သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-ဥရောပ ကုန်သွယ်ရေးသဘောတူညီချက်အပေါ် ဝေဖန်မှုတွေထွက်


အီးယူ-တရုတ် ဆွေးနွေးပွဲ ၂၀၂၀ (ဓာတ်ပုံ- Video Grab)
အီးယူ-တရုတ် ဆွေးနွေးပွဲ ၂၀၂၀ (ဓာတ်ပုံ- Video Grab)

(Zawgyi/Unicode)
တရုတ်နိုင်ငံနဲ့ ဥရောပသမဂ္ဂအကြား မနှစ် နှစ်ကုန်ပိုင်းက မူအားဖြင့် သဘောတူညီမှု ရရှိထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်အပေါ် အီးယူအဖွဲ့အတွင်းမှာရော၊ အဖွဲ့ပြင်ပကပါ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မကြာခင်မှာ သဘောတူညီမှု ရနိုင်မယ်လို့ မျှော်လင့်ထားတဲ့ ဒီ ကုန်သွယ်ရေး သဘောတူညီဟာ အီးယူအဖွဲ့အတွင်းက အာဏာပြိုင်မှုကို တရုတ်ဘက်က မရိုးသွားစွာ ထိုးဖောက်နိုင်ခြင်းကို ပြသလိုက်တာလို့ လေ့လာသူတွေက ဆိုပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း တရုတ်ဘက်က အီးယူအပေါ် ချဉ်းကပ်ပုံကို ကြည့်ခြင်းအားဖြင့် မတူညီတဲ့ အုပ်စုတွေကို သွေးခွဲလုပ်ဆောင်နေတာကို တွေ့ရကြောင်း၊ ဥပမာအားဖြင့် ဗဟိုနဲ့ အရှေ့ဥရောပနိုင်ငံတွေကို တအုပ်စု၊ ဗြိတိန်နိုင်ငံ အီးယူအတွင်းမှာ ရှိနေစဉ်ကာလတုန်းက ဂျာမနီ၊ ပြင်သစ်နဲ့ ဗြိတိန်တို့ကို တအုပ်စု စသဖြင့် နိုင်ငံတခုချင်းစီရဲ့ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားအပေါ် အာရုံစိုက်ပြီး ချဉ်းကပ်ခဲ့ကြောင်း၊ အဲဒါဟာ အလုပ်ဖြစ်တယ်ဆိုတာ သိသာကြောင်း ဘာလင်အခြေစိုက် ဂျာမန်နိုင်ငံခြားဆက်ဆံရေးကောင်စီ အာရှဌာနက Didi Kirsten Tatlow က ပြောပါတယ်။

တရုတ်က ဂျာမနီနိုင်ငံကို ချဉ်းကပ်ပုံကို ဥပမာပေးပြီး Tatlow က ပြောကြားခဲ့တာပါ။ ဂျာမန်ထုတ် ကားတွေနဲ့ ကုန်ပစ္စည်းမျိုးစုံကို တရုတ်နိုင်ငံအတွင်း တင်သွင်းခွင့်ပြုခဲ့တဲ့အပြင် ဂျာမန်အစိုးရကို နိုင်ငံရေးအရလည်း တမူထူးခြားစွာ မျက်နှာသာပေးခဲ့တယ်လို့ Tatlow က ပြောပါတယ်။ ဂျာမနီဟာ နိုင်ငံနဲ့ ဝန်ကြီးအဆင့် ဆွေးနွေးပွဲတွေ နှစ်ပေါင်းများစွာ ပြုလုပ်နေတဲ့ နိုင်ငံဖြစ်တယ်လို့ ဆိုပါတယ်။

ဂျာမနီနဲ့ ပြင်သစ်တို့ကို အဲဒီလိုနည်းလမ်းသုံးပြီး စည်းရုံး သိမ်းသွင်းယုံတင်မကဘဲ တခြား ဥရောပတိုက်အတွင်း နိုင်ငံတွေကိုလည်း နည်းလမ်းပေါင်းအသုံးချပြီး စည်းရုံး သိမ်းသွင်းခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံက Uyghur လူမျိုးတွေအပေါ် ဖိနှိပ် ချုပ်ချယ်မှုတွေအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတာတွေဟာ ဥရောပရဲ့ စံတန်ဖိုးတွေနဲ့ ဖီလာ ဆန့်ကျင် ဖြစ်နေတာကြောင့် ဥရောပတိုက်အတွင်းက အရပ်ဘက်အခြေပြု လူမှုအဖွဲ့အစည်းတွေကလည်း ဒီ ကုန်သွယ်ရေး သဘောတူညီချက်ကို ကန့်ကွက်နေကြပါတယ်။

........................................................

တိုက်ရိုက် လင့်ခ်



(Unicode)





XS
SM
MD
LG