သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဏာသိမ္းစစ္ေကာင္စီရဲ႕ ေဘာင္ခ်ဲ႕လာတဲ႔ အဖမ္းအဆီးမ်ား


(Zawgyi/Unicode)

ျမန္မာႏုိင္ငံတလႊား စစ္အာဏာသိမ္း ဆန္႔က်င္ဆႏၵျပမႈေတြ ပိုၿပီး က်ယ့္ျပန္ႀကီးထြား လာေနခ်ိန္မွာပဲ NLD အစိုးရလက္ထက္ ဖဲြ႔စည္းထားတဲ့ ေရြးေကာက္ပဲြ ေကာ္မရွင္ အဖြဲ႔ဝင္တခ်ဳိ႕ကို စတင္ဖမ္းဆီးေနသလို ၊ ျပည္နယ္နဲ႔တုိင္း ဝန္ႀကီးခ်ဳပ္ တခ်ဳိ႕နဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ၊ NLD ပါတီဗဟုိ တာဝန္ရွိသူ တခ်ဳိ႕ကိုပါ ဗုဒၶဟူးေန႔ညက စစ္တပ္တဲ႔ ရဲလုံၿခဳံေရး တပ္ဖြဲ႔ဝင္ေတြ လိုက္လံဖမ္းဆီး ခဲ့ပါတယ္။

ဗုဒၶဟူးေန႔ညက ခ်င္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဆလိုင္းလ်န္လြယ္ ျပန္လည္အဖမ္းဆီး ခံရသလို၊ ခ်င္းျပည္နယ္ ဟားခါးၿမဳိ႕နယ္ ေရြးေကာက္ပဲြ ေကာ္မရွင္ ဥကၠဌ ဆလိုင္း ထာလာကိယိုးလ်န္နဲ႔ အရာရွိ ဆလိုင္းေထာင္ပီး ၊ ထန္တလန္ၿမဳိ႕နယ္ ေရြးေကာက္ပဲြ ေကာ္မရွင္႐ုံးအရာရွိ ဆလိုင္း ခင္ေအာင္လိန္းတုိ႔ကိုလည္း ညသန္းေခါင္အခ်ိန္မွာ လာေရာက္ ဖမ္းဆီး သြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ရန္ကုန္မွာဆိုရင္လည္း - NLD ပါတီဗဟုိ ဥပေဒအေထာက္အကူျပဳအဖြဲ႔ဝင္ ေရွ႕ေနႀကီး ဦးေက်ာ္ဟိုးကုိ ဗုိလ္တေထာင္က သူ႔ေနအိမ္ေသာ့ကို ဖ်က္ၿပီး ဝင္ဖမ္းသ ြားတာပါ ။

ဒါ့အျပင္ ရခိုင္ဝန္ႀကီးခ်ဳပ္ ဦးညီပုကုိ ေနအိမ္မွာ စစ္တပ္က လာေရာက္ဖမ္းဆီးခ်ိန္မွာ ဦးညီပုက လုိအပ္တာေလးေတြ ယူမယ္လို႔ ေျပာေပမယ့္ လက္မခံပဲ ၊ ေနာက္မွာ လူလႊတ္ ယူခိုင္းမယ္ဆိုၿပီး စစ္အရာရွိက ေျပာတဲ့အတြက္ အသာတၾကည္ လုိက္သြားတာကို ဗီဒီယုိဖိုင္မွာ ျမင္ရပါတယ္။

တခါ တေလာကမွ ျပန္လည္လြတ္ေျမာက္လာတဲ့ တနသၤာရီတိုင္း ဝန္ႀကီးခ်ဳပ္ ဦးျမင့္ေမာင္ကိုလည္း ျပန္လည္ ဖမ္းဆီးသ ြားၿပီျဖစ္ပါတယ္။ ကရင္ျပည္နယ္မွာေတာ့ ကရင္ျပည္နယ္အစိုးရအဖြဲ႔ဝင္ စီမံ/ဘ႑ာဝန္ႀကီး ဦးသန္းႏိုင္ကုိလည္း ဖမ္းဆီး သြားခဲ့ပါတယ္။

အခုလို ဖမ္းဆီးမႈေတြ ေရွ႕ဆက္ ျဖစ္လာလိမ့္ဦးမယ္လို႔ ရန္ကုန္ၿမဳိ႕ ႏိုင္ငံေရးအသိုင္းအဝုိင္းက သုံးသပ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

အာဏာသိမ်းစစ်ကောင်စီရဲ့ ဘောင်ချဲ့လာတဲ့ အဖမ်းအဆီးများ

(Unicode)


မြန်မာနိုင်ငံတလွှား စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြမှုတွေ ပိုပြီး ကျယ့်ပြန်ကြီးထွား လာနေချိန်မှာပဲ NLD အစိုးရလက်ထက် ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တချို့ကို စတင်ဖမ်းဆီးနေသလို ၊ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ် တချို့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ၊ NLD ပါတီဗဟို တာဝန်ရှိသူ တချို့ကိုပါ ဗုဒ္ဓဟူးနေ့ညက စစ်တပ်တဲ့ ရဲလုံခြုံရေး တပ်ဖွဲ့ဝင်တွေ လိုက်လံဖမ်းဆီး ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ညက ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ် ပြန်လည်အဖမ်းဆီး ခံရသလို၊ ချင်းပြည်နယ် ဟားခါးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဆလိုင်း ထာလာကိယိုးလျန်နဲ့ အရာရှိ ဆလိုင်းထောင်ပီး ၊ ထန်တလန်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးအရာရှိ ဆလိုင်း ခင်အောင်လိန်းတို့ကိုလည်း ညသန်းခေါင်အချိန်မှာ လာရောက် ဖမ်းဆီး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်မှာဆိုရင်လည်း - NLD ပါတီဗဟို ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ရှေ့နေကြီး ဦးကျော်ဟိုးကို ဗိုလ်တထောင်က သူ့နေအိမ်သော့ကို ဖျက်ပြီး ဝင်ဖမ်းသ ွားတာပါ ။

ဒါ့အပြင် ရခိုင်ဝန်ကြီးချုပ် ဦးညီပုကို နေအိမ်မှာ စစ်တပ်က လာရောက်ဖမ်းဆီးချိန်မှာ ဦးညီပုက လိုအပ်တာလေးတွေ ယူမယ်လို့ ပြောပေမယ့် လက်မခံပဲ ၊ နောက်မှာ လူလွှတ် ယူခိုင်းမယ်ဆိုပြီး စစ်အရာရှိက ပြောတဲ့အတွက် အသာတကြည် လိုက်သွားတာကို ဗီဒီယိုဖိုင်မှာ မြင်ရပါတယ်။

တခါ တလောကမှ ပြန်လည်လွတ်မြောက်လာတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင်ကိုလည်း ပြန်လည် ဖမ်းဆီးသ ွားပြီဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာတော့ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံ/ဘဏ္ဍာဝန်ကြီး ဦးသန်းနိုင်ကိုလည်း ဖမ်းဆီး သွားခဲ့ပါတယ်။

အခုလို ဖမ်းဆီးမှုတွေ ရှေ့ဆက် ဖြစ်လာလိမ့်ဦးမယ်လို့ ရန်ကုန်မြို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG