သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အၾကမ္းဖက္ႏွိမ္နင္းေပမယ့္ ဆႏၵျပလူငယ္ေတြ အေလ်ာ့ေပးမည္မဟုတ္


[Zawgyi/Unicode]

စစ္တပ္က အာဏာသိမ္းတာကုိ ဆန္႔က်င္တဲ့ လမ္းေပၚထြက္ ဆႏၵျပလႈပ္ရွားမႈေတြမွာ အာဏာပုိင္ေတြက အင္အားသုံး ႏွိမ္နင္းမႈေတြ ရွိေနေပမဲ့ တက္ၾကြလႈပ္ရွားသူ လူငယ္ေတြကေတာ့ အေလွ်ာ့ေပးမွာ မဟုတ္ေၾကာင္း ေျပာလုိက္ပါတယ္။ ဆႏၵျပလႈပ္ရွားသူေတြ ေသြးထြက္သံယုိ ဒဏ္ရာရတဲ့အထိ ႏွိမ္နင္းမႈေတြအေပၚ ဆႏၵျပလူငယ္ေတြရဲ႕ တုံ႔ျပန္မႈေတြကုိေတာ့ ဗြီအုိေအ သတင္းေထာက္ အဂၢႏြန္က တင္ျပထားပါတယ္။

အရပ္သားအစုိးရ ေခါင္းေဆာင္ေတြကုိ ဖမ္းဆီးၿပီး စစ္တပ္က အာဏာသိမ္းလုိက္တဲ့အေပၚ ဆန္႔က်င္တဲ့ ဆႏၵျပလႈပ္ရွားမႈေတြ အရွိန္ျမင့္လာေနခ်ိန္မွာပဲ လုံၿခံဳေရးတပ္ဖဲြ႔ေတြရဲ႕ ႏွိမ္နင္းမႈေတြလည္း ေတြ႔လာေနရပါတယ္။ အစုိးရ႐ုံးစုိက္ရာ ေနျပည္ေတာ္မွာ ဆုိရင္လည္း ရဲတပ္ဖဲြ႔ရဲ႕ ပစ္ခတ္မႈေၾကာင့္ အနည္းဆုံး ၂ ဦး အျပင္းအထန္ ဒဏ္ရာရခဲ့ၿပီး အမ်ားအျပားလည္း ထိခုိက္ဒဏ္ရာရခဲ့တာပါ။ ဒီလုိေသြးထြက္သံယုိ ႏွိမ္နင္းမႈေတြ ရွိေနေပမဲ့ အေလွ်ာ့ေပးမွာ မဟုတ္ေၾကာင္းလည္း ရန္ကုန္ၿမိဳ႕ လွည္းတန္းမွာ ဆႏၵျပသူ ကိုဝဏၰက ေျပာပါတယ္။

“ေနျပည္ေတာ္မွာလည္း က်ေနာ္မေန႔က ၾကားတယ္။ မေန႔ကက်ေတာ့ တကယ္ရင္ထဲ မေကာင္းဘူး။ အဲ့ဒီလိုဆိုရင္ ဒီမွာလည္း ျဖစ္ခဲ့ရင္ က်ေနာ္တို႔ ဆက္ၿပီး ဆႏၵျပသြားမယ္။ က်ေနာ္တို႔ေသရင္ ေသသြားပါေစ ႏိုင္ငံအတြက္ က်ေနာ္တို႔က တိုက္ပြဲဝင္သြားမယ္။ ေရွ႕ဆက္ၿပီးေတာ့ က်ေနာ္တို႔ လုပ္သြားပါမွာပဲ။”

ေနျပည္ေတာ္အျပင္ မႏၱေလး၊ ပဲခူးတုိင္း စတဲ့ေနရာေတြမွာလည္း ဆႏၵျပသူေတြကုိ ရဲတပ္ဖဲြ႔က မီးသတ္ေရပုိက္ေတြ၊ မ်က္ရည္ယုိဗုံးေတြသုံးၿပီး လူစုခဲြဖုိ႔ ႀကိဳးပမ္းခဲ့ရာက ႐ုန္းရင္းဆန္ခတ္ ျဖစ္ခဲ့ရၿပီး ထိခုိက္ဒဏ္ရာရသူေတြလည္း ရွိခဲ့ပါတယ္။ အာဏာပုိင္ေတြဘက္က ဆႏၵျပသူေတြကုိ အင္အားသုံး ႏွိမ္နင္းတာဟာ လက္မခံႏုိင္စရာ လုပ္ရပ္အျဖစ္နဲ႔လည္း ရန္ကုန္ၿမိဳ႕က ဆႏၵျပပဲြက လူငယ္တဦးျဖစ္တဲ့ ကိုျမင့္သူရႏိုင္က ေျပာပါတယ္။

“ၿငိမ္းခ်မ္းစြာဆႏၵျပတဲ့ ျပည္သူေတြကို ဒီလိုမ်ဳိးလုပ္တာ က်ေနာ္တို႔ လံုးဝလက္မခံပါဘူး၊
က်ေနာ္လူငယ္တစ္လံုးကို လံုးဝလက္မခံပါဘူး။ လံုးဝအျပင္းအထန္ကန္႔ကြက္ပါတယ္၊ ဒီလိုမ်ဳိးလုပ္လို႔ က်ေနာ္တို႔ ေၾကာက္ၿပီးေတာ့ ေနာက္ဆုတ္သြားမယ္လို႔ထင္တယ္ဆိုလို႔ရွိရင္ အာဏာရွင္ေတြက သူတို႔သာမွားေၾကာင္း က်ေနာ္တို႔က ထပ္ျပမွာပါ။”

၁၉၈၈ ခုႏွစ္က လူထုအုံၾကြမႈေနာက္ပုိင္း ပထမဆုံးအႀကိမ္အျဖစ္ ေတြ႔ရတဲ့ ႏုိင္ငံအႏွံ႔ ဆႏၵျပပဲြေတြမွာေတာ့ လူငယ္ေတြက အတိတ္က အေတြ႔အႀကံဳေတြအေပၚ သင္ခန္းစာယူႏုိင္ဖုိ႔လည္း ႀကိဳးစားေနၾကပါတယ္။ အထူးသျဖင့္ အာဏာပုိင္ေတြနဲ႔ ထိပ္တုိက္ရင္ဆုိင္ ပဋိပကၡျဖစ္မယ့္ အေျခအေနေတြကုိ ေရွာင္ရွားဖုိ႔ လုိတယ္လုိ႔လည္း ဆႏၵျပလူငယ္တေယာက္က ေျပာပါတယ္။

“ဟိုအရင္တုန္းကဆိုလိုရွိရင္ ဆႏၵေတြျပတဲ့အခါမွာေပါ့ေနာ္.... ဒီအသက္ေသြးေတြ ေပးၿပီးျပရတယ္ေပ့ါေနာ္။ သို႔ေသာ္လည္းပဲ အခုလိုမ်ဳိးေနာက္ပိုင္း Genaration Z ေရာက္လာတယ္။ ဒီလိုျဖစ္မယ္ဆိုရင္ေတာ့ အဲ့ဒီလိုမ်ဳိးေပါ့ေနာ္.... အသက္ေသြးေတြ ေပးသင့္တယ္။ သို႔ေသာ္ေၾကာ္လည္း အဲ့အထက္ကုိေပါ့ေနာ္.... လိမ္မာပါးနက္တဲ့ နည္းနဲ႔ ပိုသံုးသင့္တယ္ေပါ့ေနာ္။ ဥပမာ သူတို႔မွာဆိုလို႔ရွိရင္ ပထမစည္း၊ ဒုတိယစည္းဆိုၿပီးရွိတယ္ေပါ့ေနာ္။ အဲ့ဒီလိုမ်ဳိး စည္းေတြကို မေက်ာ္ဘဲနဲ႔ ဆႏၵျပမယ္ဆိုလိုရွိရင္ ညီမတို႔အေနနဲ႔ အနည္းနဲ႔အမ်ား ထိန္းႏိုင္မယ္။ ေရရွည္သြားၿပီး ပိုၿပီးလုပ္ေဆာင္ႏိုင္မယ္လို႔ ထင္တယ္။”

ဆႏၵျပလႈပ္ရွားမႈေတြကုိ ႏွိမ္နင္းမႈေတြနဲ႔ ဖမ္းဆီးအေရးယူမႈ သတင္းေတြ ထြက္ေပၚလာေနခ်ိန္မွာပဲ ႏုိင္ငံတကာ အသုိင္းအ၀န္းကလည္း စုိးရိမ္မႈေတြနဲ႔အတူ သတိေပးခ်က္ေတြလည္း ထြက္ေပၚေနပါတယ္။ ကုလသမဂၢနဲ႔ အေမရိကန္ ျပည္ေထာင္စု အပါအ၀င္ ႏုိင္ငံတကာ အသုိင္းအ၀န္းကေတာ့ ဆႏၵျပသူေတြအေပၚ အင္အားသုံးႏွိမ္နင္းတာေတြ မလုပ္ဖုိ႔ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆုိခြင့္ေတြကုိ ေလးစားလုိက္နာဖုိ႔လည္း သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

........

အကြမ်းဖက်နှိမ်နင်းပေမယ့် ဆန္ဒပြလူငယ်တွေ အလျော့ပေးမည်မဟုတ်

[Unicode Version]

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြလှုပ်ရှားမှုတွေမှာ အာဏာပိုင်တွေက အင်အားသုံး နှိမ်နင်းမှုတွေ ရှိနေပေမဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တွေကတော့ အလျှော့ပေးမှာ မဟုတ်ကြောင်း ပြောလိုက်ပါတယ်။ ဆန္ဒပြလှုပ်ရှားသူတွေ သွေးထွက်သံယို ဒဏ်ရာရတဲ့အထိ နှိမ်နင်းမှုတွေအပေါ် ဆန္ဒပြလူငယ်တွေရဲ့ တုံ့ပြန်မှုတွေကိုတော့ ဗွီအိုအေ သတင်းထောက် အဂ္ဂနွန်က တင်ပြထားပါတယ်။

အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ အရှိန်မြင့်လာနေချိန်မှာပဲ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိမ်နင်းမှုတွေလည်း တွေ့လာနေရပါတယ်။ အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ ဆိုရင်လည်း ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး ၂ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပြီး အများအပြားလည်း ထိခိုက်ဒဏ်ရာရခဲ့တာပါ။ ဒီလိုသွေးထွက်သံယို နှိမ်နင်းမှုတွေ ရှိနေပေမဲ့ အလျှော့ပေးမှာ မဟုတ်ကြောင်းလည်း ရန်ကုန်မြို့ လှည်းတန်းမှာ ဆန္ဒပြသူ ကိုဝဏ္ဏက ပြောပါတယ်။

“နေပြည်တော်မှာလည်း ကျနော်မနေ့က ကြားတယ်။ မနေ့ကကျတော့ တကယ်ရင်ထဲ မကောင်းဘူး။ အဲ့ဒီလိုဆိုရင် ဒီမှာလည်း ဖြစ်ခဲ့ရင် ကျနော်တို့ ဆက်ပြီး ဆန္ဒပြသွားမယ်။ ကျနော်တို့သေရင် သေသွားပါစေ နိုင်ငံအတွက် ကျနော်တို့က တိုက်ပွဲဝင်သွားမယ်။ ရှေ့ဆက်ပြီးတော့ ကျနော်တို့ လုပ်သွားပါမှာပဲ။”

နေပြည်တော်အပြင် မန္တလေး၊ ပဲခူးတိုင်း စတဲ့နေရာတွေမှာလည်း ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မီးသတ်ရေပိုက်တွေ၊ မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲဖို့ ကြိုးပမ်းခဲ့ရာက ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ အာဏာပိုင်တွေဘက်က ဆန္ဒပြသူတွေကို အင်အားသုံး နှိမ်နင်းတာဟာ လက်မခံနိုင်စရာ လုပ်ရပ်အဖြစ်နဲ့လည်း ရန်ကုန်မြို့က ဆန္ဒပြပွဲက လူငယ်တဦးဖြစ်တဲ့ ကိုမြင့်သူရနိုင်က ပြောပါတယ်။

“ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို ဒီလိုမျိုးလုပ်တာ ကျနော်တို့ လုံးဝလက်မခံပါဘူး၊
ကျနော်လူငယ်တစ်လုံးကို လုံးဝလက်မခံပါဘူး။ လုံးဝအပြင်းအထန်ကန့်ကွက်ပါတယ်၊ ဒီလိုမျိုးလုပ်လို့ ကျနော်တို့ ကြောက်ပြီးတော့ နောက်ဆုတ်သွားမယ်လို့ထင်တယ်ဆိုလို့ရှိရင် အာဏာရှင်တွေက သူတို့သာမှားကြောင်း ကျနော်တို့က ထပ်ပြမှာပါ။”

၁၉၈၈ ခုနှစ်က လူထုအုံကြွမှုနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တွေ့ရတဲ့ နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေမှာတော့ လူငယ်တွေက အတိတ်က အတွေ့အကြုံတွေအပေါ် သင်ခန်းစာယူနိုင်ဖို့လည်း ကြိုးစားနေကြပါတယ်။ အထူးသဖြင့် အာဏာပိုင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင် ပဋိပက္ခဖြစ်မယ့် အခြေအနေတွေကို ရှောင်ရှားဖို့ လိုတယ်လို့လည်း ဆန္ဒပြလူငယ်တယောက်က ပြောပါတယ်။

“ဟိုအရင်တုန်းကဆိုလိုရှိရင် ဆန္ဒတွေပြတဲ့အခါမှာပေါ့နော်.... ဒီအသက်သွေးတွေ ပေးပြီးပြရတယ်ပေ့ါနော်။ သို့သော်လည်းပဲ အခုလိုမျိုးနောက်ပိုင်း Genaration Z ရောက်လာတယ်။ ဒီလိုဖြစ်မယ်ဆိုရင်တော့ အဲ့ဒီလိုမျိုးပေါ့နော်.... အသက်သွေးတွေ ပေးသင့်တယ်။ သို့သော်ကြော်လည်း အဲ့အထက်ကိုပေါ့နော်.... လိမ်မာပါးနက်တဲ့ နည်းနဲ့ ပိုသုံးသင့်တယ်ပေါ့နော်။ ဥပမာ သူတို့မှာဆိုလို့ရှိရင် ပထမစည်း၊ ဒုတိယစည်းဆိုပြီးရှိတယ်ပေါ့နော်။ အဲ့ဒီလိုမျိုး စည်းတွေကို မကျော်ဘဲနဲ့ ဆန္ဒပြမယ်ဆိုလိုရှိရင် ညီမတို့အနေနဲ့ အနည်းနဲ့အများ ထိန်းနိုင်မယ်။ ရေရှည်သွားပြီး ပိုပြီးလုပ်ဆောင်နိုင်မယ်လို့ ထင်တယ်။”

ဆန္ဒပြလှုပ်ရှားမှုတွေကို နှိမ်နင်းမှုတွေနဲ့ ဖမ်းဆီးအရေးယူမှု သတင်းတွေ ထွက်ပေါ်လာနေချိန်မှာပဲ နိုင်ငံတကာ အသိုင်းအဝန်းကလည်း စိုးရိမ်မှုတွေနဲ့အတူ သတိပေးချက်တွေလည်း ထွက်ပေါ်နေပါတယ်။ ကုလသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကတော့ ဆန္ဒပြသူတွေအပေါ် အင်အားသုံးနှိမ်နင်းတာတွေ မလုပ်ဖို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို လေးစားလိုက်နာဖို့လည်း သတိပေးထားပါတယ်။

XS
SM
MD
LG