သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းဆန္႔က်င္ေရး CDM လႈပ္ရွားမႈ အရွိန္ျမင့္လာ


ရန္ကုန္ၿမိဳ႕ရွိ အေမရိကန္သံရံုးေရွ႕ စစ္အာဏာသိမ္း ဆန္႔က်င္ ဆႏၵျပ ျမင္ကြင္း။

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းယူမႈအေပၚ ဆန္႔က်င္တဲ့ ႏိုင္ငံအႏွံ႔ လူထု လမ္းေပၚထြက္ ဆႏၵျပမႈေတြ ဒီေန႔လည္း အ႐ွိန္ေကာင္းေနပါတယ္။ ႐ံုးမတက္ ဆန္႔က်င္ေနၾကတဲ့ CDM လႈပ္႐ွားမႈမွာ ပါဝင္ၾကတဲ့ ဝန္ထမ္းေတြ၊ စက္႐ံု အလုပ္႐ံု အလုပ္သမားေတြ၊ ဆရာဝန္နဲ႔ ေဆးဝန္ထမ္းေတြ၊ သံဃာေတာ္ေတြ၊ ခရစ္ယာန္ဘာသာေရးအဖဲြ႔ေတြ ခ်ီတက္ဆႏၵျပၾကပါတယ္။ တိုင္းရင္းသားအဖဲြ႔ေတြလည္း ဒီေန႔ ရန္ကုန္ၿမိဳ႕မွာ ခ်ီတက္ ဆႏၵျပၾကပါတယ္။
ကရင္၊ ကခ်င္၊ ရခိုင္ စတဲ့ တိုင္းရင္းသားလူနည္းစုေတြ စုေပါင္းၿပီး အလံေတြ၊ ဆိုင္းပုဒ္ေတြ ကိုင္ေဆာင္ ခ်ီတက္၊ ေဟာေျပာ၊ သီခ်င္းေတြ သီဆိုခဲ့ၾကပါတယ္။

"ဖက္ဒရယ္ျပည္ေထာင္စုေပၚေပါက္ေရး ၊ ဒုိ႔အေရး ဒို႔အေရး"

ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးေရး စစ္မွန္တဲ့ ဖက္ဒရယ္ျပည္ေထာင္စုေပၚေပါက္ေရး၊ ၂၀၀၈ ဖဲြ႔စည္းပံုျပင္ဆင္ေရးေတာင္းဆိုတဲ့ ဆုိင္းပုဒ္ေတြ၊ စစ္အာဏာ႐ွင္ ဆန္႔က်င္တဲ့ ဆိုင္းပုဒ္ေတြကို သက္ဆိုင္ရာ ဘာသာေတြနဲ႔ေရးသားကိုင္ေဆာင္ ဆႏၵျပၾကပါတယ္။ ျပည္သူေတြရဲ႕ဆႏၵကို အာဏာသိမ္းသူေတြ ဂ႐ုမစိုက္ၾကတဲ့အတြက္ ခုလိုဆႏၵျပရတာျဖစ္တယ္လို႔ ကရင္တိုင္းရင္းသားတေယာက္က ခုလိုေျပာပါတယ္။

"မတရားတဲ့လုပ္ရပ္တခုျဖစ္တယ္ဆိုတာကို က်ေနာ္တို႔ ေတြ႔ႏိုင္ပါတယ္။ က်ေနာ္တို႔ရဲ႕ ညီအကိုေမာင္နွမေတြ ေတာထဲေတာင္ထဲမွာ ေျပးလႊားေနရတာအမ်ားႀကီးရွိပါတယ္။ ထပ္ၿပီးေတာ့ က်ေနာ္တို႔ႏိုင္ငံကိုေကာ အမ်ားျပည္သူေတြရဲ႕ မဲဆႏၵေတြကို မေထမဲ့ျမင္ျပဳတာကို က်ေနာ္တို႔လက္မခံပါဘူး။ "

၂၀၀၈ ဖဲြ႔စည္းပံုကို မျပင္မခ်င္း စစ္တပ္က အာဏာသိမ္းမႈေတြ ျဖစ္ေနဦးမွာမို႔ ဖဲြ႔စည္းပံုျပင္ဆင္ေရးကိုလည္း ေတာင္းဆိုတယ္လို႔ ရခိုင္တုိင္းရင္းသူတေယာက္ ကလည္း ေျပာပါတယ္။

"က်မတို႔အာဏာရွင္ရဲ႕ အေရးႀကီးတာက ၂ဝဝ၈ ဖြဲ႔စည္းပုံအေျခခံဥပေဒျဖစ္ပါတယ္။ ဒီဖြဲ႔စည္းပုံရွိေနသမွ် က်မတို႔စစ္အာဏာရွင္ေအာက္မွာပဲရွိေနမွာပါ။ က်မတို႔ဟာ အမ်ုိးသားေရးရည္မွန္းခ်က္ေတြရွိပါတယ္။ အဲအမ်ဳိးသားေရးရည္မွန္းခ်က္ေတြက ဒီမွာရွိေနတဲ့သူေတြရဲ႕ ရည္မွန္းခ်က္ေတြနဲ႔လည္း ထပ္တူက်ပါတယ္။ ၂ဝဝ၈ ဖြဲ႔စည္းပုံလုံးဝဖ်က္သိမ္းေရးအထိရည္ရြယ္ပါတယ္။ၿပီးေတာ့ စစ္အာဏာရွင္စနစ္ လုံးဝမရွိေရးလည္းရည္ရြယ္ပါတယ္။"

အရပ္သားအစိုးရေခါင္းေဆာင္ေတြကို ဖမ္းဆီးၿပီး စစ္တပ္က အာဏာသိ္မ္းမႈကို ကန္႔ကြက္ၿပီး ႐ံုးမတက္ဘဲ အာဏာဖီဆန္ေရး CDM လႈပ္႐ွားမႈမွာ ပါဝင္ၾကတဲ့ ပုဂၢလိကဘဏ္ေတြက ဝန္ထမ္းတခ်ဳိ႕ကလည္း ႏိုင္ငံေတာ္ ဗဟိုဘဏ္ေ႐ွ႕သြားၿပီး ဗဟိုဘဏ္ဝန္ထမ္းေတြပါ CDM လႈပ္႐ွားမႈမွာ ပါဝင္ဖုိ႔ ေတာင္းဆိုခဲ့ၾကပါတယ္။

"အာဏာရွင္ေတြအျမွစ္ျပဳတ္ေအာင္ CDM ကို လုပ္ၾကလုပ္ၾက ။ ရုံးမတက္နဲ႔ ရုန္းထြက္"

ေနျပည္ေတာ္မွာလည္း မနက္အေစာပိုင္းထဲက ဝန္ႀကီးဌာနေတြက ဝန္ထမ္းေတြ စုေဝးၿပီး CDM လႈပ္႐ွားမႈမွာ ပါဝင္ ဆႏၵျပၾကပါတယ္။ ဒီေန႔ ဆႏၵျပၾကတဲ့ ဝန္ထမ္းေတြ သိိသိသာသာ ပိုမ်ားလာသလို ဝန္ႀကီးဌာနေတြလည္း ပိုၿပီးစံုတာေတြ႔ရပါတယ္။ ဌာနဆိုင္ရာအလိုက္ အေရာင္ကြဲတဲ့ ယူနီေဖာင္းဝတ္စံုေတြ ဝတ္ဆင္ထားၾကတဲ့ ဝန္ထမ္းေတြက သူတုိ႔ဘယ္ဌာနကျဖစ္တယ္ဆုိတဲ့ ဆုိင္းပုဒ္ေတြကိုလည္း တခ်ဳိ႕ ကိုင္ေဆာင္ဆႏၵျပၾကပါတယ္။

"တို႔ဝန္ထမ္းေတြ ညီရဲ႔လားေဟ့ ၊ ညီတယ္ေဟ့ ညီတယ္ေဟ့"

