သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

 ေဒသတြင္းႏိုင္ငံေတြအၾကား ကိုဗစ္ကာကြယ္ေဆးလုပ္ငန္း ပူးေပါင္းေဆာင္ရြက္ဖို႔ အိႏၵိယတိုက္တြန္း


Kutch ေဒသဖြံ့ျဖိဴးေရးစီမံကိန္းအုတ္ျမစ္ခ်အခန္းအနားတြင္ အိႏၵိယ၀န္ၾကီးခ်ဳပ္ Narendra Modi မိန္ ့ခြန္းေျပာၾကားစဥ္ (ဓာတ္ပံု- AFP)

(Zawgyi/Unicode)
ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါကူးစက္မႈ အျမင့္မားဆံုး အခ်ိန္ကို ေရာက္ေနတာေၾကာင့္ ေတာင္အာရွ ႏိုင္ငံေတြၾကား ကာကြယ္ေဆးထိုးေရးလုပ္ငန္းအတြက္ ပူးေပါင္းေဆာင္ရြက္ေရး အေလးေပးေဆာင္ရြက္ၾကဖုိ႔ အိႏၵိယဝန္ႀကီးခ်ဳပ္ Narendra Modi က ၾကာသပေတးေန႔မွာ ေျပာၾကားလိုက္ပါတယ္။

ေဒသတြင္းနဲ႔ ကမာၻတလႊားမွာ ကာကြယ္ေဆးကို အျမန္ဦးစားေပး ျဖန္႔ျဖဴးဖို႔႔ ေမွ်ာ္လင့္ထားသလို ပူးေပါင္းေဆာင္ရြက္မႈနဲ႔ ခို္င္ခိုင္မာမာေထာက္ခံမႈလည္း ရွိၾကရမွာျဖစ္ေၾကာင္း ေျပာသြားတာပါ။ ၿပီးခဲ့တဲ့ႏွစ္ေတြတုန္းကလည္း က်န္းမာေရးဆိုင္ရာပူးေပါင္းေဆာင္ရြက္မႈကေန ေအာင္ျမင္မႈေတြ ရခဲ့ၾကတာျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ေတာင္အာရွ ဆယ္ႏိုင္ငံျဖစ္တဲ့ အာဖဂန္နစ္စတန္၊ ဘဂၤလားေဒ့ရွ္၊ ဘူတန္၊ အိႏၵိယ၊ ေမာ္လဒိုက္၊ ေမာ္ေရရွပ္စ္၊ နိေပါ၊ ပါကစၥတန္၊ စီရွီးလီစ္နဲ႔ သီရိလကၤာနိုင္ငံတို ့ ပူးေပါင္းေဆာင္ရြက္တဲ့ Covid -19 ကပ္ေရာဂါဆိုင္ရာ စီမံခန္႔ခြဲေရးအလုပ္ရံုေဆြးေႏြးပြဲမွာ အိႏၵိယဝန္ႀကီးခ်ဳပ္က ေျပာသြားတာပါ။ ဒါ့အျပင္ ေဆးပညာရွင္ေတြ အတြက္ အထူးဗီဇာ အစီအစဥ္ ခ်ထားေပးဖို႔လည္း အႀကံျပဳခဲ့ပါတယ္။

အိႏၵိယႏိုင္ငံဟာ AstraZeneca ထုတ္ COVISHIEL နဲ႔ အိႏိၵယက Bharat Biotech ကုမဏီထုတ္ Covaxin ကာကြယ္ေဆး အဓိကျဖန္႔ျဖဴးတဲ့ ႏိုုင္ငံျဖစ္ၿပီး ျမန္မာအပါအဝင္ အိမ္နီးခ်င္း ႏိုင္ငံေတြကို တခ်ိဳ႕ကို လက္ေဆာင္အျဖစ္ေပးေနသလုိ တခ်ိဳ႕ကိုေတာ့ ေရာင္းခ်တင္ပို႔ေနတာ ျဖစ္ပါတယ္။

.......................................................

တိုက္႐ိုက္ လင့္ခ္


ဒေသတွင်းနိုင်ငံတွေအကြား ကိုဗစ်ကာကွယ်ဆေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ဖို့ အိန္ဒိယတိုက်တွန်း

(Unicode)
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကူးစက်မှု အမြင့်မားဆုံး အချိန်ကို ရောက်နေတာကြောင့် တောင်အာရှ နိုင်ငံတွေကြား ကာကွယ်ဆေးထိုးရေးလုပ်ငန်းအတွက် ပူးပေါင်းဆောင်ရွက်ရေး အလေးပေးဆောင်ရွက်ကြဖို့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

ဒေသတွင်းနဲ့ ကမ္ဘာတလွှားမှာ ကာကွယ်ဆေးကို အမြန်ဦးစားပေး ဖြန့်ဖြူးဖို့ မျှော်လင့်ထားသလို ပူးပေါင်းဆောင်ရွက်မှုနဲ့ ခိုင်ခိုင်မာမာထောက်ခံမှုလည်း ရှိကြရမှာဖြစ်ကြောင်း ပြောသွားတာပါ။ ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း ကျန်းမာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကနေ အောင်မြင်မှုတွေ ရခဲ့ကြတာဖြစ်ကြောင်းလည်း ပြောပါတယ်။

တောင်အာရှ ဆယ်နိုင်ငံဖြစ်တဲ့ အာဖဂန်နစ်စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မော်လဒိုက်၊ မော်ရေရှပ်စ်၊ နိပေါ၊ ပါကစ္စတန်၊ စီရှီးလီစ်နဲ့ သီရိလင်္ကာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်တဲ့ Covid -19 ကပ်ရောဂါဆိုင်ရာ စီမံခန့်ခွဲရေးအလုပ်ရုံဆွေးနွေးပွဲမှာ အိန္ဒိယဝန်ကြီးချုပ်က ပြောသွားတာပါ။ ဒါ့အပြင် ဆေးပညာရှင်တွေ အတွက် အထူးဗီဇာ အစီအစဉ် ချထားပေးဖို့လည်း အကြံပြုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ AstraZeneca ထုတ် COVISHIEL နဲ့ အိန္ဒိယက Bharat Biotech ကုမဏီထုတ် Covaxin ကာကွယ်ဆေး အဓိကဖြန့်ဖြူးတဲ့ နိုင်ငံဖြစ်ပြီး မြန်မာအပါအဝင် အိမ်နီးချင်း နိုင်ငံတွေကို တချို့ကို လက်ဆောင်အဖြစ်ပေးနေသလို တချို့ကိုတော့ ရောင်းချတင်ပို့နေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG