သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယအစိုးရက Jammu နဲ႔ Kashmir မွာ အင္တာနက္အသုံးျပဳခြင့္ ျပန္ဖြင့္ေပး


အိႏိၵယ-ကက္ရွ္မီးယား လမ္းအမွတ္ (၅) (ဓာတ္ပံု-Reuters)

(Zawgyi/Unicode)

အိႏၵိယ ဗဟိုအစိုးရအုပ္ခ်ဳပ္မႈေအာက္မွာရွိေနတဲ့ Jammu နဲ႔ Kashmir ေဒသေတြမွာ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လကတည္းက ပိတ္ပင္ထားခဲ့တဲ့ ျမန္ႏႈန္းျမင့္ အင္တာနက္အသုံးျပဳခြင့္ ျပန္ဖြင့္ေပးလိုက္ပါၿပီ။ ဒီေဒသကို အစိုးရက အထူးအခြင့္အေရးေပးထားတာကို ႐ုပ္သိမ္းၿပီး ျပည္ေထာင္စုနယ္ေျမအျဖစ္ သပ္မွတ္လိုက္တဲ့အခ်ိန္မွာ အင္တာနက္ အသုံးျပဳခြင့္ေတြပါ ပ ိတ္ပင္ခဲ့တာပါ။

Jammu and Kashmir ေဒသေတြဟာ အိႏိၵယနိုင္ငံရဲ႕ မြတ္ဆလင္အမ်ားစုေနထိုင္ရာ ျပည္နယ္ျဖစ္ျပီး ၀န္ၾကီးခ်ဳပ္ Narendra Modi ရဲ့ ဟိႏၵဴအမ်ိဳးသားအစိုးရက ေဒသကို နွစ္ပိုင္းခြဲျပီး တိုက္ရုိက္ အုပ္ခ်ဳပ္လ်က္ရွိပါတယ္။

ဟိမ၀ႏၲာေတာင္တန္းေတြေပၚမွာ တည္ရွိတဲ့ ဒီေဒသကို အိႏၵိယရဲ႕ အဓိကၿပိဳင္ဘက္ ပါကစၥတန္ကလည္း ပိုင္ဆိုင္ေၾကာင္း ေျပာဆိုေနတာပါ။

“ ဂ်မူးနဲ ့ကတ္ရွ္မီးယားေဒသတခုလံုးမွာ 4G အင္တာနက္ ၀န္ေဆာင္မွုလုပ္ငန္းေတြ ဆက္ျပီးရွိေနတယ္” လို ့ေဒသ အုပ္ခ်ဳပ္ေရးတာ၀န္ရွိသူ Rohit Kansal က သူ ့ရဲ့ Twitter မွာ ေရးသားထားပါတယ္။

အိႏိၵယဟာ ၂၀၁၉ မွာ ဆယ္စုနွစ္ေပါင္းမ်ားစြာ သူပုန္ထေနတဲ့ Kashmir ေဒသကို နွစ္ပိုင္းပိုင္းျပီး တပ္ဖြဲ ့၀င္ေတြေစလႊတ္တာေတြ၊ နိုင္ငံေရးေခါင္းေဆာင္ေတြကို ထိန္းသိမ္းတာေတြလုပ္ခဲ့ပါတယ္။

ဖမ္းဆီးထိန္းသိမ္းခံခဲ့ရျပီး ျပန္လည္လြယ္ေျမာက္လာတဲ့ နိုင္ငံေရးသမားတဦးျဖစ္တဲ့ ဂ်မူးနဲ ့ကတ္ရွ္မီးယားေဒသ ျပည္နယ္၀န္ၾကီးခ်ဳပ္ေဟာင္း Omar Abdullah က သူ ့ရဲ့ Tweeter စာမ်တ္နွာမွာ ေရးသားထားတာကေတာ့ ၂၀၁၉ ၾသဂုတ္လကတည္းက ပထမဦးဆံုးအျဖစ္ ေဒသတခုလံုး 4G အင္တာနက္အခ်က္အလက္ရရွိေနျပီး မရတာနဲ ့စာရင္ေတာ့ ေနာက္က်တာေကာင္းတယ္လို ့ဆိုပါတယ္။

.............................................................

တိုက္႐ိုက္ လင့္ခ္


အိန္ဒိယအစိုးရက Jammu နဲ့ Kashmir မှာ အင်တာနက်အသုံးပြုခွင့် ပြန်ဖွင့်ပေး

(Unicode)

အိန္ဒိယ ဗဟိုအစိုးရအုပ်ချုပ်မှုအောက်မှာရှိနေတဲ့ Jammu နဲ့ Kashmir ဒေသတွေမှာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လကတည်းက ပိတ်ပင်ထားခဲ့တဲ့ မြန်နှုန်းမြင့် အင်တာနက်အသုံးပြုခွင့် ပြန်ဖွင့်ပေးလိုက်ပါပြီ။ ဒီဒေသကို အစိုးရက အထူးအခွင့်အရေးပေးထားတာကို ရုပ်သိမ်းပြီး ပြည်ထောင်စုနယ်မြေအဖြစ် သပ်မှတ်လိုက်တဲ့အချိန်မှာ အင်တာနက် အသုံးပြုခွင့်တွေပါ ပ ိတ်ပင်ခဲ့တာပါ။

Jammu and Kashmir ဒေသတွေဟာ အိန္ဒိယနိုင်ငံရဲ့ မွတ်ဆလင်အများစုနေထိုင်ရာ ပြည်နယ်ဖြစ်ပြီး ဝန်ကြီးချုပ် Narendra Modi ရဲ့ ဟိန္ဒူအမျိုးသားအစိုးရက ဒေသကို နှစ်ပိုင်းခွဲပြီး တိုက်ရိုက် အုပ်ချုပ်လျက်ရှိပါတယ်။

ဟိမဝန္တာတောင်တန်းတွေပေါ်မှာ တည်ရှိတဲ့ ဒီဒေသကို အိန္ဒိယရဲ့ အဓိကပြိုင်ဘက် ပါကစ္စတန်ကလည်း ပိုင်ဆိုင်ကြောင်း ပြောဆိုနေတာပါ။

“ ဂျမူးနဲ့ကတ်ရှ်မီးယားဒေသတခုလုံးမှာ 4G အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းတွေ ဆက်ပြီးရှိနေတယ်” လို့ဒေသ အုပ်ချုပ်ရေးတာဝန်ရှိသူ Rohit Kansal က သူ့ရဲ့ Twitter မှာ ရေးသားထားပါတယ်။

အိန္ဒိယဟာ ၂၀၁၉ မှာ ဆယ်စုနှစ်ပေါင်းများစွာ သူပုန်ထနေတဲ့ Kashmir ဒေသကို နှစ်ပိုင်းပိုင်းပြီး တပ်ဖွဲ့ဝင်တွေစေလွှတ်တာတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေကို ထိန်းသိမ်းတာတွေလုပ်ခဲ့ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပြန်လည်လွယ်မြောက်လာတဲ့ နိုင်ငံရေးသမားတဦးဖြစ်တဲ့ ဂျမူးနဲ့ကတ်ရှ်မီးယားဒေသ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း Omar Abdullah က သူ့ရဲ့ Tweeter စာမျတ်နှာမှာ ရေးသားထားတာကတော့ ၂၀၁၉ သြဂုတ်လကတည်းက ပထမဦးဆုံးအဖြစ် ဒေသတခုလုံး 4G အင်တာနက်အချက်အလက်ရရှိနေပြီး မရတာနဲ့စာရင်တော့ နောက်ကျတာကောင်းတယ်လို့ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG