သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္အာဏာသိမ္းမႈကို G-7 ႏိုင္ငံေတြ တညီတၫြတ္ထဲ ကန္႔ကြက္


G-7 ထိပ္သီး အစည္းအေဝးမွာ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson ေျပာ

(Zawgyi/Unicode)

G-7 နိုင္ငံေတြအေနနဲ႔ ျမန္မာနိုင္ငံက စစ္အာဏာသိမ္းမႈကိစၥကို ဆန္႔က်င္တဲ့အျမင္အေပၚမွာ တစ္သေဘာထားတည္း ရွိၾကတယ္လို႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson က ေသာၾကာေန႔က ေျပာပါတယ္။

"ကမၻာ့အေရးကိစၥေတြ ေတာ္ေတာ္မ်ားမ်ားအေပၚမွာ ကၽြန္ေတာ္တို႔ရဲ့ ရပ္တည္ခ်က္တူၾကပါတယ္။ ျမန္မာနိုင္ငံက အာဏာသိမ္းတဲ့ကိစၥ ပဲျဖစ္ျဖစ္၊ ႐ုရွားနိုင္ငံ ေမာ္စကိုၿမိဳ႕မွာ ႐ုရွား အတိုက္အခံ ေခါင္းေဆာင္ Alexei Navalny ကို ဖမ္းဆီး ထိန္းသိမ္းထားတဲ့အေပၚမွာပဲ ျဖစ္ျဖစ္ ကၽြန္ေတာ္တို႔ တစ္သေဘာတည္း ရွိပါတယ္" လို႔ G-7 ထိပ္သီး အစည္းအေဝးမွာ ၿဗိတိန္ ဝန္ႀကီးခ်ဳပ္ Boris Johnson က ေျပာ ပါတယ္။

ျမန္မာနိုင္ငံကိစၥမွာ G-7 အဖြဲ႕ဝင္ နိုင္ငံျခားေရးဝန္ႀကီးေတြက တင္းမာတဲ့သေဘာထားကို ေဖာ္ျပထားတဲ့ ေၾကညာခ်က္ တစ္ေစာင္ ထုတ္ျပန္ထားတယ္လို႔လည္း သူက ေျပာပါတယ္။

ကမၻာ့ အင္အားႀကီး ၇ နိုင္ငံရဲ့ G-7 ထိပ္သီးအစည္းအေဝးကို ၿဗိတိန္နိုင္ငံက အိမ္ရွင္အျဖစ္နဲ႔ ႐ုပ္သံ ဗီဒီယိုကတဆင့္ က်င္းပေနတာပါ။

လစ္ဘရယ္ ဒီမိုကေရစီ နိုင္ငံအုပ္စုျဖစ္တဲ့ G-7 အဖြဲ႕အေနနဲ႔ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရး ကိစၥေတြနဲ႔အတူ COVID 19 ကပ္ေရာဂါ လြန္ ကာလ ျပန္လည္ ထူေထာင္ေရးနဲ႔ ဥတုရာသီ ေျပာင္းလဲမႈကိစၥေတြကို အေလးထား လုပ္ေဆာင္သင့္တယ္လို႔လည္း ၿဗိတိန္ ဝန္ႀကီးခ်ဳပ္ Boris Johnson က ေျပာပါတယ္။

G-7 အုပ္စုမွာ အေမရိကန္၊ ကေနဒါ၊ ၿဗိတိန္၊ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီနဲ႔ ဂ်ပန္နိုင္ငံေတြ ပါဝင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္



...........

မြန်မာစစ်အာဏာသိမ်းမှုကို G-7 နိုင်ငံတွေ တညီတညွတ်ထဲ ကန့်ကွက်
(Unicode)

G-7 နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကိစ္စကို ဆန့်ကျင်တဲ့အမြင်အပေါ်မှာ တစ်သဘောထားတည်း ရှိကြတယ်လို့ ဗြိတိန်ဝန်ကြီး ချုပ် Boris Johnson က သောကြာနေ့က ပြောပါတယ်။

"ကမ္ဘာ့အရေးကိစ္စတွေ တော်တော်များများအပေါ်မှာ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်တူကြပါတယ်။ မြန်မာနိုင်ငံက အာဏာသိမ်းတဲ့ကိစ္စ ပဲဖြစ်ဖြစ်၊ ရုရှားနိုင်ငံ မော်စကိုမြို့မှာ ရုရှား အတိုက်အခံ ခေါင်းဆောင် Alexei Navalny ကို ဖမ်းဆီး ထိန်းသိမ်းထားတဲ့အပေါ်မှာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ တစ်သဘောတည်း ရှိပါတယ်" လို့ G-7 ထိပ်သီး အစည်းအဝေးမှာ ဗြိတိန် ဝန်ကြီးချုပ် Boris Johnson က ပြော ပါတယ်။

မြန်မာနိုင်ငံကိစ္စမှာ G-7 အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေက တင်းမာတဲ့သဘောထားကို ဖော်ပြထားတဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန်ထားတယ်လို့လည်း သူက ပြောပါတယ်။

ကမ္ဘာ့ အင်အားကြီး ၇ နိုင်ငံရဲ့ G-7 ထိပ်သီးအစည်းအဝေးကို ဗြိတိန်နိုင်ငံက အိမ်ရှင်အဖြစ်နဲ့ ရုပ်သံ ဗီဒီယိုကတဆင့် ကျင်းပနေတာပါ။

လစ်ဘရယ် ဒီမိုကရေစီ နိုင်ငံအုပ်စုဖြစ်တဲ့ G-7 အဖွဲ့အနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကိစ္စတွေနဲ့အတူ COVID 19 ကပ်ရောဂါ လွန် ကာလ ပြန်လည် ထူထောင်ရေးနဲ့ ဥတုရာသီ ပြောင်းလဲမှုကိစ္စတွေကို အလေးထား လုပ်ဆောင်သင့်တယ်လို့လည်း ဗြိတိန် ဝန်ကြီးချုပ် Boris Johnson က ပြောပါတယ်။

G-7 အုပ်စုမှာ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ဂျပန်နိုင်ငံတွေ ပါဝင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG