သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ခေါင်းဆောင်တွေ အမည်မဲစာရင်းပြုစုဖို့ အီးယူ ပြင်ဆင်နေ


(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာကို တုံ့ပြန်ဖို့အတွက် အာဏာသိမ်း စစ်တပ်ခေါင်းဆောင်တွေရဲ့ အမည်မဲစာရင်း တစ်ခုပြုစု ဖို့ EU ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာဌာနကို EU အဖွဲ့ဝင်နိုင်ငံတွေက တောင်းဆိုလိုက်ပြီ ဖြစ်ပါတယ်။

မနေ့တုန်းက ဘယ်လဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ကျင်းပခဲ့တဲ့ EU နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲမှာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်တွေကိုဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်သွားဖို့ အခုလို သဘောတူခဲ့တာပါ။

လာမယ့် ဖေဖော်ဝါရီ ၂၂ ရက်နေ့ EU အဖွဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ အဆုံးသတ် တွေ့ဆုံစည်းဝေးပြီးတဲ့ အခါ အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေ ကိုပစ်မှတ်ထားပြီး အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်သွားဖို့ ဥရောပသမဂ္ဂ ကအစီအစဉ်တွေ ချမှတ်နေတာလည်း ဖြစ်ပါတယ်။

ဆွေးနွေးပွဲအတွက် EU နိုင်ငံခြားရေးရာဌာန အကြီးအကဲကို ဥရောပသမဂ္ဂ ကောင်စီက ဖိတ်ကြားထားပြီး အာဏာသိမ်း စစ်ခေါင်း ဆောင်တွေအေပါ် သင့်တော်တဲ့ အရေးယူဒဏ်ခတ်မှုတွေကို ချမှတ်ဖို့ ပြင်ဆင်နေကြောင်း EU နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ သဘောတူညီချက်မူကြမ်းမှာ ဖော်ပြထားတယ်လို့ EUobserver သတင်းစာက ဖော်ပြပါတယ်။

လာမယ့် တနင်္လာနေ့ ဆွေးနွေးပွဲမှာ EU အဖွဲ့ဝင်နိုင်ငံတွေရဲ့နိုင်ငံခြားရေးဝန်ကြီးတွေက အပြီးသတ်သဘောတူညီမှုတွေပြုလုပ်ပြီးရင် သီတင်းပတ်အနည်းငယ်အတွင်းမှာ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိမ့်မယ်လို့ ယူဆရပါတယ်။

EU အဖွဲ့ဝင်နိုင်ငံတွေ က မြန်မာနိုင်ငံနဲ့ တတိယ အကြီးဆုံး ကုန်သွယ်မှုတွေကို ပြုလုပ်နေတာပါ။

ဒါပေမဲ့ အခုချမှတ်မယ့် ပိတ်ဆို့မှုတွေမှာ နှစ်ဖက်ကုန်သွယ်ရေးကို မပါဝင်စေဖို့လည်း EU အဖွဲ့ဝင်နိုင်ငံတွေက သဘောတူထားပါတယ်။ မြန်မာပြည်သူတွေ အကျိုးစီးပွါးကို ထိခိုက်နိုင်တဲ့ အရေးယူဒဏ်ခတ်မှုတွေကို ရှောင်ရှားဖို့၊ အထူးသဖြင့် အားနည်းသူတွေကို မထိခိုက် အောင် လုပ်ဆောင်ဖို့ EU အဖွဲ့က သဘောတူထားတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းယူထားသူ ခေါင်းဆောင်တွေကို ပြည်ပနိုင်ငံတွေကို မဝင်ရောက်နိုင်အောင် ဗီဇာပိတ်ပင်တာ နဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာ စတာတွေကို EU က အဓိကဦးစားပေးလုပ်ဆောင်သွားဖို့ ရှိပါတယ်။ အရင်အစိုးရလက်ထက်တုန်းကလည်း တာဝန်ရှိသူ ၁၄ ဦးကို EU က ပိတ်ဆို့ဒဏ်ခတ်မှုတွေချမှတ်ထားပြီး လက်နက်တင်ပို့မှုကိုလည်း တားမြစ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)









XS
SM
MD
LG