သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အင္အားသံုး ႏွိမ္နင္းမႈရွိလာေပမယ့္ ဆႏၵျပၿမဲ ခ်ီတက္ၿမဲ


(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ တုန္းက စစ္တပ္အာဏာ သိမ္းလိုက္တာကို ႏိုင္ငံအႏွံ႔ ကန္႔ကြက္ဆႏၵျပမႈေတြ ေပၚေပါက္လာေနတာ ဗုဒၶဟူးေန႔အထိ ၅ ရက္ ဆက္တိုက္ရွိလာခဲ့ပါၿပီ ။ တခ်ိဳ႕ေနရာေတြမွာ စစ္တပ္က ဆႏၵျပပြဲေတြကို အင္အားသုံး ၿဖိဳခြဲတာရွိေနတဲ့ ၾကားက အခုလို ရက္ဆက္ ဆႏၵျပေနၾကတာပါ။

လူစုခြဲဖို႔အတြက္ စစ္တပ္က ေျခာက္လွန္႔ ပစ္ခတ္တာ၊ ရာဘာက်ည္ေတြ၊ မီးသတ္ပိုက္ေတြနဲ႔ ေရျဖန္းထိုးခြဲတာေတြလုပ္လာတာေၾကာင့္ ဆႏၵျပသူေတြထဲ ဒဏ္ရာရခဲ့သူေတြလည္း ရွိပါတယ္။

ေနျပည္ေတာ္မွာေတာ့ မေန႔တုန္းက ေထာင္နဲ႔ခ်ီတဲ့ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနသူေတြကို လုံၿခဳံေရးတပ္ဖြဲ႕က လူစုခြဲဖို႔ ဆက္တိုက္ သတိေပး ေျပာဆိုတယ္လို႔ ဆႏၵျပသူတဦးက VOA ကိုေျပာပါတယ္။

အဂၤါေန႔တုန္းက ေနျပည္ေတာ္မွာဆႏၵျပသူေတြကို ရဲတပ္ဖြဲ႕က ေသနတ္နဲ႔ ပစ္ခတ္ခဲ့တာေၾကာင့္ အနည္းဆုံး လူ ၂ ဦး ဒဏ္ရာရခဲ့ပါတယ္။ တဦးက ဦးေခါင္းကို ေသနတ္ထိမွန္ခဲ့ၿပီး ေနာက္တဦးက ရင္ဘတ္ကို ထိမွန္ခဲ့တာပါ။

ဦးေခါင္းကို ေသနတ္ထိမွန္ခဲ့တဲ့ အသက္ ၁၉ အ႐ြယ္ မျမသြဲ႕သြဲ႕ခိုင္ကို အခု အထူးၾကပ္မတ္ခန္းထဲမွာ အသက္ရႈစက္တပ္ထားၿပီး ေစာင့္ၾကည့္ေနရတယ္လို႔ အမည္မေဖာ္လိုသူ ဆရာဝန္တဦးက ေျပာပါတယ္။

အခုထိ ေခါင္းထဲမွာ က်ည္ဆန္ရွိေနေသးတာေၾကာင့္ အေျခအေနက စိုးရိမ္ရၿပီး အသက္ရွင္ဖို႔ အခြင့္အလမ္းနည္းတယ္လို႔ အဲဒီဆရာဝန္ကေျပာပါတယ္။ ရင္ဘတ္ကို ေသနတ္ထိမွန္ခဲ့တဲ့သူက အသက္ ၂၃ ႏွစ္အ႐ြယ္ ကိုစိုးေဝျဖစ္ပါတယ္။ သူ႔အေျခအေနကေတာ့ မစိုးရိမ္ရေတာ့ဘူးလို႔ ဆရာဝန္က ေျပာပါတယ္။

ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ဆႏၵျပေနတဲ့ သူေတြကို အင္အားသုံး ၿဖိဳခြဲေနတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြ ရာထူးတာဝန္ကေန ႏႈတ္ထြက္ေပးဖို႔ ျမန္မာ့လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ အထူးသံတမန္ Tom Andrews က ေတာင္းဆိုခဲ့ပါတယ္။ အခုလို ဆႏၵျပသူေတြကို အၾကမ္းဖက္ႏွိမ္ႏွင္းခဲ့တဲ့ လုပ္ရပ္အေပၚ ကုလသမဂၢက ျပစ္တင္ရႈတ္ခ်ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

အင်အားသုံး နှိမ်နင်းမှုရှိလာပေမယ့် ဆန္ဒပြမြဲ ချီတက်မြဲ

(Unicode)

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ တုန်းက စစ်တပ်အာဏာ သိမ်းလိုက်တာကို နိုင်ငံအနှံ့ ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်လာနေတာ ဗုဒ္ဓဟူးနေ့အထိ ၅ ရက် ဆက်တိုက်ရှိလာခဲ့ပါပြီ ။ တချို့နေရာတွေမှာ စစ်တပ်က ဆန္ဒပြပွဲတွေကို အင်အားသုံး ဖြိုခွဲတာရှိနေတဲ့ ကြားက အခုလို ရက်ဆက် ဆန္ဒပြနေကြတာပါ။

လူစုခွဲဖို့အတွက် စစ်တပ်က ခြောက်လှန့် ပစ်ခတ်တာ၊ ရာဘာကျည်တွေ၊ မီးသတ်ပိုက်တွေနဲ့ ရေဖြန်းထိုးခွဲတာတွေလုပ်လာတာကြောင့် ဆန္ဒပြသူတွေထဲ ဒဏ်ရာရခဲ့သူတွေလည်း ရှိပါတယ်။

နေပြည်တော်မှာတော့ မနေ့တုန်းက ထောင်နဲ့ချီတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို လုံခြုံရေးတပ်ဖွဲ့က လူစုခွဲဖို့ ဆက်တိုက် သတိပေး ပြောဆိုတယ်လို့ ဆန္ဒပြသူတဦးက VOA ကိုပြောပါတယ်။

အင်္ဂါနေ့တုန်းက နေပြည်တော်မှာဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ တဦးက ဦးခေါင်းကို သေနတ်ထိမှန်ခဲ့ပြီး နောက်တဦးက ရင်ဘတ်ကို ထိမှန်ခဲ့တာပါ။

ဦးခေါင်းကို သေနတ်ထိမှန်ခဲ့တဲ့ အသက် ၁၉ အရွယ် မမြသွဲ့သွဲ့ခိုင်ကို အခု အထူးကြပ်မတ်ခန်းထဲမှာ အသက်ရှုစက်တပ်ထားပြီး စောင့်ကြည့်နေရတယ်လို့ အမည်မဖော်လိုသူ ဆရာဝန်တဦးက ပြောပါတယ်။

အခုထိ ခေါင်းထဲမှာ ကျည်ဆန်ရှိနေသေးတာကြောင့် အခြေအနေက စိုးရိမ်ရပြီး အသက်ရှင်ဖို့ အခွင့်အလမ်းနည်းတယ်လို့ အဲဒီဆရာဝန်ကပြောပါတယ်။ ရင်ဘတ်ကို သေနတ်ထိမှန်ခဲ့တဲ့သူက အသက် ၂၃ နှစ်အရွယ် ကိုစိုးဝေဖြစ်ပါတယ်။ သူ့အခြေအနေကတော့ မစိုးရိမ်ရတော့ဘူးလို့ ဆရာဝန်က ပြောပါတယ်။

ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတဲ့ သူတွေကို အင်အားသုံး ဖြိုခွဲနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရာထူးတာဝန်ကနေ နှုတ်ထွက်ပေးဖို့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် Tom Andrews က တောင်းဆိုခဲ့ပါတယ်။ အခုလို ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နှင်းခဲ့တဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂက ပြစ်တင်ရှုတ်ချထားပါတယ်။

XS
SM
MD
LG