ခုလို ဆႏၵျပပဲြေတြ အ႐ွိန္ျမင့္လာေနသလို အာဏာသိမ္းယူထားသူေတြဖက္က အဖမ္းအဆီးေတြကိုလည္း ဆက္လုပ္ေနပါတယ္။
ႏိုင္ငံေတာ္အတုိင္ပင္ခံ႐ံုးဝန္ႀကီး ဦးေက်ာ္တင့္ေဆြအျပင္ အရပ္သားအစိုးရ ျပည္နယ္ဝန္ႀကီးခ်ဳပ္တခ်ဳိ႕ ဖမ္းဆီးခံခဲ့ရပါတယ္။ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံ၊ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပု၊ ကရင္ျပည္နယ္ စီမံကိန္း၊ ဘ႑ာေရးနဲ႔ ဖြံ႕ၿဖိဳးေရးဝန္ႀကီး ဦးသန္းႏိုင္၊ တနသၤာရီတိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ဦးျမင့္ေမာင္၊ NLD ဥပေဒ အေထာက္အကူျပဳအဖြဲ႔က ေရွ႕ေနႀကီး ဦးေက်ာ္ဟိုး၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာမ်ိဳးေအာင္၊ ျပည္သူ႔လႊတ္ေတာ္ ဒုတိယ ဥကၠ႒ ဦးထြန္းထြန္းဟိန္ တို႔လည္း အဖမ္းခံထားရပါတယ္။ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေ႐ွာက္ေရးအသင္းရဲ႕ စာရင္းအရ ခုခ်ိန္ထိဆိုရင္ အရပ္သားအစုိးရအဖဲြ႔ဝင္ေတြ၊ တက္ႂကြလႈပ္႐ွားသူေတြ စုစုေပါင္း ၂၀၀ ေက်ာ္ ဖမ္းဆီးခံထားရပါတယ္။

.........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူမှုအပေါ် ဆန့်ကျင်တဲ့ နိုင်ငံအနှံ့ လူထု လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ဒီနေ့လည်း အရှိန်ကောင်းနေပါတယ်။ ရုံးမတက် ဆန့်ကျင်နေကြတဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ကြတဲ့ ဝန်ထမ်းတွေ၊ စက်ရုံ အလုပ်ရုံ အလုပ်သမားတွေ၊ ဆရာဝန်နဲ့ ဆေးဝန်ထမ်းတွေ၊ သံဃာတော်တွေ၊ ခရစ်ယာန်ဘာသာရေးအဖွဲ့တွေ ချီတက်ဆန္ဒပြကြပါတယ်။ တိုင်းရင်းသားအဖွဲ့တွေလည်း ဒီနေ့ ရန်ကုန်မြို့မှာ ချီတက် ဆန္ဒပြကြပါတယ်။
ကရင်၊ ကချင်၊ ရခိုင် စတဲ့ တိုင်းရင်းသားလူနည်းစုတွေ စုပေါင်းပြီး အလံတွေ၊ ဆိုင်းပုဒ်တွေ ကိုင်ဆောင် ချီတက်၊ ဟောပြော၊ သီချင်းတွေ သီဆိုခဲ့ကြပါတယ်။

"ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး ၊ ဒို့အရေး ဒို့အရေး"

ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရေး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးတောင်းဆိုတဲ့ ဆိုင်းပုဒ်တွေ၊ စစ်အာဏာရှင် ဆန့်ကျင်တဲ့ ဆိုင်းပုဒ်တွေကို သက်ဆိုင်ရာ ဘာသာတွေနဲ့ရေးသားကိုင်ဆောင် ဆန္ဒပြကြပါတယ်။ ပြည်သူတွေရဲ့ဆန္ဒကို အာဏာသိမ်းသူတွေ ဂရုမစိုက်ကြတဲ့အတွက် ခုလိုဆန္ဒပြရတာဖြစ်တယ်လို့ ကရင်တိုင်းရင်းသားတယောက်က ခုလိုပြောပါတယ်။

"မတရားတဲ့လုပ်ရပ်တခုဖြစ်တယ်ဆိုတာကို ကျနော်တို့ တွေ့နိုင်ပါတယ်။ ကျနော်တို့ရဲ့ ညီအကိုမောင်နှမတွေ တောထဲတောင်ထဲမှာ ပြေးလွှားနေရတာအများကြီးရှိပါတယ်။ ထပ်ပြီးတော့ ကျနော်တို့နိုင်ငံကိုကော အများပြည်သူတွေရဲ့ မဲဆန္ဒတွေကို မထေမဲ့မြင်ပြုတာကို ကျနော်တို့လက်မခံပါဘူး။ "

၂၀၀၈ ဖွဲ့စည်းပုံကို မပြင်မချင်း စစ်တပ်က အာဏာသိမ်းမှုတွေ ဖြစ်နေဦးမှာမို့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိုလည်း တောင်းဆိုတယ်လို့ ရခိုင်တိုင်းရင်းသူတယောက် ကလည်း ပြောပါတယ်။

"ကျမတို့အာဏာရှင်ရဲ့ အရေးကြီးတာက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံရှိနေသမျှ ကျမတို့စစ်အာဏာရှင်အောက်မှာပဲရှိနေမှာပါ။ ကျမတို့ဟာ အမျိုးသားရေးရည်မှန်းချက်တွေရှိပါတယ်။ အဲအမျိုးသားရေးရည်မှန်းချက်တွေက ဒီမှာရှိနေတဲ့သူတွေရဲ့ ရည်မှန်းချက်တွေနဲ့လည်း ထပ်တူကျပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံလုံးဝဖျက်သိမ်းရေးအထိရည်ရွယ်ပါတယ်။ပြီးတော့ စစ်အာဏာရှင်စနစ် လုံးဝမရှိရေးလည်းရည်ရွယ်ပါတယ်။"

အရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းမှုကို ကန့်ကွက်ပြီး ရုံးမတက်ဘဲ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ကြတဲ့ ပုဂ္ဂလိကဘဏ်တွေက ဝန်ထမ်းတချို့ကလည်း နိုင်ငံတော် ဗဟိုဘဏ်ရှေ့သွားပြီး ဗဟိုဘဏ်ဝန်ထမ်းတွေပါ CDM လှုပ်ရှားမှုမှာ ပါဝင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

"အာဏာရှင်တွေအမြှစ်ပြုတ်အောင် CDM ကို လုပ်ကြလုပ်ကြ ။ ရုံးမတက်နဲ့ ရုန်းထွက်"

နေပြည်တော်မှာလည်း မနက်အစောပိုင်းထဲက ဝန်ကြီးဌာနတွေက ဝန်ထမ်းတွေ စုဝေးပြီး CDM လှုပ်ရှားမှုမှာ ပါဝင် ဆန္ဒပြကြပါတယ်။ ဒီနေ့ ဆန္ဒပြကြတဲ့ ဝန်ထမ်းတွေ သိသိသာသာ ပိုများလာသလို ဝန်ကြီးဌာနတွေလည်း ပိုပြီးစုံတာတွေ့ရပါတယ်။ ဌာနဆိုင်ရာအလိုက် အရောင်ကွဲတဲ့ ယူနီဖောင်းဝတ်စုံတွေ ဝတ်ဆင်ထားကြတဲ့ ဝန်ထမ်းတွေက သူတို့ဘယ်ဌာနကဖြစ်တယ်ဆိုတဲ့ ဆိုင်းပုဒ်တွေကိုလည်း တချို့ ကိုင်ဆောင်ဆန္ဒပြကြပါတယ်။

"တို့ဝန်ထမ်းတွေ ညီရဲ့လားဟေ့ ၊ ညီတယ်ဟေ့ ညီတယ်ဟေ့"

ခုလို ဆန္ဒပြပွဲတွေ အရှိန်မြင့်လာနေသလို အာဏာသိမ်းယူထားသူတွေဖက်က အဖမ်းအဆီးတွေကိုလည်း ဆက်လုပ်နေပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေအပြင် အရပ်သားအစိုးရ ပြည်နယ်ဝန်ကြီးချုပ်တချို့ ဖမ်းဆီးခံခဲ့ရပါတယ်။ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ဖွံ့ဖြိုးရေးဝန်ကြီး ဦးသန်းနိုင်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်၊ NLD ဥပဒေ အထောက်အကူပြုအဖွဲ့က ရှေ့နေကြီး ဦးကျော်ဟိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် တို့လည်း အဖမ်းခံထားရပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းအရ ခုချိန်ထိဆိုရင် အရပ်သားအစိုးရအဖွဲ့ဝင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ စုစုပေါင်း ၂၀၀ ကျော် ဖမ်းဆီးခံထားရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG