သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈဆန္႔က်င္တဲ့ ၁၄ ရက္ေျမာက္ ရန္ကုန္ဆႏၵျပပြဲ လူမ်ဳိး ဘာသာေပါင္းစံုပါဝင္


ေျမနီကုန္းလမ္းဆုံဆႏၵျပျမင္ကြင္း

{{Zawgyi/Unicode}}

လုံၿခံဳေရးေတြ တင္းတင္းက်ပ္က်ပ္ ခ်ထားတဲ့ၾကားမွာပဲ စစ္တပ္က အာဏာသိမ္းတာကုိ ဆန္႔က်င္တဲ့ လမ္းေပၚထြက္ ဆႏၵျပပဲြေတြ ဒီကေန႔ဆုိရင္ ရက္သတၱပတ္ ၂ပတ္ရွိသြားပါၿပီ။ ဆႏၵျပပဲြေတြ အဓိကေတြ႔ရတဲ့ ရန္ကုန္ၿမိဳ႕မွာေတာ့ လူမ်ဳိးေပါင္းစုံ၊ ဘာသာေပါင္းစုံ နယ္ပယ္စုံက ပုံစံမ်ဳိးစုံနဲ႔ ပါ၀င္လႈပ္ရွားေနၾကတာပါ။ ရန္ကုန္ၿမိဳ႕က ဆႏၵျပပဲြေတြ ေနာက္ဆုံးအေျခအေနကုိေတာ့ ကုိယ္တုိင္သြားေရာက္ သတင္းယူထားတဲ့ ဗြီအုိေအျမန္မာပုိင္းသတင္းေထာက္ မစုစုက ေျပာျပေပးပါမယ္။

(သီခ်င္းေၾကြးေၾကာ္သံ) "အေရးႀကီးၿပီ ညီေနာင္အေပါင္းတုိ႔ ... ေသြးစည္းကာ ညီေစညီၾကစုိ႔ ... ငါတို႔ရဲ႕ သမုိင္းတေခတ္ကုိ ငါတို႔ေသြးနဲ႔ေရးခဲ့သည္ ... ေသြးသစၥာလည္းျပဳခဲ့ၿပီ ..."

ေဖေဖာ္ဝါရီလ ၁ရက္ေန႔ကစၿပီး အရပ္သားအစုိးရေခါင္းေဆာင္ေတြကုိ ဖမ္းဆီးထိန္းသိမ္းၿပီး စစ္တပ္က အာဏာသိမ္းလုိက္တာကို ဆန္႔က်င္ကန္႔ကြက္တဲ့ လမ္းေပၚထြက္ဆႏၵျပတာေတြဟာ ၁၄ရက္ရွိလာပါၿပီ။ ဒီဆန္႔က်င္ေရးမွာ ေက်ာင္းသားလူငယ္ေတြ၊ အလုပ္သမားနဲ႔ အစုိးရဝန္ထမ္းေတြ၊ ထင္ေပၚေၾကာ္ၾကားသူေတြနဲ႔ ဘာသာေပါင္းစံု တို္င္းရင္းသားလူမ်ိုးစုေတြလည္း ပူးေပါင္း ပါဝင္ေနၾကတာပါ။

သီတင္း ၂ ပတ္ၾကာ ဆႏၵျပပဲြေတြ ေပၚေပါက္ေနခ်ိန္မွာပဲ လုံၿခံဳေရးတပ္ဖဲြ႔ေတြကုိလည္း အာဏာပုိင္ေတြက တုိးျမွင့္ထားပါတယ္။ ဒါေပမဲ့လည္း အာဏာပုိင္ေတြ မ်က္ေစ့ေရွ႕ေမွာက္မွာပဲ ၿငိမ္းခ်မ္းတဲ့နည္းလမ္းနဲ႔ ပုံစံမ်ဳိးစုံ ဆႏၵျပေနၾကတာပါ။ ဆႏၵျပသေကၤတတခုအျဖစ္ လက္ပတ္ႀကိဳးအနီေတြကုိ ခ်ည္ထုိးေပးေနၿပီး လုိခ်င္တဲ့သူရွိရင္ အခမဲ့ေ၀ငွရင္း ဆႏၵျပလႈပ္ရွားမႈေတြမွာ ပါ၀င္ေနတဲ့ မယမင္းခင္ကေတာ့ သူ႔လုိလူငယ္ေတြရဲ႕အနာဂတ္အတြက္ အခုလိုလမ္းေပၚထြက္ ဆႏၵျပေနတာလို႔ ေျပာပါတယ္။

"အခုလိုမ်ိဳး မတရားႀကီးသိမ္းပုိက္တာႀကီးကုိ ဘယ္သူမွ လက္မခံႏုိင္ဘူးေလ။ ညီမတို႔ လူငယ္ေတြအေနနဲ႔ ပိုဆုိးတာေပါ့။ ညီမတုိ႔မွာ တက္လမ္းေတြအမ်ားႀကီးရွိတယ္။ ၿပီးေတာ့ ညီမတို႔ေနာက္ လာမယ့္ Generation သူတို႔ေတြကုိ အရင္ေခတ္ကလုိမ်ိဳး မ်က္လံုးပိတ္တဲ့ေခတ္ကုိ ျပန္မေရာက္ေစခ်င္ဘူး။ ညီမတုိ႔ေခတ္တုန္းကဆုိရင္ ေက်ာင္းမွာဆုိရင္လည္း ဒါေမး ဒါေျဖဆိုတဲ့ ပံုစံမ်ိဳးေတြရွိတယ္ေလ။ ညီမကေတာ့ အဲလိုေခတ္ကို သူတို႔ကုိ ျပန္မေရာက္ေစခ်င္ဘူး။"

ဆႏၵျပသူေတြကုိ လံုျခံုေရးအာဏာပိုင္ေတြဘက္က အင္အားသံုးျဖိဳခြင္းမယ့္ အႏၱရာယ္ကုိ ကာကြယ္တဲ့အေနနဲ႔ ကားပ်က္ဟန္ေဆာင္တာ၊ ကားေတြယာဥ္ေတြကုိ အရွိန္ေႏွးေႏွးေမာင္းတာလုိ ပုံစံသစ္နဲ႔ လႈပ္ရွားမႈေတြကုိလည္း ဒီတပတ္ထဲမွာပဲ စေတြ႔ခဲ့ရပါတယ္။ ဒီလႈပ္ရွားမႈေတြကုိ အာဏာပုိင္ေတြက တန္ျပန္ဖုိ႔ ျပင္ဆင္ခဲ့ၿပီးေနာက္မွာေတာ့ လူကူးမ်ဥ္းၾကားေတြကေန အုပ္စုဖြဲ႕လမ္းကူးတာ၊ မီးပြိဳင့္ထိပ္မွာ ဖိနပ္ႀကိဳးခ်ည္တာ အိတ္ေပါက္နဲ႔ ၾကက္သြန္ေကာက္တာမ်ဳိးေတြလုိ တျခားပုံစံသစ္ေတြနဲ႔ လူငယ္ေတြဦးေဆာင္ လႈပ္ရွားလာတာလည္း ေတြ႔ရပါတယ္။

လမ္းေပၚထြက္ ဆႏၵျပလႈပ္ရွားမႈေတြ သာမက ၀န္ထမ္းေတြ အလုပ္မဆင္းပဲ အႏုနည္းနဲ႔ အာဏာဖီဆန္ၾကတဲ့ လႈပ္ရွားမႈေတြေၾကာင့္ ဘဏ္လုပ္ငန္းနဲ႔ ဆက္သြယ္ေရး အပါအ၀င္ လုပ္ငန္းေတာ္ေတာ္မ်ားမ်ားလည္း ရပ္ဆုိင္းေနပါတယ္။ အာဏာဖီဆန္ေရး CDM လႈပ္ရွားမႈမွာ ပါဝင္ၾကတဲ့အတြက္ စား၀တ္ေနေရး အခက္အခဲႀကံဳရမွာကုိ တဖက္တလမ္းက ကူညီဖုိ႔ ႀကိဳးစားသူေတြလည္း ရွိပါတယ္။ နည္းပညာတကၠသိုလ္ ေက်ာင္းသူတဦးျဖစ္တဲ့ မျမဥၨဴျမင့္ကေတာ့ ဆႏၵျပလႈပ္ရွားမႈမွာ ပါ၀င္ရင္း အခက္အခဲ ႀကံဳေနရတဲ့ ၀န္ထမ္းေတြကုိ ေထာက္ပံ့ႏုိင္ေအာင္ အစားအေသာက္ေရာင္းရင္း ရန္ပုံေငြရွာေနပါတယ္။

"အဓိက ကေတာ့ ဒီစစ္အာဏာရွင္စနစ္ က်ရႈံးသြားတဲ့အထိ ညီမတို႔ကေတာ့ တုိက္ထုတ္ရမွာပဲေပါ့ေနာ္။ ညီမတို႔လည္း တတတ္တအားအေနနဲ႔ CDM အတြက္ လွဴဒါန္းေပးဖို႔လည္း ပါဝင္မယ္။ ၿပီးေတာ့ ဒီလမ္းေပၚမွာလည္း အာဏာရွင္စနစ္ မက်ရႈံးမခ်င္း ညီမတို႔ကေတာ့ လမ္းေပၚထြက္ၿပီး ဆႏၵျပေနဦးမွာပါပဲ။"

ႏုိင္ငံအႏွံ႔ ဆႏၵျပလႈပ္ရွားမႈေတြ သီတင္း ၂ ပတ္ၾကာတဲ့အထိ အရွိန္ေလ်ာ့မသြားေသးတာေၾကာင့္ အာဏာပုိင္ေတြက ႏွိမ္နင္းဖုိ႔၊ ဖမ္းဆီးအေရးယူဖုိ႔ ႀကိဳးပမ္းတာေတြလည္း ရွိေနပါတယ္။ ဒီလုိစိန္ေခၚမႈေတြ ရွိေနေပမဲ့လည္း ေအာင္ျမင္တဲ့အထိ ႀကိဳးပမ္းသြားဖုိ႔ ရည္ရြယ္ထားတယ္လုိ႔လည္း ရန္ကုန္ၿမိဳ႕က ဆႏၵျပလူငယ္တဦးျဖစ္တဲ့ ကိုေက်ာ္ဇင္သန္႔က ေျပာပါတယ္။

"က်ေနာ္တို႔ အခုဆုိရင္ အျပင္ထြက္ၿပီး စစ္အစုိးရကို ဆန္႔က်င္ေနတာ ၂ပတ္ ရွိၿပီေပါ့ေနာ္။ က်ေနာ္တုိ႔ လူငယ္ေတြကလည္း နည္းမ်ိဳးစံုနဲ႔ ဒီစစ္အစုိးရကုိ ေတာ္လွန္ဆန္႔က်င္သြားမွာ ျဖစ္ပါတယ္။ ဒီအာဏာရွင္ စနစ္ႀကီးလည္း က်ဆံုးပါေစ။ က်ေနာ္တုိ႔ အဲအတြက္ ဘယ္လိုပဲျဖစ္ျဖစ္ နည္းလမ္းေပါင္းစံုနဲ႔ ေတာ္လွန္သြားမွာ ျဖစ္ပါတယ္၊ ဆန္႔က်င္သြားမွာ ျဖစ္ပါတယ္။"

ရန္ကုန္၊ မႏၱေလး၊ ေနျပည္ေတာ္ အပါအဝင္ ျမန္မာႏုိင္ငံ ေနရာအႏွံ႕မွာ ဒီကေန႔လည္း ဆႏၵျပပြဲေတြ ဆက္လက္ျဖစ္ပြားေနခ်ိန္ ဆႏၵျပလႈပ္ရွားသူေတြကုိ ဖမ္းဆီးတာ၊ ဝရမ္းထုတ္တာေတြ ရွိေနပါတယ္။ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကုိ ဖမ္းဆီးအေရးယူတာ၊ အင္အားသုံးတာေတြ မလုပ္ဖုိ႔ ကုလသမဂၢ အပါအဝင္ ႏုိင္ငံတကာ အသုိင္းအဝန္းက သတိေပးေနသလုိ၊ အာဏာသိမ္းလုိက္တဲ့ လုပ္ရပ္အေပၚ အေရးယူဒဏ္ခတ္မႈေတြ ခ်မွတ္တဲ့ ႏုိင္ငံေတြလည္း တုိးလာေနပါတယ္။

...............................

အာဏာသိမ္းစစ္တပ္ကုိ ဆႏၵျပတာ ၁၄ ရက္ရွိၿပီ
please wait

No media source currently available

0:00 0:03:39 0:00
တိုက္႐ိုက္ လင့္ခ္

{{Unicode}}

လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတဲ့ကြားမှာပဲ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ ဒီကနေ့ဆိုရင် ရက်သတ္တပတ် ၂ပတ်ရှိသွားပါပြီ။ ဆန္ဒပြပွဲတွေ အဓိကတွေ့ရတဲ့ ရန်ကုန်မြို့မှာတော့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ နယ်ပယ်စုံက ပုံစံမျိုးစုံနဲ့ ပါဝင်လှုပ်ရှားနေကြတာပါ။ ရန်ကုန်မြို့က ဆန္ဒပြပွဲတွေ နောက်ဆုံးအခြေအနေကိုတော့ ကိုယ်တိုင်သွားရောက် သတင်းယူထားတဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက ပြောပြပေးပါမယ်။

(သီချင်းကြွေးကြော်သံ) "အရေးကြီးပြီ ညီနောင်အပေါင်းတို့ ... သွေးစည်းကာ ညီစေညီကြစို့ ... ငါတို့ရဲ့ သမိုင်းတခေတ်ကို ငါတို့သွေးနဲ့ရေးခဲ့သည် ... သွေးသစ္စာလည်းပြုခဲ့ပြီ ..."

ဖေဖော်ဝါရီလ ၁ရက်နေ့ကစပြီး အရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်ကန့်ကွက်တဲ့ လမ်းပေါ်ထွက်ဆန္ဒပြတာတွေဟာ ၁၄ရက်ရှိလာပါပြီ။ ဒီဆန့်ကျင်ရေးမှာ ကျောင်းသားလူငယ်တွေ၊ အလုပ်သမားနဲ့ အစိုးရဝန်ထမ်းတွေ၊ ထင်ပေါ်ကြော်ကြားသူတွေနဲ့ ဘာသာပေါင်းစုံ တိုင်းရင်းသားလူမျိုးစုတွေလည်း ပူးပေါင်း ပါဝင်နေကြတာပါ။

သီတင်း ၂ ပတ်ကြာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေချိန်မှာပဲ လုံခြုံရေးတပ်ဖွဲ့တွေကိုလည်း အာဏာပိုင်တွေက တိုးမြှင့်ထားပါတယ်။ ဒါပေမဲ့လည်း အာဏာပိုင်တွေ မျက်စေ့ရှေ့မှောက်မှာပဲ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ပုံစံမျိုးစုံ ဆန္ဒပြနေကြတာပါ။ ဆန္ဒပြသင်္ကေတတခုအဖြစ် လက်ပတ်ကြိုးအနီတွေကို ချည်ထိုးပေးနေပြီး လိုချင်တဲ့သူရှိရင် အခမဲ့ဝေငှရင်း ဆန္ဒပြလှုပ်ရှားမှုတွေမှာ ပါဝင်နေတဲ့ မယမင်းခင်ကတော့ သူ့လိုလူငယ်တွေရဲ့အနာဂတ်အတွက် အခုလိုလမ်းပေါ်ထွက် ဆန္ဒပြနေတာလို့ ပြောပါတယ်။

"အခုလိုမျိုး မတရားကြီးသိမ်းပိုက်တာကြီးကို ဘယ်သူမှ လက်မခံနိုင်ဘူးလေ။ ညီမတို့ လူငယ်တွေအနေနဲ့ ပိုဆိုးတာပေါ့။ ညီမတို့မှာ တက်လမ်းတွေအများကြီးရှိတယ်။ ပြီးတော့ ညီမတို့နောက် လာမယ့် Generation သူတို့တွေကို အရင်ခေတ်ကလိုမျိုး မျက်လုံးပိတ်တဲ့ခေတ်ကို ပြန်မရောက်စေချင်ဘူး။ ညီမတို့ခေတ်တုန်းကဆိုရင် ကျောင်းမှာဆိုရင်လည်း ဒါမေး ဒါဖြေဆိုတဲ့ ပုံစံမျိုးတွေရှိတယ်လေ။ ညီမကတော့ အဲလိုခေတ်ကို သူတို့ကို ပြန်မရောက်စေချင်ဘူး။"

ဆန္ဒပြသူတွေကို လုံခြုံရေးအာဏာပိုင်တွေဘက်က အင်အားသုံးဖြိုခွင်းမယ့် အန္တရာယ်ကို ကာကွယ်တဲ့အနေနဲ့ ကားပျက်ဟန်ဆောင်တာ၊ ကားတွေယာဉ်တွေကို အရှိန်နှေးနှေးမောင်းတာလို ပုံစံသစ်နဲ့ လှုပ်ရှားမှုတွေကိုလည်း ဒီတပတ်ထဲမှာပဲ စတွေ့ခဲ့ရပါတယ်။ ဒီလှုပ်ရှားမှုတွေကို အာဏာပိုင်တွေက တန်ပြန်ဖို့ ပြင်ဆင်ခဲ့ပြီးနောက်မှာတော့ လူကူးမျဉ်းကြားတွေကနေ အုပ်စုဖွဲ့လမ်းကူးတာ၊ မီးပွိုင့်ထိပ်မှာ ဖိနပ်ကြိုးချည်တာ အိတ်ပေါက်နဲ့ ကြက်သွန်ကောက်တာမျိုးတွေလို တခြားပုံစံသစ်တွေနဲ့ လူငယ်တွေဦးဆောင် လှုပ်ရှားလာတာလည်း တွေ့ရပါတယ်။

လမ်းပေါ်ထွက် ဆန္ဒပြလှုပ်ရှားမှုတွေ သာမက ဝန်ထမ်းတွေ အလုပ်မဆင်းပဲ အနုနည်းနဲ့ အာဏာဖီဆန်ကြတဲ့ လှုပ်ရှားမှုတွေကြောင့် ဘဏ်လုပ်ငန်းနဲ့ ဆက်သွယ်ရေး အပါအဝင် လုပ်ငန်းတော်တော်များများလည်း ရပ်ဆိုင်းနေပါတယ်။ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ကြတဲ့အတွက် စားဝတ်နေရေး အခက်အခဲကြုံရမှာကို တဖက်တလမ်းက ကူညီဖို့ ကြိုးစားသူတွေလည်း ရှိပါတယ်။ နည်းပညာတက္ကသိုလ် ကျောင်းသူတဦးဖြစ်တဲ့ မမြဉ္ဇူမြင့်ကတော့ ဆန္ဒပြလှုပ်ရှားမှုမှာ ပါဝင်ရင်း အခက်အခဲ ကြုံနေရတဲ့ ဝန်ထမ်းတွေကို ထောက်ပံ့နိုင်အောင် အစားအသောက်ရောင်းရင်း ရန်ပုံငွေရှာနေပါတယ်။

"အဓိက ကတော့ ဒီစစ်အာဏာရှင်စနစ် ကျရှုံးသွားတဲ့အထိ ညီမတို့ကတော့ တိုက်ထုတ်ရမှာပဲပေါ့နော်။ ညီမတို့လည်း တတတ်တအားအနေနဲ့ CDM အတွက် လှူဒါန်းပေးဖို့လည်း ပါဝင်မယ်။ ပြီးတော့ ဒီလမ်းပေါ်မှာလည်း အာဏာရှင်စနစ် မကျရှုံးမချင်း ညီမတို့ကတော့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြနေဦးမှာပါပဲ။"

နိုင်ငံအနှံ့ ဆန္ဒပြလှုပ်ရှားမှုတွေ သီတင်း ၂ ပတ်ကြာတဲ့အထိ အရှိန်လျော့မသွားသေးတာကြောင့် အာဏာပိုင်တွေက နှိမ်နင်းဖို့၊ ဖမ်းဆီးအရေးယူဖို့ ကြိုးပမ်းတာတွေလည်း ရှိနေပါတယ်။ ဒီလိုစိန်ခေါ်မှုတွေ ရှိနေပေမဲ့လည်း အောင်မြင်တဲ့အထိ ကြိုးပမ်းသွားဖို့ ရည်ရွယ်ထားတယ်လို့လည်း ရန်ကုန်မြို့က ဆန္ဒပြလူငယ်တဦးဖြစ်တဲ့ ကိုကျော်ဇင်သန့်က ပြောပါတယ်။

"ကျနော်တို့ အခုဆိုရင် အပြင်ထွက်ပြီး စစ်အစိုးရကို ဆန့်ကျင်နေတာ ၂ပတ် ရှိပြီပေါ့နော်။ ကျနော်တို့ လူငယ်တွေကလည်း နည်းမျိုးစုံနဲ့ ဒီစစ်အစိုးရကို တော်လှန်ဆန့်ကျင်သွားမှာ ဖြစ်ပါတယ်။ ဒီအာဏာရှင် စနစ်ကြီးလည်း ကျဆုံးပါစေ။ ကျနော်တို့ အဲအတွက် ဘယ်လိုပဲဖြစ်ဖြစ် နည်းလမ်းပေါင်းစုံနဲ့ တော်လှန်သွားမှာ ဖြစ်ပါတယ်၊ ဆန့်ကျင်သွားမှာ ဖြစ်ပါတယ်။"

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြန်မာနိုင်ငံ နေရာအနှံ့မှာ ဒီကနေ့လည်း ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေချိန် ဆန္ဒပြလှုပ်ရှားသူတွေကို ဖမ်းဆီးတာ၊ ဝရမ်းထုတ်တာတွေ ရှိနေပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ဖမ်းဆီးအရေးယူတာ၊ အင်အားသုံးတာတွေ မလုပ်ဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက သတိပေးနေသလို၊ အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်အပေါ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်တဲ့ နိုင်ငံတွေလည်း တိုးလာနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG