သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံတြက္ ေလာင္စာဆီတင္သြင္းမႈ ရပ္ဆိုင္း


ရန္ကုန္ၿမိဳ႕က စစ္အာဏာဖီဆန္ ဆႏၵျပျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၈၊ ၂၀၂၁)

{{Zawgyi/Unicode}}

ေဖေဖာ္ဝါရီလ ၁ ရက္ စစ္တပ္အာဏာသိမ္းမႈကို ဆန္႔က်င္ကန္႔ကြက္ေနၾကတာေၾကာင့္ ကုန္သြယ္ေရးမွာ မရွိမျဖစ္တဲ့ ဘဏ္ေတြ၊ အစိုးရဌာနေတြပိတ္ကုန္ၾကတဲ့အတြက္ ျပည္တြင္းသံုးဖို႔ ေလာင္စာဆီတင္သြင္းမႈ ရပ္ဆိုင္းသြားပါတယ္။

ျမန္မာ့က်ပ္ေငြတန္ဖိုးက်ဆင္းသြားၿပီး ကုန္က်စရိတ္ေတြ အရမ္းျမင့္တက္လာခ်ိန္မွာ အခုလို ေလာင္စာသြင္းကုန္လည္းရပ္သြားေၾကာင္း ေလာင္စာဆီေစ်းကြက္နဲ႔ ဆက္စပ္တဲ့ သတင္းရင္းျမစ္ ေလးေယာက္က ႐ိုက္တာသတင္းဌာနကို ေျပာပါတယ္။

ျမန္မာႏုိင္ငံမွာ ၂၀၀၇ ခုႏွစ္ ေရႊဝါေရာင္ေတာ္လွန္ေရးၿပီးကတည္းက ျပန္ေတြ႔ရတဲ့ အႀကီးဆံုးဆႏၵျပပြဲ ေတြမွာ လမ္းေတြေပၚ လူေတြနဲ႔ျပည့္ေနၿပီး ဒီမိုကေရစီနည္းက် ေရြးေကာက္ထားတဲ့အစိုးရကို ျဖဳတ္ခ်ၿပီး စစ္အာဏာသိမ္းယူတာကို ကန္႔ကြက္ေနၾကပါတယ္။

ျမန္မာႏုိင္ငံထဲက ေရနံခ်က္စက္႐ံုေတြဟာ သိပ္ၿပီး ေသးငယ္လြန္းတာေၾကာင့္ ျပည္တြင္းမွာ လံု ေလာက္ေအာင္ မထုတ္ေပးႏုိင္တဲ့အတြက္ ျပည္ပကေနတင္သြင္းတဲ့ ဓာတ္ဆီနဲ႔ဒီဇယ္ဆီကို အဓိကမွီခိုေနရၿပီး ေလာင္စာဆီစုစုေပါင္းရဲ႕ ၉၈% တင္သြင္း ေနရတာျဖစ္တယ္လို႔ သတင္းရင္းျမစ္တခုက ဆိုပါတယ္။

ျမန္မာႏုိင္ငံရဲ႕ စီးပြါးေရးအကုန္နီးပါး ရပ္ဆုိင္းေနေၾကာင္းနဲ႔ အစိုးရဝန္ႀကီးဌာန အားလံုးနီးပါးလည္း ပိတ္ထားရေၾကာင္း အဲဒီသတင္းရင္းျမစ္ကပဲေျပာပါတယ္။

ေလာင္စာဆီနည္းပါးလာေနၿပီး ၂ လအတြင္း ေလာင္စာဆီျပတ္သြားႏိုင္ေၾကာင္းလည္းေျပာပါတယ္။ ႐ိုက္တာသတင္းဌာနက ျမန္မာအစိုးရအာဏာပိုင္ေတြဆီကို ေမးျမန္းခဲ့ေပမယ့္ ဘာမွ မွတ္ခ်က္မေပးခဲ့ပါဘူး။ သတင္းရင္းျမစ္ ၄ ေယာက္စလံုးကလည္း ေလာင္စာဆီကိစၥဟာ အကဲဆတ္တဲ့ကိစၥျဖစ္လို႔ နာမည္ထုတ္ေျပာဖို႔ ျငင္းဆိုၾကပါတယ္။

CDM အၾကမ္းမဖက္ အာဏာဖီဆန္ေရး လူထုလႈပ္ရွားမႈဟာ စစ္အာဏာသိမ္းမႈဆန္႔က်င္ေရးေတြရဲ႕ အစိတ္အပိုင္းတခုျဖစ္ၿပီး အစိုးရလုပ္ငန္းေတြ၊ စီးပြါးေရးနဲ႔ဘဏ္လုပ္ငန္းေတြမွာ အလုပ္လုပ္ေနသူေတြကိုလည္း ဒီလုပ္ငန္းေတြရပ္သြားေအာင္ အလုပ္မဆင္းၾကဖို႔ ေတာင္းဆို တုိက္တြန္းေနၾကပါတယ္။

“ျပႆနာက လူထုလႈပ္ရွားမႈဟာ လူေတြကို အလုပ္မသြားၾကဖို႔ေတာင္းဆိုေနၾကတာပါပဲ။ ဒီေတာ့ ဘဏ္ေတြပိတ္ကုန္ၿပီး စီးပြါးေရးလုပ္ငန္းေတြကို ကိုင္တြယ္ေဆာင္ရြက္ဖို႔ ဘယ္သူမွမရွိၾကေတာ့ဘူး” လို႔လည္း တျခားသတင္းရင္းျမစ္တခုက ေျပာပါတယ္။

သြင္းကုန္ခြန္နဲ႔ ခြင့္ျပဳခ်က္ေတြလုပ္ေပးရတဲ့ အေကာက္ခြန္နဲ႔ ကုန္သြယ္ေရး႐ံုးေတြအျပည့္အဝ လုပ္ငန္းလည္ပတ္မႈမရွိေတာ့တာေၾကာင့္ ဘဏ္ေတြက ေငြေပးေခ်တဲ့လုပ္ငန္းစဥ္ေတြ ရပ္သြားေၾကာင္း ပထမသတင္းရင္းျမစ္ ေျပာပါတယ္။

ဂ်ပန္ မီဇူဟိုဘဏ္ရဲ႕ေျပာခြင့္ရအမ်ဴိးသမီးကေတာ့ ျမန္မာျပည္တြင္းက သူတို႔ဘဏ္ခြဲေတြမွာ ဘဏ္ပိတ္လိုက္ရတာတို႔ လုပ္ငန္းစဥ္ေတြရပ္ကုန္တာတို႔မရွိေၾကာင္း၊ ဒါေပမယ့္ ဘယ္ဌာနေတြက ဆက္လည္ပတ္ေနလဲဆုိတာေတာ့ သဲသဲကြဲကြဲမရွိဘူးလို႔ ေျပာထားပါတယ္။

......................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်နေကြတာကြောင့် ကုန်သွယ်ရေးမှာ မရှိမဖြစ်တဲ့ ဘဏ်တွေ၊ အစိုးရဌာနတွေပိတ်ကုန်ကြတဲ့အတွက် ပြည်တွင်းသုံးဖို့ လောင်စာဆီတင်သွင်းမှု ရပ်ဆိုင်းသွားပါတယ်။

မြန်မာ့ကျပ်ငွေတန်ဖိုးကျဆင်းသွားပြီး ကုန်ကျစရိတ်တွေ အရမ်းမြင့်တက်လာချိန်မှာ အခုလို လောင်စာသွင်းကုန်လည်းရပ်သွားကြောင်း လောင်စာဆီဈေးကွက်နဲ့ ဆက်စပ်တဲ့ သတင်းရင်းမြစ် လေးယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးပြီးကတည်းက ပြန်တွေ့ရတဲ့ အကြီးဆုံးဆန္ဒပြပွဲ တွေမှာ လမ်းတွေပေါ် လူတွေနဲ့ပြည့်နေပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့အစိုးရကို ဖြုတ်ချပြီး စစ်အာဏာသိမ်းယူတာကို ကန့်ကွက်နေကြပါတယ်။

မြန်မာနိုင်ငံထဲက ရေနံချက်စက်ရုံတွေဟာ သိပ်ပြီး သေးငယ်လွန်းတာကြောင့် ပြည်တွင်းမှာ လုံ လောက်အောင် မထုတ်ပေးနိုင်တဲ့အတွက် ပြည်ပကနေတင်သွင်းတဲ့ ဓာတ်ဆီနဲ့ဒီဇယ်ဆီကို အဓိကမှီခိုနေရပြီး လောင်စာဆီစုစုပေါင်းရဲ့ ၉၈% တင်သွင်း နေရတာဖြစ်တယ်လို့ သတင်းရင်းမြစ်တခုက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွါးရေးအကုန်နီးပါး ရပ်ဆိုင်းနေကြောင်းနဲ့ အစိုးရဝန်ကြီးဌာန အားလုံးနီးပါးလည်း ပိတ်ထားရကြောင်း အဲဒီသတင်းရင်းမြစ်ကပဲပြောပါတယ်။

လောင်စာဆီနည်းပါးလာနေပြီး ၂ လအတွင်း လောင်စာဆီပြတ်သွားနိုင်ကြောင်းလည်းပြောပါတယ်။ ရိုက်တာသတင်းဌာနက မြန်မာအစိုးရအာဏာပိုင်တွေဆီကို မေးမြန်းခဲ့ပေမယ့် ဘာမှ မှတ်ချက်မပေးခဲ့ပါဘူး။ သတင်းရင်းမြစ် ၄ ယောက်စလုံးကလည်း လောင်စာဆီကိစ္စဟာ အကဲဆတ်တဲ့ကိစ္စဖြစ်လို့ နာမည်ထုတ်ပြောဖို့ ငြင်းဆိုကြပါတယ်။

CDM အကြမ်းမဖက် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုဟာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးတွေရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး အစိုးရလုပ်ငန်းတွေ၊ စီးပွါးရေးနဲ့ဘဏ်လုပ်ငန်းတွေမှာ အလုပ်လုပ်နေသူတွေကိုလည်း ဒီလုပ်ငန်းတွေရပ်သွားအောင် အလုပ်မဆင်းကြဖို့ တောင်းဆို တိုက်တွန်းနေကြပါတယ်။

“ပြဿနာက လူထုလှုပ်ရှားမှုဟာ လူတွေကို အလုပ်မသွားကြဖို့တောင်းဆိုနေကြတာပါပဲ။ ဒီတော့ ဘဏ်တွေပိတ်ကုန်ပြီး စီးပွါးရေးလုပ်ငန်းတွေကို ကိုင်တွယ်ဆောင်ရွက်ဖို့ ဘယ်သူမှမရှိကြတော့ဘူး” လို့လည်း တခြားသတင်းရင်းမြစ်တခုက ပြောပါတယ်။

သွင်းကုန်ခွန်နဲ့ ခွင့်ပြုချက်တွေလုပ်ပေးရတဲ့ အကောက်ခွန်နဲ့ ကုန်သွယ်ရေးရုံးတွေအပြည့်အဝ လုပ်ငန်းလည်ပတ်မှုမရှိတော့တာကြောင့် ဘဏ်တွေက ငွေပေးချေတဲ့လုပ်ငန်းစဉ်တွေ ရပ်သွားကြောင်း ပထမသတင်းရင်းမြစ် ပြောပါတယ်။

ဂျပန် မီဇူဟိုဘဏ်ရဲ့ပြောခွင့်ရအမျိူးသမီးကတော့ မြန်မာပြည်တွင်းက သူတို့ဘဏ်ခွဲတွေမှာ ဘဏ်ပိတ်လိုက်ရတာတို့ လုပ်ငန်းစဉ်တွေရပ်ကုန်တာတို့မရှိကြောင်း၊ ဒါပေမယ့် ဘယ်ဌာနတွေက ဆက်လည်ပတ်နေလဲဆိုတာတော့ သဲသဲကွဲကွဲမရှိဘူးလို့ ပြောထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG