{{Zawgyi/Unicode}}
ျမန္မာႏုိင္ငံမွာ ဒီမိုကေရစီနည္းက် ေရြးေကာက္ထားတဲ့အစိုးရကို ျဖဳတ္ခ်ၿပီး စစ္တပ္ကအာဏာသိမ္းလိုက္တဲ့ ေဖေဖၚဝါရီလ ၁ ရက္ေန႔ကစလို႔ ျပည္တြင္းျပည္ပ တက္ႂကြလႈပ္ရွားသူေတြဟာ စစ္ဗိုလ္ခ်ဳပ္ေတြနဲ႔ ပတ္သက္ဆက္စပ္ေနတဲ့ လုပ္ငန္းေတြအားလံုးကို ရပ္ဆုိင္းဖို႔ ႏုိင္ငံျခား စီးပြါးေရး လုပ္ငန္းႀကီးေတြကိုေတာင္းဆိုေနၾကပါတယ္။
အခုအခါမွာ စစ္တပ္လက္ထဲ ျပန္ေရာက္သြားၿပီး ပြင့္လင္းျမင္သာမႈမရွိတဲ့ ျမန္မာအစိုးရပိုင္လုပ္ငန္းႀကီးေတြကို အဓိကပစ္မွတ္ထားၿပီး Justice for Myanmar အဖြဲ႔က ေနာက္ထပ္ ဖိအားေပးသြားဖို႔ ရွိ ေနပါတယ္။ အက်ဳိးအျမတ္မ်ားလွတဲ့ ေရနံနဲ႔ သဘာဝဓာတ္ေငြ႔လုပ္ငန္းေတြမွာ ရင္းႏွီးျမွဳပ္ႏွံထားၾကတဲ့ Chevron and Total ကုမၸဏီႀကီးေတြအပါအဝင္ ႏုိင္ငံတကာလုပ္ငန္းေတြအေနနဲ႔ ျမန္မာအစိုးရပိုင္ ေရနဲ႔နဲ႔သဘာဝဓာတ္ေငြ႔လုပ္ငန္းနဲ႔ ဖက္စပ္ေဆာင္ရြက္ေနတာကို ရပ္ဆုိင္းဖို႔ ဒီအဖြဲ႔က ေတာင္းဆိုေနတာျဖစ္ပါတယ္။
“ျပည္ပလုပ္ငန္းရွင္ေတြဟာ ျမန္မာျပည္တြင္းက ေလာင္စာလုပ္ငန္းေတြဆက္ၿပီး လည္ပတ္ေနၾကမယ္ဆိုရင္ ဒါဟာ ၂၀၁၁ မတိုင္ခင္ကအထိ သူတို႔လုပ္ခဲ့ၾကသလိုပဲ တႏုိင္ငံလံုး စစ္အုပ္ခ်ဳပ္ေရးေအာက္မွာ ရွိေနတဲ့အခ်ိန္ တရားမဝင္တဲ့၊ လူမဆန္တဲ့စစ္အစိုးရကို ေထာက္ပံ့ေပးရာက်ေနပါလိမ့္မယ္" လို႔ Justice for Myanmar အဖြဲ႔ရဲ႕ ၿပီးခဲ့တဲ့သီတင္းပတ္က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
ျပင္သစ္ႏုိင္ငံက တိုတယ္လ္နဲ႔ အေမရိကန္အေျခစိုက္ ရွက္ဗရြန္ ေရနဲ႔သဘာဝဓာတ္ေငြ႔ကုမၸဏီႀကီးေတြဟာ ျမန္မာႏိုင္ငံက ရတနာလုိ႔ေခၚတဲ့ အႀကီးဆံုး ကမ္းလြန္သဘာဝဓာတ္ေငြ႔လုပ္ကြက္ႀကီး ၄ ခုမွာ ရွယ္ယာအမ်ားအျပားပိုင္ဆိုင္ၾကပါတယ္။ တိုတယ္လ္ကုမၸဏီက ၃၁% နဲ႔ ရွက္ဗ္ရြန္က ၂၈ % ပိုင္ပါတယ္။ ျမန္မာ့ ေရနံနဲ႔သဘာဝဓာတ္ေငြ႔ဌာန MOGE ကလည္း ဒီအထဲမွာပါဝင္ၿပီး ေရနံလုပ္ငန္းတခုလံုးကို ထိန္းခ်ဳပ္ထားတာျဖစ္ပါတယ္။
ေတာင္ကိုရီးယားက POSCO ကုမၸဏီ၊ မေလးရွားက Petronas နဲ႔ ထိုင္းႏုိင္ငံက PTTEP ေရနံကုမၸဏီေတြဟာလည္း MOGE နဲ႔ ဖက္စပ္လုပ္ကိုင္ေနၾကတာျဖစ္ပါတယ္။
.................................
{{Unicode}}
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့အစိုးရကို ဖြုတ်ချပြီး စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကစလို့ ပြည်တွင်းပြည်ပ တက်ကြွလှုပ်ရှားသူတွေဟာ စစ်ဗိုလ်ချုပ်တွေနဲ့ ပတ်သက်ဆက်စပ်နေတဲ့ လုပ်ငန်းတွေအားလုံးကို ရပ်ဆိုင်းဖို့ နိုင်ငံခြား စီးပွါးရေး လုပ်ငန်းကြီးတွေကိုတောင်းဆိုနေကြပါတယ်။
အခုအခါမှာ စစ်တပ်လက်ထဲ ပြန်ရောက်သွားပြီး ပွင့်လင်းမြင်သာမှုမရှိတဲ့ မြန်မာအစိုးရပိုင်လုပ်ငန်းကြီးတွေကို အဓိကပစ်မှတ်ထားပြီး Justice for Myanmar အဖွဲ့က နောက်ထပ် ဖိအားပေးသွားဖို့ ရှိ နေပါတယ်။ အကျိုးအမြတ်များလှတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားကြတဲ့ Chevron and Total ကုမ္ပဏီကြီးတွေအပါအဝင် နိုင်ငံတကာလုပ်ငန်းတွေအနေနဲ့ မြန်မာအစိုးရပိုင် ရေနဲ့နဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ ဖက်စပ်ဆောင်ရွက်နေတာကို ရပ်ဆိုင်းဖို့ ဒီအဖွဲ့က တောင်းဆိုနေတာဖြစ်ပါတယ်။
“ပြည်ပလုပ်ငန်းရှင်တွေဟာ မြန်မာပြည်တွင်းက လောင်စာလုပ်ငန်းတွေဆက်ပြီး လည်ပတ်နေကြမယ်ဆိုရင် ဒါဟာ ၂၀၁၁ မတိုင်ခင်ကအထိ သူတို့လုပ်ခဲ့ကြသလိုပဲ တနိုင်ငံလုံး စစ်အုပ်ချုပ်ရေးအောက်မှာ ရှိနေတဲ့အချိန် တရားမဝင်တဲ့၊ လူမဆန်တဲ့စစ်အစိုးရကို ထောက်ပံ့ပေးရာကျနေပါလိမ့်မယ်" လို့ Justice for Myanmar အဖွဲ့ရဲ့ ပြီးခဲ့တဲ့သီတင်းပတ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပြင်သစ်နိုင်ငံက တိုတယ်လ်နဲ့ အမေရိကန်အခြေစိုက် ရှက်ဗရွန် ရေနဲ့သဘာဝဓာတ်ငွေ့ကုမ္ပဏီကြီးတွေဟာ မြန်မာနိုင်ငံက ရတနာလို့ခေါ်တဲ့ အကြီးဆုံး ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ကွက်ကြီး ၄ ခုမှာ ရှယ်ယာအများအပြားပိုင်ဆိုင်ကြပါတယ်။ တိုတယ်လ်ကုမ္ပဏီက ၃၁% နဲ့ ရှက်ဗ်ရွန်က ၂၈ % ပိုင်ပါတယ်။ မြန်မာ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ဌာန MOGE ကလည်း ဒီအထဲမှာပါဝင်ပြီး ရေနံလုပ်ငန်းတခုလုံးကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။
တောင်ကိုရီးယားက POSCO ကုမ္ပဏီ၊ မလေးရှားက Petronas နဲ့ ထိုင်းနိုင်ငံက PTTEP ရေနံကုမ္ပဏီတွေဟာလည်း MOGE နဲ့ ဖက်စပ်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။