သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စီးပြားေရးအႀကံေပး Sean Turnell ကို အျမန္ဆံုး လႊတ္ေပးဖို႔ ၾသစေၾတးလ် ေတာင္းဆို


စီးပြားေရးအႀကံေပး ပါေမာကၡ Sean Turnell

(Zawgyi/Unicode)

ႏိုင္ငံေတာ္အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကုိ စီးပြားေရးဆိုင္ရာ အႀကံေပးေနသူ တဦးျဖစ္တဲ့ အဖမ္းခံထားရတဲ့ Sean Turnell ကို အျမန္ျပန္လႊတ္ေပးဖို႔ Australia ႏိုင္ငံျခားေရးဝန္ႀကီး Marise Payne က ေဖေဖၚဝါရီလ ၁၁ ရက္ေန႔မွာ ေၾကညာခ်က္ထုတ္ျပန္ၿပီး ထပ္မံေတာင္းဆိုလိုက္ပါတယ္။

ျမန္မာႏိုင္ငံဆုိင္ရာ Australia သံအမတ္ႀကီးနဲ႔ Mr. Turnell တို႔ အဆက္အသြယ္ရခဲ့ၿပီး သူ႔ရဲ႕ က်န္းမာေရးနဲ႔ အေျခအေနေတြကို ေဆြးေႏြးခြင့္ရခဲ့တယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီး Payne က ေျပာပါတယ္။ ဒါ့အျပင္ ပါေမာကၡ Turnell ကို အျမန္ျပန္လႊတ္ေပးဖုိ႔ ဆက္လက္ေဆာင္းဆိုေၾကာင္း နဲ႔ ျမန္မာအာဏာပိုင္ေတြ အေနနဲ႔ ပါေမာကၡ Turnell ကို သံရံုးက ပံုမွန္ဆက္သြယ္ခြင့္ေပးဖို႔ပါ ေတာင္းဆုိလုိက္တာပါ။

စစ္တပ္က အာဏာသိမ္းခဲ့ၿပီးေနာက္ ေဖေဖာ္ဝါရီလ ၆ ရက္ေန႔က သူအဖမ္းခံထားရတယ္ဆိုတာကို ပညာ႐ွင္ Sean Turnell ကအသိေပးခဲ့တာပါ။ Australia ႏိုင္ငံသား Sean Turnell ဟာ Sydney ၿမိဳ႕ Macquarie တကၠသိုလ္က စီးပြားေရးပါေမာကၡျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

စီးပွားရေးအကြံပေး Sean Turnell ကို အမြန်ဆုံး လွှတ်ပေးဖို့ သြစတြေးလျ တောင်းဆို

(Unicode)

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို စီးပွားရေးဆိုင်ရာ အကြံပေးနေသူ တဦးဖြစ်တဲ့ အဖမ်းခံထားရတဲ့ Sean Turnell ကို အမြန်ပြန်လွှတ်ပေးဖို့ Australia နိုင်ငံခြားရေးဝန်ကြီး Marise Payne က ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပြီး ထပ်မံတောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ Australia သံအမတ်ကြီးနဲ့ Mr. Turnell တို့ အဆက်အသွယ်ရခဲ့ပြီး သူ့ရဲ့ ကျန်းမာရေးနဲ့ အခြေအနေတွေကို ဆွေးနွေးခွင့်ရခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Payne က ပြောပါတယ်။ ဒါ့အပြင် ပါမောက္ခ Turnell ကို အမြန်ပြန်လွှတ်ပေးဖို့ ဆက်လက်ဆောင်းဆိုကြောင်း နဲ့ မြန်မာအာဏာပိုင်တွေ အနေနဲ့ ပါမောက္ခ Turnell ကို သံရုံးက ပုံမှန်ဆက်သွယ်ခွင့်ပေးဖို့ပါ တောင်းဆိုလိုက်တာပါ။

စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၆ ရက်နေ့က သူအဖမ်းခံထားရတယ်ဆိုတာကို ပညာရှင် Sean Turnell ကအသိပေးခဲ့တာပါ။ Australia နိုင်ငံသား Sean Turnell ဟာ Sydney မြို့ Macquarie တက္ကသိုလ်က စီးပွားရေးပါမောက္ခဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG