သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ စစ္အာဏာသိမ္းမႈ အဆုံးသတ္ေရး ကန္ ပါတီႀကီးႏွစ္ရပ္ ေတာင္းဆုိ


(Zawgyi/ Unicode)

အေမရိကန္ႏိုင္ငံက ပါတီႀကီး၂ ရပ္စလံုးရဲ့ ထိပ္တန္း အထက္လႊတ္ေတာ္ အမတ္အမ်ားအျပားက ျမန္မာႏုိင္ငံမွာ စစ္တပ္အာဏာသိမ္းမႈ အဆံုးသတ္ဖို႔ ေတာင္းဆို လိုက္ၾကသလို ျမန္မာႏိုင္ငံရဲ့ အတိမ္းအေစာင္းမခံတဲ့ ဒီမိုကေရစီ အကူးအေျပာင္းကာလ တည္ၿငိမ္ေရးအတြက္္ အေရးပါတဲ့ ေျခလွမ္းေတြ စလွမ္းဖို႔ သမၼတဂ်ိဳးဘိုင္ဒန္အစိုးရအဖြဲ႔ကို ေသာၾကာေန႔မွာပဲ တိုက္တြန္းခဲ့ပါတယ္။

အထက္လႊတ္ေတာ္ ႏုိင္ငံျခားဆက္ဆံေရး ေကာ္မတီဝင္ေတြ ျဖစ္တဲ့ Indiana ျပည္နယ္ ရီပတ္ဘလစ္ကင္အထက္လႊတ္ေတာ္အမတ္ Todd Young နဲ႔ ေမရီလန္းျပည္နယ္ ဒီမိုကရက္အမတ္ Ben Cardin တို႔က ေသာၾကာေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္လိုက္ၿပီး ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းတဲ့ လုပ္ရပ္ကို ခ်က္ျခင္းရပ္ဆိုင္းဖို႔ နဲ႔ ျပည္သူေရြးေကာက္ထားတဲ့ လႊတ္ေတာ္အမတ္ေတြ အေႏွာက္အယွက္ တစံုတရာမရွိပဲ သူတုိ႔ရဲ့ တာဝန္ဝတၱရား ေတြ ျပန္ထမ္းေဆာင္ခြင့္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။

အထက္လႊတ္ေတာ္ ႏိုင္ငံျခားဆက္ဆံေရး ေကာ္မတီက ဥကၠဌ ဒီမိုကရက္တစ္ပါတီက Bob Menendez နဲ႔ ထိပ္တန္းအဖြဲ႔ဝင္ Idaho ျပည္နယ္ရီပတ္ဘလစ္ကင္အမတ္ Jim Risch ၊ အေရွ႕အာရွ ဆပ္ေကာ္မတီက Edward J. Markey နဲ႔ ဖေလာ္ရီဒါျပည္နယ္ ရီပတ္ဘလစ္ကင္အမတ္ Marco Rubio တုိ႔ကလည္း အရပ္သားအစိုးရအုပ္ခ်ဳပ္မႈကို ဆန္႔က်င္ၿပီး အာဏာသိမ္းမႈျဖစ္ပြါးေနတဲ့ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး ႏိုင္ငံရဲ့ အတိမ္းအေစာင္းမခံတဲ့ ဒီမိုကေရစီအကူးအေျပာင္းကာလအတြက္ အကူအညီေပးႏိုင္မယ့္ အေရးပါတဲ့ေျခလွမ္းေတြ စတင္ဖို႔ သမၼတဂ်ိဳးဘိုင္ဒန္ အစိုးရကို ေသာၾကာေန႔မွာပဲ တိုက္တြန္းစာ တေစာင္ ေပးပို႔ခဲ့ၾကပါတယ္။

ဒီစာထဲမွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္ အပါအဝင္ ဖမ္းဆီးထားသူအားလံုးကို ခၽြင္းခ်က္မရွိ အျမန္ျပန္လႊတ္ေပးဖုိ႔ ပါဝင္သလို ဘိုင္ဒန္ အစိုးရ အဖြဲ႔အေနနဲ႔ အေရးပါတဲ့ ေျခလွမ္းရပ္ေတြ လုပ္ေဆာင္ရာမွာ ျမန္မာ့တပ္မေတာ္ ထိပ္ပိုင္း ေခါင္းေဆာင္ေတြနဲ႔ သူတို႔နဲ႔ ဆက္ႏြယ္ေနသူေတြကို ပစ္မွတ္ထား အေရးယူမႈေတြ လုပ္ဖို႔ နဲ႔ ဥေရာပနဲ႔ အင္ဒို - ပစိဖိတ္ေဒသတြင္း မဟာမိတ္ေတြနဲ႔အတူ ျမန္မာႏိုင္ငံအတြက္ စီးပြါးေရးနဲ႔ သံတမန္ေရး အရ ဖိအားေတြ ေပးဖို႔ ပါ ေတာင္းဆိုထားပါတယ္။

ဒီစာကို ပါတီႀကီး ၂ ရပ္စလံုးက ထိပ္တန္း အထက္လႊတ္ေတာ္အမတ္ အမ်ားအျပားက ေသာၾကာေန႔မွာ လက္မွတ္ေရးထိုးၿပီး သမၼတဘိုင္ဒန္ဆီကို ေပးပို႔ခဲ့ သလို ျမန္မာႏိုင္ငံ့အတြက္ ႏိုင္ငံတကာဖိအားေပးဖို႔ လိုအပ္ေနတဲ့ အေၾကာင္းလည္း ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ဆီကိုပါ စာေပးပို႔ ေျပာၾကားခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာ စစ်အာဏာသိမ်းမှု အဆုံးသတ်ရေး ကန် ပါတီကြီးနှစ်ရပ် တောင်းဆို

အမေရိကန်နိုင်ငံက ပါတီကြီး၂ ရပ်စလုံးရဲ့ ထိပ်တန်း အထက်လွှတ်တော် အမတ်အများအပြားက မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု အဆုံးသတ်ဖို့ တောင်းဆို လိုက်ကြသလို မြန်မာနိုင်ငံရဲ့ အတိမ်းအစောင်းမခံတဲ့ ဒီမိုကရေစီအကူးအပြောင်းကာလ တည်ငြိမ်ရေးအတွက် အရေးပါတဲ့ ခြေလှမ်းတွေ စလှမ်းဖို့ သမ္မတဂျိုးဘိုင်ဒန်အစိုးရအဖွဲ့ကို သောကြာနေ့မှာပဲ တိုက်တွန်းခဲ့ပါတယ်။

အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီဝင်တွေ ဖြစ်တဲ့ Indiana ပြည်နယ် ရီပတ်ဘလစ်ကင်အထက်လွှတ်တော်အမတ် Todd Young နဲ့ မေရီလန်းပြည်နယ် ဒီမိုကရက်အမတ် Ben Cardin တို့က သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပြီး မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ လုပ်ရပ်ကို ချက်ခြင်းရပ်ဆိုင်းဖို့ နဲ့ ပြည်သူရွေးကောက်ထားတဲ့ လွှတ်တော်အမတ်တွေ အနှောက်အယှက် တစုံတရာမရှိပဲ သူတို့ရဲ့ တာဝန်ဝတ္တရား တွေ ပြန်ထမ်းဆောင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီက ဥက္ကဌ ဒီမိုကရက်တစ်ပါတီက Bob Menendez နဲ့ ထိပ်တန်းအဖွဲ့ဝင် Idaho ပြည်နယ်ရီပတ်ဘလစ်ကင်အမတ် Jim Risch ၊ အရှေ့အာရှ ဆပ်ကော်မတီက Edward J. Markey နဲ့ ဖလော်ရီဒါပြည်နယ် ရီပတ်ဘလစ်ကင်အမတ် Marco Rubio တို့ကလည်း အရပ်သားအစိုးရအုပ်ချုပ်မှုကို ဆန့်ကျင်ပြီး အာဏာသိမ်းမှုဖြစ်ပွါးနေတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံရဲ့ အတိမ်းအစောင်းမခံတဲ့ ဒီမိုကရေစီအကူးအပြောင်းကာလအတွက် အကူအညီပေးနိုင်မယ့် အရေးပါတဲ့ခြေလှမ်းတွေ စတင်ဖို့ သမ္မတဂျိုးဘိုင်ဒန် အစိုးရကို သောကြာနေ့မှာပဲ တိုက်တွန်းစာ တစောင် ပေးပို့ခဲ့ကြပါတယ်။

ဒီစာထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးထားသူအားလုံးကို ချွင်းချက်မရှိ အမြန်ပြန်လွှတ်ပေးဖို့ ပါဝင်သလို ဘိုင်ဒန် အစိုးရ အဖွဲ့အနေနဲ့ အရေးပါတဲ့ ခြေလှမ်းရပ်တွေ လုပ်ဆောင်ရာမှာ မြန်မာ့တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ သူတို့နဲ့ ဆက်နွယ်နေသူတွေကို ပစ်မှတ်ထား အရေးယူမှုတွေ လုပ်ဖို့ နဲ့ ဥရောပနဲ့ အင်ဒို - ပစိဖိတ်ဒေသတွင်း မဟာမိတ်တွေနဲ့အတူ မြန်မာနိုင်ငံအတွက် စီးပွါးရေးနဲ့ သံတမန်ရေး အရ ဖိအားတွေ ပေးဖို့ ပါ တောင်းဆိုထားပါတယ်။

ဒီစာကို ပါတီကြီး ၂ ရပ်စလုံးက ထိပ်တန်း အထက်လွှတ်တော်အမတ် အများအပြားက သောကြာနေ့မှာ လက်မှတ်ရေးထိုးပြီး သမ္မတဘိုင်ဒန်ဆီကို ပေးပို့ခဲ့ သလို မြန်မာနိုင်ငံ့အတွက် နိုင်ငံတကာဖိအားပေးဖို့ လိုအပ်နေတဲ့ အကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဆီကိုပါ စာပေးပို့ ပြောကြားခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG