သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္နဲ႔ ဖက္စပ္စီးပြားေရး လုပ္ငန္းမ်ား အေပၚ ဖိအားေတြ ပိုမ်ားလာၿပီ 


(Zawgyi/Unicode)

ျမန္မာႏိုင္ငံက ဒီမိုကေရစီ နည္းလမ္းနဲ႔ ေရြးေကာက္ခံ အရပ္သား အစိုးရကို ျဖဳတ္ခ်လိုက္တာေၾကာင့္ ျမန္မာစစ္တပ္ပိုင္ စီးပြားေရး လုပ္ငန္းႀကီးေတြနဲ႔ ပတ္သက္ၿပီး နိုင္ငံတကာက ပိုၿပီး အာ႐ုံစိုက္လာခဲ့ၿပီ ျဖစ္ပါတယ္။ ျမန္မာစစ္တပ္ပိုင္ အဲဒီ လုပ္ငန္းႀကီးေတြနဲ႔ ဖက္စပ္ လုပ္ကိုင္ေနတဲ့ ႏိုင္ငံျခားကုမၸဏီေတြ အေပၚ ဖိအားေပးမႈေတြကလည္း ပိုၿပီး ျမင့္တက္လာေနပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးၿပီးခ်င္းမွာပဲ ဂ်ပန္ ကီရင္ အေဖ်ာ္ ယမကာ အုပ္စုက ျမန္မာ ဦးပိုင္လိမိတက္ နဲ႔ ဖက္စပ္လုပ္းငန္းကေန စြန္႔ခြာသြားခဲ့ပါတယ္။

အဂၤါေန႔ကေတာ့ စကၤာပူက RMH ကုမၸဏီက စစ္တပ္ပိုင္ Myanmar Virginia Tobacco ကုမၸဏီမွာ ရွိတဲ့ သူ႔ရဲ့ ရွယ္ယာေတြကို စြန္႔လႊတ္ေၾကာင္း ေၾကညာခဲ့ ပါတယ္။

ဒီကေန႔မွာပဲ အိမ္ျဖဴေတာ္ကလည္း စစ္တပ္ ေခါင္းေဆာင္ေတြနဲ႔ စစ္တပ္ကို အက်ိဳးအျမတ္ ရေစတဲ့ စီးပြားေရး လုပ္ငန္းေတြကို ပစ္မွတ္ထား ဒဏ္ခတ္ ပိတ္ဆို႔မႈေတြ ဒီ တစ္ပတ္အတြင္း လုပ္မယ္လို႔ ေၾကညာလိုက္ၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

မြန်မာစစ်တပ်နဲ့ ဖက်စပ်စီးပွားရေး လုပ်ငန်းများ အပေါ် ဖိအားတွေ ပိုများလာပြီ

(Unicode)

မြန်မာနိုင်ငံက ဒီမိုကရေစီ နည်းလမ်းနဲ့ ရွေးကောက်ခံ အရပ်သား အစိုးရကို ဖြုတ်ချလိုက်တာကြောင့် မြန်မာစစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းကြီးတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ပိုပြီး အာရုံစိုက်လာခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ပိုင် အဲဒီ လုပ်ငန်းကြီးတွေနဲ့ ဖက်စပ် လုပ်ကိုင်နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေ အပေါ် ဖိအားပေးမှုတွေကလည်း ပိုပြီး မြင့်တက်လာနေပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးပြီးချင်းမှာပဲ ဂျပန် ကီရင် အဖျော် ယမကာ အုပ်စုက မြန်မာ ဦးပိုင်လိမိတက် နဲ့ ဖက်စပ်လုပ်းငန်းကနေ စွန့်ခွာသွားခဲ့ပါတယ်။

အင်္ဂါနေ့ကတော့ စင်္ကာပူက RMH ကုမ္ပဏီက စစ်တပ်ပိုင် Myanmar Virginia Tobacco ကုမ္ပဏီမှာ ရှိတဲ့ သူ့ရဲ့ ရှယ်ယာတွေကို စွန့်လွှတ်ကြောင်း ကြေညာခဲ့ ပါတယ်။

ဒီကနေ့မှာပဲ အိမ်ဖြူတော်ကလည်း စစ်တပ် ခေါင်းဆောင်တွေနဲ့ စစ်တပ်ကို အကျိုးအမြတ် ရစေတဲ့ စီးပွားရေး လုပ်ငန်းတွေကို ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့မှုတွေ ဒီ တစ်ပတ်အတွင်း လုပ်မယ်လို့ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

XS
SM
MD
LG