သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပသူမ်ား ဘာေတြသတိထားသင္႔သလဲ


(Zawgyi/Unicode)

စစ္တပ္က အာဏာသိမ္းတဲ့ လုပ္ရပ္ကို ဆန႔္က်င္တဲ့ ဆႏၵျပပြဲေတြ အားေကာင္းလာေနေပမဲ့ အာဏာပိုင္ေတြက ၿဖိဳခြဲႏိုင္တဲ့ အႏၲရာယ္ကို သတိထားဖို႔ လႈပ္ရွားမႈမွာ ဦးေဆာင္ပါဝင္သူေတြ သတိေပးေနပါတယ္။ အာဏာပိုင္ေတြ အင္အားသုံး ႏွိမ္နင္းဖို႔ အေၾကာင္းျပစရာ မျဖစ္ေအာင္ ထိပ္တိုက္ရင္ဆိုင္တာေတြကို ေရွာင္ရွားဖို႔ ရႈပ္ေထြးမႈေတြျဖစ္ႏိုင္တဲ့ သတင္းအတုေတြ၊ သတင္းမွားေတြကို သတိထားဖို႔လည္း တိုက္တြန္းေနၾကတာပါ။ အျပည့္အစုံကိုေတာ့ ဆက္သြယ္စုံစမ္းထားတဲ့ ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ မေမခက တင္ျပေပးပါမယ္။

စစ္တပ္က အာဏာသိမ္းတာကို ဆန႔္က်င္တဲ့ လမ္းေပၚထြက္ လႈပ္ရွားမႈေတြမွာ အစိုးရဝန္ထမ္းေတြ၊ အလုပ္သမားေတြနဲ႔ အႏုပညာရွင္ေတြနဲ႔ ရဲတပ္ဖြဲ႕ဝင္တခ်ိဳ႕ အပါအဝင္ အလႊာအသီးသီးက ပူးေပါင္းပါဝင္လာၿပီး အရွိန္ေကာင္းေနေပမဲ့ သတိထားစရာေတြ ရွိေနတယ္လို႔ သတိေပးသူေတြလည္း ရွိေနပါတယ္။ ၁၉၈၈ ခုႏွစ္က ဒီမိုကေရစီေရး လူထုအုံႂကြမႈေတြမွာ တက္တက္ႂကြႂကြ ပါဝင္လႈပ္ရွားခဲ့ၿပီး လုံၿခဳံေရးတပ္ဖြဲ႕ေတြ ၿဖိဳခြင္းခဲ့တဲ့ အျဖစ္အပ်က္ကိုလည္း အေတြ႕အႀကံဳရွိခဲ့တဲ့ ၈၈ မ်ိဳးဆက္ ေက်ာင္းသားေခါင္းေဆာင္တဦးျဖစ္တဲ့ ဦးဂ်င္မီကေတာ့ ထိပ္တိုက္ရင္ဆိုင္တဲ့ အေျခအေနေတြကို ေရွာင္ရွားဖို႔ သတိေပးထားပါတယ္။

“ဒလန္ေတြထည့္ၿပီး အဖ်က္အေမွာင့္ေတြလုပ္ဖို႔အတြက္လုပ္တဲ့ အေလ့အက်င့္က ဆႏၵျပပြဲေတြမွာ တကယ္ေတာ့ ႐ိုးေန ၿပီ။ အဲဒါကိုသတိထားရမယ္။ ေရွ႕ကတိုင္တာမွာ အဆဲအဆိုေတြ ပါလာလို႔ရွိရင္ ဝိုင္းထိန္းေပးရမယ္။ ဆဲတာမဆဲၾကပါနဲ႔ ၾကမ္းၾကမ္းတမ္းတမ္းမေျပာၾကပါနဲ႔။ အဓိကကေတာ့ ဒါႀကီးတခုလုံးကို တည္တည္ၿငိမ္ၿငိမ္နဲ႔ တုံ႔ျပန္ႏိုင္တဲ့ အေျခအေန တခုကိုတည္ေဆာက္ရမယ္။ ဒီလို တည္တည္ၿငိမ္ၿငိမ္ လုပ္ေဆာင္ေနတာ Smart ျဖစ္တယ္ဆိုတာမ်ိဳးကို က်ေနာ္တို႔ျပရ လိမ့္မယ္။ သူတို႔အလုပ္ကေတာ့ ေဒါသကို ဆြေပးမွာဘဲ ေဒါသကိုဖန္တီးမွာဘဲ ဒါကိုက်ေနာ္တို႔က ေဒါသကိုေလ်ာ့ၿပီး တည္တည္ၿငိမ္ၿငိမ္ ရင္ဆိုင္ႏိုင္တာကို ေ႐ြးရမယ္။ ဆဲတာဆိုတာကို ခြင့္ျပဳလို႔မရဘူး။ ဝိုင္းထိန္းရပါမယ္။”

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ၿငိမ္းခ်မ္းတဲ့ အာဏာဖီဆန္မႈ လႈပ္ရွားမႈေတြမွာ အစိုးရဌာနေတြနဲ႔ ပုဂၢလိက လုပ္ငန္းေတြက ဝန္ထမ္းေတြပါ ပူးေပါင္းပါဝင္ၾကဖို႔ လႈံ႕ေဆာ္ခဲ့ၿပီးေနာက္ ဆႏၵျပလႈပ္ရွားမႈေတြလည္း အားေကာင္းလာေနတာပါ။ ဒီလိုအားသာခ်က္ေတြကို ဆက္ထိန္းထားဖို႔လည္း အေရးႀကီးတယ္လို႔ ဦးဂ်င္မီက ေျပာပါတယ္။

“ဆႏၵျပမႈေတြမွာ ပါးပါးနပ္နပ္နဲ႔ ထိပ္တိုက္ေတြ႕ဆုံမႈကိုေရွာင္ရွားၿပီးဆြဲဆန႔္ႏိုင္ဖို႔ တခု ၊ တဖက္မွာလည္း CDM ကို ဖိအားေပးလုပ္ေဆာင္ရမယ္။ ပစ္တာခတ္တာေတြ လုပ္ၿပီးၿဖိဳခြဲလာၿပီဆို ကိုယ့္ၿမိဳ႕ကိုယ့္ရပ္႐ြာမွာ Base ေတြ တည္ေဆာက္ထားတာ၊ ၿမိဳ႕နယ္တြင္း ေျပာက္က်ားလုပ္ရွားမႈေတြရွိသလို၊ Mobile လုပ္တာေတြလုပ္ရမယ္ တခါ တေလက်ရင္ ေပါင္းစပ္လႈပ္ရွားမႈေတြလုပ္ရမယ္။ အေကာင္းဆုံးကေတာ့ ၿမိဳ႕နယ္ေတြက ႐ုံးလုပ္ငန္းေတြကို CDM လုပ္ေအာင္လုပ္ႏိုင္ရင္ေတာ့ အေကာင္းဆုံးပါဘဲ။”

ဆႏၵျပပြဲေတြ အားေကာင္းလာေနတာနဲ႔အမွ် လႈပ္ရွားမႈေတြနဲ႔ ဆက္ႏြယ္တဲ့ သတင္းေတြဟာလည္း အင္တာနက္ လူမႈကြန္ရက္ေတြမွာ ပ်ံ႔ႏွံ႔ေနပါတယ္။ လူမႈကြန္ရက္ေတြေပၚက ဆႏၵျပလႈပ္ရွားမႈေတြနဲ႔ ဆက္ႏြယ္ၿပီး ျဖန႔္ေဝၾကတဲ့ေနရာမွာ သတင္းမွားေတြ၊ သတင္းတုေတြလည္း ပါဝင္ေလ့ရွိတတ္တာေၾကာင့္ ရႈတ္ေထြးမႈေတြ ျဖစ္ႏိုင္တဲ့ အႏၲရာယ္ေတြ ရွိတာကိုလည္း သတိထားဖို႔လိုတယ္လို႔ ျမန္မာႏိုင္ငံ သတင္းမီဒီယာ ေကာင္စီဝင္တဦးျဖစ္တဲ့ ဦးျမင့္ေက်ာ္ကေထာက္ျပပါတယ္။

“ ယုံၾကည္ရတဲ့သတင္းဌာန သတင္းဌာနႀကီးေတြဆိုတာ ျပည္တြင္းမွာသတင္းစာေတြ လည္းရွိသလို ေရဒီယို သတင္းဌာန၊ အြန္လိုင္းသတင္းဌာန အြန္လိုင္းေအဂ်င္စီေတြရွိတယ္။ အဲထဲကေန ကိုယ္ယုံၾကည္စိတ္ခ်ရတဲ့ သတင္းဌာနေတြကို ၾကည့္ေစခ်င္တယ္။ သတင္း Group ေတြကေနၾကည့္တာမ်ိဳးေတြက အႏၲရာယ္အမ်ားႀကီးျဖစ္ေစႏိုင္တယ္။ အဲဒီမွာ အကုန္ေရာထည့္ထားတယ္။ RFA , VOA, 7 Day, Eleven စသျဖင့္ သူတို႔ဟာေတြလည္းထည့္သလို တျခားေသာသတင္းဌာနမဟုတ္တာေတြကိုလည္း အဲသတင္း Group ေတြမွာရွယ္ေတာ့ အဲဒါေတြေရာေထြးၿပီးေတာ့ ရႈပ္ေထြး ေစႏိုင္တယ္။ ဒါေၾကာင့္သတင္းဌာနေတြရဲ႕ ေပခ်္ ၊ ဝက္ဆိုဒ္ကို YouTube ဆိုလဲ YouTube ကို အဲဒါမ်ိဳးေတြကိုသာ Like လုပ္ၾကည့္သင့္ပါတယ္”

ျမန္မာႏိုင္ငံမွာ မိုဘိုင္းဖုန္းအသုံးျပဳမႈမ်ားလာတာနဲ႔အမွ် အင္တာနက္အသုံးျပဳမႈက တစ္ႏွစ္ထက္ တစ္ႏွစ္တိုးတက္လာခဲ့သလို အင္တာနက္အသုံးျပဳမႈ ဖြံ႕ၿဖိဳးတိုးတက္လာတာနဲ႔အမွ် Social Media အသုံးျပဳမႈကလည္း တစ္ႏွစ္ထက္တစ္ႏွစ္ ပိုမိုတိုးတက္လာခဲ့သလို လူတိုင္းက ေန႔တိုင္းနီးပါး သတင္းအခ်က္အလက္ေတြကို ပုံစံမ်ိဳးစုံနဲ႔ လက္ခံရယူေနၾကပါတယ္။ အင္တာနက္ အေျခခံၿပီး သတင္းအခ်က္အလက္ေတြကို လက္ခံရယူၾကသလို Print Media, Broadcast Media ေတြ၊FM ေရဒီယိုေတြကေနလည္း သတင္းအခ်က္အလက္ေတြကို ေန႔စဥ္ရယူေနၾကတာမွာ လက္ရွိအေျခအေနမွာ အင္တာနက္ လူမႈမီဒီယာေတြေပၚကေန သတင္းရယူမႈကပိုမ်ားလာတာေၾကာင့္ ဒါကို အသုံးခ်ၿပီး သတင္းမွားေတြ ျဖန႔္လာတာေတြရွိလာ တာမို႔ ဒါေတြနဲ႔ပတ္သတ္လို႔ သတင္းစာဆရာေတြက သတိေပးေနၾကပါတယ္။

ဆႏၵျပသူမ်ား ဘာေတြသတိထားသင္႔သလဲ
please wait

No media source currently available

0:00 0:04:20 0:00
တိုက္႐ိုက္ လင့္ခ္


...............

ဆန္ဒပြသူများ ဘာတွေသတိထားသင့်သလဲ

(Unicode)

စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အားကောင်းလာနေပေမဲ့ အာဏာပိုင်တွေက ဖြိုခွဲနိုင်တဲ့ အန္တရာယ်ကို သတိထားဖို့ လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်သူတွေ သတိပေးနေပါတယ်။ အာဏာပိုင်တွေ အင်အားသုံး နှိမ်နင်းဖို့ အကြောင်းပြစရာ မဖြစ်အောင် ထိပ်တိုက်ရင်ဆိုင်တာတွေကို ရှောင်ရှားဖို့ ရှုပ်ထွေးမှုတွေဖြစ်နိုင်တဲ့ သတင်းအတုတွေ၊ သတင်းမှားတွေကို သတိထားဖို့လည်း တိုက်တွန်းနေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမေခက တင်ပြပေးပါမယ်။

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက် လှုပ်ရှားမှုတွေမှာ အစိုးရဝန်ထမ်းတွေ၊ အလုပ်သမားတွေနဲ့ အနုပညာရှင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တချို့ အပါအဝင် အလွှာအသီးသီးက ပူးပေါင်းပါဝင်လာပြီး အရှိန်ကောင်းနေပေမဲ့ သတိထားစရာတွေ ရှိနေတယ်လို့ သတိပေးသူတွေလည်း ရှိနေပါတယ်။ ၁၉၈၈ ခုနှစ်က ဒီမိုကရေစီရေး လူထုအုံကြွမှုတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေ ဖြိုခွင်းခဲ့တဲ့ အဖြစ်အပျက်ကိုလည်း အတွေ့အကြုံရှိခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဂျင်မီကတော့ ထိပ်တိုက်ရင်ဆိုင်တဲ့ အခြေအနေတွေကို ရှောင်ရှားဖို့ သတိပေးထားပါတယ်။

“ဒလန်တွေထည့်ပြီး အဖျက်အမှောင့်တွေလုပ်ဖို့အတွက်လုပ်တဲ့ အလေ့အကျင့်က ဆန္ဒပြပွဲတွေမှာ တကယ်တော့ ရိုးနေ ပြီ။ အဲဒါကိုသတိထားရမယ်။ ရှေ့ကတိုင်တာမှာ အဆဲအဆိုတွေ ပါလာလို့ရှိရင် ဝိုင်းထိန်းပေးရမယ်။ ဆဲတာမဆဲကြပါနဲ့ ကြမ်းကြမ်းတမ်းတမ်းမပြောကြပါနဲ့။ အဓိကကတော့ ဒါကြီးတခုလုံးကို တည်တည်ငြိမ်ငြိမ်နဲ့ တုံ့ပြန်နိုင်တဲ့ အခြေအနေ တခုကိုတည်ဆောက်ရမယ်။ ဒီလို တည်တည်ငြိမ်ငြိမ် လုပ်ဆောင်နေတာ Smart ဖြစ်တယ်ဆိုတာမျိုးကို ကျနော်တို့ပြရ လိမ့်မယ်။ သူတို့အလုပ်ကတော့ ဒေါသကို ဆွပေးမှာဘဲ ဒေါသကိုဖန်တီးမှာဘဲ ဒါကိုကျနော်တို့က ဒေါသကိုလျော့ပြီး တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်တာကို ရွေးရမယ်။ ဆဲတာဆိုတာကို ခွင့်ပြုလို့မရဘူး။ ဝိုင်းထိန်းရပါမယ်။”

စစ်တပ်က အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းတဲ့ အာဏာဖီဆန်မှု လှုပ်ရှားမှုတွေမှာ အစိုးရဌာနတွေနဲ့ ပုဂ္ဂလိက လုပ်ငန်းတွေက ဝန်ထမ်းတွေပါ ပူးပေါင်းပါဝင်ကြဖို့ လှုံ့ဆော်ခဲ့ပြီးနောက် ဆန္ဒပြလှုပ်ရှားမှုတွေလည်း အားကောင်းလာနေတာပါ။ ဒီလိုအားသာချက်တွေကို ဆက်ထိန်းထားဖို့လည်း အရေးကြီးတယ်လို့ ဦးဂျင်မီက ပြောပါတယ်။

“ဆန္ဒပြမှုတွေမှာ ပါးပါးနပ်နပ်နဲ့ ထိပ်တိုက်တွေ့ဆုံမှုကိုရှောင်ရှားပြီးဆွဲဆန့်နိုင်ဖို့ တခု ၊ တဖက်မှာလည်း CDM ကို ဖိအားပေးလုပ်ဆောင်ရမယ်။ ပစ်တာခတ်တာတွေ လုပ်ပြီးဖြိုခွဲလာပြီဆို ကိုယ့်မြို့ကိုယ့်ရပ်ရွာမှာ Base တွေ တည်ဆောက်ထားတာ၊ မြို့နယ်တွင်း ပြောက်ကျားလုပ်ရှားမှုတွေရှိသလို၊ Mobile လုပ်တာတွေလုပ်ရမယ် တခါ တလေကျရင် ပေါင်းစပ်လှုပ်ရှားမှုတွေလုပ်ရမယ်။ အကောင်းဆုံးကတော့ မြို့နယ်တွေက ရုံးလုပ်ငန်းတွေကို CDM လုပ်အောင်လုပ်နိုင်ရင်တော့ အကောင်းဆုံးပါဘဲ။”

ဆန္ဒပြပွဲတွေ အားကောင်းလာနေတာနဲ့အမျှ လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်တဲ့ သတင်းတွေဟာလည်း အင်တာနက် လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေပါတယ်။ လူမှုကွန်ရက်တွေပေါ်က ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ဖြန့်ဝေကြတဲ့နေရာမှာ သတင်းမှားတွေ၊ သတင်းတုတွေလည်း ပါဝင်လေ့ရှိတတ်တာကြောင့် ရှုတ်ထွေးမှုတွေ ဖြစ်နိုင်တဲ့ အန္တရာယ်တွေ ရှိတာကိုလည်း သတိထားဖို့လိုတယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင်တဦးဖြစ်တဲ့ ဦးမြင့်ကျော်ကထောက်ပြပါတယ်။

“ ယုံကြည်ရတဲ့သတင်းဌာန သတင်းဌာနကြီးတွေဆိုတာ ပြည်တွင်းမှာသတင်းစာတွေ လည်းရှိသလို ရေဒီယို သတင်းဌာန၊ အွန်လိုင်းသတင်းဌာန အွန်လိုင်းအေဂျင်စီတွေရှိတယ်။ အဲထဲကနေ ကိုယ်ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေကို ကြည့်စေချင်တယ်။ သတင်း Group တွေကနေကြည့်တာမျိုးတွေက အန္တရာယ်အများကြီးဖြစ်စေနိုင်တယ်။ အဲဒီမှာ အကုန်ရောထည့်ထားတယ်။ RFA , VOA, 7 Day, Eleven စသဖြင့် သူတို့ဟာတွေလည်းထည့်သလို တခြားသောသတင်းဌာနမဟုတ်တာတွေကိုလည်း အဲသတင်း Group တွေမှာရှယ်တော့ အဲဒါတွေရောထွေးပြီးတော့ ရှုပ်ထွေး စေနိုင်တယ်။ ဒါကြောင့်သတင်းဌာနတွေရဲ့ ပေချ် ၊ ဝက်ဆိုဒ်ကို YouTube ဆိုလဲ YouTube ကို အဲဒါမျိုးတွေကိုသာ Like လုပ်ကြည့်သင့်ပါတယ်”

မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းအသုံးပြုမှုများလာတာနဲ့အမျှ အင်တာနက်အသုံးပြုမှုက တစ်နှစ်ထက် တစ်နှစ်တိုးတက်လာခဲ့သလို အင်တာနက်အသုံးပြုမှု ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ Social Media အသုံးပြုမှုကလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လာခဲ့သလို လူတိုင်းက နေ့တိုင်းနီးပါး သတင်းအချက်အလက်တွေကို ပုံစံမျိုးစုံနဲ့ လက်ခံရယူနေကြပါတယ်။ အင်တာနက် အခြေခံပြီး သတင်းအချက်အလက်တွေကို လက်ခံရယူကြသလို Print Media, Broadcast Media တွေ၊FM ရေဒီယိုတွေကနေလည်း သတင်းအချက်အလက်တွေကို နေ့စဉ်ရယူနေကြတာမှာ လက်ရှိအခြေအနေမှာ အင်တာနက် လူမှုမီဒီယာတွေပေါ်ကနေ သတင်းရယူမှုကပိုများလာတာကြောင့် ဒါကို အသုံးချပြီး သတင်းမှားတွေ ဖြန့်လာတာတွေရှိလာ တာမို့ ဒါတွေနဲ့ပတ်သတ်လို့ သတင်းစာဆရာတွေက သတိပေးနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG