သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၲေလးၿမိဳ႕ဆႏၵျပပဲြ ဖမ္းဆီးခံ၈၀ေက်ာ္ ခံဝန္နဲ႔ျပန္လြတ္


မႏၱေလးၿမိဳ႕က စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ ဆႏၵျပတဲ့ ျမင္ကြင္း။

{{Zawgyi/Unicode}}

စစ္တပ္က အာဏာသိမ္းလုိက္တဲ့ လုပ္ရပ္ကုိ ဆန္႔က်င္ဆႏၵျပမႈေတြနဲ႔ ဆက္ႏြယ္ၿပီး မႏၱေလးၿမိဳ႕မွာ ဖမ္းဆီးခံရသူေတြထဲက ၈၀ ေက်ာ္ကုိ ရဲတပ္ဖဲြ႔က ခံ၀န္ကတိထုိးခုိင္းၿပီး ျပန္လႊတ္ေပးလုိက္တယ္လုိ႔ ျပန္လြတ္လာသူေတြက ေျပာပါတယ္။ စစ္အာဏာသိမ္းတာကုိ ဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြ အရွိန္ျမင့္လာေနခ်ိန္မွာပဲ ဖမ္းဆီးအေရးယူမႈေတြ ႀကံဳေနရတဲ့ အေျခအေနကုိေတာ့ ဗြီအုိေအ ျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာက ေျပာျပေပးပါမယ္။

အရပ္သားအစုိးရကုိ ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းလုိက္တာကုိ ကန္႔ကြက္ဆႏၵျပခဲ့ၾကတဲ့ မႏၱေလးၿမိဳ႕ခံေတြကုိ လုံၿခံဳေရးတပ္ဖဲြ႔ေတြ ဖမ္းဆီးသြားခဲ့ၿပီးေနာက္ ဒီေန႔မွာပဲ ၈၀ ေက်ာ္ေလာက္ကုိ ျပန္လႊတ္ေပးလုိက္ေၾကာင္း ျပန္လြတ္လာသူေတြနဲ႔ နီးစပ္သူေတြက ေျပာပါတယ္။ ဖမ္းဆီးခံရၿပီးေနာက္ ေဒသခံ စစ္တပ္ရင္းေတြမွာ ထိန္းသိမ္းခံခဲ့ရတဲ့ ေက်ာင္းသားလူငယ္ အမ်ားစု အပါအ၀င္ လူ ၈၀ ေက်ာ္ကုိ ဒီကေန႔ပဲ ခံ၀န္ကတိထုိးခုိင္းၿပီး ျပန္လႊတ္ေပးခဲ့တာလုိ႔လည္း လြတ္လာတဲ့ လူငယ္တေယာက္က ေျပာပါတယ္။

“ခမရ ၁၁၉ကိုေခၚသြားတယ္ အားလံုးေပါင္း ၈၉ေယာက္ရွိတယ္ ခမရ၁၁၉မွာေတာ့ ေယာက္က်ားေလး ၃၅ ေယာက္ရွိတယ္ က်န္တာ ခမရ၁၁၆ကိုေခၚသြားတယ္ စစ္ခ်က္ေတြ ကုိယ္ေ၇း၇ာဇ၀င္ေတြယူျပီး ေစာင့္ႀကည့္ထားတယ္ အခုဒီမနက္ ပုသိမ္ႀကီးျမိဳနယ္ ရဲစခန္းမွာ ခံ၀န္ထုိးခိုင္းျပီး အကုန္ ျပန္လႊတ္ေပးလိုက္တယ္ ဒီဆႏၵျပပဲြကလုိက္ပါမိပါတယ္ ေနာင္ထိုကဲ့သို့မျပဳလုပ္ေတာ့ပါဆုိျပီးခံ၀န္ထိုးခုိင္းတယ္ က်န္တဲ့ေနရာလႊတ္ေပးတာေတာ့က်ေနာ္တို့မႀကားမိဘူး က်ေနာ္တိုိ့မသိဘူး ၁၁၉ ထဲက အခ်ဳပ္ကား ၂စီးထြက္တယ္ ၁၁၆ ထဲက ႏွစ္စီးထြက္အားလံုးအခ်ဳပ္ကား ၄ဦးထြက္တယ္ ေက်ာင္းသားလူငယ္ေတြကအမ်ားစုပါ သက္ႀကီိး ပုိင္းက ၁၀ ေယာက္ ၁၅ ေယာက္ပဲပါတယ္ အမ်ားစုက ၁၉ ႏွစ္၀န္းက်င္ ၁၈ ႏွစ္ေတြပဲ ၂၀ ၀န္က်င္းေလးေတြပါ”

ဆႏၵျပပဲြေတြနဲ႔ ဆက္ႏြယ္ၿပီး အဂၤါေန့က ဖမ္းဆီးခံရသူူ ရာဂဏန္းေလာက္ရွိမယ္လုိ့ ေရွ့ေနအသိုင္းအ၀ုိင္းက ခန့္မွန္းထားျပီး အာဏာပုိင္ေတြ ဆက္လက္ ထိန္းသိမ္းထားသူေတြ ရွိေနေသးလားဆုိတာကုိ စုံစမ္းေနေၾကာင္းလည္း မႏၱေလးျမို ေရွေန့ကြန္ယက္က ေဒၚခ်ယ္ရီစုက ေျပာပါတယ္။

“၈၁ ေယာက္အကုန္လံုးလား ဖမ္းထားတဲ့သူအားလံဳးက ၈၁ ေယာက္ပဲရွိတာလား ဒီထက္ ပုိရွိသလားဆုိတာ လိုက္ေနတုန္းပဲ ေပ်ာက္ဆံုးသူေတြရွိေနေသးလားဆိုတာ က်မတုိ ့မိသားစုလုိက္ေနတုန္းပါပဲ အေျခအေနေတြေတာ့ မသိရေသးပါဘူး”

စစ္တပ္အာဏာသိမ္းတဲ့ လုပ္ရပ္ကုိ မႏၱေလးၿမိဳ႕မွာ ကန္႔ကြက္ဆႏၵျပသူေတြကုိ အာဏာပုိင္ေတြ ဖမ္းဆီးတာေတြရွိခဲ့သလုိ မီးသတ္ပုိက္ေတြ၊ မ်က္ရည္ယုိဗုံးေတြသုံး ႏွိမ္နင္းမႈတြလည္း ရွိခဲ့တာပါ။ ကုလသမဂၢနဲ႔ ႏုိင္ငံတကာကေတာ့ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကုိ အင္အားသုံး ႏွိမ္နင္းမႈေတြ မလုပ္ဖုိ႔လည္း သတိေပးထားပါတယ္ရွင္။

..............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ဆန့်ကျင်ဆန္ဒပြမှုတွေနဲ့ ဆက်နွယ်ပြီး မန္တလေးမြို့မှာ ဖမ်းဆီးခံရသူတွေထဲက ၈၀ ကျော်ကို ရဲတပ်ဖွဲ့က ခံဝန်ကတိထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ပြန်လွတ်လာသူတွေက ပြောပါတယ်။ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ အရှိန်မြင့်လာနေချိန်မှာပဲ ဖမ်းဆီးအရေးယူမှုတွေ ကြုံနေရတဲ့ အခြေအနေကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်။

အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကို ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ မန္တလေးမြို့ခံတွေကို လုံခြုံရေးတပ်ဖွဲ့တွေ ဖမ်းဆီးသွားခဲ့ပြီးနောက် ဒီနေ့မှာပဲ ၈၀ ကျော်လောက်ကို ပြန်လွှတ်ပေးလိုက်ကြောင်း ပြန်လွတ်လာသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဖမ်းဆီးခံရပြီးနောက် ဒေသခံ စစ်တပ်ရင်းတွေမှာ ထိန်းသိမ်းခံခဲ့ရတဲ့ ကျောင်းသားလူငယ် အများစု အပါအဝင် လူ ၈၀ ကျော်ကို ဒီကနေ့ပဲ ခံဝန်ကတိထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့တာလို့လည်း လွတ်လာတဲ့ လူငယ်တယောက်က ပြောပါတယ်။

“ခမရ ၁၁၉ကိုခေါ်သွားတယ် အားလုံးပေါင်း ၈၉ယောက်ရှိတယ် ခမရ၁၁၉မှာတော့ ယောက်ကျားလေး ၃၅ ယောက်ရှိတယ် ကျန်တာ ခမရ၁၁၆ကိုခေါ်သွားတယ် စစ်ချက်တွေ ကိုယ်ရေးရာဇဝင်တွေယူပြီး စောင့်ကြည့်ထားတယ် အခုဒီမနက် ပုသိမ်ကြီးမြိုနယ် ရဲစခန်းမှာ ခံဝန်ထိုးခိုင်းပြီး အကုန် ပြန်လွှတ်ပေးလိုက်တယ် ဒီဆန္ဒပြပွဲကလိုက်ပါမိပါတယ် နောင်ထိုကဲ့သို့မပြုလုပ်တော့ပါဆိုပြီးခံဝန်ထိုးခိုင်းတယ် ကျန်တဲ့နေရာလွှတ်ပေးတာတော့ကျနော်တို့မကြားမိဘူး ကျနော်တို့မသိဘူး ၁၁၉ ထဲက အချုပ်ကား ၂စီးထွက်တယ် ၁၁၆ ထဲက နှစ်စီးထွက်အားလုံးအချုပ်ကား ၄ဦးထွက်တယ် ကျောင်းသားလူငယ်တွေကအများစုပါ သက်ကြီး ပိုင်းက ၁၀ ယောက် ၁၅ ယောက်ပဲပါတယ် အများစုက ၁၉ နှစ်ဝန်းကျင် ၁၈ နှစ်တွေပဲ ၂၀ ဝန်ကျင်းလေးတွေပါ”

ဆန္ဒပြပွဲတွေနဲ့ ဆက်နွယ်ပြီး အင်္ဂါနေ့က ဖမ်းဆီးခံရသူူ ရာဂဏန်းလောက်ရှိမယ်လို့ ရှေ့နေအသိုင်းအဝိုင်းက ခန့်မှန်းထားပြီး အာဏာပိုင်တွေ ဆက်လက် ထိန်းသိမ်းထားသူတွေ ရှိနေသေးလားဆိုတာကို စုံစမ်းနေကြောင်းလည်း မန္တလေးမြို ရှေနေ့ကွန်ယက်က ဒေါ်ချယ်ရီစုက ပြောပါတယ်။

“၈၁ ယောက်အကုန်လုံးလား ဖမ်းထားတဲ့သူအားလုံးက ၈၁ ယောက်ပဲရှိတာလား ဒီထက် ပိုရှိသလားဆိုတာ လိုက်နေတုန်းပဲ ပျောက်ဆုံးသူတွေရှိနေသေးလားဆိုတာ ကျမတို့မိသားစုလိုက်နေတုန်းပါပဲ အခြေအနေတွေတော့ မသိရသေးပါဘူး”

စစ်တပ်အာဏာသိမ်းတဲ့ လုပ်ရပ်ကို မန္တလေးမြို့မှာ ကန့်ကွက်ဆန္ဒပြသူတွေကို အာဏာပိုင်တွေ ဖမ်းဆီးတာတွေရှိခဲ့သလို မီးသတ်ပိုက်တွေ၊ မျက်ရည်ယိုဗုံးတွေသုံး နှိမ်နင်းမှုတွလည်း ရှိခဲ့တာပါ။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အင်အားသုံး နှိမ်နင်းမှုတွေ မလုပ်ဖို့လည်း သတိပေးထားပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG