သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းမှု ဆန္ဒပြပွဲ ကယားပြည်နယ် ရဲတချို့ပူးပေါင်း


အာဏာသိမ်းမှု ဆန္ဒပြပွဲ ကယားပြည်နယ် ရဲတချို့ပူးပေါင်း။ (ဓါတ်ပုံ- KHUN BWE MUE via REUTERS)
အာဏာသိမ်းမှု ဆန္ဒပြပွဲ ကယားပြည်နယ် ရဲတချို့ပူးပေါင်း။ (ဓါတ်ပုံ- KHUN BWE MUE via REUTERS)

(Zawgyi/Unicode)

မြန်မာနိုင်ငံက ရဲအရာရှိတချို့နဲ့ ရဲတပ်ဖွဲ့ဝင်တချို့တို့ဟာ နိုနိုင်ငံအနှံ့ ပေါ်ပေါက်နေတဲ့ လူထုဆန္ဒပြပွဲတွေမှာ ပြည်သူနဲ့အတူ ပူးပေါင်း ပါဝင်လာကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

ဖမ်းဆီးခံ ခေါင်းဆောင်တွေ ပြန်လွှတ်ပေးရေး ၊ စစ်အာရှင်စနစ် အလိုမရှိ ၊ ရုံးမတက်နဲ့ ရုန်းထွက် ၊ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး ၊ ဒီမိုကရေစီ ရရှိရေး ဒို့အရေး... ဆိုတဲ့ ကြွေးကြော်သံတွေကိုတော့ မြန်မာနိုင်ငံတလွှား မြို့ကြီးတွေမှာရော နယ်မြို့အတော်များများမှာပါ လတ်တလော အကျယ်လောင်ဆုံး ကြားနေရတာပါ။

ကျန်မာရေးပညာရှင် ဝန်ထမ်းတွေက စတင်လိုက်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေကနေ အခုဆိုရင် စစ်အာဏာသိမ်းဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ဆန္ဒပြပွဲထဲမှာ ကယားပြည်နယ်က ရဲတပ်ဖွဲ့ဝင် အနည်းဆုံး (၄၂)ဦး ဖေဖေါ်ဝါရီလ(၁၀)ရက် ဗုဒ္ဓဟူးနေ့က ပူးပေါင်းလာပါတယ်။

ကယားပြည်နယ်က ခရိုင် ရဲမှူးတဦးလာရောက်ပြီး ဆန္ဒပြရဲတွေ လုပ်ငန်းခွင်ထဲပြန်ဝင်ကြဖို့ လာပြန်ခေါ်ပေမယ့် သူတို့ကတော့ ပြည်သူတွေနဲ့သာ ပူးပေါင်းသွားတော့မယ်လို့ ရဲတပ်ဖွဲ့ဝင်တဦးက ရဲမှူးကို ပြန်ပြောပါတယ်။

" အခုလို ကျနော်တို့ ဒီလိုရုန်းထွက်တယ် ဆိုကတည်းကိုက ပြန်လိုက်လို့ မဖြစ်ဘူး။ ပြန်လိုက်ရင် သဲထဲရေသွန် ဖြစ်သွားမယ်။ ကျနော်တို့ ရုန်းထွက်တယ်ဆိုတာက ပြည်သူနဲ့ တညီထဲ တသွေးထဲ တသားထဲဖြစ်အောင် ရုန်းထွက်နေတာပါ။ ကျနော်တို့ ရဲတပ်ဖွဲ့ထဲ ပြန်ဝင်တယ်ဆိုတာနဲ့ အဲဒီတပ်ဖွဲ့ထဲမှာ တသွေးတသားထဲ ပြန်ဖြစ်သွားမယ်။ အဲလိုဆိုရင် ကျနော်တို့ ဆန္ဒမဟုတ်တော့ဘူး။ အဲလိုမဖြစ်ရင် ကျနော်တို့ ပြည်သူတွေရဲ့ ဆန္ဒနဲ့ တသားထဲ ကျတော့မှာ မဟုတ်ဘူး။ အဲဒါကြောင့်မို့ ကျနော်တို့ လုံးဝ ပြန်လိုက်မှာ မဟုတ်ဘူး။ "

အဲဒီလို တယောက်တပေါက် ပြန်လည် ပြောဆိုမှုအပြီး ရဲမှူးကြီးလည်း အဲဒီနေရာကနေ လှည့်ပြန်သွားပါတယ်။ နောက်ထပ် ရဲတပ်ဖွဲ့တဦးကလည်း သူ့ခံစားချက်ကို ရင်ဖွင့်ပါတယ်။

" ကျနော်တို့ဟာ စစ်အမိန့်အောက်မှာပဲ တာဝန်ထမ်းဆောင်ခဲ့တာ နှစ်လကြာရှည်ခဲ့ပါပြီ။ ကျနော်တို့က စစ်ရဲ့ကျွန် မဟုတ်ပါဘူး။ ပြည်သူရဲ့ကျွန် ဖြစ်ရမှာပါ။ အဲဒါကြောင့် ကျနော်တို့ ပြည်သူ့ရဲတွေ ပြည်သူ့ဝန်ထမ်းကောင်းတွေ ဖြစ်နိုင်ဖို့အတွက် ရဲတပ်ဖွဲ့ထဲမှာ ရဲစစ်စစ်တွေကို ထားပေးပါ။ မိုးကျရွှေကိုယ်တွေကို ထုတ်ပေးပါ။

ကျနော်တို့ ရဲချုပ်ကိုလည်း ရဲစစ်စစ်ကို ခန့်ပေးပါ။ ကျနော်တို့ ပြည်နယ်မှူးကိုလည်း ရဲစစ်စစ်ကို ခန့်ပေးပါ။ ခရိုင်မှူးကိုလည်း ရဲစစ်စစ်ကို ခန့်ပေးပါ။ ကျနော်တို့ တပ်ဖွဲ့ထဲမှာရှိတဲ့ မိုးကျရွှေကိုယ်တွေကို ဆန့်ကျင်ပါတယ်။ ဒီမိုကရေစီရတာမှ ၅ နှစ် မပြည့်သေးဘူး။ အာဏာရှင် ထပ်သိမ်းတယ်ဆိုတော့ ခင်ဗျားတို့ကို ဘယ်လိုလုပ် ယုံနိုင်မှာတုန်း။ စစ်တပ်က လှည့်ကွက် မာယာပရိယာယ် ဒီလောက်ကြွယ်တာ။ သူတို့ရဲ့ မာယာပရိယာယ် အောက်မှာ အမိန့်ဆိုတဲ့ အာဏာတခုထဲနဲ့ ကျနော်တို့ လုပ်နေရတာပါ။ အမှန်တရားဘက် ရပ်ချင်တိုင်း ရပ်လို့မရပါဘူး။ အခု ဒီမှာရှိနေတဲ့ ၄၂ ယောက် ၊ အခု နောက်ထပ် ညီငယ်ရဲတပ်ဖွဲ့ဝင် ၂ ယောက် ထပ်ပူးပေါင်းလာပါတယ်။ အဲဒါကြောင့် ရဲတပ်ဖွဲ့ဝင်တွေ ထပ်ပြီး ပူးပေါင်းပေးပါ ။ စစ်အာဏာရှင် ကျဆုံးရေးအတွက် ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေ နုတ်ထွက်လေလေ ပိုကောင်း လေလေပါပဲ။ "

စစ်အာဏာသိမ်မှု ဆန့်ကျင်ရေး လမ်းပေါ်ထွက်ဆန္ဒပြပွဲတွေ ပေါ်လာပြီး ဖေဖေါ်ဝါရီ (၉)ရက် အင်္ဂါနေ့တုန်းကတော့ ရဲအုပ် ခွန်အောင်ကိုကို ဆိုသူက နေပြည်တော်မှာ ဆန္ဒပြပြည်သူတွေနဲ့အတူ လာရောက်ပူးပေါင်းခဲ့ပြီး စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ တိုက်ပွဲ ဝင်သွားမယ့်အကြောင်း ပြည်သူတွေရှေ့ သန္နိဋ္ဌာန်ရွတ်ဆိုပါတယ်။

အလားတူ တနင်္သာရီတိုင်း မြိတ်(ဘိတ်)မြို့မှာလည်း အင်္ဂါနေ့တုန်းက ရဲတပ်ဖွဲ့ဝင်တဦး ဆန္ဒပြသူတွေနဲ့ လာရောက် ပူးပေါင်းသလို၊ မွန်ပြည်နယ် ကျိုက်မရောမြို့က ဒုရဲအုပ်အရာရှိတဦး မော်လမြိုင်မြို့က ဆန္ဒပြ ပြည်သူနဲ့အတူ ဗုဒ္ဓဟူးနေ့က လာရောက်ပူးပေါင်းပြီး သူ့အနေနဲ့ စွန့်လွှတ်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံတွင်း ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ရှေ့တန်းမှာ လုပ်ဆောင်ကြတဲ့ ဆရာဝန်နဲ့ သူနာပြုတွေက စစ်အာဏာသိမ်းလုပ်ရပ်ကို လက်မခံတဲ့အတွက် စစ်ကောင်စီ အုပ်ချုပ်မှုအောက်မှာ ဆက်လက် တာဝန် မထမ်းဆောင်လိုဘူးဆိုပြီး CDM ( Civil Disobedience Movement ) အာဏာဖီဆန်ရေး လှုပ်ရှားမှုကို အာဏာသိမ်းပြီး နောက်တနေ့ဖြစ်တဲ့ ဖေဖေါ်ဝါရီ (၂)ရက်နေ့က စတင်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီလှုပ်ရှားမှုတွေကနေ တနိုင်ငံလုံး အစိုးရဝန်ထမ်းတွေ ပါဝင်တဲ့ အထွေထွေသပိတ်ကြီးအဖြစ် ပူးပေါင်းပါဝင်ကြဖို့ CDM က နှိုးဆော်ခဲ့ပြီးနောက် ဖေဖေါ်ဝါရီ (၆)ရက်နေ့မှာတော့ ရန်ကုန်မြို့ လမ်းမပေါ် ဆန္ဒပြပွဲတွေ စမြင်လာရပြီး နိုင်ငံအနှံ့ ဆန့်ကျင်ဆန္ဒပြပွဲတွေ ပျံ့နှံ့သွားတာ ဒီနေ့အချိန်အထိပဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)













XS
SM
MD
LG