သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္အာဏာသိမ္းမႈ ထိ္ုင္းဝန္ႀကီးခ်ဳပ္တုံ႔ျပန္ခ်က္


ထိုင္းဝန္ႀကီးခ်ဳပ္၊ ဗုိလ္ခ်ဳပ္ႀကီးေဟာင္း ပရာယုသ္ ခ်န္-အိုခ်ာ။

[Zawgyi/Unicode]

ျမန္မာ့ဒီမိုကေရစီေရးကို ေထာက္ခံအားေပးပါလို႔ စစ္အာဏာသိမ္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က ပန္ၾကားထားတဲ့ စာတစ္ေစာင္ကို သူ လက္ခံရရွိခဲ့တဲ့အေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္၊ ဗုိလ္ခ်ဳပ္ႀကီးေဟာင္း ပရာယုသ္ ခ်န္-အိုခ်ာက ဒီကေန႔ေျပာပါတယ္။

ဝန္ႀကီးခ်ဳပ္ ပရာယုသ္က သူ႔အေနနဲ႔ အိမ္နီးခ်င္း ျမန္မာႏုိင္ငံရဲ႕ ဒီမုိကေရစီေရးကို အျမဲ ေထာက္ခံ အားေပးပါတယ္လုိ႔ ဘန္ေကာက္ၿမိဳ႕မွာ သတင္းေထာက္ေတြကိုေျပာပါတယ္။

"ျမန္မာႏိုင္ငံရဲ႕ ဒီမုိကေရစီနည္းက် လုပ္ငန္းစဥ္ကို က်ေနာ္တို႔ ေထာက္ခံပါတယ္။ ဒါေပမဲ့ ဒီကေန႔မွာ အေရးအႀကီးဆံုးက ေကာင္းမြန္တဲ့ဆက္ဆံေရးကို ထိန္းသိမ္းထားဖို႔ပါ၊ ဘာေၾကာင့္လဲဆိုေတာ့ လူထု၊ စီးပြားေရးနဲ႔ အထူးသျဖင့္ နယ္စပ္ကုန္သြယ္ေရးတို႔ကို ထိခိုက္တာေၾကာင့္ျဖစ္ပါတယ္။" လို႔ ဝန္ႀကီးခ်ဳပ္ ပရာယုသ္ကေျပာပါတယ္။

"ဒီမုိကေရစီနည္းက် လုပ္ငန္းစဥ္ကို ထိုင္းႏုိင္ငံက ေထာက္ခံပါတယ္။ ဘယ္လို ဆက္လုပ္မယ္ဆိုတဲ့ က်န္တဲ့အပိုင္းကေတာ့ သူ႔ေပၚမူတည္ပါတယ္။" လို႔လည္း ပရာယုသ္ကဆုိပါတယ္။

ဝန္ႀကီးခ်ဳပ္ ပရာယုသ္ဟာ သူကိုယ္တိုင္က ၂၀၁၄ ခုႏွစ္မွာ ေရြးေကာက္ခံဝန္ႀကီးခ်ဳပ္ကို ျဖဳတ္ခ်ၿပီး အာဏာသိမ္းခဲ့သူျဖစ္ၿပီးေတာ့ ၂၀၁၉ ခုႏွစ္မွာ ေရြးေကာက္ပြဲလုပ္ၿပီး အာဏာဆက္ယူထားသူပါ။ အဲဒီေရြးေကာက္ပြဲဟာ မသမာမႈေတြနဲ႔ ျပည့္ႏွက္ေနတယ္လုိ႔ အတိုက္အခံေတြက ေဝဖန္ထားပါတယ္။

ဝန္ႀကီးခ်ဳပ္ ႏုတ္ထြက္ေပးဖို႔ ေတာင္းဆိုတဲ့ဆႏၵျပပြဲေတြလည္း ၿပီးခဲ့တဲ့ႏွစ္ကျဖစ္ခဲ့ၿပီး ဆယ္စုႏွစ္ေတြအတြင္း အႀကီးမားဆံုး ဆႏၵျပပြဲေတြျဖစ္ခဲ့ပါတယ္။

ျမန္မာနဲ႔ထိုင္း ႏွစ္ႏုိင္ငံၾကား ဆက္ဆံေရးမွာ အဆင္မေျပျဖစ္ခဲ့တဲ့ သမိုင္းေၾကာင္းရွိခဲ့ေပမယ့္လည္း မၾကာေသးခင္ ဆယ္စုႏွစ္ေတြအတြင္းမွာေတာ့ စစ္တပ္ႏွစ္ခုၾကား အလုပ္သေဘာ ဆက္ဆံေရးေကာင္း ရွိလာခဲ့ၿပီး ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ဟာလည္း ထုိင္း ထိပ္ပိုင္းေခါင္းေဆာင္တခ်ဳိ႕နဲ႔ နီးစပ္တဲ့ဆက္ဆံေရး ရွိထားသူျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာစစ်အာဏာသိမ်းမှု ထိုင်းဝန်ကြီးချုပ်တုံ့ပြန်ချက်

မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးပါလို့ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပန်ကြားထားတဲ့ စာတစ်စောင်ကို သူ လက်ခံရရှိခဲ့တဲ့အကြောင်း ထိုင်းဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးဟောင်း ပရာယုသ် ချန်-အိုချာက ဒီကနေ့ပြောပါတယ်။

ဝန်ကြီးချုပ် ပရာယုသ်က သူ့အနေနဲ့ အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးကို အမြဲ ထောက်ခံ အားပေးပါတယ်လို့ ဘန်ကောက်မြို့မှာ သတင်းထောက်တွေကိုပြောပါတယ်။

"မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျ လုပ်ငန်းစဉ်ကို ကျနော်တို့ ထောက်ခံပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ အရေးအကြီးဆုံးက ကောင်းမွန်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းထားဖို့ပါ၊ ဘာကြောင့်လဲဆိုတော့ လူထု၊ စီးပွားရေးနဲ့ အထူးသဖြင့် နယ်စပ်ကုန်သွယ်ရေးတို့ကို ထိခိုက်တာကြောင့်ဖြစ်ပါတယ်။" လို့ ဝန်ကြီးချုပ် ပရာယုသ်ကပြောပါတယ်။

"ဒီမိုကရေစီနည်းကျ လုပ်ငန်းစဉ်ကို ထိုင်းနိုင်ငံက ထောက်ခံပါတယ်။ ဘယ်လို ဆက်လုပ်မယ်ဆိုတဲ့ ကျန်တဲ့အပိုင်းကတော့ သူ့ပေါ်မူတည်ပါတယ်။" လို့လည်း ပရာယုသ်ကဆိုပါတယ်။

ဝန်ကြီးချုပ် ပရာယုသ်ဟာ သူကိုယ်တိုင်က ၂၀၁၄ ခုနှစ်မှာ ရွေးကောက်ခံဝန်ကြီးချုပ်ကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့သူဖြစ်ပြီးတော့ ၂၀၁၉ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်ပြီး အာဏာဆက်ယူထားသူပါ။ အဲဒီရွေးကောက်ပွဲဟာ မသမာမှုတွေနဲ့ ပြည့်နှက်နေတယ်လို့ အတိုက်အခံတွေက ဝေဖန်ထားပါတယ်။

ဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ဆန္ဒပြပွဲတွေလည်း ပြီးခဲ့တဲ့နှစ်ကဖြစ်ခဲ့ပြီး ဆယ်စုနှစ်တွေအတွင်း အကြီးမားဆုံး ဆန္ဒပြပွဲတွေဖြစ်ခဲ့ပါတယ်။

မြန်မာနဲ့ထိုင်း နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ အဆင်မပြေဖြစ်ခဲ့တဲ့ သမိုင်းကြောင်းရှိခဲ့ပေမယ့်လည်း မကြာသေးခင် ဆယ်စုနှစ်တွေအတွင်းမှာတော့ စစ်တပ်နှစ်ခုကြား အလုပ်သဘော ဆက်ဆံရေးကောင်း ရှိလာခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာလည်း ထိုင်း ထိပ်ပိုင်းခေါင်းဆောင်တချို့နဲ့ နီးစပ်တဲ့ဆက်ဆံရေး ရှိထားသူဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG