သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Red Fort စီးနင္းတဲ့ ဆႏၵျပသူေတြကို အိႏၵိယဝန္ႀကီးခ်ဳပ္ ေဝဖန္


Red fort အနီေရာင္ခံတပ္အနီး ေႂကြးေၾကာ္ဆႏၵျပေနတဲ့ အိႏၵိယလယ္သမားမ်ား။ (ဇန္နဝါရီ ၂၆၊ ၂၀၂၁)

(Zawgyi / Unicode)

အိႏၵိယႏုိင္ငံ နယူးေဒလီၿမိဳ႕မွာ ဆႏၵျပတဲ့သူေတြက Red Fort အနီေရာင္ခံတပ္ကို ဝင္ေရာက္စီးနင္းခဲ့တာဟာ ႏုိင္ငံကို ေစာ္ကားလိုက္တာျဖစ္တယ္လို႔ အိႏၵိယဝန္ႀကီးခ်ဳပ္ Narendra Modi က ဒီေန႔ ေျပာလိုက္ပါတယ္။ ဒါဟာ လနဲ႔ခ်ီၿပီျဖစ္ေနတဲ့ လယ္သမားေတြရဲ႕ ဆႏၵျပမႈနဲ႔ပတ္သက္ၿပီး ဝန္ႀကီးခ်ဳပ္ Modi က ပထမဆုံး ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

လယ္ယာစိုက္ပ်ိဳးေရး ဥပေဒသစ္ဟာ လယ္သမားေတြထက္ ပုဂၢလိက ဝယ္ယူသူေတြ အတြက္ကိုပဲ အက်ိဳးအျမတ္ ျဖစ္ေစတယ္ဆုိၿပီး လယ္သမားေတြဘက္က နယူးေဒလီၿမိဳ႕ အျပင္ဘက္မွာ ဆႏၵျပေနတာဟာ ၂ လေက်ာ္လာခဲ့ၿပီျဖစ္ၿပီး ၿပီးခဲ့တဲ့တပတ္ကေတာ့ အၾကမ္းဖက္တဲ့အထိ ျဖစ္ခဲ့ပါတယ္။

အိႏၵိယႏုိင္ငံမွာ ၿပီးခဲ့တဲ့ အဂၤါေန႔က က်ေရာက္တဲ့ Republic Day လို႔ေခၚတဲ့ အိႏၵိယႏုိင္ငံရဲ႕ ဖဲြ႔စည္းပုံ စတင္အတည္ျပဳတဲ့ေန႔ အခမ္းအနားအတြင္း လယ္ထြန္စက္ေတြနဲ႔ စီတန္းလွည့္လည္တာမွာ တခ်ိဳ႕ဆႏၵျပတဲ့သူေတြက မူလကတည္းက ႀကိဳတင္သေဘာတူထားတဲ့ လမ္းေၾကာင္းကေနေျပာင္းၿပီး ေမာင္းခဲ့တာေၾကာင့္ ရဲေတြနဲ႔ ထိပ္တုိက္ေတြ႔ၿပီး Red Fort ခံတပ္ႀကီးထဲကို ခ်ိဳးေဖာက္ဝင္ေရာက္သြားခဲ့တာပါ။ အဲဒီဆႏၵျပမႈေၾကာင့္ ၁ ေယာက္ေသၿပီး အေတာ္မ်ားမ်ား ဒဏ္ရာရသြားခဲ့ပါတယ္။

ဇန္နဝါရီ ၂၆ ရက္ေန႔က ေဒလီၿမိဳ႕မွာျဖစ္ခဲ့တဲ့ ဒီျဖစ္ရပ္က အိႏၵိယႏုိင္ငံေတာ္ရဲ႕ အလံကို ေစာ္ကားတုိက္ခုိက္္တာျဖစ္ၿပီး အိႏၵိယႏုိင္ငံအတြက္ေတာ့ ဝမ္းနည္းစရာ ေကာင္းတယ္လို႔ ဝန္ႀကီးခ်ဳပ္ Modi က ေရဒီယိုကေန ဒီေန႔ ေျပာလိုက္ပါတယ္။

လယ္သမားေခါင္းေဆာင္ေတြကေတာ့ ဒီအၾကမ္းဖက္မႈဟာ စီတန္းလွည့္လည္ပဲြမွာ ပါဝင္တဲ့သူ တခ်ိဳ႕ေၾကာင့္ ျဖစ္တာျဖစ္ၿပီး သူတုိ႔မွာ တာဝန္မရွိဘူးလို႔ ေျပာလိုက္ပါတယ္။ အစိုးရဘက္ကေတာ့ ႏွစ္ဖက္ေဆြးေႏြးမႈေတြ ဆက္လုပ္ဖို႔အတြက္ လမ္းဖြင့္ထားတယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ ဒီဥပေဒကို ေနာက္ထပ္ ၁၈ လၾကာ ရပ္ဆုိင္းထားဖို႔ ကမ္းလွမ္းထားတယ္လို႔ အတုိက္အခံပါတီ ေခါင္းေဆာင္ေတြကို ဝန္ႀကီးခ်ဳပ္ Modi က စေနေန႔က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

Red Fort စီးနင်းတဲ့ ဆန္ဒပြသူတွေကို အိန္ဒိယဝန်ကြီးချုပ် ဝေဖန်

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ဆန္ဒပြတဲ့သူတွေက Red Fort အနီရောင်ခံတပ်ကို
ဝင်ရောက်စီးနင်းခဲ့တာဟာ နိုင်ငံကို စော်ကားလိုက်တာဖြစ်တယ်လို့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ဒီနေ့ ပြောလိုက်ပါတယ်။ ဒါဟာ လနဲ့ချီပြီဖြစ်နေတဲ့ လယ်သမားတွေရဲ့ ဆန္ဒပြမှုနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် Modi က ပထမဆုံး ပြောကြားလိုက်တာ ဖြစ်ပါတယ်။

လယ်ယာစိုက်ပျိုးရေး ဥပဒေသစ်ဟာ လယ်သမားတွေထက် ပုဂ္ဂလိက ဝယ်ယူသူတွေ အတွက်ကိုပဲ အကျိုးအမြတ် ဖြစ်စေတယ်ဆိုပြီး လယ်သမားတွေဘက်က နယူးဒေလီမြို့ အပြင်ဘက်မှာ ဆန္ဒပြနေတာဟာ ၂ လကျော်လာခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့တပတ်ကတော့ အကြမ်းဖက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျရောက်တဲ့ Republic Day လို့ခေါ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံ စတင်အတည်ပြုတဲ့နေ့ အခမ်းအနားအတွင်း လယ်ထွန်စက်တွေနဲ့ စီတန်းလှည့်လည်တာမှာ တချို့ဆန္ဒပြတဲ့သူတွေက မူလကတည်းက ကြိုတင်သဘောတူထားတဲ့ လမ်းကြောင်းကနေပြောင်းပြီး မောင်းခဲ့တာကြောင့် ရဲတွေနဲ့ ထိပ်တိုက်တွေ့ပြီး Red Fort ခံတပ်ကြီးထဲကို ချိုးဖောက်ဝင်ရောက်သွားခဲ့တာပါ။ အဲဒီဆန္ဒပြမှုကြောင့် ၁ ယောက်သေပြီး အတော်များများ ဒဏ်ရာရသွားခဲ့ပါတယ်။

ဇန်နဝါရီ ၂၆ ရက်နေ့က ဒေလီမြို့မှာဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်က အိန္ဒိယနိုင်ငံတော်ရဲ့ အလံကို စော်ကားတိုက်ခိုက်တာဖြစ်ပြီး အိန္ဒိယနိုင်ငံအတွက်တော့ ဝမ်းနည်းစရာ ကောင်းတယ်လို့ ဝန်ကြီးချုပ် Modi က ရေဒီယိုကနေ ဒီနေ့ ပြောလိုက်ပါတယ်။

လယ်သမားခေါင်းဆောင်တွေကတော့ ဒီအကြမ်းဖက်မှုဟာ စီတန်းလှည့်လည်ပွဲမှာ ပါဝင်တဲ့သူ တချို့ကြောင့် ဖြစ်တာဖြစ်ပြီး သူတို့မှာ တာဝန်မရှိဘူးလို့ ပြောလိုက်ပါတယ်။ အစိုးရဘက်ကတော့ နှစ်ဖက်ဆွေးနွေးမှုတွေ ဆက်လုပ်ဖို့အတွက် လမ်းဖွင့်ထားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒီဥပဒေကို နောက်ထပ် ၁၈ လကြာ ရပ်ဆိုင်းထားဖို့ ကမ်းလှမ်းထားတယ်လို့ အတိုက်အခံပါတီ ခေါင်းဆောင်တွေကို ဝန်ကြီးချုပ် Modi က စနေနေ့က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG