သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီရဲ႕ ဥပေဒ၊ အမိန္႔၊ ၫႊန္ၾကားခ်က္မ်ား တရားမဝင္ေၾကာင္း CRPH ထုတ္ျပန္


ျပည္သူ႔လႊတ္ေတာ္

{{Zawgyi/Unicode}}

အာဏာသိမ္းစစ္ေကာင္စီက ထုတ္ျပန္ထားတဲ့ ဥပေဒေတြ၊ အမိန္႔ ၫႊန္ၾကားခ်က္ေတြဟာ တရားမဝင္ဘူးလုိ႔ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳ ေကာ္မတီ CRPH က ဒီေန႔ ေၾကညာခ်က္ထုတ္ျပန္ပါတယ္။

"တရားမဝင္သည့္ အာဏာသိမ္း အဖြဲ႕အစည္းတစ္ခုအေနျဖင့္ ႏိုင္ငံေတာ္ရဲ႕ ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရး မည္သည့္အာဏာကိုမွ ရယူက်င့္သုံးခြင့္မရွိဘူး" လုိ႔ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

ဒါေၾကာင့္ အာဏာသိမ္းအဖဲြ႔က ႏိုင္ငံ့ဝန္ထမ္းမ်ားအပါအဝင္ ျပည္သူေတြအေပၚ သတ္မွတ္ျပ႒ာန္းတဲ့ ဥပေဒ၊ အမိန႔္၊ ၫႊန္ၾကားခ်က္တခုမွ တရားဝင္မႈမရွိတဲ့အတြက္ ျပည္သူေတြအေနနဲ႔ လက္ခံလိုက္နာစရာ လုံးဝမလိုဘူးလို႔ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳ ေကာ္မတီက ေထာက္ျပပါတယ္။

Civil Disobedience Movement လႈပ္႐ွားမႈေတြဟာ စစ္အာဏာရွင္ ဆန႔္က်င္တိုက္ဖ်က္တဲ့ ႏိုင္ငံ့အေရးေဆာင္႐ြက္ခ်က္သာျဖစ္ၿပီး ပါတီႏိုင္ငံေရးေဆာင္႐ြက္တာ မဟုတ္တဲ့အတြက္ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံ အေျခခံဥပေဒပုဒ္မ ၂၆ ပုဒ္မခြဲ (က) နဲ႔လည္း ၿငိစြန္းျခင္းမရွိဘူးလို႔ ေျပာထားပါတယ္။

ဒါေၾကာင့္ ႏိုင္ငံ့ဝန္ထမ္းေတြ အားလံုးအေနနဲ႔ စစ္အာဏာ႐ွင္ဆန္႔က်င္တဲ့ CDM လႈပ္႐ွားမႈမွာ အျပည့္အဝ ပူးေပါင္း ပါဝင္ၾကဖုိ႔ တိုက္တြန္းသလို ဒီလႈပ္႐ွားမႈမွာ ပါဝင္တဲ့ ဝန္ထမ္းေတြကို မူလအလုပ္တာဝန္ ရာထူး တည္ၿမဲေရးအတြက္ ဥပေဒျပ႒ာန္းၿပီး အျပည့္အဝ အာမခံခ်က္ေပးသြားမယ္လို႔ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH က သေဘာထား ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

.................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ဥပဒေတွေ၊ အမိန့် ညွှန်ကြားချက်တွေဟာ တရားမဝင်ဘူးလို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က ဒီနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

"တရားမဝင်သည့် အာဏာသိမ်း အဖွဲ့အစည်းတစ်ခုအနေဖြင့် နိုင်ငံတော်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး မည်သည့်အာဏာကိုမှ ရယူကျင့်သုံးခွင့်မရှိဘူး" လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒါကြောင့် အာဏာသိမ်းအဖွဲ့က နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူတွေအပေါ် သတ်မှတ်ပြဋ္ဌာန်းတဲ့ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်တခုမှ တရားဝင်မှုမရှိတဲ့အတွက် ပြည်သူတွေအနေနဲ့ လက်ခံလိုက်နာစရာ လုံးဝမလိုဘူးလို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီက ထောက်ပြပါတယ်။

Civil Disobedience Movement လှုပ်ရှားမှုတွေဟာ စစ်အာဏာရှင် ဆန့်ကျင်တိုက်ဖျက်တဲ့ နိုင်ငံ့အရေးဆောင်ရွက်ချက်သာဖြစ်ပြီး ပါတီနိုင်ငံရေးဆောင်ရွက်တာ မဟုတ်တဲ့အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆ ပုဒ်မခွဲ (က) နဲ့လည်း ငြိစွန်းခြင်းမရှိဘူးလို့ ပြောထားပါတယ်။

ဒါကြောင့် နိုင်ငံ့ဝန်ထမ်းတွေ အားလုံးအနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာ အပြည့်အဝ ပူးပေါင်း ပါဝင်ကြဖို့ တိုက်တွန်းသလို ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို မူလအလုပ်တာဝန် ရာထူး တည်မြဲရေးအတွက် ဥပဒေပြဋ္ဌာန်းပြီး အပြည့်အဝ အာမခံချက်ပေးသွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က သဘောထား ကြေညာချက် ထုတ်ပြန်ပါတယ်။

XS
SM
MD
LG