သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"မြန်မာအခြေအနေ ပုံမှန်ပြန်ရောက်ဖို့ ဆက်သွယ်ပြောဆိုနေ" - ကုလ တရုတ်သံအမတ်


ကုလသမဂ္ဂဆိုင်ရာ ဂျီနီဗာအခြေစိုက် တရုတ်သံမတ်ကြီး Chen Xu။
ကုလသမဂ္ဂဆိုင်ရာ ဂျီနီဗာအခြေစိုက် တရုတ်သံမတ်ကြီး Chen Xu။

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာက ပြည်တွင်းရေးသာဖြစ်တယ်လို့ တရုတ်နိုင်ငံကပြောပြီး မြန်မာနိုင်ငံတွင်းမှာ အခြေအနေတွေ အေးဆေးပြီးတော့ ပုံမှန်အနေအထားပြန်ရောက်ဖို့ သက်ဆိုင်သူတွေအားလုံးနဲ့ ဆက်သွယ် ပြောဆိုနေတယ်လို့ဆိုပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ဂျီနီဗာအခြေစိုက် တရုတ်သံမတ်ကြီး Chen Xu က ဒီနေ့ကျင်းပတဲ့ လူအခွင့်အရေးကောင်စီ အထူးအစည်းအဝေးပွဲမှာ မြန်မာနိုင်ငံထဲဖြစ်ပျက်နေတာတွေက မြန်မာနိုင်ငံ ပြည်တွင်းရေးသက်သက်သာဖြစ်တယ်လို့ ပြောခဲ့တာပါ။

ဒီလူ့အခွင့်ရေးကောင်စီ အထူးအစည်းအဝေးကို မြန်မာ့ဒီမိုကရေစီအရေး အလေးထားတဲ့ ဗြိတိန်နဲ့ ဥရောပသမဂ္ဂတို့က ဦးဆောင်ပြီး မြန်မာနိုင်ငံထဲ အာဏာသိမ်းမှု ဖြစ်လာအပြီး အမြန်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာပဲ တရုတ်သံအမတ်ကြီး Chen က တရုတ်အနေနဲ့ မြန်မာနိုင်ငံထဲမှာ အဓိက ပါဝင်ပတ်သက်နေသူတွေအားလုံးနဲ့ အဆက်အသွယ်တွေ၊ ဆက်ဆံရေးလမ်းကြောင်းတွေ ရှိထားပြီးဖြစ်တယ်လို့ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဘယ်သူတွေနဲ့ ဘယ်လိုဆက်သွယ်ပြောဆိုနေတာကိုတော့ အသေးစိတ်ဆက်မရှင်းပြခဲ့ပါဘူး။

အမေရိကန်သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ Xi Jinping ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ တရုတ်နိုင်ငံခြားရေးအကြီးအကဲ Yan Jiechi တို့ဖုန်းနဲ့ ဆွေးနွေးခဲ့တုန်းကလည်း ဒီအာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဝေဖန်ဖို့ တိုက်တွန်းခဲ့ပေမဲ့ တရုတ်ဘက်ကတော့ အလားတူအတိုင်းပဲ မြန်မာနိုင်ငံထဲ ကွဲပြားမှုတွေကို သက်ဆိုင်သူတွေဖြေရှင်းကြမယ်လို့သာပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG