သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္သူနဲ႔ပူးေပါင္းဖို႔ ဝါရွင္တန္က စစ္သံ႐ုံးမွာ ဆႏၵျပသူေတြ ေတာင္းဆို


ဝါရွင္တန္က စစ္သံ႐ုံးေရွ႕မွာ ဆႏၵျပသူမ်ား

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ ကန္႔ကြက္တဲ့အေနနဲ႔ ေဖေဖာ္ဝါရီလ ၁၀ ရက္၊ ဗုဒၶဟူးေန႔က ဝါရွင္တန္ ဒီစီၿမိဳ႕ေတာ္မွာရွိတဲ့ ျမန္မာစစ္ေကာင္စစ္၀န္႐ုံးေရွ႕မွာ ဆႏၵျပပြဲ ျပဳလုပ္ၿပီး စစ္သံ႐ုံး၀န္ထမ္းေတြအေနနဲ႔ ဒီမိုကေရစီ ဘက္ေတာ္သားေတြနဲ႔ ရပ္တည္ၿပီး အာဏာသိမ္း စစ္အစိုးရနဲ႔ ပူးေပါင္း ေဆာင္ရြက္ျခင္းမျပဳဖို႔ ေတာင္းဆိုတဲ့စာကို ေပးအပ္ဖို႔ ႀကိဳးစားတာမွာ စစ္သံ႐ုံးက လက္မခံခဲ့ဘူးလို႔ ဆႏၵျပပြဲကို ဦးေဆာင္က်င္းပသူတဦးျဖစ္တဲ့ ကိုရင္ေအးကို ဗြီအိုေအက ကိုေဇာ္၀င္းလႈိင္က ဆက္သြယ္ေမးျမန္းတဲ့အခါ သူက အခုလို စေျပာပါတယ္။

ကိုရင္ေအး။ ။ က်ေနာ္တို ့က ျမန္မာစစ္သံရံုးရဲ႕ အေရွ႕တဘက္လမ္းကေန က်ေနာ္တို ့ဆႏၵျပပါတယ္။ ေနာက္ျပီးေတာ့ ဒီမွာ ရဲကို Request လုပ္ျပီးေတာ့ သူတို ့ဆီကို တံခါးေခါက္ျပီးေတာ့ က်ေနာ္တို ့က ဒီစာကို ေပးခ်င္ပါတယ္ဆိုေတာ့ သူတို ့က ဖုန္းဆက္ထားတယ္တဲ့ သူတို ့အေနနဲ ့စာကို လက္မခံနိုင္ေသးဘူးတဲ့။ စာတိုက္ကပဲ ပို ့ပါလို ့ေျပာတယ္။ ရဲက က်ေနာ္တို ့ကို ေျပာတာပါ။

ကိုေဇာ္၀င္းလွုိင္။ ။ ဆိုေတာ့ မေန ့က ၊ ပထမေန ့က ျမန္မာသံရံုးမွာသြားၿပီးဆႏၵျပေတာင္းဆိုသူေတြ စာေပးတာကိုေတာ့ ျမန္မာသံရံုးဘက္က လက္ခံတယ္။ ဒီကေန ့စစ္သံရံုးမွာ လာၿပီးေပးတဲ့လူေတြကိုေတာ့ လက္မခံဘူး၊ ျငင္းတယ္ေပါ့။ အဲလိုမ်ိဳးလား။

ကိုရင္ေအး။ ။ သူတို ့အေနနဲ ့ စာတိုက္ကပဲ ပို ့ပါေျပာတယ္။

ကိုေဇာ္၀င္းလွုိုင္။ ။ ဆိုေတာ့ အခု ျမန္မာနိုင္ငံမွာလည္း CDM လွုပ္ရွားမွုေတြကလည္း အရွိန္ရလာေနေတာ့ ကိုရင္ေအးတို ့ ဒီအေမရိကန္ ၀ါရွင္တန္ ဒီစီမွာ ဆႏၵျပတဲ့သူေတြအေနနဲ ့က သံရုံးမွာရွိတဲ့ အမွုထမ္းေတြ၊ ျမန္မာစစ္သံရံုးမွာရွိတဲ့ အမွုထမ္းေတြ လူထုနဲ ့အတူ ပူးေပါင္းပါ၀င္လာဖို ့အတြက္ ေတာင္းဆိုတဲ့ စာလားခင္ဗ်။ စာထဲမွာကေရာ မေန ့က ပို ့တဲ့စာနဲ ့ဒီေန ့ပို ့တဲ့စာ ဘာမ်ားကြာျခားမႈ ရွိပါသလဲ။

ကိုရင္ေအး။ ။ ရည္ရြယ္ခ်က္ကေတာ့ အတူတူပါပဲ။ ေခါင္းစဥ္ကေတာ့ က်ေနာ္တို ့လိပ္မူတာကေတာ့ စစ္သံမွုး ဗိုလ္မွဴးႀကီးေအာင္သူရိန္ နဲ ့ ဒု-စစ္သံမွဴး ဗိုလ္မွဴးရာဇာထက္နဲ ့ စစ္သံအမႈထမ္းမ်ားအားလံုးကို က်ေနာ္တို ့ရည္ညႊ႔န္းတာပါ။ ရည္ညႊန္းျပီးေတာ့ စာကေတာ့ က်ေနာ္တို ့သူတို ့အားလံုးကို persuade လုပ္တာေပါ့ေနာ္။ ပါ၀င္လာဖို ့အတြက္ က်ေနာ္တို ့ေတာင္းဆိုတာေပါ့ေနာ္။ Request လုပ္တယ္။ က်ေနာ္တို ့လူထုနဲ ့ပူးေပါင္းပါ။ ဒီစစ္အာဏာရွင္ေတြဟာ တရားမ၀င္ပါ။ အာဏာသိမ္းတဲ့သူေတြဟာ တရားမ၀င္ျဖစ္ပါတယ္။ ဒီေန ့ပဲက်ေနာ္တို ့အေမရိကန္သမၼတက ေျပာသြားျပီ။ သူတို ့ကို အေရးယူေတာ့မယ္ဆိုတဲ့ အေနအထားေတြ။ အဲဒါေၾကာင့္ က်ေနာ္တို ့အေနနဲ ့သူတို ့ေတြ အားလံုး ျပည္သူလူထုေရြးေကာက္ထားတဲ့ အစိုးရနဲ ့အတူတူ ပူးေပါင္းျပီးေတာ့ က်ေနာ္တို ့လူထုလွုပ္ရွားေနတဲ့ CDM မွာ ပူးေပါင္းဖို ့က်ေနာ္တို ့လာေရာက္ေတာင္းဆိုတာပါ။

ကိုေဇာ္၀င္းလွုိင္။ ။ ဟုတ္ကဲ့။ က်ေနာ္တို ့ၾကားေနတာက ဒီ CDM လႈပ္ရွားမႈမွာလည္း က်ေနာ္တို ့အထဲမွာ လႈပ္ရွားေနတာက ေတာ္ေတာ္ေလး အရွိန္ရေနတယ္။ ဒါေပမယ့္လည္း အဲလိုအရွိန္ရေနတဲ့ တဘက္မွာလည္း ၀န္ထမ္းေတြကို အလုပ္မဆင္းဆင္းေအာင္ အတင္း ဖိအားေပးေနတာေတြလည္းၾကားေနရတာေတြရွိပါတယ္။ အဲဒီဟာေတြကိုလည္း ကိုရင္ေအးတို ့ဘယ္လို သေဘာရပါသလဲ။

ကိုရင္ေအး။ ။ ဟုတ္ပါတယ္။ က်ေနာ္တို ့ CDM အင္မတန္အေရးႀကီးပါတယ္။ စစ္တပ္က ၿငိမ္းခ်မ္းစြာ ဆႏၵေဖာ္ထုတ္ေနတဲ့ လူငယ္ျပည္သူလူထုကို စၿပီးေတာ့ ပစ္ခတ္သတ္ျဖတ္ ၿဖိဳခြင္းေနၿပီ။ အဲလို အၾကမ္းဖက္လာတဲ့အတြက္ေၾကာင့္ က်ေနာ္တို ့CDM သူတို ့နဲ ့မပူးေပါင္းမေဆာင္ရြက္ဘူး non-cooperation လုပ္မယ္ဆိုတဲ့ campaign ဟာ အင္မတန္အေရးၾကီးပါတယ္။ ဒီ Campaign အင္မတန္ေအာင္ျမင္ေနပါတယ္လို ့လည္းက်ေနာ္တို ့ၾကားပါတယ္။ ထိထိေရာက္ေရာက္ ေအာင္ျမင္ေနပါတယ္လို ့လည္း က်ေနာ္တို ့ၾကားပါတယ္။ မေန ့ကဆိုလို ့ရွိရင္ က်ေနာ္တို ့အသံဖိုင္ေလး တခုတက္လာပါတယ္။ အားလံုးလည္း ၾကားမွာပါ။ က်ေနာ္တို EPC လွ်ပ္စစ္၀န္ႀကီးဌာနမွာ အမႈထမ္းတဲ့ အမွုထမ္းေလးေတြဟာ အရာရွိကေနၿပီးေတာ့ သူတို ့ကို ဖိအားေပးျပီးေတာ့ အလုပ္ကို အတင္းလာဖို ့ေျပာေနတယ္။ အဲဒီအထဲမွာ အရာရွိကေနျပီးေတာ့ ေျပာတယ္ “မင္းတို ့မလာလို ့ရွိရင္ ငါတို ့ဒီမွာ ဆက္လုပ္လို ့မရဘူး” ဆိုတဲ့ဟာေတြပါတယ္။ ဆိုေတာ့ CDM ဟာ အင္မတန္ေအာင္ျမင္ပါတယ္။ အင္မတန္မွ ထိေရာက္ပါတယ္။ က်ေနာ္တို ့ဆက္ေတာင့္ခံထားလို ့ရွိရင္ မၾကာခင္ သူတို ့ ယႏၱရား ရပ္သြားဖို ့ရွိပါတယ္။ အဲဒါေၾကာင့္ ျပည္သူလူထုအား ရဲရဲရင့္ရင့္ ဆက္ထားေပးၾကပါ။ ေတာင့္ခံေပးၾကပါ။ လူထုရဲ့ လွုပ္ရွားမွုထဲ ပူးေပါင္းပါ၀င္ၾကပါ။ က်ေနာ္တို ့အဲဒီေန ့ကဆိုလို ့ရွိရင္ CDM လွုပ္ရွားမွုမွာပါတဲ့ က်ေနာ္တို ့ EPC ဌာနက အလုပ္သမားေလးေတြ၊ အလုပ္သမေလးေတြဆိုလို ့ရွိရင္ အင္မတန္ သနားဖို ့ေကာင္းပါတယ္။ သူတို ့အရာရွိကေနျပီးေတာ့ သူတို ့ကို pressure ေတြေပးတယ္ခင္ဗ်။ အမ်ိဴးမ်ိဴး က်ေနာ္တို ့ၾကားေနရတယ္။ အဲလိုမ်ိဳးေတြလုပ္တဲ့ အရာရွိေတြရွိခဲ့မယ္ဆိုလို ့ရွိရင္ က်ေနာ္တို ့CDM မွာ ပူးေပါင္းပါ၀င္တဲ့ အလုပ္သမားေတြအေနနဲ ့ဒီအရာရွိမ်ိဴးေတြကို က်ေနာ္တို ့ေဖာ္ထုတ္ရေအာင္ဗ်ာ။ သူတို႔ရဲ႕ နာမည္ေတြ ေဖာ္ထုတ္မယ္။ သူတို ့ရဲ့ ေနရပ္လိပ္စာေတြ ေဖာ္ထုတ္မယ္။ သူတို ့ကို က်ေနာ္တို ့က CDM မွာပါ၀င္လာေအာင္ က်ေနာ္တို ့ဆြဲေဆာင္မယ္။ မပါ၀င္ခဲ့လို ့ရွိရင္ သူတို ့ဟာ လူထုရဲ့ ဒဏ္ခတ္မွုကို ခံရမယ္။ လူထုက ဒါမ်ိဴး မွတ္တမ္းတင္ထားရမယ္။ ေနာက္ေနာင္ ဒါမ်ိဴးေတြမလုပ္ရဲ့ ေအာင္ လုပ္ရမယ္။ ဒါ့အျပင္ ဒါမ်ိဴးကို သတၱိရွိရွိနဲ ့ပူးေပါင္းပါ၀င္လာတဲ့ အလုပ္သမားေတြအားလံုးကိုလည္း က်ေနာ္တို ့က ထိထိေရာက္ေရာက္ အကူအညီေပးနိုင္ရမယ္။ က်ေနာ္တို ့ျပည္သူလူထုၾကီးက သူတို ့ကို ထိထိေရာက္ေရာက္အကူအညီေပးနုိင္တဲ့ အေျခအေနမ်ိဳးျဖစ္ေအာင္ လုပ္ၾကရမယ္။ က်ေနာ္တို ့အေနနဲ ့မေၾကာက္ေအာင္ သူတို ့ရဲ့ အနာဂတ္ကို တာ၀န္ယူေပးၾကရမယ္။ ဒါ အင္မတန္အေရးၾကီးပါတယ္။ အဲဒီအတြက္ က်ေနာ္တို ့ကလည္း ဒီမွာ ့လာျပီးေတာ့ ဒီမွာရွိတဲ့ စစ္အာဏာရွင္ ယႏၱရားကို အေထာက္အပံ့ေပးေနတဲ့ သံရံုးအမွုထမ္းေတြ၊ စစ္သံရံုးအမွုထမ္းေတြကို က်ေနာ္တို ့လာျပီးေတာင္းဆိုေနတာပါ။

ဒီမိုကေရစီလိုလားတဲ့ ျပည္သူေတြနဲ႔အတူ ရပ္တည္ၿပီး အာဏာသိမ္း စစ္ေကာင္စီအဖြဲ႔နဲ႔ ပူးေပါင္းေဆာင္ရြက္ျခင္းမျပဳဖို႔ ေတာင္းဆိုထားတဲ့စာကို ေဖေဖာ္ဝါရီလ ၉ ရက္ေန႔က ဝါရွင္တန္ ဒီစီၿမိဳ႕မွာရွိတဲ့ ျမန္မာသံ႐ုံးမွာ သြားေရာက္ ေပးအပ္ခဲ့တာမွာေတာ့ သံ႐ုံး တတိယအတြင္း၀န္က လက္ခံ ရယူခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

............

ပြည်သူနဲ့ပူးပေါင်းဖို့ ဝါရှင်တန်က စစ်သံရုံးမှာ ဆန္ဒပြသူတွေ တောင်းဆို

(Unicode)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ ဖေဖော်ဝါရီလ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့က ဝါရှင်တန် ဒီစီမြို့တော်မှာရှိတဲ့ မြန်မာစစ်ကောင်စစ်ဝန်ရုံးရှေ့မှာ ဆန္ဒပြပွဲ ပြုလုပ်ပြီး စစ်သံရုံးဝန်ထမ်းတွေအနေနဲ့ ဒီမိုကရေစီ ဘက်တော်သားတွေနဲ့ ရပ်တည်ပြီး အာဏာသိမ်း စစ်အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းမပြုဖို့ တောင်းဆိုတဲ့စာကို ပေးအပ်ဖို့ ကြိုးစားတာမှာ စစ်သံရုံးက လက်မခံခဲ့ဘူးလို့ ဆန္ဒပြပွဲကို ဦးဆောင်ကျင်းပသူတဦးဖြစ်တဲ့ ကိုရင်အေးကို ဗွီအိုအေက ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလို စပြောပါတယ်။

ကိုရင်အေး။ ။ ကျနော်တို့က မြန်မာစစ်သံရုံးရဲ့ အရှေ့တဘက်လမ်းကနေ ကျနော်တို့ဆန္ဒပြပါတယ်။ နောက်ပြီးတော့ ဒီမှာ ရဲကို Request လုပ်ပြီးတော့ သူတို့ဆီကို တံခါးခေါက်ပြီးတော့ ကျနော်တို့က ဒီစာကို ပေးချင်ပါတယ်ဆိုတော့ သူတို့က ဖုန်းဆက်ထားတယ်တဲ့ သူတို့အနေနဲ့စာကို လက်မခံနိုင်သေးဘူးတဲ့။ စာတိုက်ကပဲ ပို့ပါလို့ပြောတယ်။ ရဲက ကျနော်တို့ကို ပြောတာပါ။

ကိုဇော်ဝင်းလှိုင်။ ။ ဆိုတော့ မနေ့က ၊ ပထမနေ့က မြန်မာသံရုံးမှာသွားပြီးဆန္ဒပြတောင်းဆိုသူတွေ စာပေးတာကိုတော့ မြန်မာသံရုံးဘက်က လက်ခံတယ်။ ဒီကနေ့စစ်သံရုံးမှာ လာပြီးပေးတဲ့လူတွေကိုတော့ လက်မခံဘူး၊ ငြင်းတယ်ပေါ့။ အဲလိုမျိုးလား။

ကိုရင်အေး။ ။ သူတို့အနေနဲ့ စာတိုက်ကပဲ ပို့ပါပြောတယ်။

ကိုဇော်ဝင်းလှိုင်။ ။ ဆိုတော့ အခု မြန်မာနိုင်ငံမှာလည်း CDM လှုပ်ရှားမှုတွေကလည်း အရှိန်ရလာနေတော့ ကိုရင်အေးတို့ ဒီအမေရိကန် ဝါရှင်တန် ဒီစီမှာ ဆန္ဒပြတဲ့သူတွေအနေနဲ့က သံရုံးမှာရှိတဲ့ အမှုထမ်းတွေ၊ မြန်မာစစ်သံရုံးမှာရှိတဲ့ အမှုထမ်းတွေ လူထုနဲ့အတူ ပူးပေါင်းပါဝင်လာဖို့အတွက် တောင်းဆိုတဲ့ စာလားခင်ဗျ။ စာထဲမှာကရော မနေ့က ပို့တဲ့စာနဲ့ဒီနေ့ပို့တဲ့စာ ဘာများကွာခြားမှု ရှိပါသလဲ။

ကိုရင်အေး။ ။ ရည်ရွယ်ချက်ကတော့ အတူတူပါပဲ။ ခေါင်းစဉ်ကတော့ ကျနော်တို့လိပ်မူတာကတော့ စစ်သံမှုး ဗိုလ်မှူးကြီးအောင်သူရိန် နဲ့ ဒု-စစ်သံမှုး ဗိုလ်မှူးရာဇာထက်နဲ့ စစ်သံအမှုထမ်းများအားလုံးကို ကျနော်တို့ရည်ညွှ့န်းတာပါ။ ရည်ညွှန်းပြီးတော့ စာကတော့ ကျနော်တို့သူတို့အားလုံးကို persuade လုပ်တာပေါ့နော်။ ပါဝင်လာဖို့အတွက် ကျနော်တို့တောင်းဆိုတာပေါ့နော်။ Request လုပ်တယ်။ ကျနော်တို့လူထုနဲ့ပူးပေါင်းပါ။ ဒီစစ်အာဏာရှင်တွေဟာ တရားမဝင်ပါ။ အာဏာသိမ်းတဲ့သူတွေဟာ တရားမဝင်ဖြစ်ပါတယ်။ ဒီနေ့ပဲကျနော်တို့အမေရိကန်သမ္မတက ပြောသွားပြီ။ သူတို့ကို အရေးယူတော့မယ်ဆိုတဲ့ အနေအထားတွေ။ အဲဒါကြောင့် ကျနော်တို့အနေနဲ့သူတို့တွေ အားလုံး ပြည်သူလူထုရွေးကောက်ထားတဲ့ အစိုးရနဲ့အတူတူ ပူးပေါင်းပြီးတော့ ကျနော်တို့လူထုလှုပ်ရှားနေတဲ့ CDM မှာ ပူးပေါင်းဖို့ကျနော်တို့လာရောက်တောင်းဆိုတာပါ။

ကိုဇော်ဝင်းလှိုင်။ ။ ဟုတ်ကဲ့။ ကျနော်တို့ကြားနေတာက ဒီ CDM လှုပ်ရှားမှုမှာလည်း ကျနော်တို့အထဲမှာ လှုပ်ရှားနေတာက တော်တော်လေး အရှိန်ရနေတယ်။ ဒါပေမယ့်လည်း အဲလိုအရှိန်ရနေတဲ့ တဘက်မှာလည်း ဝန်ထမ်းတွေကို အလုပ်မဆင်းဆင်းအောင် အတင်း ဖိအားပေးနေတာတွေလည်းကြားနေရတာတွေရှိပါတယ်။ အဲဒီဟာတွေကိုလည်း ကိုရင်အေးတို့ဘယ်လို သဘောရပါသလဲ။

ကိုရင်အေး။ ။ ဟုတ်ပါတယ်။ ကျနော်တို့ CDM အင်မတန်အရေးကြီးပါတယ်။ စစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေတဲ့ လူငယ်ပြည်သူလူထုကို စပြီးတော့ ပစ်ခတ်သတ်ဖြတ် ဖြိုခွင်းနေပြီ။ အဲလို အကြမ်းဖက်လာတဲ့အတွက်ကြောင့် ကျနော်တို့CDM သူတို့နဲ့မပူးပေါင်းမဆောင်ရွက်ဘူး non-cooperation လုပ်မယ်ဆိုတဲ့ campaign ဟာ အင်မတန်အရေးကြီးပါတယ်။ ဒီ Campaign အင်မတန်အောင်မြင်နေပါတယ်လို့လည်းကျနော်တို့ကြားပါတယ်။ ထိထိရောက်ရောက် အောင်မြင်နေပါတယ်လို့လည်း ကျနော်တို့ကြားပါတယ်။ မနေ့ကဆိုလို့ရှိရင် ကျနော်တို့အသံဖိုင်လေး တခုတက်လာပါတယ်။ အားလုံးလည်း ကြားမှာပါ။ ကျနော်တို EPC လျှပ်စစ်ဝန်ကြီးဌာနမှာ အမှုထမ်းတဲ့ အမှုထမ်းလေးတွေဟာ အရာရှိကနေပြီးတော့ သူတို့ကို ဖိအားပေးပြီးတော့ အလုပ်ကို အတင်းလာဖို့ပြောနေတယ်။ အဲဒီအထဲမှာ အရာရှိကနေပြီးတော့ ပြောတယ် “မင်းတို့မလာလို့ရှိရင် ငါတို့ဒီမှာ ဆက်လုပ်လို့မရဘူး” ဆိုတဲ့ဟာတွေပါတယ်။ ဆိုတော့ CDM ဟာ အင်မတန်အောင်မြင်ပါတယ်။ အင်မတန်မှ ထိရောက်ပါတယ်။ ကျနော်တို့ဆက်တောင့်ခံထားလို့ရှိရင် မကြာခင် သူတို့ ယန္တရား ရပ်သွားဖို့ရှိပါတယ်။ အဲဒါကြောင့် ပြည်သူလူထုအား ရဲရဲရင့်ရင့် ဆက်ထားပေးကြပါ။ တောင့်ခံပေးကြပါ။ လူထုရဲ့ လှုပ်ရှားမှုထဲ ပူးပေါင်းပါဝင်ကြပါ။ ကျနော်တို့အဲဒီနေ့ကဆိုလို့ရှိရင် CDM လှုပ်ရှားမှုမှာပါတဲ့ ကျနော်တို့ EPC ဌာနက အလုပ်သမားလေးတွေ၊ အလုပ်သမလေးတွေဆိုလို့ရှိရင် အင်မတန် သနားဖို့ကောင်းပါတယ်။ သူတို့အရာရှိကနေပြီးတော့ သူတို့ကို pressure တွေပေးတယ်ခင်ဗျ။ အမျိူးမျိူး ကျနော်တို့ကြားနေရတယ်။ အဲလိုမျိုးတွေလုပ်တဲ့ အရာရှိတွေရှိခဲ့မယ်ဆိုလို့ရှိရင် ကျနော်တို့CDM မှာ ပူးပေါင်းပါဝင်တဲ့ အလုပ်သမားတွေအနေနဲ့ဒီအရာရှိမျိူးတွေကို ကျနော်တို့ဖော်ထုတ်ရအောင်ဗျာ။ သူတို့ရဲ့ နာမည်တွေ ဖော်ထုတ်မယ်။ သူတို့ရဲ့ နေရပ်လိပ်စာတွေ ဖော်ထုတ်မယ်။ သူတို့ကို ကျနော်တို့က CDM မှာပါဝင်လာအောင် ကျနော်တို့ဆွဲဆောင်မယ်။ မပါဝင်ခဲ့လို့ရှိရင် သူတို့ဟာ လူထုရဲ့ ဒဏ်ခတ်မှုကို ခံရမယ်။ လူထုက ဒါမျိူး မှတ်တမ်းတင်ထားရမယ်။ နောက်နောင် ဒါမျိူးတွေမလုပ်ရဲ့ အောင် လုပ်ရမယ်။ ဒါ့အပြင် ဒါမျိူးကို သတ္တိရှိရှိနဲ့ပူးပေါင်းပါဝင်လာတဲ့ အလုပ်သမားတွေအားလုံးကိုလည်း ကျနော်တို့က ထိထိရောက်ရောက် အကူအညီပေးနိုင်ရမယ်။ ကျနော်တို့ပြည်သူလူထုကြီးက သူတို့ကို ထိထိရောက်ရောက်အကူအညီပေးနိုင်တဲ့ အခြေအနေမျိုးဖြစ်အောင် လုပ်ကြရမယ်။ ကျနော်တို့အနေနဲ့မကြောက်အောင် သူတို့ရဲ့ အနာဂတ်ကို တာဝန်ယူပေးကြရမယ်။ ဒါ အင်မတန်အရေးကြီးပါတယ်။ အဲဒီအတွက် ကျနော်တို့ကလည်း ဒီမှာ့လာပြီးတော့ ဒီမှာရှိတဲ့ စစ်အာဏာရှင် ယန္တရားကို အထောက်အပံ့ပေးနေတဲ့ သံရုံးအမှုထမ်းတွေ၊ စစ်သံရုံးအမှုထမ်းတွေကို ကျနော်တို့လာပြီးတောင်းဆိုနေတာပါ။

ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး အာဏာသိမ်း စစ်ကောင်စီအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့ တောင်းဆိုထားတဲ့စာကို ဖေဖော်ဝါရီလ ၉ ရက်နေ့က ဝါရှင်တန် ဒီစီမြို့မှာရှိတဲ့ မြန်မာသံရုံးမှာ သွားရောက် ပေးအပ်ခဲ့တာမှာတော့ သံရုံး တတိယအတွင်းဝန်က လက်ခံ ရယူခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG