သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရဲ့ ကိုဗစ်ကာကွယ်ဆေး ဒီပလိုမေစီ


AstraZeneca ကိုဗစ်ကာကွယ်ဆေး ပြသနေတဲ့ အိန္ဒိယသူနာပြုတဦး။ (ဇန်နဝါရီ ၁၆၊ ၂၀၂၁)
AstraZeneca ကိုဗစ်ကာကွယ်ဆေး ပြသနေတဲ့ အိန္ဒိယသူနာပြုတဦး။ (ဇန်နဝါရီ ၁၆၊ ၂၀၂၁)

(Zawgyi / Unicode)

ကာကွယ်ဆေး အမြောက်အမြားထုတ်တဲ့ အိန္ဒိယနိုင်ငံဟာ မြန်မာအပါအဝင် ဝင်ငွေနည်းတဲ့ အိမ်နီးချင်းနိုင်ငံတွေကို ကိုဗစ်ကာကွယ်ဆေး ထောက်ပံ့ဝေငှရင်း "ကာကွယ်ဆေးပေး-သံတမန်နည်း" ကို အသုံးပြုလာပါတယ်။ ဒါဟာ ကမ္ဘာ့အလယ်မှာ နာမည်ကောင်းရလာဖို့နဲ့ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုအောက်ကနေ တောင်အာရှနိုင်ငံတွေကို ပြန်ဆွဲထုတ်ဖို့ အိန္ဒိယက မျှော်လင့်နေကြောင်း Anjana Pasricha နယူးဒေလီက ပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

အဖိုးတန်ဆုံး ဆေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ ဒီလေယာဉ်ကြီးကတော့ ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်အတွက် ကိုဗစ်ကာကွယ်ဆေး စောင့်နေကြတဲ့ နိုင်ငံတွေဆီ အိန္ဒိယက သွားရောက်ပေးဝေမှာ ဖြစ်ပါတယ်။

အိန္ဒိယဟာ သူ့နိုင်ငံထဲ ကိုဗစ်ကာကွယ်ဆေးထိုးတဲ့ အစီအစဉ် စလာပြီး ရက်ပိုင်းအတွင်းမှာပဲ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန်၊ မော်လ်ဒိုက်၊ Seychelles နဲ့ Mauritius စတဲ့နိုင်ငံတွေဆီ သန်းနဲ့ချီတဲ့ AstraZeneca ကိုဗစ်ကာကွယ်ထိုးဆေးတွေ လိုက်လံဝေငှနေတာပါ။

ဖွံ့ဖြိုးစနိုင်ငံတွေက လိုချင်နေတဲ့ ဈေးနှုန်းချိုသာပြီး သာမန်ရေခဲသေတ္တာမှာ အလွယ်တကူ သိုလှောင်ထားနိုင်တဲ့ ဗြိတိန် AstraZeneca ကာကွယ်ဆေးကို အိန္ဒိယမှာ အမြောက်အမြား ထုတ်နေပါတယ်။

ကိုဗစ်ဆေး လက်ခံရရှိတဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း အိန္ဒိယရဲ့ စေတနာကို ချီးကျူးလေးစားကြောင်း ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ကြီး Zahid Maleque က ပြောပါတယ်။

“လိုအပ်နေချိန်မှာ အကူအညီပေးတဲ့သူက တကယ့် မိတ်ဆွေကောင်းပါပဲ။”

အိမ်နီးချင်းနိုင်ငံတွေကို ဦးစားပေးအစီအစဉ်နဲ့ ကာကွယ်ဆေး ဖြန့်ဝေပေးသွားမယ်လို့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ပြောပါတယ်။ တရုတ်နိုင်ငံကတော့ သူ့နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေ တူရကီအပါအဝင် နိုင်ငံအတော်များများကို ဖြန့်ဝေပေးနေချိန်မှာ တောင်အာရှနိုင်ငံတွေကတော့ ဗြိတိန်လုပ် AstraZeneca ထိုးဆေးကို လိုချင်နေကြတာပါ။ Sreeram Chaulia ဟာ Jindal နိုင်ငံတကာလေ့လာရေး တက္ကသိုလ်က မဟာဌာနမှူး ဖြစ်ပါတယ်။

“များသောအားဖြင့် တရုတ်က စစ်ရေး၊ စီးပွားရေးမှာ အိန္ဒိယထက် သာလွန်ပေမယ့် ခုလို ကာကွယ်ဆေးကိစ္စမှာတော့ အိန္ဒိယက သူ့အရည်အချင်းကို ထုတ်ပြချင်ပုံရပါတယ်။ အထူးသဖြင့် ဆေးဝါးထုတ်တဲ့ကဏ္ဍ၊ ဈေးသက်သာတဲ့ ဆေးကုသမှုတွေမှာ အိန္ဒိယက တရုတ်ထက် အများကြီးသာပါတယ်။ ဒါကြောင့် ဒီကာကွယ်ဆေးကိစ္စမှာတော့ အိန္ဒိယကို အားကိုးကြပါဆိုတဲ့ သတင်းစကားမျိုး ခပ်ပါးပါးလေး ပေးလိုက်တာပဲလို့ ကျနော်ထင်ပါတယ်။”

စီးပွားဖြစ်ရောင်းတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို အိန္ဒိယက စပို့နေပြီး ဘရာဇီးလ်နဲ့ မော်ရိုကိုနိုင်ငံတွေကို ပထမအသုတ်အဖြစ် ရောက်သွားပါပြီ။ လာမယ့်လတွေမှာ အာဖရိကနဲ့ တောင်အမေရိက နိုင်ငံတွေဆီ ထပ်ပို့ဖို့ ရှိနေပါတယ်။ AstraZeneca ဆေးကို အိန္ဒိယမှာသုံးဖို့ အတည်ပြုလိုက်ပြီးနောက် အလားတူဆေးကို အိန္ဒိယကုမ္ပဏီတခုက အမြောက်အမြား ထုတ်နေတဲ့အတွက် ကိုဗစ်ကာကွယ်ဆေး ထောက်ပံ့ရေးမှာ အိန္ဒိယက ဦးဆောင်လုပ်သွားနိုင်မယ်လို့ ဝန်ကြီးချုပ် Narendra Modi က ပြောပါတယ်။

“လူ့အသက်တွေကို ကာကွယ်ဖို့ အခုဆိုရင် အိန္ဒိယမှာ ကိုဗစ်ကာကွယ်ဆေး ၂ မျိုးတောင် ထုတ်နေပါပြီ။ အိန္ဒိယဟာ ကမ္ဘာမှာ ဆေးဝါးအများဆုံးထုတ်တဲ့ နိုင်ငံဖြစ်တဲ့အတွက် လွန်ခဲ့တဲ့ကာလတွေတုန်းကလည်း လိုအပ်တဲ့နိုင်ငံတွေကို ဖြန့်ဝေပေးခဲ့သလို အခုလည်း ဆက်လုပ်သွားမှာပါ။”

ကာကွယ်ဆေးလိုချင်သူတွေ များနေတဲ့အတွက် အိန္ဒိယကုမ္ပဏီတွေကလည်း ပိုတိုးမြှင့် ထုတ်နေတာပါ။ ဒါက ကမ္ဘာ့ကပ်ရောဂါ အဆုံးသတ်ရေးမှာ အရေးပါတဲ့နိုင်ငံအဖြစ် နာမည်ကောင်းရလာစေဖို့ အိန္ဒိယက ရည်ရွယ်နေပုံရတယ်လို့ Sreeram Chaulia က သုံးသပ်ပါတယ်။

“ကာကွယ်ဆေးပေးတဲ့ သံတမန်ဆက်ဆံနည်းက မြင်သာတဲ့ ရုပ်ဝတ္ထုအကျိုးအမြတ် ရတယ်ဆိုတာထက် အိန္ဒိယရဲ့ ဂုဏ်သိက္ခာအတွက်ရော အနုနည်းနဲ့ သြဇာလွှမ်းမိုးနိုင်ဖို့အတွက်ပါ ဖြစ်ပါတယ်။”

ကာကွယ်ဆေး ရရှိမှုမှာ မမျှတဘူးဆိုတဲ့ ဝေဖန်သံတွေ တိုးလာနေချိန်မှာပဲ ချမ်းသာတဲ့နိုင်ငံတွေက ကာကွယ်ဆေး စထိုးနေကြပေမယ့် ဖွံ့ဖြိုးစ တိုင်းပြည်တွေကတော့ ကာကွယ်ဆေး အလုံအလောက်ရဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)

အိန်ဒိယရဲ့ ကိုဗဈကာကှယျဆေး ဒီပလိုမစေီ








“မြားသောအားဖွင့ျ တရုတျက စဈရေး၊ စီးပှားရေးမှာ အိန်ဒိယထကျ သာလှနျပမေယ့ျ ခုလို ကာကှယျဆေးကိစ်စမှာတော့ အိန်ဒိယက သူ့အရညျအခငြျးကို ထုတျပွခငြျပုံရပါတယျ။ အထူးသဖွင့ျ ဆေးဝါးထုတျတဲ့ကဏ်ဍ၊ ဈေးသကျသာတဲ့ ဆေးကုသမှုတှမှော အိန်ဒိယက တရုတျထကျ အမြားကွီးသာပါတယျ။ ဒါကွောင့ျ ဒီကာကှယျဆေးကိစ်စမှာတော့ အိန်ဒိယကို အားကိုးကွပါဆိုတဲ့ သတငျးစကားမြိုး ခပျပါးပါးလေး ပေးလိုကျတာပဲလို့ ကနြောျထငျပါတယျ။”






XS
SM
MD
LG