သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္တပ္အာဏာသိမ္းမႈကို လက္မခံႏိုင္လို႔ သတင္းမီဒီယာေကာင္စီက ႏုတ္ထြက္သူ


(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ စစ္တပ္က အာဏာသိမ္းလိုက္ၿပီးေနာက္ပိုင္း သတင္းမီဒီယာသမားေတြရဲ႕ လြတ္လြပ္စြာ သတင္းရယူခြင့္နဲ႔ သတင္းသမားေတြရဲ႕ လုံၿခဳံေရး သိသိသာသာ ၿခိမ္းေျခာက္ခံ လာေနရၿပီး ျမန္မာ့သတင္းမီဒီယာေကာင္စီ ဟာလည္း စစ္အုပ္ခ်ဳပ္ေရးေကာင္စီရဲ႕ လက္ကိုင္တုတ္ျဖစ္လာမယ့္ အလားအလာေတြ ေတြ႕လာေနရတယ္လို႔ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီ အဖြဲ႕ဝင္အျဖစ္ကေန ေလာေလာလတ္လတ္ ႏုတ္ထြက္လိုက္တဲ့ မေဝမာသိမ့္က ေျပာပါတယ္။ အာဏာသိမ္းၿပီး ရက္ပိုင္းအတြင္းမွာပဲ အစိုးရ သတင္းဌာနေတြကလြဲလို႔ တျခား ႐ုပ္သံသတင္းဌာနေတြ အေတာ္မ်ားမ်ား ပိတ္ပင္ခံရတာ၊ ကန႔္သတ္ခံရတာေတြ ရွိခဲ့ၿပီး ဆႏၵျပပြဲေတြကို သတင္းယူေနၾကတဲ့ သတင္းသမားေတြ ဖမ္းဆီး ႐ိုက္ႏွက္ခံရတာ၊ ၿခိမ္းေျခာက္ခံရတာေတြ ရွိခဲ့ပါတယ္။ ဒီအေပၚမွာ သတင္းမီဒီယာေကာင္စီ အေနနဲ႔ တစုံတရာ အကာအကြယ္ ေပးႏိုင္တဲ့ အေျခအေန မရွိသလို၊ လက္ရွိ စစ္အုပ္ခ်ဳပ္ေရးေကာင္စီနဲ႔ ပူးေပါင္းေဆာင္႐ြက္တာေတြ မလုပ္ခ်င္တဲ့အတြက္ ႏုတ္ထြက္ခဲ့တယ္လို႔ မေဝမာသိမ့္က ေျပာပါတယ္။ မေဝမာသိမ့္ကို ဆက္သြယ္ေမးျမန္းၿပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ဆက္ထားပါတယ္။

မေဝမာသိမ့္ေရ...အခုလို အခ်ိန္ေပးေမးျမန္းခြင့္ေပးတာ ေက်းဇူးတင္ပါတယ္။ အခုဆိုရင္ ျမန္မာႏိုင္ငံတဝွမ္းမွာ စစ္အုပ္ခ်ဳပ္ေရးကို ဆန႔္က်င္တဲ့ လမ္းေပၚထြက္ဆႏၵျပပြဲ အားေကာင္းလာေနသလို၊ စစ္အုပ္ခ်ဳပ္ေရးေကာင္စီနဲ႔ ပူးေပါင္းေဆာင္႐ြက္တာေတြ မလုပ္ႏိုင္ဘူးလို႔ ဆိုၿပီး အစိုးရဌာနေတြက ဝန္ထမ္းေတြလည္း အလုပ္မသြားဘဲ အာဏာဖီဆန္ေရး CDM လႈပ္ရွားမႈေတြ ပိုၿပီး အားေကာင္းလာေနခ်ိန္ ျဖစ္ပါတယ္။ တခ်ိန္တည္းမွာလည္း မေဝမာသိမ့္တို႔လို သတင္းမီဒီယာသမားေတြ ထဲမွာလည္း အာဏာသိမ္းတာကို ဆန႔္က်င္ကန႔္ကြက္မႈေတြ ျပလာၾကတာ ရွိတယ္။ အခုဆိုရင္ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီထဲကေန ေကာင္စီဝင္တခ်ိဳ႕ ႏုတ္ထြက္တယ္လို႔ ၾကားရပါတယ္။ မေဝမာသိမ့္ကိုယ္တိုင္လည္း ေကာင္စီအဖြဲ႕ဝင္အျဖစ္ကေန ႏုတ္ထြက္စာ တင္ထားတယ္လို႔ သိရပါတယ္။ အဲ့ဒီအေျခအေနကို အရင္ဆုံး နည္းနည္းေလာက္ ရွင္းျပေပးပါလား။ ဘယ္လို အေျခအနေတြေၾကာင့္ ဘာေၾကာင့္ ႏုတ္ထြက္ခဲ့တာပါလဲ။

“ထြက္တာက က်မ ကိုယ္တိုင္ကလည္း ဒီ အာဏာသိမ္းတာကို လက္မခံဘူး။ မႀကိဳက္ဘူး။ ေနာက္ေတာ့ အခု က်မတို႔အေနနဲ႔ ဒီေကာင္စီက ဘာလုပ္ႏိုင္မလဲေပါ့ေနာ္။ ေကာင္စီက ဥပေဒ အခြင့္အေရး အရ ဘာေတြလုပ္ႏိုင္မလဲဆိုတာ ၾကည့္တဲ့အခါမွာ - အေရွ႕မွာတုန္းကေတာ့ က်မရဲ႕စိတ္မွာက သတင္းသမားေတြ အကယ္၍မ်ား ဖမ္းဆီးခံရတာ၊ ဖိႏွိပ္ခံရတာ၊ ႐ိုက္ႏွက္ခံရတာ၊ သတင္းသမားေတြ အခြင့္အေရးေတြ ဆုံးရႈံးတာ၊ သတင္းလြတ္လပ္ခြင့္ေတြ ထိပါးလာရင္ က်မအေနနဲ႔ ေကာင္စီရဲ႕ ဥပေဒအရ ေပးထားတဲ့ပါဝါအရ က်မတို႔မွာ လုပ္ပိုင္ခြင့္ နည္းနည္း ရွိခဲ့မယ္ဆိုရင္၊ က်မတို႔က အဲ့ဒီဟာကို အတြင္းစည္းထဲကေန က်မတို႔ လုပ္လို႔ရမယ္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ က်မ ေစာင့္ၾကည့္ခဲ့တယ္။ ဒါေပမဲ့ လက္ရွိအာဏာသိမ္း အစိုးရကေနၿပီးေတာ့ ျပန္ၾကားေရးက စာပို႔တယ္။ က်မတို႔ သတင္းမီဒီယာေတြကို က်င့္ဝတ္ေတြ ထိန္းေက်ာင္းေပးဖို႔ဆိုတဲ့ဟာမ်ိဳးကို စာပို႔တာမ်ိဳး ရွိခဲ့တယ္။ ေနာက္တခုက (စစ္အုပ္ခ်ဳပ္ေရးေကာင္စီအႀကီးအကဲ) မင္းေအာင္လႈိင္ကေနၿပီးေတာ့ ဒီသတင္းမီဒီယာေကာင္စီကို အစိုးရမ႑ိဳင္ အေနနဲ႔ သူတို႔အေနနဲ႔ သေဘာထားတယ္။ ၿပီးရင္လည္း ေကာင္စီကေနတဆင့္ သတင္းမီဒီယာသမားေတြရဲ႕ က်င့္ဝတ္ေတြကို ထိန္းေၾကာင္းသြားမယ္ ဆိုတဲ့ဟာမ်ိဳး ေျပာတဲ့အခါမွာ က်မ အေနနဲ႔ လက္မခံႏိုင္ဘူး။ ေကာင္စီအေနနဲ႔ ျပတ္ျပတ္သားသား ရပ္တည္ဖို႔လိုတယ္။ သတင္းသမားေတြရဲ႕ ဘယ္လိုအခ်က္ေတြကိုပဲ က်မတို႔က လိုက္လုပ္မယ္။ ဘယ္လိုအရာေတြကို ပူးေပါင္း ေဆာင္႐ြက္ျခင္း မရွိဘူးဆိုတဲ့ဟာမ်ိဳးကိုလည္း က်မက ေကာင္စီရဲ႕ သေဘာထား ရပ္တည္ခ်က္ကို ျပတ္ျပတ္သားသား သိခ်င္တယ္။ အဲ့ဒီအတြက္လည္း ေရွ႕ရက္ေတြမွာ က်မက ေကာင္စီကို ေကာင္စီရဲ႕ ရပ္တည္ခ်က္က ဘာလဲဆိုတာ စာနဲ႔ ေကာင္စီဝင္ေတြ အကုန္လုံးကို ေမးတယ္။ ဒါေပမဲ့ အဲ့ဒီအေပၚမွာ တစုံတရာ ေျဖၾကားတာမ်ိဳးေပါ့ေနာ္။ အမ်ားစုက ေျဖၾကားတာမ်ိဳး မရွိဘူးဆိုေတာ့ ေကာင္စီရဲ႕ ရပ္တည္ခ်က္ကို ရွင္းရွင္းလင္းလင္း မျဖစ္ေသးဘူး။ လုံေလာက္တဲ့ရပ္တည္ခ်က္ မျဖစ္ေသးဘူးလို႔ က်မ အေနနဲ႔ နားလည္တယ္။ ေနာက္ၿပီးေတာ့ ေရွ႕ဆက္မွာလည္း သတင္းသမားေတြရဲ႕ လုံၿခဳံေရးကိုျဖစ္ေစ၊ သတင္းရယူပိုင္ခြင့္နဲ႔ပတ္သက္ၿပီး ျဖစ္ေစ ေရွ႕ဆက္မွာ ေကာင္စီဝင္တဦး အေနနဲ႔ေတာင္ ကူညီႏိုင္ခြင့္ အခြင့္အလမ္းဆိုတာ မရွိႏိုင္ဘူး။ အဲ့ဒါေၾကာင့္မိုလို႔ က်မ အျမန္ဆုံး ႏုတ္ထြက္ဖို႔ ပိုၿပီး ခိုင္ခိုင္မာမာ ဆုံးျဖတ္လိုက္တာပါ။”

ဆိုေတာ့ မေဝမာသိမ့္ကေတာ့ အခု ေကာင္စီကေန ႏုတ္ထြက္စာ တင္ထားတယ္။ တျခား ကိုယ့္လိုပဲ အယူအဆရွိၿပီး ႏုတ္ထြက္သူေတြေရာ ရွိပါလား။ ဒီ ဗုဒၶဟူးေန႔တုန္း ကလည္း ေကာင္စီမွာ စုံညီ အစည္းအေဝး လုပ္တယ္လို႔ ၾကားရပါတယ္။ ဒီအစည္းအေဝးကေရာ အခုကိစၥေတြေၾကာင့္နဲ႔ ဆိုင္ပါသလား။ မေဝမာသိမ့္ေရာ ဒီအစည္းအေဝးေရာ တက္ျဖစ္ခဲ့ပါလား။

''ဟုတ္ကဲ့ တက္တယ္။ စုံညီ အစည္းအေဝးေပါ့။ စုံညီ အေရးေပၚအစည္းအေဝး လုပ္တယ္။ အဓိက ကေတာ့ ေကာင္စီဝင္ေတြအားလုံးရဲ႕ သေဘာထားကို ေမးတာေပါ့။ တဦးခ်င္းစီရဲ႕ သေဘာထားေပါ့။ အဲ့ဒီအထဲမွာေတာ့ အျပန္အလွန္ တဦးခ်င္းက ဘာေၾကာင့္ ဆက္ရွိသင့္တယ္။ ဘာေၾကာင့္ထြက္မယ္ဆိုတာေတြကို တဦးခ်င္း ေျပာၾကတယ္။ အားလုံးရဲ႕သေဘာထားေတြ ယူၿပီးေတာ့ တခ်ိဳ႕လည္း ဆက္ၿပီး ေကာင္စီမွာ ရွိေနတဲ့သူ ရွိမယ္။ ထြက္လိုက္တဲ့ သူေတြလည္း ရွိတယ္ေပါ့။ အဲဒါအေပၚမွာေရာ တစုံတခု ထပ္ၿပီးေတာ့ ဆုံးျဖတ္တာေတာ့ မရွိဘူး။ ဒီအစည္းအေဝးမွာေတာ့ ထြက္ၾကမယ္ဆိုတာကို ႏုတ္အားျဖင့္ တရားဝင္ေျပာၾကတယ္။ ေျပာၾကတဲ့အထဲမွာ စုစုေပါင္းေတာ့ က်မ အခု သိတာေတာ့ ၁၄ ေယာက္ေပါ့ေနာ္။ ထြက္လိုက္တာေပါ့ေနာ္။”

ႏုတ္အားျဖင့္ ထြက္မယ္ေျပာၾကတယ္ဆိုေတာ့ ေနာက္ပိုင္း တရားဝင္ထြက္ စာတင္တဲ့ အပိုင္းေတာ့ ရွိဦးမွာေပါ့။

“အခုေလာေလာဆယ္ ဒီေန႔အထိ က်မ သိတာေတာ့ ၅ ဦးရွိတယ္ေပါ့ေနာ္။ တိုက္႐ိုက္ သူတို႔အဖြဲ႕အစည္းကို ေကာင္စီ႐ုံးအဖြဲ႕ကို တျခားနည္းလမ္းေတြနဲ႔ ေပးပို႔တာမ်ိဳး ရွိခဲ့မရွိခဲ့ေတာ့ က်မ အဲ့ဒါ ေသခ်ာမသိဘူး။ က်မ သိထားတာေတာ့ ေလာေလာဆယ္ တရားဝင္ စာနဲ႔ အေၾကာင္းၾကားေပးပို႔ထား တာေတာ့ ၅ ဦးရွိတယ္။”

ဒါက တရား၀င္စာတင္ထားတဲ့သူေတြေပါ့ေနာ္။ ေစာေစာကေျပာတဲ့ ႏုတ္အားျဖင့္ ထြက္မယ္လို႔ ေျပာထားတဲ့သူ အေရအတြက္အရ ဆိုရင္ကေတာ့ ဒါက ေကာင္စီဝင္အမ်ားစု ႏုတ္ထြက္တဲ့သေဘာေပါ့။

“စုစုေပါင္း က်မတို႔က ၂၆ ေယာက္ေပါ့။ (စဖြဲ႔ခ်ိန္မွာ) ၃၀ ရွိတာမွာ ကဗ်ာအစုအဖြဲ႕က တေယာက္က အစကတည္းက မပါဘူး။ ေနာက္တေယာက္က မသူဇာ ကလည္း ထြက္သြားၿပီးၿပီ။ အရင္ကတည္းက ထြက္သြားၿပီးၿပီ ဆိုေတာ့ ၂၈ ေယာက္က်န္တယ္။ ဒီအထဲမွာ ေသဆုံးသြားတာ ၂ ေယာက္ရွိတယ္။ ေကာင္စီဝင္ ေဒါက္တာျမင့္ေမာင္ေမာင္ နဲ႔ ဥကၠ႒ ဦးအုန္းႀကိဳင္ ရွိတယ္။ ဆိုေတာ့ စုစုေပါင္းက်န္တာ ၂၆ ေယာက္ေပါ့။ ၂၆ ေယာက္မွာ အခုထြက္မယ္ဆိုၿပီး ႏုတ္အားျဖင့္ ေဆြးေႏြးၾကတယ္။ တခ်ိဳ႕လည္း စာေတြတင္ၿပီးၿပီေပါ့ေနာ္။ အဲ့ဟာက အခုက ၁၄ ေယာက္ေလာက္ ရွိတယ္ ဆိုေတာ့ အဲ့ဒီမွာတင္ အမ်ားစုေပါ့။ က်န္တဲ့ဟာက က်မထင္တယ္ ၁၂ ေယာက္ေလာက္ေပါ့။ က်န္တဲ့သူေတြက တခ်ိဳ႕လည္း အစည္းအေဝးလည္း မပါၾကဘူး။ မပါၾကေတာ့ အဲ့ဒီလူေတြရဲ႕ သေဘာထားေတာ့ ဒီေန႔မွာ မေဆြးေႏြးျဖစ္ဘူး။ အမ်ားစုကေတာ့ လက္ရွိ အာဏာသိမ္းေကာင္စီနဲ႔ ဆက္ၿပီးေတာ့ မလုပ္ခ်င္တာေပါ့။ သတင္းသမားေတြရဲ႕ အခြင့္အေရးကို ဆက္ၿပီးေတာ့ လုပ္ႏိုင္မယ့္ဟာမ်ိဳး မျမင္ေတာ့တဲ့အတြက္ ဆက္ၿပီး မလုပ္ႏိုင္ေတာ့ဘူးလို႔ ေျပာျပီး ထြက္ၾကတယ္။”

ဒီလို ႏုတ္ထြက္သြားတဲ့သူေတြ ရွိသလို၊ ဆက္ၿပီးက်န္ေနမယ့္သူေတြလည္း ရွိေနတယ္ဆုိေတာ့ သတင္းမီဒီယာ ေကာင္စီအေနနဲ႔က ဘယ္လိုပုံစံနဲ႔ ဆက္ရွိသြားမွာလဲ။ ဆက္ရွိေနတဲ့သူေတြရဲ႕ သေဘာထားကေရာ ဘယ္လိုရွိလဲ။

“တခ်ိဳ႕ ေဆြးေႏြးတဲ့အထဲမွာေတာ့ ဒီအဖြဲ႕အစည္းက ရွိသင့္တယ္။ ဘာျဖစ္လို႔ ဆက္ျပီးရွိသင့္လဲဆိုေတာ့ သတင္းသမားေတြရဲ႕ အခြင့္အေရးကိုျဖစ္ေစ၊ သတင္းသမားေတြကို အကာအကြယ္ေပးဖို႔ ျဖစ္ေစ ဒီအဖြဲ႕က ဆက္ၿပီးေတာ့ သြားေနဖို႔လိုတယ္။ အတြင္းစည္းကေနၿပီးေတာ့ ကိုယ္လိုခ်င္တဲ့ဟာကို ေတာင္းဆိုေနဖို႔ လိုတယ္ ဆိုတဲ့ဟာမ်ိဳး ရပ္တည္ခ်က္မ်ိဳးနဲ႔ ေဆြးေႏြးသူေတြလည္း ရွိတယ္။ အဲ့ဒီလိုဟာမ်ိဳးကို က်မတို႔ အေနနဲ႔ကေတာ့ ဒါက ဆက္ၿပီးေတာ့ သြားႏိုင္တဲ့ အေနအထားမ်ိဳး ေမ ွ်ာ္လင့္စရာ ဘာမွမရွိဘူး။ မရွိတဲ့အတြက္ က်မတို႔ထြက္မယ္။ က်မရဲ႕ထြက္မယ္ဆိုတဲ့ ဆုံးျဖတ္ခ်က္က ခိုင္ခိုင္မာမာခ်ၿပီးေတာ့ ေျပာင္းလဲမွာမဟုတ္ဘူး။ ဒါေပမဲ့ က်န္တဲ့သူေတြကေတာ့ တဦးခ်င္းစီရဲ႕ သေဘာထား ဆုံးျဖတ္ခ်က္ အတိုင္းပဲ လုပ္ပါဆိုၿပီး က်မတို႔ ေျပာပါတယ္။ တခ်ိဳ႕က အရင္တုန္းကေတာ့ ဒီအဖြဲ႕အစည္း တခုလုံးကို ထြက္တာမ်ိဳးကို လက္မခံဘူးဆိုတဲ့ ေဆြးေႏြးခ်က္မ်ိဳးေတြလည္း ရွိတယ္။ ဒါေပမဲ့ က်မတို႔က ဒါ တဦးခ်င္းစီရဲ႕ ဆုံးျဖတ္ခ်က္ျဖစ္တယ္။ အဲ့ဒါကို ေလးစားၿပီးေတာ့ က်မတို႔ ကေတာ့ ဒါ ဥပေဒအရလည္း ဒါက ေပးထားၿပီးသား။ က်မတို႔က ထြက္ခြင့္ရွိတယ္။ ဘယ္သူကမွ ဒါကို မထြက္ပါနဲ႔လို႔လည္း တားပိုင္ခြင့္ မရွိဘူး။ ဥပေဒအရ ေပးထားၿပီးသား ျဖစ္တယ္ဆိုေတာ့ အဲ့ဒီရပ္တည္ခ်က္နဲ႔ က်မေတာ့ အဲ့ဒါေျပာၿပီး ထြက္ခဲ့တာပါ။”

ဒီအတိုင္းဆိုရင္ ေကာင္စီဝင္အမ်ားစုကလည္း ထြက္မယ္လို႔ေျပာထားၾကတယ္ဆိုေတာ့ ေကာင္စီအေနနဲ႔ ေရွ႕ဆက္ ဘယ္လိုရွိသြားမယ့္ အေျခအေနပါလဲရွင့္။

“ေကာင္စီမွာက လက္ရွိမွာ က်မတို႔က ဥပေဒအရ အခုလက္ရွိ အာဏာသိမ္းေကာင္စီကေန ဥပေဒေတြကို စိတ္ႀကိဳက္ လိုသလိုျပင္ႏိုင္၊ ျပဌာန္းႏိုင္တဲ့၊ ပယ္ဖ်က္ႏိုင္တဲ့ အာဏာရွိၿပီးသား ျဖစ္တဲ့အတြက္ အခုလက္ရွိ မျပည့္စုံဘူးလို႔ေျပာတဲ့ သတင္းမီဒီယာဥပေဒေတာင္ ျပင္ဆင္လာႏိုင္တယ္။ အဲ့ဒီအခါက်ေတာ့ အခု ေကာင္စီက လူအမ်ားစုထြက္တယ္။ ရွိေနတဲ့လူဦးေရနဲ႔ ေနာက္ထပ္ အခုက်န္မွာက ေတာ္ေတာ္ႀကီးကို နည္းတယ္။ နည္းတယ္ဆိုတာက က်မတို႔ ဥပေဒအရ ဆိုရင္ ေကာင္စီ၀င္ ၁၅ ဦးေအာက္အထိ ေလ်ာ့နည္းသြားၿပီ ဆိုရင္ ၂ လအတြင္း ျပန္ေရြးခ်ယ္ရမယ္ေပါ့ေနာ္။ ျဖစ္လာႏုိင္တာက အကယ္၍မ်ား က်မတို႔ အခုလိုမ်ိဳး ၁၄ ေယာက္လုံးက ထြက္မယ္ဆိုရင္ တကယ္က်န္မွာက ၁၂ ေယာက္ပဲ ေလာေလာဆယ္ ရွိမယ္။ ဒါဆိုရင္ လက္ရွိဥပေဒအရ ဒါကို ျပန္ျပီးေတာ့ ေ႐ြးေကာက္တင္ေျမႇာက္ရမယ့္ အေနအထားမ်ိဳးရွိတယ္။ အဲ့ဒါမ်ိဳးဆိုရင္ ထပ္ၿပီးေတာ့ ဥပေဒေတြ ျပင္ဆင္လာႏိုင္မယ့္ အေနအထားမ်ိဳးကိုလည္း က်မတို႔ ေတြ႕ရတယ္။ အဲ့ဒီလိုမ်ိဳးဆိုရင္ လိုသလို ျပင္ဆင္လာရင္ ေကာင္စီဟာလည္း ေနာက္ထပ္ တျခားလူေတြ ထပ္ေရာက္လာႏိုင္တယ္။ တျခားလူေတြဆိုတာ က်မတို႔ တကယ္ သတင္းသမားေတြရဲ႕ အခြင့္အေရးေတြ၊ သတင္းသမားေတြရဲ႕ လုံၿခဳံမႈေတြကို အကာအကြယ္ေပးႏိုင္တဲ့သူေတြ ဟုတ္ခ်င္မွလည္း ဟုတ္ႏိုင္မယ္။ အဲ့ဒီလိုမ်ိဳးလူေတြ ထပ္ေရာက္လာရင္ေတာ့ ေသခ်ာတယ္ က်မတို႔ ေကာင္စီဟာ လက္ရွိအာဏာသိမ္းေကာင္စီရဲ႕ လက္ကိုင္တုတ္။ ဒါမွမဟုတ္ အာဏာသိမ္းေကာင္စီက အေကာင္အထည္ေဖာ္ေစခ်င္တဲ့ ဟာမ်ိဳးေတြ ျဖစ္လာမယ္။ လက္ရွိဥပေဒကလည္း မျပည့္စုံဘူး။ ဒါေပမဲ့ အဲ့ဒီထက္ပိုၿပီးဆိုး႐ြားတဲ့ ဥပေဒေတြ ျဖစ္လာမယ္ဆိုရင္ေတာ့ ေကာင္စီကလည္း သတင္းသမားေတြရဲ႕ အခြင့္အေရးတို႔၊ သတင္းသမားေတြ ကာကြယ္ေစာင့္ေရွာက္ခြင့္တို႔ ဘာမွလုပ္ႏိုင္မယ့္ အေနအထားမ်ိဳးကို မေတြ႕ရေတာ့ဘူးေပါ့ေနာ္။ ေရွ႕ေလ ွ်ာက္မွာ အဲ့ဒီလိုမ်ိဳးပဲ ဆက္ရွိလာႏိုင္တဲ့ အေနအထားမ်ိဳးကို ေတြ႕ေနရတယ္ေပါ့။”

ဆိုေတာ့ စစ္အုပ္ခ်ဳပ္မႈသာ ဆက္ရွိေနမယ္ဆိုရင္ ေရွ႕ေလ ွ်ာက္ သတင္း မီဒီယာေတြ ရဲ႕ လြတ္လပ္ခြင့္၊ သတင္းသမားေတြရဲ႕ လုံၿခဳံေရးေတြက ဘယ္ေလာက္အထိ ဆိုးလာႏိုင္ဖြယ္ ရွိေနပါလဲ။

“က်မတို႔ အခု ျမစ္ႀကီးနားအေျခအနကိုပဲ ၾကည့္ၾကည့္၊ မႏၲေလး အေျခအေနကိုပဲ ၾကည့္ၾကည့္ အခုေတာက္ေလ ွ်ာက္ ျဖစ္ေနတဲ့ အေျခအေနမွာ သတင္းသမားေတြကို ႐ိုက္ႏွက္တယ္။ ဖမ္းဆီးတယ္။ တခ်ိဳ႕ မီဒီယာေတြရဲ႕ အိမ္ေတြကို ရွာေဖြတာ၊ ေႏွာက္ယွက္တာေတြ ရွိတယ္။ တခ်ိဳ႕ဆိုရင္ မီဒီယာသမားေတြ ထြက္ေျပး တိမ္းေရွာင္တာေတြ ရွိတယ္။ အခု လက္ရွိအေျခအေနေတြကို ၾကည့္ျခင္းအားျဖင့္ ေသခ်ာတာကေတာ့ မီဒီယာေတြကို ဒီ့ထက္ပို ဖိႏွိပ္မယ္ဆိုတာ ျမင္သာထင္သာ ရွိေနၿပီ။ အခုလက္ရွိ သူတို႔ျပဌာန္းလိုက္တဲ့ ျပင္ဆင္လိုက္တဲ့ ဥေဒေတြကလည္း မီဒီယာသမားေတြကို တိုက္႐ိုက္ထိတယ္။ မီဒီယာသမားေတြရဲ႕ လြတ္လပ္စြာ သတင္းေရးသားခြင့္၊ လြတ္လပ္စြာ သတင္းေဖာ္ျပခြင့္ေတြ အေပၚမွာ လုံး၀ ကန႔္သတ္ထားၿပီး ခ်ဳပ္ေႏွာင္ထားၿပီ။ ဒါေတြနဲ႔ တခုမဟုတ္ က်မတို႔ သတင္းမီဒီယာ သမားေတြက ေဖာ္ျပတာနဲ႔ အခ်ိန္မေ႐ြး တရားစြဲ ခံရႏိုင္တယ္။ ဖမ္းဆီးခံရႏိုင္တဲ့ အေနအထားမ်ိဳးေတြ ရွိတဲ့အခါက်ေတာ့ ေရွ႕ေလ ွ်ာက္မွာ သတင္းလြတ္လပ္ခြင့္ဆိုတာ ပိုၿပီးေတာ့ တျဖည္းျဖည္းနဲ႔ ပိုျပီး ေလ်ာ့နည္းသြားဖို႔ပဲ အလားအလာ ျမင္တယ္။ အကယ္၍မ်ား အခုလက္ရွိ အာဏာသိမ္း ေကာင္စီက မရွိေတာ့ဘဲနဲ႔ ေနာက္ထပ္ ဒီမိုကေရစီအစိုးရ ျဖစ္လာရင္ေတာ့ မေျပာတတ္ဘူး။ အခု သူတို႔ကာလမွာေတာ့ သတင္းသမားေတြက ဖိႏွိပ္ခံရမယ္။ ဖမ္းဆီးခံရမယ္။ သတင္းမီဒီယာေတြ အပိတ္ခံရမယ္။ ၿခိမ္းေျခာက္ခံရမယ္။ နည္းမ်ိဳးစုံနဲ႔ တရားစြဲခံရမယ္ဆိုတာ ဒီအလားအလာေတြက လုံး၀ သုံးသပ္လို႔ရတဲ့ အေျခအေနမ်ိဳး ျဖစ္ေနတယ္။"

ဟုတ္ကဲ့ မေဝမာသိမ့္။ ေက်းဇူး အမ်ားႀကီးတင္ပါတယ္ရွင့္။

တိုက္႐ိုက္ လင့္ခ္

===============================================

[Unicode Version]

စစ်တပ်အာဏာသိမ်းမှုကို လက်မခံနိုင်လို့ သတင်းမီဒီယာကောင်စီက နုတ်ထွက်သူ (အမျိုးသမီးကဏ္ဍ)


မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း သတင်းမီဒီယာသမားတွေရဲ့ လွတ်လွပ်စွာ သတင်းရယူခွင့်နဲ့ သတင်းသမားတွေရဲ့ လုံခြုံရေး သိသိသာသာ ခြိမ်းခြောက်ခံ လာနေရပြီး မြန်မာ့သတင်းမီဒီယာကောင်စီ ဟာလည်း စစ်အုပ်ချုပ်ရေးကောင်စီရဲ့ လက်ကိုင်တုတ်ဖြစ်လာမယ့် အလားအလာတွေ တွေ့လာနေရတယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အဖွဲ့ဝင်အဖြစ်ကနေ လောလောလတ်လတ် နုတ်ထွက်လိုက်တဲ့ မဝေမာသိမ့်က ပြောပါတယ်။ အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲ အစိုးရ သတင်းဌာနတွေကလွဲလို့ တခြား ရုပ်သံသတင်းဌာနတွေ အတော်များများ ပိတ်ပင်ခံရတာ၊ ကန့်သတ်ခံရတာတွေ ရှိခဲ့ပြီး ဆန္ဒပြပွဲတွေကို သတင်းယူနေကြတဲ့ သတင်းသမားတွေ ဖမ်းဆီး ရိုက်နှက်ခံရတာ၊ ခြိမ်းခြောက်ခံရတာတွေ ရှိခဲ့ပါတယ်။ ဒီအပေါ်မှာ သတင်းမီဒီယာကောင်စီ အနေနဲ့ တစုံတရာ အကာအကွယ် ပေးနိုင်တဲ့ အခြေအနေ မရှိသလို၊ လက်ရှိ စစ်အုပ်ချုပ်ရေးကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်ချင်တဲ့အတွက် နုတ်ထွက်ခဲ့တယ်လို့ မဝေမာသိမ့်က ပြောပါတယ်။ မဝေမာသိမ့်ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

မဝေမာသိမ့်ရေ...အခုလို အချိန်ပေးမေးမြန်းခွင့်ပေးတာ ကျေးဇူးတင်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံတဝှမ်းမှာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက်ဆန္ဒပြပွဲ အားကောင်းလာနေသလို၊ စစ်အုပ်ချုပ်ရေးကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်နိုင်ဘူးလို့ ဆိုပြီး အစိုးရဌာနတွေက ဝန်ထမ်းတွေလည်း အလုပ်မသွားဘဲ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွေ ပိုပြီး အားကောင်းလာနေချိန် ဖြစ်ပါတယ်။ တချိန်တည်းမှာလည်း မဝေမာသိမ့်တို့လို သတင်းမီဒီယာသမားတွေ ထဲမှာလည်း အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်မှုတွေ ပြလာကြတာ ရှိတယ်။ အခုဆိုရင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီထဲကနေ ကောင်စီဝင်တချို့ နုတ်ထွက်တယ်လို့ ကြားရပါတယ်။ မဝေမာသိမ့်ကိုယ်တိုင်လည်း ကောင်စီအဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်စာ တင်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီအခြေအနေကို အရင်ဆုံး နည်းနည်းလောက် ရှင်းပြပေးပါလား။ ဘယ်လို အခြေအနတွေကြောင့် ဘာကြောင့် နုတ်ထွက်ခဲ့တာပါလဲ။

“ထွက်တာက ကျမ ကိုယ်တိုင်ကလည်း ဒီ အာဏာသိမ်းတာကို လက်မခံဘူး။ မကြိုက်ဘူး။ နောက်တော့ အခု ကျမတို့အနေနဲ့ ဒီကောင်စီက ဘာလုပ်နိုင်မလဲပေါ့နော်။ ကောင်စီက ဥပဒေ အခွင့်အရေး အရ ဘာတွေလုပ်နိုင်မလဲဆိုတာ ကြည့်တဲ့အခါမှာ - အရှေ့မှာတုန်းကတော့ ကျမရဲ့စိတ်မှာက သတင်းသမားတွေ အကယ်၍များ ဖမ်းဆီးခံရတာ၊ ဖိနှိပ်ခံရတာ၊ ရိုက်နှက်ခံရတာ၊ သတင်းသမားတွေ အခွင့်အရေးတွေ ဆုံးရှုံးတာ၊ သတင်းလွတ်လပ်ခွင့်တွေ ထိပါးလာရင် ကျမအနေနဲ့ ကောင်စီရဲ့ ဥပဒေအရ ပေးထားတဲ့ပါဝါအရ ကျမတို့မှာ လုပ်ပိုင်ခွင့် နည်းနည်း ရှိခဲ့မယ်ဆိုရင်၊ ကျမတို့က အဲ့ဒီဟာကို အတွင်းစည်းထဲကနေ ကျမတို့ လုပ်လို့ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျမ စောင့်ကြည့်ခဲ့တယ်။ ဒါပေမဲ့ လက်ရှိအာဏာသိမ်း အစိုးရကနေပြီးတော့ ပြန်ကြားရေးက စာပို့တယ်။ ကျမတို့ သတင်းမီဒီယာတွေကို ကျင့်ဝတ်တွေ ထိန်းကျောင်းပေးဖို့ဆိုတဲ့ဟာမျိုးကို စာပို့တာမျိုး ရှိခဲ့တယ်။ နောက်တခုက (စစ်အုပ်ချုပ်ရေးကောင်စီအကြီးအကဲ) မင်းအောင်လှိုင်ကနေပြီးတော့ ဒီသတင်းမီဒီယာကောင်စီကို အစိုးရမဏ္ဍိုင် အနေနဲ့ သူတို့အနေနဲ့ သဘောထားတယ်။ ပြီးရင်လည်း ကောင်စီကနေတဆင့် သတင်းမီဒီယာသမားတွေရဲ့ ကျင့်ဝတ်တွေကို ထိန်းကြောင်းသွားမယ် ဆိုတဲ့ဟာမျိုး ပြောတဲ့အခါမှာ ကျမ အနေနဲ့ လက်မခံနိုင်ဘူး။ ကောင်စီအနေနဲ့ ပြတ်ပြတ်သားသား ရပ်တည်ဖို့လိုတယ်။ သတင်းသမားတွေရဲ့ ဘယ်လိုအချက်တွေကိုပဲ ကျမတို့က လိုက်လုပ်မယ်။ ဘယ်လိုအရာတွေကို ပူးပေါင်း ဆောင်ရွက်ခြင်း မရှိဘူးဆိုတဲ့ဟာမျိုးကိုလည်း ကျမက ကောင်စီရဲ့ သဘောထား ရပ်တည်ချက်ကို ပြတ်ပြတ်သားသား သိချင်တယ်။ အဲ့ဒီအတွက်လည်း ရှေ့ရက်တွေမှာ ကျမက ကောင်စီကို ကောင်စီရဲ့ ရပ်တည်ချက်က ဘာလဲဆိုတာ စာနဲ့ ကောင်စီဝင်တွေ အကုန်လုံးကို မေးတယ်။ ဒါပေမဲ့ အဲ့ဒီအပေါ်မှာ တစုံတရာ ဖြေကြားတာမျိုးပေါ့နော်။ အများစုက ဖြေကြားတာမျိုး မရှိဘူးဆိုတော့ ကောင်စီရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း မဖြစ်သေးဘူး။ လုံလောက်တဲ့ရပ်တည်ချက် မဖြစ်သေးဘူးလို့ ကျမ အနေနဲ့ နားလည်တယ်။ နောက်ပြီးတော့ ရှေ့ဆက်မှာလည်း သတင်းသမားတွေရဲ့ လုံခြုံရေးကိုဖြစ်စေ၊ သတင်းရယူပိုင်ခွင့်နဲ့ပတ်သက်ပြီး ဖြစ်စေ ရှေ့ဆက်မှာ ကောင်စီဝင်တဦး အနေနဲ့တောင် ကူညီနိုင်ခွင့် အခွင့်အလမ်းဆိုတာ မရှိနိုင်ဘူး။ အဲ့ဒါကြောင့်မိုလို့ ကျမ အမြန်ဆုံး နုတ်ထွက်ဖို့ ပိုပြီး ခိုင်ခိုင်မာမာ ဆုံးဖြတ်လိုက်တာပါ။”

ဆိုတော့ မဝေမာသိမ့်ကတော့ အခု ကောင်စီကနေ နုတ်ထွက်စာ တင်ထားတယ်။ တခြား ကိုယ့်လိုပဲ အယူအဆရှိပြီး နုတ်ထွက်သူတွေရော ရှိပါလား။ ဒီ ဗုဒ္ဓဟူးနေ့တုန်း ကလည်း ကောင်စီမှာ စုံညီ အစည်းအဝေး လုပ်တယ်လို့ ကြားရပါတယ်။ ဒီအစည်းအဝေးကရော အခုကိစ္စတွေကြောင့်နဲ့ ဆိုင်ပါသလား။ မဝေမာသိမ့်ရော ဒီအစည်းအဝေးရော တက်ဖြစ်ခဲ့ပါလား။

''ဟုတ်ကဲ့ တက်တယ်။ စုံညီ အစည်းအဝေးပေါ့။ စုံညီ အရေးပေါ်အစည်းအဝေး လုပ်တယ်။ အဓိက ကတော့ ကောင်စီဝင်တွေအားလုံးရဲ့ သဘောထားကို မေးတာပေါ့။ တဦးချင်းစီရဲ့ သဘောထားပေါ့။ အဲ့ဒီအထဲမှာတော့ အပြန်အလှန် တဦးချင်းက ဘာကြောင့် ဆက်ရှိသင့်တယ်။ ဘာကြောင့်ထွက်မယ်ဆိုတာတွေကို တဦးချင်း ပြောကြတယ်။ အားလုံးရဲ့သဘောထားတွေ ယူပြီးတော့ တချို့လည်း ဆက်ပြီး ကောင်စီမှာ ရှိနေတဲ့သူ ရှိမယ်။ ထွက်လိုက်တဲ့ သူတွေလည်း ရှိတယ်ပေါ့။ အဲဒါအပေါ်မှာရော တစုံတခု ထပ်ပြီးတော့ ဆုံးဖြတ်တာတော့ မရှိဘူး။ ဒီအစည်းအဝေးမှာတော့ ထွက်ကြမယ်ဆိုတာကို နုတ်အားဖြင့် တရားဝင်ပြောကြတယ်။ ပြောကြတဲ့အထဲမှာ စုစုပေါင်းတော့ ကျမ အခု သိတာတော့ ၁၄ ယောက်ပေါ့နော်။ ထွက်လိုက်တာပေါ့နော်။”

နုတ်အားဖြင့် ထွက်မယ်ပြောကြတယ်ဆိုတော့ နောက်ပိုင်း တရားဝင်ထွက် စာတင်တဲ့ အပိုင်းတော့ ရှိဦးမှာပေါ့။

“အခုလောလောဆယ် ဒီနေ့အထိ ကျမ သိတာတော့ ၅ ဦးရှိတယ်ပေါ့နော်။ တိုက်ရိုက် သူတို့အဖွဲ့အစည်းကို ကောင်စီရုံးအဖွဲ့ကို တခြားနည်းလမ်းတွေနဲ့ ပေးပို့တာမျိုး ရှိခဲ့မရှိခဲ့တော့ ကျမ အဲ့ဒါ သေချာမသိဘူး။ ကျမ သိထားတာတော့ လောလောဆယ် တရားဝင် စာနဲ့ အကြောင်းကြားပေးပို့ထား တာတော့ ၅ ဦးရှိတယ်။”

ဒါက တရားဝင်စာတင်ထားတဲ့သူတွေပေါ့နော်။ စောစောကပြောတဲ့ နုတ်အားဖြင့် ထွက်မယ်လို့ ပြောထားတဲ့သူ အရေအတွက်အရ ဆိုရင်ကတော့ ဒါက ကောင်စီဝင်အများစု နုတ်ထွက်တဲ့သဘောပေါ့။

“စုစုပေါင်း ကျမတို့က ၂၆ ယောက်ပေါ့။ (စဖွဲ့ချိန်မှာ) ၃၀ ရှိတာမှာ ကဗျာအစုအဖွဲ့က တယောက်က အစကတည်းက မပါဘူး။ နောက်တယောက်က မသူဇာ ကလည်း ထွက်သွားပြီးပြီ။ အရင်ကတည်းက ထွက်သွားပြီးပြီ ဆိုတော့ ၂၈ ယောက်ကျန်တယ်။ ဒီအထဲမှာ သေဆုံးသွားတာ ၂ ယောက်ရှိတယ်။ ကောင်စီဝင် ဒေါက်တာမြင့်မောင်မောင် နဲ့ ဥက္ကဋ္ဌ ဦးအုန်းကြိုင် ရှိတယ်။ ဆိုတော့ စုစုပေါင်းကျန်တာ ၂၆ ယောက်ပေါ့။ ၂၆ ယောက်မှာ အခုထွက်မယ်ဆိုပြီး နုတ်အားဖြင့် ဆွေးနွေးကြတယ်။ တချို့လည်း စာတွေတင်ပြီးပြီပေါ့နော်။ အဲ့ဟာက အခုက ၁၄ ယောက်လောက် ရှိတယ် ဆိုတော့ အဲ့ဒီမှာတင် အများစုပေါ့။ ကျန်တဲ့ဟာက ကျမထင်တယ် ၁၂ ယောက်လောက်ပေါ့။ ကျန်တဲ့သူတွေက တချို့လည်း အစည်းအဝေးလည်း မပါကြဘူး။ မပါကြတော့ အဲ့ဒီလူတွေရဲ့ သဘောထားတော့ ဒီနေ့မှာ မဆွေးနွေးဖြစ်ဘူး။ အများစုကတော့ လက်ရှိ အာဏာသိမ်းကောင်စီနဲ့ ဆက်ပြီးတော့ မလုပ်ချင်တာပေါ့။ သတင်းသမားတွေရဲ့ အခွင့်အရေးကို ဆက်ပြီးတော့ လုပ်နိုင်မယ့်ဟာမျိုး မမြင်တော့တဲ့အတွက် ဆက်ပြီး မလုပ်နိုင်တော့ဘူးလို့ ပြောပြီး ထွက်ကြတယ်။”

ဒီလို နုတ်ထွက်သွားတဲ့သူတွေ ရှိသလို၊ ဆက်ပြီးကျန်နေမယ့်သူတွေလည်း ရှိနေတယ်ဆိုတော့ သတင်းမီဒီယာ ကောင်စီအနေနဲ့က ဘယ်လိုပုံစံနဲ့ ဆက်ရှိသွားမှာလဲ။ ဆက်ရှိနေတဲ့သူတွေရဲ့ သဘောထားကရော ဘယ်လိုရှိလဲ။

“တချို့ ဆွေးနွေးတဲ့အထဲမှာတော့ ဒီအဖွဲ့အစည်းက ရှိသင့်တယ်။ ဘာဖြစ်လို့ ဆက်ပြီးရှိသင့်လဲဆိုတော့ သတင်းသမားတွေရဲ့ အခွင့်အရေးကိုဖြစ်စေ၊ သတင်းသမားတွေကို အကာအကွယ်ပေးဖို့ ဖြစ်စေ ဒီအဖွဲ့က ဆက်ပြီးတော့ သွားနေဖို့လိုတယ်။ အတွင်းစည်းကနေပြီးတော့ ကိုယ်လိုချင်တဲ့ဟာကို တောင်းဆိုနေဖို့ လိုတယ် ဆိုတဲ့ဟာမျိုး ရပ်တည်ချက်မျိုးနဲ့ ဆွေးနွေးသူတွေလည်း ရှိတယ်။ အဲ့ဒီလိုဟာမျိုးကို ကျမတို့ အနေနဲ့ကတော့ ဒါက ဆက်ပြီးတော့ သွားနိုင်တဲ့ အနေအထားမျိုး မေ ျှာ်လင့်စရာ ဘာမှမရှိဘူး။ မရှိတဲ့အတွက် ကျမတို့ထွက်မယ်။ ကျမရဲ့ထွက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ခိုင်ခိုင်မာမာချပြီးတော့ ပြောင်းလဲမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျန်တဲ့သူတွေကတော့ တဦးချင်းစီရဲ့ သဘောထား ဆုံးဖြတ်ချက် အတိုင်းပဲ လုပ်ပါဆိုပြီး ကျမတို့ ပြောပါတယ်။ တချို့က အရင်တုန်းကတော့ ဒီအဖွဲ့အစည်း တခုလုံးကို ထွက်တာမျိုးကို လက်မခံဘူးဆိုတဲ့ ဆွေးနွေးချက်မျိုးတွေလည်း ရှိတယ်။ ဒါပေမဲ့ ကျမတို့က ဒါ တဦးချင်းစီရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ အဲ့ဒါကို လေးစားပြီးတော့ ကျမတို့ ကတော့ ဒါ ဥပဒေအရလည်း ဒါက ပေးထားပြီးသား။ ကျမတို့က ထွက်ခွင့်ရှိတယ်။ ဘယ်သူကမှ ဒါကို မထွက်ပါနဲ့လို့လည်း တားပိုင်ခွင့် မရှိဘူး။ ဥပဒေအရ ပေးထားပြီးသား ဖြစ်တယ်ဆိုတော့ အဲ့ဒီရပ်တည်ချက်နဲ့ ကျမတော့ အဲ့ဒါပြောပြီး ထွက်ခဲ့တာပါ။”

ဒီအတိုင်းဆိုရင် ကောင်စီဝင်အများစုကလည်း ထွက်မယ်လို့ပြောထားကြတယ်ဆိုတော့ ကောင်စီအနေနဲ့ ရှေ့ဆက် ဘယ်လိုရှိသွားမယ့် အခြေအနေပါလဲရှင့်။

“ကောင်စီမှာက လက်ရှိမှာ ကျမတို့က ဥပဒေအရ အခုလက်ရှိ အာဏာသိမ်းကောင်စီကနေ ဥပဒေတွေကို စိတ်ကြိုက် လိုသလိုပြင်နိုင်၊ ပြဌာန်းနိုင်တဲ့၊ ပယ်ဖျက်နိုင်တဲ့ အာဏာရှိပြီးသား ဖြစ်တဲ့အတွက် အခုလက်ရှိ မပြည့်စုံဘူးလို့ပြောတဲ့ သတင်းမီဒီယာဥပဒေတောင် ပြင်ဆင်လာနိုင်တယ်။ အဲ့ဒီအခါကျတော့ အခု ကောင်စီက လူအများစုထွက်တယ်။ ရှိနေတဲ့လူဦးရေနဲ့ နောက်ထပ် အခုကျန်မှာက တော်တော်ကြီးကို နည်းတယ်။ နည်းတယ်ဆိုတာက ကျမတို့ ဥပဒေအရ ဆိုရင် ကောင်စီဝင် ၁၅ ဦးအောက်အထိ လျော့နည်းသွားပြီ ဆိုရင် ၂ လအတွင်း ပြန်ရွေးချယ်ရမယ်ပေါ့နော်။ ဖြစ်လာနိုင်တာက အကယ်၍များ ကျမတို့ အခုလိုမျိုး ၁၄ ယောက်လုံးက ထွက်မယ်ဆိုရင် တကယ်ကျန်မှာက ၁၂ ယောက်ပဲ လောလောဆယ် ရှိမယ်။ ဒါဆိုရင် လက်ရှိဥပဒေအရ ဒါကို ပြန်ပြီးတော့ ရွေးကောက်တင်မြှောက်ရမယ့် အနေအထားမျိုးရှိတယ်။ အဲ့ဒါမျိုးဆိုရင် ထပ်ပြီးတော့ ဥပဒေတွေ ပြင်ဆင်လာနိုင်မယ့် အနေအထားမျိုးကိုလည်း ကျမတို့ တွေ့ရတယ်။ အဲ့ဒီလိုမျိုးဆိုရင် လိုသလို ပြင်ဆင်လာရင် ကောင်စီဟာလည်း နောက်ထပ် တခြားလူတွေ ထပ်ရောက်လာနိုင်တယ်။ တခြားလူတွေဆိုတာ ကျမတို့ တကယ် သတင်းသမားတွေရဲ့ အခွင့်အရေးတွေ၊ သတင်းသမားတွေရဲ့ လုံခြုံမှုတွေကို အကာအကွယ်ပေးနိုင်တဲ့သူတွေ ဟုတ်ချင်မှလည်း ဟုတ်နိုင်မယ်။ အဲ့ဒီလိုမျိုးလူတွေ ထပ်ရောက်လာရင်တော့ သေချာတယ် ကျမတို့ ကောင်စီဟာ လက်ရှိအာဏာသိမ်းကောင်စီရဲ့ လက်ကိုင်တုတ်။ ဒါမှမဟုတ် အာဏာသိမ်းကောင်စီက အကောင်အထည်ဖော်စေချင်တဲ့ ဟာမျိုးတွေ ဖြစ်လာမယ်။ လက်ရှိဥပဒေကလည်း မပြည့်စုံဘူး။ ဒါပေမဲ့ အဲ့ဒီထက်ပိုပြီးဆိုးရွားတဲ့ ဥပဒေတွေ ဖြစ်လာမယ်ဆိုရင်တော့ ကောင်စီကလည်း သတင်းသမားတွေရဲ့ အခွင့်အရေးတို့၊ သတင်းသမားတွေ ကာကွယ်စောင့်ရှောက်ခွင့်တို့ ဘာမှလုပ်နိုင်မယ့် အနေအထားမျိုးကို မတွေ့ရတော့ဘူးပေါ့နော်။ ရှေ့လေ ျှာက်မှာ အဲ့ဒီလိုမျိုးပဲ ဆက်ရှိလာနိုင်တဲ့ အနေအထားမျိုးကို တွေ့နေရတယ်ပေါ့။”

ဆိုတော့ စစ်အုပ်ချုပ်မှုသာ ဆက်ရှိနေမယ်ဆိုရင် ရှေ့လေ ျှာက် သတင်း မီဒီယာတွေ ရဲ့ လွတ်လပ်ခွင့်၊ သတင်းသမားတွေရဲ့ လုံခြုံရေးတွေက ဘယ်လောက်အထိ ဆိုးလာနိုင်ဖွယ် ရှိနေပါလဲ။

“ကျမတို့ အခု မြစ်ကြီးနားအခြေအနကိုပဲ ကြည့်ကြည့်၊ မန္တလေး အခြေအနေကိုပဲ ကြည့်ကြည့် အခုတောက်လေ ျှာက် ဖြစ်နေတဲ့ အခြေအနေမှာ သတင်းသမားတွေကို ရိုက်နှက်တယ်။ ဖမ်းဆီးတယ်။ တချို့ မီဒီယာတွေရဲ့ အိမ်တွေကို ရှာဖွေတာ၊ နှောက်ယှက်တာတွေ ရှိတယ်။ တချို့ဆိုရင် မီဒီယာသမားတွေ ထွက်ပြေး တိမ်းရှောင်တာတွေ ရှိတယ်။ အခု လက်ရှိအခြေအနေတွေကို ကြည့်ခြင်းအားဖြင့် သေချာတာကတော့ မီဒီယာတွေကို ဒီ့ထက်ပို ဖိနှိပ်မယ်ဆိုတာ မြင်သာထင်သာ ရှိနေပြီ။ အခုလက်ရှိ သူတို့ပြဌာန်းလိုက်တဲ့ ပြင်ဆင်လိုက်တဲ့ ဥဒေတွေကလည်း မီဒီယာသမားတွေကို တိုက်ရိုက်ထိတယ်။ မီဒီယာသမားတွေရဲ့ လွတ်လပ်စွာ သတင်းရေးသားခွင့်၊ လွတ်လပ်စွာ သတင်းဖော်ပြခွင့်တွေ အပေါ်မှာ လုံး၀ ကန့်သတ်ထားပြီး ချုပ်နှောင်ထားပြီ။ ဒါတွေနဲ့ တခုမဟုတ် ကျမတို့ သတင်းမီဒီယာ သမားတွေက ဖော်ပြတာနဲ့ အချိန်မရွေး တရားစွဲ ခံရနိုင်တယ်။ ဖမ်းဆီးခံရနိုင်တဲ့ အနေအထားမျိုးတွေ ရှိတဲ့အခါကျတော့ ရှေ့လေ ျှာက်မှာ သတင်းလွတ်လပ်ခွင့်ဆိုတာ ပိုပြီးတော့ တဖြည်းဖြည်းနဲ့ ပိုပြီး လျော့နည်းသွားဖို့ပဲ အလားအလာ မြင်တယ်။ အကယ်၍များ အခုလက်ရှိ အာဏာသိမ်း ကောင်စီက မရှိတော့ဘဲနဲ့ နောက်ထပ် ဒီမိုကရေစီအစိုးရ ဖြစ်လာရင်တော့ မပြောတတ်ဘူး။ အခု သူတို့ကာလမှာတော့ သတင်းသမားတွေက ဖိနှိပ်ခံရမယ်။ ဖမ်းဆီးခံရမယ်။ သတင်းမီဒီယာတွေ အပိတ်ခံရမယ်။ ခြိမ်းခြောက်ခံရမယ်။ နည်းမျိုးစုံနဲ့ တရားစွဲခံရမယ်ဆိုတာ ဒီအလားအလာတွေက လုံး၀ သုံးသပ်လို့ရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။"

ဟုတ်ကဲ့ မဝေမာသိမ့်။ ကျေးဇူး အများကြီးတင်ပါတယ်ရှင့်။

XS
SM
MD
LG