပေမဲ့ ဆန္ဒပြလှုပ်ရှားမှုတွေမှာ အစိုးရဝန်ထမ်းတွေ အပါအဝင် ပူးပေါင်းပါဝင်လာသူတွေ တိုးလာနေတယ်လို့လည်း စစ်ကိုင်းတိုင်း ကလေးတက္ကသိုလ်က ကျောင်းသားတယောက်က ပြောပါတယ်။
“ကလေးမှာက ပြည်သူလူထုတွေကတော့ ပုံမှန်ထက် ပိုပိုများလာပါတယ်။ ပုဒ်မ ၁၄၄ ထုတ်ပြီးကတည်းကကို၊ လျှော့မသွားဘဲနဲ့ အဆမတန်တိုးလာတယ်ပေါ့နှော်။ ရွာဖက်တွေကလည်းထွက်လာတယ်။ လက်ရှိ ဒီနေ့ ထူးခြားတာကတော့ သစ်တောဝန်ထမ်းတွေ အကုန်လုံး ကျွန်တော်တို့ ဆန္ဒပြတဲ့ သပိတ်မှာ ပူးပေါင်းပါဝင်လာတယ်။ သူတို့ ရုံးယူနီဖောင်းတွေနဲ့ပေါ့။ ပြီးတော့ ရှေ့နေများအသင်းချုပ်ကရော၊ ပုဂ္ဂလိက ဘဏ်တွေက ဝန်ထမ်းတွေရော ပူးပေါင်းပါဝင်လာတယ်ပေါ့နှော် ဒီနေ့။ ဒီဖက်မှာကတော့ တင်းတင်းမာမာ အခြေအနေမျိုးတော့ မရှိသေးဘူးပေါ့။ ညပိုင်းတွေမှာ ကျောင်းသားခေါင်းဆောင်တွေကိုတော့ လိုက်လံ ရှာဖွေတာမျိုးတော့ ရှိနေတုန်းပါဘဲ။ တစ်ယောက်မှတော့ ဖမ်းဆီးမခံရသေးဘူးပေါ့နှော်။ ဝင်ရောက်ဖမ်းဆီးတာမျိုးတော့မရှိသေးဘူး၊ လမ်းကြောင်းတွေ ပိတ်တာမျိုးတော့ရှိတယ်။ ဆန္ဒပြပြည်သူတွေကတော့ ပိတ်တဲ့လမ်းကြောင်းတွေကို ရှောင်ကွင်းပြီး ဆက်ပြီး ဆန္ဒပြသွားတာ ဖြစ်တဲ့အတွက် နှစ်ဖက်ထိခိုက်မှုတော့ ဘာမှတော့မရှိသေးပါဘူးခင်ဗျ။”
ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ လွတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲစည်းထားတဲ့ ပြည်ထောင်စုလွတ်တော် ကိုယ်စားပြုကော်မတီကတော့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အကြမ်းဖက် နှိုင်နင်းတာတွေမလုပ်ဖို့နဲ့ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးကို အကာအကွယ်ပေးဖို့ မနေ့က ကြေညာချက် ထုတ်ပြန်တိုက်တွန်းထားပါတယ်။
ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကလည်း စစ်တပ်က အာဏာသိမ်းတဲ့လုပ်ရပ်ကို ငြိမ်းငြိမ်းချမ်းချမ်း ကန့်ကွက်ဆန္ဒပြနေသူတွေကို အင်အားသုံးနှိုင်နင်းတာတွေမလုပ်ဖို့နဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ စုဝေးခွင့်တွေကို လေးစားဖို့သတိပေးထားပါတယ်ရှင်။