သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လယ္သမားဆႏၵျပမႈ ထိန္းခ်ဳပ္ဖို႔ နယူးေဒလီ မွာ တပ္အင္အားထပ္ျဖည္႔


(Zawgyi/Unicode)

ေထာင္ေပါင္းမ်ားစြာေသာ လယ္သမားေတြရဲ့ ဆႏၵျပမႈကိုရင္ဆိုင္ေနရတဲ့ အိႏၵိယအစိုးရက နယူးေဒလီၿမိဳ႕ေတာ္မွာ အရံတပ္ဖြဲ႕အင္အား ၂၀၀၀ ကို အားျဖည့္တပ္စြဲ ခ်ထားဖို႔ အဂၤါေန႔က အမိန္႔ထုတ္ျပန္လိုက္ ပါတယ္။ ဆႏၵျပ လယ္သမားေတြက ႏွစ္ေပါင္း ၄၀၀သက္တမ္း ရွိတဲ့နာမည္ေက်ာ္ Red Fort ေရွးေဟာင္းခံတပ္ကိုစီးနင္းဝင္ေရာက္ၿပီး ရဲတပ္ဖြဲ႕နဲ႔ ႐ုန္းရင္းဆန္ခတ္ေတြ ျဖစ္ပြားၿပီးတဲ့ ေနာက္ အခုလို တပ္ဖြဲ႕ အင္အားတိုးခ်ဲ႕ ခ်ထား ဖို႔ အမိန္႔ထုတ္ျပန္လိုက္တာလို႔ AFP သတင္းက ေျပာပါတယ္။

ဆႏၵျပသူေတြက ရဲတပ္ဖြဲ႕ ခ်ထားတဲ့ အတားအဆီး ေတြကိုခ်ိဳးဖ်က္ၿပီးၿမိဳ႕ေတာ္အနီးက RedFort ေရွးေဟာင္းခံတပ္ေျမထဲဝင္ေရာက္ ခဲ့တာပါ။ အဲဒီေနာက္ ၿမိဳ႕ေတာ္ထဲ လယ္ထြန္စက္ေတြနဲ႔ တန္းစီၿပီး ဝင္ေရာက္ခဲ့တာ ျဖစ္ပါတယ္။

ရဲတပ္ဖြဲ႕က မ်က္ရည္ယိုဗုံးေတြ၊ မီးသတ္ပိုက္ေတြနဲ႔ နံပါတ္တုတ္ေတြ သုံးၿပီး လူစုခြဲခဲ့တာပါ။

႐ုန္းရင္းဆန္ခတ္ျဖစ္မႈထဲ အနည္းဆုံး ဆႏၵျပသူ တစ္ေယာက္ ေသဆုံးၿပီး ရဲ ေတာ္ေတာ္မ်ားမ်ား ဒဏ္ရာရရွိခဲ့ပါတယ္။ ေသဆုံးသူက လယ္ထြန္စက္ေမွာက္ၿပီး ေသဆုံးရတာလို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။

အိႏၵိယအစိုးရ ထုတ္ျပန္လိုက္တဲ့ စိုက္ပ်ိဳးေရး ဥပေဒေတြကို ဆန္႔က်င့္ကန္႔ကြက္ဖို႔ နယူးေဒလီၿမိဳ႕ နယ္နိမိတ္အနားမွာ နိုဝင္ဘာလထဲ ကတည္းက စခန္းခ်ဆႏၵျပေနတဲ့ လယ္သမားေတြကို အစိုးရက အခုအခ်ိန္အထိ နယူးေဒလီၿမိဳ႕ေတာ္ထဲ ဝင္ခြင့္ျပဳမေပးခဲ့ပါဘူး။ အဂၤါ ေန႔က သမၼတနိုင္ငံေန႔ Republic Day က်င္းပတဲ့ေန႔မွာေတာ့ ၿမိဳ႕ေတာ္ထဲ ဝင္ေရာက္ဖို႔ ႀကိဳးစားရာ ကေန အခုလို လူေသဆုံးတဲ့ အထိ ျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။ ႐ုန္းရင္းဆန္ခတ္ျဖစ္ေအာင္ ျပဳလုပ္ခဲ့တဲ့ ဆႏၵျပသမားေတြ က ဆႏၵျပသူ အားလုံးကို ကိုယ္စားမျပဳ ဘူးလို႔ ဆႏၵျပ ေခါင္းေဆာင္ေတြက ေျပာပါတယ္။

“ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ဆက္ၿပီး ဆႏၵျပမွသာ ကၽြန္ေတာ္တို႔ ဒီ တိုက္ပြဲကို ေအာင္နိုင္မွာပါ။ ကမၻာက ကၽြန္ေတာ္တို႔ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူ ေတြကို ေစာင့္ၾကည့္ေနပါတယ္။ ျငမ္းခ်မ္းမႈကို ဆက္မထိန္းရင္ ကၽြန္ေတာ္တို႔ အရႈံးနဲ႔ရင္ဆိုင္ရလိမ့္မယ္လို႔” ဆႏၵျပ လယ္သမား ေခါင္းေဆာင္ Yogendra Yadav က ေျပာပါတယ္။

အိႏၵိယအစိုးရက လယ္သမားေတြ ဆန္႔က်င္ေနတဲ့ စိုက္ပ်ိဳးေရး ဥပေဒေတြက လယ္ယာက႑မွာ ပုဂၢလိက ရင္းႏွီးျမႇုပ္မႈေတြ ဝင္ ေရာက္ၿပီး ေခတ္မီေစမွာ ျဖစ္တယ္လို႔ ေျပာေပမယ့္ အတိုက္အခံ ေခါင္းေဆာင္ေတြကေတာ့ အစိုးရက ဒီ ဥပေဒကို ေသေသခ်ာခ်ာ တိုင္ပင္ခ်ျပျခင္း မရွိဘဲ ထုတ္ျပန္ခဲ့တယ္ဆိုၿပီး အျပစ္တင္ ေျပာဆိုေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

လယ်သမားဆန္ဒပြမှု ထိန်းချုပ်ဖို့ နယူးဒေလီ မှာ တပ်အင်အားထပ်ဖြည့်

(Unicode)

ထောင်ပေါင်းများစွာသော လယ်သမားတွေရဲ့ ဆန္ဒပြမှုကိုရင်ဆိုင်နေရတဲ့ အိန္ဒိယအစိုးရက နယူးဒေလီမြို့တော်မှာ အရံတပ်ဖွဲ့အင်အား ၂၀၀၀ ကို အားဖြည့်တပ်စွဲ ချထားဖို့ အင်္ဂါနေ့က အမိန့်ထုတ်ပြန်လိုက် ပါတယ်။ ဆန္ဒပြ လယ်သမားတွေက နှစ်ပေါင်း ၄၀၀သက်တမ်း ရှိတဲ့နာမည်ကျော် Red Fort ရှေးဟောင်းခံတပ်ကိုစီးနင်းဝင်ရောက်ပြီး ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ပွားပြီးတဲ့ နောက် အခုလို တပ်ဖွဲ့ အင်အားတိုးချဲ့ ချထား ဖို့ အမိန့်ထုတ်ပြန်လိုက်တာလို့ AFP သတင်းက ပြောပါတယ်။

ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ ချထားတဲ့ အတားအဆီး တွေကိုချိုးဖျက်ပြီးမြို့တော်အနီးက RedFort ရှေးဟောင်းခံတပ်မြေထဲဝင်ရောက် ခဲ့တာပါ။ အဲဒီနောက် မြို့တော်ထဲ လယ်ထွန်စက်တွေနဲ့ တန်းစီပြီး ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေနဲ့ နံပါတ်တုတ်တွေ သုံးပြီး လူစုခွဲခဲ့တာပါ။

ရုန်းရင်းဆန်ခတ်ဖြစ်မှုထဲ အနည်းဆုံး ဆန္ဒပြသူ တစ်ယောက် သေဆုံးပြီး ရဲ တော်တော်များများ ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူက လယ်ထွန်စက်မှောက်ပြီး သေဆုံးရတာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အိန္ဒိယအစိုးရ ထုတ်ပြန်လိုက်တဲ့ စိုက်ပျိုးရေး ဥပဒေတွေကို ဆန့်ကျင့်ကန့်ကွက်ဖို့ နယူးဒေလီမြို့ နယ်နိမိတ်အနားမှာ နိုဝင်ဘာလထဲ ကတည်းက စခန်းချဆန္ဒပြနေတဲ့ လယ်သမားတွေကို အစိုးရက အခုအချိန်အထိ နယူးဒေလီမြို့တော်ထဲ ဝင်ခွင့်ပြုမပေးခဲ့ပါဘူး။ အင်္ဂါ နေ့က သမ္မတနိုင်ငံနေ့ Republic Day ကျင်းပတဲ့နေ့မှာတော့ မြို့တော်ထဲ ဝင်ရောက်ဖို့ ကြိုးစားရာ ကနေ အခုလို လူသေဆုံးတဲ့ အထိ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်အောင် ပြုလုပ်ခဲ့တဲ့ ဆန္ဒပြသမားတွေ က ဆန္ဒပြသူ အားလုံးကို ကိုယ်စားမပြု ဘူးလို့ ဆန္ဒပြ ခေါင်းဆောင်တွေက ပြောပါတယ်။

“ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆက်ပြီး ဆန္ဒပြမှသာ ကျွန်တော်တို့ ဒီ တိုက်ပွဲကို အောင်နိုင်မှာပါ။ ကမ္ဘာက ကျွန်တော်တို့ ငြိမ်းချမ်းစွာ ဆန္ဒပြသူ တွေကို စောင့်ကြည့်နေပါတယ်။ ငြမ်းချမ်းမှုကို ဆက်မထိန်းရင် ကျွန်တော်တို့ အရှုံးနဲ့ရင်ဆိုင်ရလိမ့်မယ်လို့” ဆန္ဒပြ လယ်သမား ခေါင်းဆောင် Yogendra Yadav က ပြောပါတယ်။

အိန္ဒိယအစိုးရက လယ်သမားတွေ ဆန့်ကျင်နေတဲ့ စိုက်ပျိုးရေး ဥပဒေတွေက လယ်ယာကဏ္ဍမှာ ပုဂ္ဂလိက ရင်းနှီးမြှုပ်မှုတွေ ဝင် ရောက်ပြီး ခေတ်မီစေမှာ ဖြစ်တယ်လို့ ပြောပေမယ့် အတိုက်အခံ ခေါင်းဆောင်တွေကတော့ အစိုးရက ဒီ ဥပဒေကို သေသေချာချာ တိုင်ပင်ချပြခြင်း မရှိဘဲ ထုတ်ပြန်ခဲ့တယ်ဆိုပြီး အပြစ်တင် ပြောဆိုနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG