သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈ နဲ႔ ႏိုင္ငံ့ေရွ႕ေရး


A police officer (C) aims a gun during clashes with protesters taking part in a demonstration against the military coup in Naypyidaw on February 9, 2021. (Photo by STR / AFP)
စစ္အာဏာသိမ္းမႈ နဲ႔ ႏိုင္ငံ့ေရွ႕ေရး
please wait

No media source currently available

0:00 0:11:08 0:00
တိုက္႐ိုက္ လင့္ခ္

ဒီတပတ္ျမန္မာ့အေရးသံုးသပ္ခ်က္အစီအစဥ္မွာ အခုတေလာ ျမန္မာႏို္င္ငံမွာ ျဖစ္ပြားေနတဲ့ စစ္အာဏာသိမ္းမႈနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံအမတ္ေဟာင္းလည္းျဖစ္၊ အေမရိကန္ NDI (National Democratic Institute) ေခၚ ဒီမိုကေရစီဗိမာန္ရဲ ႔ အႀကီးအကဲလည္းျဖစ္တဲ့ Derek Mitchell နဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသံုးသပ္ထားပါတယ္။

ေမး ။ ။ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က တစ္ပတ္အၾကာမွာ ဘာေၾကာင့္ သူတုိ႔အာဏာသိမ္းယူခဲ့ရတယ္ဆိုတာကို ျပည္သူကို ရွင္းလင္းတင္ျပခဲ့ပါတယ္။ ဒီလို ရွင္းျပခ်က္ကို လက္ခံပါသလားနဲ႔ ပတ္သက္ၿပီး သူ႔အေနနဲ႔ အယံုအၾကည္ မရိွဘူးလို႔ Derek Mitchell က စေျဖပါတယ္။

ေျဖ ။ ။ လက္ခံႏိုင္ပါ့မလားဆိုတာ က်ေနာ္ သံသယ ရိွပါတယ္။ အေျခအေနေတြဟာ ပံုမွန္ျဖစ္ေနတယ္ဆိုတာကို သူျပဖို႔ ႀကိဳးစားေပမယ့္၊ တကယ္တမ္း ပံုမွန္ျဖစ္ေနတာ မေတြ႔ရပါဘူး။ ဒီအခ်ိန္မွာ ျပည္သူလူထုရဲ ႔ ေဒါသနဲ႔ ေမွ်ာ္လင့္ခ်က္ေတြကလည္း သိပ္ျမင့္မားေနတာပါ။ ဒီမိုကေရစီကို ျပန္လိုခ်င္ေနၾကပါတယ္။ ဒါေၾကာင့္ သူတုိ႔လုပ္ရပ္ကို လြန္စြာမေက်မနပ္ ျဖစ္ေနၾကပါတယ္။ ဆိုေတာ့ လူေတြလမ္းေပၚထြက္ေနၾကတာဟာ ဒီလိုမေက်နပ္မႈဆိုတာေတြကို ေတြ႔ရပါတယ္။ ဒါဟာ အင္မတန္ ကံမေကာင္း၊ အေၾကာင္းမလွတဲ့ ကိစၥပါ။

ေမး ။ ။ ဒါေပမဲ့ သူ အဓိကအေၾကာင္းျပထားတာကေတာ့ ေရြးေကာက္ပြဲ မသမာမႈေတြ ရိွခဲ့တယ္။ အဲဒါကို UEC လို႔ေခၚတဲ့သူက ဥပေဒေဘာင္အတြင္းက ေျဖရွင္းဖို႔ ႀကိဳးပမ္းခဲ့တယ္။ တာဝန္ရိွတဲ့ဘက္က ေျပေျပလည္လည္ မေျဖရွင္းေပးခဲ့တဲ့အတြက္ေၾကာင့္ သိမ္းရတယ္လို႔ သူက ေျပာသြားတာပါ။

ေျဖ ။ ။ သူတုိ႔ရဲ ႔ အဓိက အေၾကာင္းျပခ်က္ကေတာ့ ေရြးေကာက္ပြဲ မသမာမႈေတြ ရိွတယ္ဆိုတာပါပဲ။ ေရြးေကာက္ပြဲ မသမာမႈေတြအတြက္ တံု႔ျပန္တာက အခ်ဳိးအစားမမွ်ပါဘူး။ မသမာမႈ ရိွေကာင္း၊ ရိွပါလိမ့္မယ္။ စိုးရိမ္တာလည္း ရိွေကာင္းရိွပါလိမ့္မယ္။ ဘာေတြျဖစ္တယ္ဆိုတာကိုေတာ့ ရိွသင့္ပါတယ္။ ဒါေပမဲ့ ဒါေတြဟာ အသြင္ကူးေျပာင္းေရး ဒီမိုကေရစီႏိုင္ငံအတြက္ ထူးထူးဆန္းဆန္း မဟုတ္ပါဘူး။ တရားဥပေဒအရ လုပ္ေဆာင္ႏိုင္တယ္ ျဖစ္စဥ္ေတြ ရိွပါတယ္။ အဲဒီအတိုင္း သူတုိ႔က စမ္းစစ္ခဲ့သင့္ပါတယ္။ ဒါေတြကို UEC ကလည္း သူတို႔ဟာသူတုိ႔ အတြင္းထဲမွာ စံုစမ္းစစ္ေဆးေနတာပါ။ ေက်နပ္ဖြယ္ ရိွမရိွဆိုတာ စစ္တပ္က အဆံုးအျဖတ္ေပးစရာ မရိွပါဘူး။ ဒီကိစၥကို စစ္တပ္ကဝင္ၿပီး ဆံုးျဖတ္ၿပီး ဒီလိုလုပ္သင့္တယ္လို႔ ဘယ္သူကမွ ယူဆမထားပါဘူး။

ေမး ။ ။ ေနာက္တစ္ခုက အခု သူအာဏာသိမ္းလိုက္တဲ့ကိစၥမွာလည္း သူကေတာ့ ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံဥပေဒနဲ႔အညီ ညီညႊတ္တယ္လို႔ ေျပာပါတယ္။

ေျဖ ။ ။ ဒါကို က်ေနာ္အေနနဲ႔ ေျပာဖို႔ခက္ပါတယ္။ ဖြဲ႔စည္းပံုကိစၥက ဥပေဒသမားေတြရဲ ႔ အလုပ္ပါ။ ဒါေပမဲ့ ခင္မ်ားေျပာသလိုပဲ ကာလံုေခၚယူဖို႔ဆိုတာ သမၼတရဲ ႔ တာဝန္ပါ။ အခုေခၚယူလိုက္တာက တရားဝင္သမၼတက ေခၚယူတာ မဟုတ္ဘဲ၊ စစ္တပ္က ခန္႔ထားတဲ့ သမၼတက ေခၚယူတာပါ။ ဒီလုပ္ရပ္က တရားဝင္သည္ျဖစ္ေစ၊ တရားမဝင္သည္ျဖစ္ေစ ျပည္သူလူထုအမ်ားစုရဲ ႔ သေဘာဆႏၵနဲ႔ မကိုက္ညီပါဘူး။ ဒီမိုကေရစီစနစ္မွာ ျပည္သူလူထုက ေရြးေကာက္ပြဲကတဆင့္ ဆႏၵထုတ္ေဖာ္ၾကတာပါ။ ၂၀၂၀ တင္သာမက ၂၀၁၅ မွာတုန္းကပါ ၁၉၉၀ တုန္းကပါ ဒါေတြက လူထုဆႏၵကို တကယ္ထင္ဟပ္ၿပီး သူတို႔ဟာ စစ္တပ္ရဲ ႔ ဦးေဆာင္မႈကို ေရြးခ်ယ္ခဲ့တာ မဟုတ္ပါဘူး။ ျပည္သူကို အၾကမ္းမဖက္ဖို႔၊ ျပည္သူ႔ဆႏၵအတိုင္း ဒီမုိကေရစီ ျပန္လည္ထြန္းကားလာေစဖို႔ က်ေနာ္တို႔ တကယ္ပဲ ေမွ်ာ္လင့္ပါတယ္။

ေမး ။ ။ ေကာင္းပါၿပီ။ တကယ္လို႔ ဒီလိုအာဏာသိမ္းတာဟာ ေရြးေကာက္ပြဲ မသမာမႈေၾကာင့္ မဟုတ္ဘူးလို႔ဆိုရင္ တျခားသူမွာ အာဏာသိမ္းခ်င္တဲ့ အဓိကအေၾကာင္းရင္းက ဘာရိွေနမယ္လို႔ ထင္ပါသလဲ။ ဘယ္လိုအေၾကာင္းရင္းေတြ ရိွေနမယ္လို႔ ထင္ပါသလဲ။

ေျဖ ။ ။ သူရင္ထဲက ရည္ရြယ္ခ်က္ကိုေတာ့ က်ေနာ္ မေျပာႏိုင္ပါဘူး။ ေရြးေကာက္ပြဲ မသမာမႈေတြ ရိွတယ္ဆိုတာ သူ႔အေနနဲ႔ တကယ္ပဲ ယူဆခဲ့ၿပီး ေဒါသထြက္ခဲ့တာလည္း ျဖစ္ႏိုင္ပါတယ္။ UEC က လုပ္သင့္တာကုိ မလုပ္ေဆာင္ခဲ့ဘူးလို႔ NLD က မလုပ္ေဆာင္ခဲ့ဘူးလို႔လည္း ယူဆႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ဒီအတြက္ သူေပးလာတဲ့ ျပစ္ဒဏ္ကေတာ့ မေလ်ာ္ကန္မမွ်တပါဘူး။ က်ေနာ္က ျမန္မာ့မိတ္ေဆြတစ္ေယာက္အေနနဲ႔ ေျပာခ်င္ပါတယ္။ ဒါဟာ ျမန္မာႏိုင္ငံအတြက္ မေကာင္းပါဘူး။ တိုင္းျပည္အနာဂတ္အတြက္ တည္ၿငိမ္ေရး၊ လံုၿခံဳေရး၊ ဖြံ႔ၿဖိဳးေရးအတြက္ မေကာင္းပါဘူး။ တပ္ခ်ဳပ္က ပိုမုိေကာင္းမြန္တဲ့ အုပ္ခ်ဳပ္ေရးစနစ္ ဖန္တီးမယ္လို႔ လုပ္ျပလိုဟန္ ရိွပါတယ္။ ဒါေပမဲ့ ဒါက တရားဝင္အုပ္ခ်ဳပ္ပိုင္ခြင့္ရိွတဲ့ အစိုးရ မဟုတ္ပါဘူး။ ျပည္သူလူထုက အယံုအၾကည္ မရိွပါဘူး။

ေမး ။ ။ ဒါေပမဲ့ သူ႔ရဲ ႔ လမ္းျပေျမပံုအဆင့္ (၅) ဆင့္မွာ ေနာက္ဆံုးအဆင့္က (၁) ႏွစ္အၾကာမွာ တရားမွ်တတဲ့ ေရြးေကာက္ပြဲလုပ္ၿပီးေတာ့ အႏုိင္ရတဲ့ပါတီကို အာဏာလြဲေပးမယ္လို႔ ေျပာထားပါတယ္။ ဒါက ယံုႏိုင္ေလာက္တဲ့ ကတိစကားလား။

ေျဖ ။ ။ ေရြးေကာက္ပြဲက က်င္းပၿပီးသားပါ။ ၂၀၂၀ ႏိုဝင္ဘာလတုန္းက ေရြးေကာက္ပြဲ က်င္းပခဲ့တာပါ။ ဒီေရြးေကာက္ပြဲရလဒ္ကို မႀကိဳက္ဘူးေျပာတာ တရားမဝင္ပါဘူး။ ဒီေရြးေကာက္ပြဲရလဒ္ မႀကိဳက္လို႔ လံုးဝဖ်က္သိမ္းမယ္၊ မၾကာခင္ ေရြးေကာက္ပြဲတစ္ခု ထပ္လုပ္မယ္ဆိုတာ လက္ခံႏိုင္ဖြယ္ မရိွပါဘူး။ ဒီမိုကေရစီ နည္းလမ္းလည္း မက်ပါဘူး။ လူေတြ ယံုမယ္လို႔လည္း မထင္ပါဘူး။ ႏိုင္ငံတကာအသိုင္းအဝိုင္းကလည္း ယံုၾကည္မယ္လို႔ မထင္ပါဘူး။

ေမး ။ ။ ဆိုေတာ့ ဒီစစ္အာဏာသိမ္းမႈကို မေက်နပ္လုိ႔ ျမန္မာျပည္သူ ေတာ္ေတာ္မ်ားမ်ားဟာ ၿငိမ္းခ်မ္းေသာနည္းနဲ႔ အၾကမ္းမဖက္ အာဏာဖီဆန္ေရးလုပ္ငန္းကို လုပ္ေနၾကပါတယ္။ ဆိုေတာ့ ဒီလုပ္ရပ္ေတြဟာ စစ္အစိုးရအေနနဲ႔ နားလည္ႏုိင္ပါရဲ ႔လား။ ဒီလုပ္ရပ္မ်ဳိးက It’s the language they understand?

ေျဖ ။ ။ ဒါက ေမးခြန္းေကာင္းတစ္ခု ျဖစ္ပါတယ္။ က်ေနာ္ေတာ့ မသိပါဘူး။ ဘာေၾကာင့္လဲဆုိေတာ့ စစ္တပ္က သူတုိ႔ကို ဆန္႔က်င္တာ မႀကိဳက္ပါဘူး။ သူတို႔အေဆာက္အအံုကို သူတို႔ထိန္းေက်ာင္းတာပဲ ျဖစ္ပါတယ္။ အဲဒီအေဆာက္အအံုက အမိန္႔အာဏာကို နာခံရတဲ့ အေဆာက္အအံုမ်ဳိးပါ။ မနာခံရင္ အျပစ္ေပးဖို႔ ရိွပါတယ္။ ဒါဟာ ဒီမိုကေရစီ နည္းလမ္းလည္း မဟုတ္ပါဘူး။ ျပည္သူေတြ ေရြးေကာက္ပြဲလည္း လုပ္ခဲ့ၿပီးၿပီ။ သူတို႔ေရြးခ်ယ္တဲ့ အစိုးရလည္း ရိွခဲ့ၿပီးၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ အခုအခါမွာ စစ္တပ္ရဲ ႔ ခ်ဳပ္ကိုင္မႈကို မလိုလားလို႔ လမ္းေပၚထြက္ေနၾကပါတယ္။ စစ္တပ္အေနနဲ႔ လူထုအေပၚမွာ အၾကမ္းဖက္တဲ့ နည္းတစ္ခုခု သံုးလာျခင္းဟာ အေျခအေန ပိုမိုဆုိးဝါးလာေစမွာဆိုတာကို စစ္တပ္အေနနဲ႔ သေဘာေပါက္ပါေစလုိ႔ က်ေနာ္ ဆုေတာင္းေနပါတယ္။

ေမး ။ ။ ႏုိင္ငံတကာက တံု႔ျပန္တဲ့ေနရာမွာ အခုေလာေလာဆယ္ေတာ့ အခုတက္လာတဲ့ အာဏာသိမ္းစစ္ေကာင္စီနဲ႔ သံတမန္ အဆက္အသြယ္ျဖတ္ေတာက္တယ္ဆိုတာကို မၾကားရေသးပါဘူး။ ဆိုေတာ့ သူတုိ႔ဟာ ဒီစစ္ေကာင္စီကုိ ဆက္လက္ၿပီးေတာ့ အသိအမွတ္ျပဳေနၾကတယ္ဆိုတဲ့ သေဘာလား။

ေျဖ ။ ။ လူေတြက ဒီအာဏာသိမ္းမႈကို အေစာတလ်င္ အသိအမွတ္ျပဳေနတယ္လို႔ က်ေနာ္ လံုးဝမထင္ပါဘူး။ ဘာမွမေျပာဘဲ ေနၾကသည့္တိုင္ေအာင္ ဒါမွမဟုတ္ ျပင္းျပင္းထန္ထန္ ရႈတ္ခ်ျခင္း မျပသည္တုိင္ေအာင္ အထူးသျဖင့္ အာရွတိုိက္က အာဆီယံနဲ႔ အျခားႏုိင္ငံေတြဟာ အခုအခ်ိန္အထိ အာဏာသိမ္းမႈကို ေထာက္ခံေနတာ မေတြ႔ရပါဘူး။ သူတို႔လည္း ဒီအေျခအေနနဲ႔ ပတ္သက္လို႔ သိပ္ကိုစိတ္မသက္မသာ ျဖစ္ေနၾကပါတယ္။ ဒီကိစၥမွာ အဓိကေတာ့ ျမန္မာျပည္သူေတြကိုယ္တိုင္က သူတို႔အနာဂတ္ကို ဆံုးျဖတ္ၾကရမွာ ျဖစ္ပါတယ္။ ဒါေပမဲ့ ကမာၻႀကီးက သူတို႔ေနာက္ကြယ္မွာ ရိွတယ္ဆိုတာကို လုိခ်င္ၾကပါတယ္။ သူတုိ႔ကို ေထာက္ခံေစခ်င္ၾကပါတယ္။ ဒါကို သူတုိ႔ဟာ အေနာက္ႏုိင္ငံေတြဆီက ရၾကပါလိမ့္မယ္။ အေမရိကန္ျပည္ေထာင္စုနဲ႔ ၿဗိတိန္၊ ဥေရာပသမဂၢတို႔ဆီက ရၾကပါလိမ့္မယ္။ တျခားအာရွႏုိင္ငံေတြဆီကလည္း အလားတူေထာက္ခံမႈကို ပံုသ႑ာန္အမ်ဳိးမ်ဳိးနဲ႔ ရမယ္လို႔ က်ေနာ္ထင္ပါတယ္။ စစ္တပ္အေပၚ ဒဏ္ခတ္ပိတ္စို႔မႈေတြ ရိွလာပါလိမ့္မယ္။ စစ္တပ္ရဲ ႔ စီးပြားေရးလုပ္ငန္းေတြဟာ သူတုိ႔နဲ႔ ပူးေပါင္းေဆာင္ရြက္သူေတြအေပၚ ရိွလာၾကပါလိမ့္မယ္။ တိုးတိုးတိတ္တိတ္ ဆက္သြယ္နားခ်တာေတြလည္း ရိွလာပါလိ္မ့္မယ္။ က်ေနာ္တို႔ဟာ ျမန္မာႏို္င္ငံမွာ ေအာင္ျမင္မႈ၊ ၿငိမ္းခ်မ္းမႈေတြ ျဖစ္ထြန္းေစခ်င္တာပါ။ ျမန္မာျပည္သူေတြကို ေထာက္ခံပါတယ္။

ေမး ။ ။ ဆိုေတာ့ ေမးခြန္းေဟာင္းတစ္ခု - ဟိုတုန္းကလည္း ေမးေနၾက ေမးခြန္းတစ္ခုကိုပဲ ျပန္ေမးပါရေစ။ Sanction လို႔ေခၚတဲ့ အေရးယူဒဏ္ခတ္ပိတ္စို႔မႈေတြက အလုပ္ျဖစ္ပါ့မလား။

ေျဖ ။ ။ ဒဏ္ခတ္ပိတ္စို႔မႈေတြနဲ႔ေတာ့ မလံုေလာက္ပါဘူး။ စစ္တပ္နဲ႔ အေျခအေနေပၚ မူတည္ပါတယ္။ အခုလုပ္တဲ့ကိစၥက မွန္ကန္တဲ့လုပ္ရပ္ မဟုတ္ဘူးဆိုတာ တပ္ခ်ဳပ္လည္း သိပါလိမ့္မယ္။ သူတိုိ႔ မေက်နပ္မႈ ရိွတယ္ဆိုရင္ တရားဥပေဒေဘာင္အတြင္းကေန ေလးစားသမႈနဲ႔ လုပ္ေဆာင္ၾကရမွာ ျဖစ္ပါတယ္။ ဒါေပမဲ့ အခုလုပ္ရပ္က အလြန္အကၽြံတံု႔ျပန္မႈ ျဖစ္ၿပီး အေျခအေနကို ပိုမုိဆုိးဝါးသြားေစပါတယ္။ တုိင္းျပည္အတြက္လည္း မေကာင္းဘူး။ စစ္တပ္အတြက္လည္း မေကာင္းပါဘူး။

ေမး ။ ။ ေနာက္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ေျပာပါတယ္။ ရိုဟင္ဂ်ာ - သူကေတာ့ ရိုဟင္ဂ်ာလို႔ မေခၚပါဘူး။ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို ေရာက္ရိွေနတဲ့ လူေတြကို ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္အရ ျပန္လည္ၿပီးေတာ့ လက္ခံဖို႔ လုပ္မယ္လို႔ ဆုိပါတယ္။ ဒါေကာ ဘယ္ေလာက္ ယံုၾကည္လို႔ရတဲ့ ကိစၥလဲ။ အေကာင္အထည္ ေပၚလာႏုိင္ပါမလား။ တခ်ိန္တည္းမွာလဲ တုိင္းရင္းသားေတြနဲ႔ အပစ္အခတ္ရပ္စဲေရး၊ ၿငိမ္းခ်မ္းေရးကို ေရွ ႔တိုးေအာင္ လုပ္မယ္လို႔ ဆိုထားပါတယ္။

ေျဖ ။ ။ ဒီစကားကို အရင္ကလဲ ေျပာဖူးပါတယ္။ ဒီျပႆနာက ရိုဟင္ဂ်ာေတြ ျပန္လာရင္ သူတုိ႔အတြက္ လံုၿခံဳၿပီး လြတ္လပ္ၿပီး ဂုဏ္သိကၡာရိွဖို႔ သူတုိ႔ လိုလားၾကပါတယ္။ ဒါကို စစ္တပ္က မလုပ္ပါဘူး။ အခုတစ္ခါ ဒါကို သူက အာမခံခ်က္ေပးေနပါတယ္။ သို႔ေသာ္ စိတ္မခ်ရပါဘူး။ သူတုိ႔ဟာ ဒီလိုလုပ္ႏိုင္တဲ့ တရားဝင္အစိုးရလည္း မဟုတ္ပါဘူး။ ၿငိမ္းခ်မ္းေရးျဖစ္စဥ္နဲ႔ စကားေတြကလည္း သူတုိ႔က တရားဝင္အစိုးရ မဟုတ္ပါဘူး။

ေမး ။ ။ ေနာက္တစ္ခုကေတာ့ ကုလသမဂၢက ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး အခုအခ်ိန္အထိ ေတာင္းဆိုေနတဲ့ကိစၥ။ ဖမ္းဆီးထားတဲ့ ေခါင္းေဆာင္ေတြကို လႊတ္ေပးဖုိ႔ ေတာင္းဆိုခ်က္နဲ႔ ပတ္သက္ၿပီး တရုတ္က ဒီတစ္ႀကိမ္မွာ ပူးေပါင္းပါဝင္တာ ေတြ႔ရပါတယ္။ ဘယ္ေလာက္ထူးျခားမႈ ရိွတယ္လုိ႔ ထင္ပါသလဲ။ သံတမန္တစ္ဦးအေနနဲ႔။

ေျဖ ။ ။ ထူးျခားပါတယ္။ အားတက္စရာပါ။ ဒီအာဏာသိမ္းမႈကို တရုတ္လည္း သိပ္ေက်ေက်နပ္နပ္ မရိွပါဘူး။ ႏုိင္ငံအတြက္လည္း ေက်နပ္ႏွစ္သက္စရာ မရိွပါဘူး။ ႏိုင္ငံတုိင္းအတြက္လည္း ေက်နပ္ႏွစ္သက္စရာ မရိွပါဘူး။ တရုတ္၊ အေမရိကန္ျပည္ေထာင္စု၊ ဂ်ပန္၊ အိႏိၵယ၊ အာဆီယံနဲ႔ ကမာၻ႔ႏိုင္ငံေတြအားလံုးအတြက္ လက္ခံႏုိင္တဲ့ လုပ္ရပ္မဟုတ္ဘူးဆိုတာ စစ္တပ္အတြက္ စုေပါင္းသတင္းစကားပါးႏုိင္တဲ့ အေျခအေန ျဖစ္ပါတယ္။

ေမး ။ ။ Derek Mitchell ဟာ ျမန္မာႏိုင္ငံမွာ လူခ်စ္လူခင္ေပါမ်ားတဲ့ သံအမတ္ႀကီးတစ္ေယာက္ ျဖစ္ပါတယ္။ အခုျမန္မာျပည္သူေတြ အထူးသျဖင့္ လူငယ္ေတြ၊ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ဆႏၵျပသူေတြနဲ႔ ပတ္သက္ၿပီးေတာ့ Derek ဘယ္လိုမွတ္ခ်က္စကား ေျပာခ်င္ပါလဲ။

ေျဖ ။ ။ ခင္မ်ားတို႔ ႀကိဳက္ႏွစ္သက္ရာ ခင္မ်ားတို႔ ေရြးခ်ယ္ပိုင္ခြင့္ရိွတယ္ဆိုတာကို က်ေနာ္တုိ႔ ေထာက္ခံပါတယ္။ ဒါဟာ အၿမဲတမ္း အေမရိကန္အစိုးရက လိုခ်င္တဲ့ကိစၥပါ။ ခင္မ်ားတုိ႔က အခ်ဳပ္အျခာအာဏာကိုပိုင္ ျပည္သူေတြပါ။ က်ေနာ္တို႔အေနနဲ႔ ဟိုမူဝါဒကို ႀကိဳက္တယ္။ ဒီမူဝါဒကို ႀကိဳက္တယ္ဆိုတာကို မေျပာလုိပါဘူး။ ထိန္းခ်ဳပ္စရာလည္း ဘာမွမရိွပါဘူး။ ခင္မ်ားတို႔ကိုယ္တိုင္ ႀကိဳက္ရာေရြး၊ ႀကိဳက္ရာဆံုးျဖတ္ရမွာ ျဖစ္ပါတယ္။ က်ေနာ္တို႔ဟာ ၂၀၂၀ ႏုိဝင္ဘာလ ေရြးေကာက္ပြဲရလဒ္ကို လက္ခံပါတယ္။ ျပည္သူလူထုေနာက္က ရပ္တည္ပါတယ္။ ျမန္မာ့အနာဂတ္အတြက္ အၾကမ္းဖက္နည္းနဲ႔ ေရြးခ်ယ္တာကို ဘယ္ေတာ့မွ လက္ခံမွာ မဟုတ္ပါဘူး။ ျမန္မာလူငယ္ေတြရဲ ႔ စြမ္းအားနဲ႔ လုပ္ေဆာင္ခ်က္ကို ေလးေလးစားစား ေစာင့္ၾကည့္ေနပါတယ္။ စစ္တပ္အေနနဲ႔ ဒါေတြကို အေလးအနက္ထား လက္ခံလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။


==Unicode==

ဒီတပတ်မြန်မာ့အရေးသုံးသပ်ချက်အစီအစဉ်မှာ အခုတလော မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်းလည်းဖြစ်၊ အမေရိကန် NDI (National Democratic Institute) ခေါ် ဒီမိုကရေစီဗိမာန်ရဲ့ အကြီးအကဲလည်းဖြစ်တဲ့ Derek Mitchell နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တစ်ပတ်အကြာမှာ ဘာကြောင့် သူတို့အာဏာသိမ်းယူခဲ့ရတယ်ဆိုတာကို ပြည်သူကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဒီလို ရှင်းပြချက်ကိုလက်ခံပါသလား ပတ်သက်ပြီး သူ့အနေနဲ့ အယုံအကြည် မရှိဘူးလို့ Derek Mitchell က စဖြေပါတယ်။

ဖြေ ။ ။ လက်ခံနိုင်ပါ့မလားဆိုတာ ကျနော် သံသယ ရှိပါတယ်။ အခြေအနေတွေဟာ ပုံမှန်ဖြစ်နေတယ်ဆိုတာကို သူပြဖို့ ကြိုးစားပေမယ့်၊ တကယ်တမ်း ပုံမှန်ဖြစ်နေတာ မတွေ့ရပါဘူး။ ဒီအချိန်မှာ ပြည်သူလူထုရဲ့ ဒေါသနဲ့ မျှော်လင့်ချက်တွေကလည်း သိပ်မြင့်မားနေတာပါ။ ဒီမိုကရေစီကို ပြန်လိုချင်နေကြပါတယ်။ ဒါကြောင့် သူတို့လုပ်ရပ်ကို လွန်စွာမကျေမနပ် ဖြစ်နေကြပါတယ်။ ဆိုတော့ လူတွေလမ်းပေါ်ထွက်နေကြတာဟာ ဒီလိုမကျေနပ်မှုဆိုတာတွေကို တွေ့ရပါတယ်။ ဒါဟာ အင်မတန် ကံမကောင်း၊ အကြောင်းမလှတဲ့ ကိစ္စပါ။

မေး ။ ။ ဒါပေမဲ့ သူ အဓိကအကြောင်းပြထားတာကတော့ ရွေးကောက်ပွဲ မသမာမှုတွေ ရှိခဲ့တယ်။ အဲဒါကို UEC လို့ခေါ်တဲ့သူက ဥပဒေဘောင်အတွင်းက ဖြေရှင်းဖို့ ကြိုးပမ်းခဲ့တယ်။ တာဝန်ရှိတဲ့ဘက်က ပြေပြေလည်လည် မဖြေရှင်းပေးခဲ့တဲ့အတွက်ကြောင့် သိမ်းရတယ်လို့ သူက ပြောသွားတာပါ။

ဖြေ ။ ။ သူတို့ရဲ့ အဓိက အကြောင်းပြချက်ကတော့ ရွေးကောက်ပွဲ မသမာမှုတွေ ရှိတယ်ဆိုတာပါပဲ။ ရွေးကောက်ပွဲ မသမာမှုတွေအတွက် တုံ့ပြန်တာက အချိုးအစားမမျှပါဘူး။ မသမာမှု ရှိကောင်း၊ ရှိပါလိမ့်မယ်။ စိုးရိမ်တာလည်း ရှိကောင်းရှိပါလိမ့်မယ်။ ဘာတွေဖြစ်တယ်ဆိုတာကိုတော့ ရှိသင့်ပါတယ်။ ဒါပေမဲ့ ဒါတွေဟာ အသွင်ကူးပြောင်းရေး ဒီမိုကရေစီနိုင်ငံအတွက် ထူးထူးဆန်းဆန်း မဟုတ်ပါဘူး။ တရားဥပဒေအရ လုပ်ဆောင်နိုင်တယ် ဖြစ်စဉ်တွေ ရှိပါတယ်။ အဲဒီအတိုင်း သူတို့က စမ်းစစ်ခဲ့သင့်ပါတယ်။ ဒါတွေကို UEC ကလည်း သူတို့ဟာသူတို့ အတွင်းထဲမှာ စုံစမ်းစစ်ဆေးနေတာပါ။ ကျေနပ်ဖွယ် ရှိမရှိဆိုတာ စစ်တပ်က အဆုံးအဖြတ်ပေးစရာ မရှိပါဘူး။ ဒီကိစ္စကို စစ်တပ်ကဝင်ပြီး ဆုံးဖြတ်ပြီး ဒီလိုလုပ်သင့်တယ်လို့ ဘယ်သူကမှ ယူဆမထားပါဘူး။

မေး ။ ။ နောက်တစ်ခုက အခု သူအာဏာသိမ်းလိုက်တဲ့ကိစ္စမှာလည်း သူကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ညီညွှတ်တယ်လို့ ပြောပါတယ်။

ဖြေ ။ ။ ဒါကို ကျနော်အနေနဲ့ ပြောဖို့ခက်ပါတယ်။ ဖွဲ့စည်းပုံကိစ္စက ဥပဒေသမားတွေရဲ့ အလုပ်ပါ။ ဒါပေမဲ့ ခင်များပြောသလိုပဲ ကာလုံခေါ်ယူဖို့ဆိုတာ သမ္မတရဲ့ တာဝန်ပါ။ အခုခေါ်ယူလိုက်တာက တရားဝင်သမ္မတက ခေါ်ယူတာ မဟုတ်ဘဲ၊ စစ်တပ်က ခန့်ထားတဲ့ သမ္မတက ခေါ်ယူတာပါ။ ဒီလုပ်ရပ်က တရားဝင်သည်ဖြစ်စေ၊ တရားမဝင်သည်ဖြစ်စေ ပြည်သူလူထုအများစုရဲ့ သဘောဆန္ဒနဲ့ မကိုက်ညီပါဘူး။ ဒီမိုကရေစီစနစ်မှာ ပြည်သူလူထုက ရွေးကောက်ပွဲကတဆင့် ဆန္ဒထုတ်ဖော်ကြတာပါ။ ၂၀၂၀ တင်သာမက ၂၀၁၅ မှာတုန်းကပါ ၁၉၉၀ တုန်းကပါ ဒါတွေက လူထုဆန္ဒကို တကယ်ထင်ဟပ်ပြီး သူတို့ဟာ စစ်တပ်ရဲ့ ဦးဆောင်မှုကို ရွေးချယ်ခဲ့တာ မဟုတ်ပါဘူး။ ပြည်သူကို အကြမ်းမဖက်ဖို့၊ ပြည်သူ့ဆန္ဒအတိုင်း ဒီမိုကရေစီ ပြန်လည်ထွန်းကားလာစေဖို့ ကျနော်တို့ တကယ်ပဲ မျှော်လင့်ပါတယ်။

မေး ။ ။ ကောင်းပါပြီ။ တကယ်လို့ ဒီလိုအာဏာသိမ်းတာဟာ ရွေးကောက်ပွဲ မသမာမှုကြောင့် မဟုတ်ဘူးလို့ဆိုရင် တခြားသူမှာ အာဏာသိမ်းချင်တဲ့ အဓိကအကြောင်းရင်းက ဘာရှိနေမယ်လို့ ထင်ပါသလဲ။ ဘယ်လိုအကြောင်းရင်းတွေ ရှိနေမယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ သူရင်ထဲက ရည်ရွယ်ချက်ကိုတော့ ကျနော် မပြောနိုင်ပါဘူး။ ရွေးကောက်ပွဲ မသမာမှုတွေ ရှိတယ်ဆိုတာ သူ့အနေနဲ့ တကယ်ပဲ ယူဆခဲ့ပြီး ဒေါသထွက်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ UEC က လုပ်သင့်တာကို မလုပ်ဆောင်ခဲ့ဘူးလို့ NLD က မလုပ်ဆောင်ခဲ့ဘူးလို့လည်း ယူဆနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအတွက် သူပေးလာတဲ့ ပြစ်ဒဏ်ကတော့ မလျော်ကန်မမျှတပါဘူး။ ကျနော်က မြန်မာ့မိတ်ဆွေတစ်ယောက်အနေနဲ့ ပြောချင်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် မကောင်းပါဘူး။ တိုင်းပြည်အနာဂတ်အတွက် တည်ငြိမ်ရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးရေးအတွက် မကောင်းပါဘူး။ တပ်ချုပ်က ပိုမိုကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် ဖန်တီးမယ်လို့ လုပ်ပြလိုဟန် ရှိပါတယ်။ ဒါပေမဲ့ ဒါက တရားဝင်အုပ်ချုပ်ပိုင်ခွင့်ရှိတဲ့ အစိုးရ မဟုတ်ပါဘူး။ ပြည်သူလူထုက အယုံအကြည် မရှိပါဘူး။

မေး ။ ။ ဒါပေမဲ့ သူ့ရဲ့ လမ်းပြမြေပုံအဆင့် (၅) ဆင့်မှာ နောက်ဆုံးအဆင့်က (၁) နှစ်အကြာမှာ တရားမျှတတဲ့ ရွေးကောက်ပွဲလုပ်ပြီးတော့ အနိုင်ရတဲ့ပါတီကို အာဏာလွဲပေးမယ်လို့ ပြောထားပါတယ်။ ဒါက ယုံနိုင်လောက်တဲ့ ကတိစကားလား။

ဖြေ ။ ။ ရွေးကောက်ပွဲက ကျင်းပပြီးသားပါ။ ၂၀၂၀ နိုဝင်ဘာလတုန်းက ရွေးကောက်ပွဲ ကျင်းပခဲ့တာပါ။ ဒီရွေးကောက်ပွဲရလဒ်ကို မကြိုက်ဘူးပြောတာ တရားမဝင်ပါဘူး။ ဒီရွေးကောက်ပွဲရလဒ် မကြိုက်လို့ လုံးဝဖျက်သိမ်းမယ်၊ မကြာခင် ရွေးကောက်ပွဲတစ်ခု ထပ်လုပ်မယ်ဆိုတာ လက်ခံနိုင်ဖွယ် မရှိပါဘူး။ ဒီမိုကရေစီ နည်းလမ်းလည်း မကျပါဘူး။ လူတွေ ယုံမယ်လို့လည်း မထင်ပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ယုံကြည်မယ်လို့ မထင်ပါဘူး။

မေး ။ ။ ဆိုတော့ ဒီစစ်အာဏာသိမ်းမှုကို မကျေနပ်လို့ မြန်မာပြည်သူ တော်တော်များများဟာ ငြိမ်းချမ်းသောနည်းနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလုပ်ငန်းကို လုပ်နေကြပါတယ်။ ဆိုတော့ ဒီလုပ်ရပ်တွေဟာ စစ်အစိုးရအနေနဲ့ နားလည်နိုင်ပါရဲ့လား။ ဒီလုပ်ရပ်မျိုးက It’s the language they understand?

ဖြေ ။ ။ ဒါက မေးခွန်းကောင်းတစ်ခု ဖြစ်ပါတယ်။ ကျနော်တော့ မသိပါဘူး။ ဘာကြောင့်လဲဆိုတော့ စစ်တပ်က သူတို့ကို ဆန့်ကျင်တာ မကြိုက်ပါဘူး။ သူတို့အဆောက်အအုံကို သူတို့ထိန်းကျောင်းတာပဲ ဖြစ်ပါတယ်။ အဲဒီအဆောက်အအုံက အမိန့်အာဏာကို နာခံရတဲ့ အဆောက်အအုံမျိုးပါ။ မနာခံရင် အပြစ်ပေးဖို့ ရှိပါတယ်။ ဒါဟာ ဒီမိုကရေစီ နည်းလမ်းလည်း မဟုတ်ပါဘူး။ ပြည်သူတွေ ရွေးကောက်ပွဲလည်း လုပ်ခဲ့ပြီးပြီ။ သူတို့ရွေးချယ်တဲ့ အစိုးရလည်း ရှိခဲ့ပြီးပြီ ဖြစ်ပါတယ်။ ဒါကြောင့် အခုအခါမှာ စစ်တပ်ရဲ့ ချုပ်ကိုင်မှုကို မလိုလားလို့ လမ်းပေါ်ထွက်နေကြပါတယ်။ စစ်တပ်အနေနဲ့ လူထုအပေါ်မှာ အကြမ်းဖက်တဲ့ နည်းတစ်ခုခု သုံးလာခြင်းဟာ အခြေအနေ ပိုမိုဆိုးဝါးလာစေမှာဆိုတာကို စစ်တပ်အနေနဲ့ သဘောပေါက်ပါစေလို့ ကျနော် ဆုတောင်းနေပါတယ်။

မေး ။ ။ နိုင်ငံတကာက တုံ့ပြန်တဲ့နေရာမှာ အခုလောလောဆယ်တော့ အခုတက်လာတဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ သံတမန် အဆက်အသွယ်ဖြတ်တောက်တယ်ဆိုတာကို မကြားရသေးပါဘူး။ ဆိုတော့ သူတို့ဟာ ဒီစစ်ကောင်စီကို ဆက်လက်ပြီးတော့ အသိအမှတ်ပြုနေကြတယ်ဆိုတဲ့ သဘောလား။

ဖြေ ။ ။ လူတွေက ဒီအာဏာသိမ်းမှုကို အစောတလျင် အသိအမှတ်ပြုနေတယ်လို့ ကျနော် လုံးဝမထင်ပါဘူး။ ဘာမှမပြောဘဲ နေကြသည့်တိုင်အောင် ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ရှုတ်ချခြင်း မပြသည်တိုင်အောင် အထူးသဖြင့် အာရှတိုက်က အာဆီယံနဲ့ အခြားနိုင်ငံတွေဟာ အခုအချိန်အထိ အာဏာသိမ်းမှုကို ထောက်ခံနေတာ မတွေ့ရပါဘူး။ သူတို့လည်း ဒီအခြေအနေနဲ့ ပတ်သက်လို့ သိပ်ကိုစိတ်မသက်မသာ ဖြစ်နေကြပါတယ်။ ဒီကိစ္စမှာ အဓိကတော့ မြန်မာပြည်သူတွေကိုယ်တိုင်က သူတို့အနာဂတ်ကို ဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာကြီးက သူတို့နောက်ကွယ်မှာ ရှိတယ်ဆိုတာကို လိုချင်ကြပါတယ်။ သူတို့ကို ထောက်ခံစေချင်ကြပါတယ်။ ဒါကို သူတို့ဟာ အနောက်နိုင်ငံတွေဆီက ရကြပါလိမ့်မယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်၊ ဥရောပသမဂ္ဂတို့ဆီက ရကြပါလိမ့်မယ်။ တခြားအာရှနိုင်ငံတွေဆီကလည်း အလားတူထောက်ခံမှုကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ရမယ်လို့ ကျနော်ထင်ပါတယ်။ စစ်တပ်အပေါ် ဒဏ်ခတ်ပိတ်စို့မှုတွေ ရှိလာပါလိမ့်မယ်။ စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်သူတွေအပေါ် ရှိလာကြပါလိမ့်မယ်။ တိုးတိုးတိတ်တိတ် ဆက်သွယ်နားချတာတွေလည်း ရှိလာပါလိမ့်မယ်။ ကျနော်တို့ဟာ မြန်မာနိုင်ငံမှာ အောင်မြင်မှု၊ ငြိမ်းချမ်းမှုတွေ ဖြစ်ထွန်းစေချင်တာပါ။ မြန်မာပြည်သူတွေကို ထောက်ခံပါတယ်။

မေး ။ ။ ဆိုတော့ မေးခွန်းဟောင်းတစ်ခု - ဟိုတုန်းကလည်း မေးနေကြ မေးခွန်းတစ်ခုကိုပဲ ပြန်မေးပါရစေ။ Sanction လို့ခေါ်တဲ့ အရေးယူဒဏ်ခတ်ပိတ်စို့မှုတွေက အလုပ်ဖြစ်ပါ့မလား။

ဖြေ ။ ။ ဒဏ်ခတ်ပိတ်စို့မှုတွေနဲ့တော့ မလုံလောက်ပါဘူး။ စစ်တပ်နဲ့ အခြေအနေပေါ် မူတည်ပါတယ်။ အခုလုပ်တဲ့ကိစ္စက မှန်ကန်တဲ့လုပ်ရပ် မဟုတ်ဘူးဆိုတာ တပ်ချုပ်လည်း သိပါလိမ့်မယ်။ သူတို့ မကျေနပ်မှု ရှိတယ်ဆိုရင် တရားဥပဒေဘောင်အတွင်းကနေ လေးစားသမှုနဲ့ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလုပ်ရပ်က အလွန်အကျွံတုံ့ပြန်မှု ဖြစ်ပြီး အခြေအနေကို ပိုမိုဆိုးဝါးသွားစေပါတယ်။ တိုင်းပြည်အတွက်လည်း မကောင်းဘူး။ စစ်တပ်အတွက်လည်း မကောင်းပါဘူး။

မေး ။ ။ နောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ရိုဟင်ဂျာ - သူကတော့ ရိုဟင်ဂျာလို့ မခေါ်ပါဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရောက်ရှိနေတဲ့ လူတွေကို နှစ်နိုင်ငံ သဘောတူညီချက်အရ ပြန်လည်ပြီးတော့ လက်ခံဖို့ လုပ်မယ်လို့ ဆိုပါတယ်။ ဒါကော ဘယ်လောက် ယုံကြည်လို့ရတဲ့ ကိစ္စလဲ။ အကောင်အထည် ပေါ်လာနိုင်ပါမလား။ တချိန်တည်းမှာလဲ တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးကို ရှေ့တိုးအောင် လုပ်မယ်လို့ ဆိုထားပါတယ်။

ဖြေ ။ ။ ဒီစကားကို အရင်ကလဲ ပြောဖူးပါတယ်။ ဒီပြဿနာက ရိုဟင်ဂျာတွေ ပြန်လာရင် သူတို့အတွက် လုံခြုံပြီး လွတ်လပ်ပြီး ဂုဏ်သိက္ခာရှိဖို့ သူတို့ လိုလားကြပါတယ်။ ဒါကို စစ်တပ်က မလုပ်ပါဘူး။ အခုတစ်ခါ ဒါကို သူက အာမခံချက်ပေးနေပါတယ်။ သို့သော် စိတ်မချရပါဘူး။ သူတို့ဟာ ဒီလိုလုပ်နိုင်တဲ့ တရားဝင်အစိုးရလည်း မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ စကားတွေကလည်း သူတို့က တရားဝင်အစိုးရ မဟုတ်ပါဘူး။

မေး ။ ။ နောက်တစ်ခုကတော့ ကုလသမဂ္ဂက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အခုအချိန်အထိ တောင်းဆိုနေတဲ့ကိစ္စ။ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေကို လွှတ်ပေးဖို့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး တရုတ်က ဒီတစ်ကြိမ်မှာ ပူးပေါင်းပါဝင်တာ တွေ့ရပါတယ်။ ဘယ်လောက်ထူးခြားမှု ရှိတယ်လို့ ထင်ပါသလဲ။ သံတမန်တစ်ဦးအနေနဲ့။

ဖြေ ။ ။ ထူးခြားပါတယ်။ အားတက်စရာပါ။ ဒီအာဏာသိမ်းမှုကို တရုတ်လည်း သိပ်ကျေကျေနပ်နပ် မရှိပါဘူး။ နိုင်ငံအတွက်လည်း ကျေနပ်နှစ်သက်စရာ မရှိပါဘူး။ နိုင်ငံတိုင်းအတွက်လည်း ကျေနပ်နှစ်သက်စရာ မရှိပါဘူး။ တရုတ်၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ အိန္ဒိယ၊ အာဆီယံနဲ့ ကမ္ဘာ့နိုင်ငံတွေအားလုံးအတွက် လက်ခံနိုင်တဲ့ လုပ်ရပ်မဟုတ်ဘူးဆိုတာ စစ်တပ်အတွက် စုပေါင်းသတင်းစကားပါးနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

မေး ။ ။ Derek Mitchell ဟာ မြန်မာနိုင်ငံမှာ လူချစ်လူခင်ပေါများတဲ့ သံအမတ်ကြီးတစ်ယောက် ဖြစ်ပါတယ်။ အခုမြန်မာပြည်သူတွေ အထူးသဖြင့် လူငယ်တွေ၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေနဲ့ ပတ်သက်ပြီးတော့ Derek ဘယ်လိုမှတ်ချက်စကား ပြောချင်ပါလဲ။

ဖြေ ။ ။ ခင်များတို့ ကြိုက်နှစ်သက်ရာ ခင်များတို့ ရွေးချယ်ပိုင်ခွင့်ရှိတယ်ဆိုတာကို ကျနော်တို့ ထောက်ခံပါတယ်။ ဒါဟာ အမြဲတမ်း အမေရိကန်အစိုးရက လိုချင်တဲ့ကိစ္စပါ။ ခင်များတို့က အချုပ်အခြာအာဏာကိုပိုင် ပြည်သူတွေပါ။ ကျနော်တို့အနေနဲ့ ဟိုမူဝါဒကို ကြိုက်တယ်။ ဒီမူဝါဒကို ကြိုက်တယ်ဆိုတာကို မပြောလိုပါဘူး။ ထိန်းချုပ်စရာလည်း ဘာမှမရှိပါဘူး။ ခင်များတို့ကိုယ်တိုင် ကြိုက်ရာရွေး၊ ကြိုက်ရာဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ဟာ ၂၀၂၀ နိုဝင်ဘာလ ရွေးကောက်ပွဲရလဒ်ကို လက်ခံပါတယ်။ ပြည်သူလူထုနောက်က ရပ်တည်ပါတယ်။ မြန်မာ့အနာဂတ်အတွက် အကြမ်းဖက်နည်းနဲ့ ရွေးချယ်တာကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ပါဘူး။ မြန်မာလူငယ်တွေရဲ့ စွမ်းအားနဲ့ လုပ်ဆောင်ချက်ကို လေးလေးစားစား စောင့်ကြည့်နေပါတယ်။ စစ်တပ်အနေနဲ့ ဒါတွေကို အလေးအနက်ထား လက်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG