(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းမႈကို ျပင္းျပင္းထန္ထန္ ရႈတ္ခ်ေၾကာင္းနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို အျမန္ျပန္လႊတ္ေပးၿပီး အရပ္သား အစိုးရအုပ္ခ်ဳပ္မႈ ျပန္ေပးေရး အာဏာသိမ္း စစ္ေခါင္းေဆာင္ေတြကို ေတာင္းဆိုဖို႔ ကုလသမဂၢ လူ႔အခြင့္ေရးေကာင္စီ ကို အီးယူ ဥေရာပသမဂၢက ၾကာသပေတးေန႔မွာ အဆိုျပဳ မူၾကမ္းတရပ္ကို တင္သြင္းလိုက္ပါတယ္။
ဒီအဆိုျပဳ ခ်က္မူၾကမ္းကို ေသာၾကာေန႔မွာ ကုလသမဂၢလူ႔အခြင့္ေရးေကာင္စီ အထူးအစည္းေဝးမွာ အေျခအတင္ ေျပာၾကားၾကမွာ ျဖစ္ပါတယ္။
ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္တို႔ကို ဖမ္းဆီးထားတာ အတြက္ ရႈတ္ခ်လိုက္သလို ျမန္မာႏိုင္ငံမွာ ၿငိမ္းခ်မ္းစြာ ဆႏၵျပမႈေတြ အတြင္း အဖမ္းဆီး ခံေနရသူေတြ အားလံုးကို ျပန္လႊတ္ေပးဖုိ႔လည္း အဆိုျပဳခ်က္ မူၾကမ္းမွာ ေတာင္းဆိုထားပါတယ္။
ျမန္မာႏုိင္ငံက အေျခေနေတြကို ေဆြးေႏြးဖို႔ အထူးအစည္းေဝး တရပ္ေခၚယူဖုိ႔ ၿဗိတိန္နဲ႔ အီးယူက တနလၤာေန႔မွာ တရားဝင္ပန္ၾကားခဲ့တာ ျဖစ္ၿပီး ေကာင္စီဝင္ ၄၇ ႏိုင္ငံထဲက ႏိုင္ငံ ၂၀ ေက်ာ္က ေထာက္ခံခဲ့တာေၾကာင့္ လုိအပ္တဲ့ ေထာက္ခံမႈ သံုးပံု တပံု ကို ရခဲ့တာ ျဖစ္ပါတယ္။
...........
စစ်အာဏာသိမ်းမှုကို ရှုတ်ချဖို့ လူ့အခွင့်အရေးကောင်စီမှာ EU အဆိုပြု
(Unicode)
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ပြန်လွှတ်ပေးပြီး အရပ်သား အစိုးရအုပ်ချုပ်မှု ပြန်ပေးရေး အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို တောင်းဆိုဖို့ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ ကို အီးယူ ဥရောပသမဂ္ဂက ကြာသပတေးနေ့မှာ အဆိုပြု မူကြမ်းတရပ်ကို တင်သွင်းလိုက်ပါတယ်။
ဒီအဆိုပြု ချက်မူကြမ်းကို သောကြာနေ့မှာ ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီ အထူးအစည်းဝေးမှာ အခြေအတင် ပြောကြားကြမှာ ဖြစ်ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ဖမ်းဆီးထားတာ အတွက် ရှုတ်ချလိုက်သလို မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေ အတွင်း အဖမ်းဆီး ခံနေရသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့လည်း အဆိုပြုချက် မူကြမ်းမှာ တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံက အခြေနေတွေကို ဆွေးနွေးဖို့ အထူးအစည်းဝေး တရပ်ခေါ်ယူဖို့ ဗြိတိန်နဲ့ အီးယူက တနင်္လာနေ့မှာ တရားဝင်ပန်ကြားခဲ့တာ ဖြစ်ပြီး ကောင်စီဝင် ၄၇ နိုင်ငံထဲက နိုင်ငံ ၂၀ ကျော်က ထောက်ခံခဲ့တာကြောင့် လိုအပ်တဲ့ ထောက်ခံမှု သုံးပုံ တပုံ ကို ရခဲ့တာ ဖြစ်ပါတယ်။