သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေနဲ့ အမျိုးသမီးထုအသံ


(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ၁ ရက် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း အာဏာရှင်ကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေနဲ့စစ်အုပ်ချုပ်ရေးကို ဖီဆန်တဲ့ ဌာနပေါင်းစုံက ဝန်ထမ်းတွေ အလုပ်မသွားဘဲ ကန့်ကွက်ဆန္ဒပြနေကြတဲ့CDM လှုပ်ရှားမှုတွေ တနေ့တခြား ပိုပြီး အားကောင်းလာနေပါတယ်။ ဒီလှုပ်ရှားမှုတွေမှာ လူငယ်တွေ၊အမျိုးသမီးတွေအများအပြား ရှေ့တန်းကနေ တက်တက်ကြွကြွ ပါဝင်နေကြတာပါ။ ဒီကနေ့ စစ်အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ အမျိုးသမီးတချို့ ပြောထားတဲ့ အသံတွေကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာမခင်ဖြူထွေးက စုစည်းတင်ပြထားပါတယ်။

အာဏာရှင်ကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေကိုတနိုင်ငံလုံး အတိုင်းအတာနဲ့ အထွေထွေသပိတ်ကြီး ဖြစ်လာတဲ့အထိ ဆင်နွှဲသွားမယ်လို့ ကြွေးကြော်ထားတဲ့နိုင်ငံတဝှမ်းက ဆန္ဒပြပွဲတွေမှာ လူငယ်တွေ အမျိုးသမီးတွေ ရှေ့တန်းကနေ ပါဝင်နေကြတာပါ။အသံ။ အာဏာရှင်ဆန့်ကျင်ရေး လမ်းပေါ်ထွက်ဆန္ဒပြကြသူတွေထဲမှာ အမျိုးသမီးတွေရဲ့အသံတွေကို ခုလို ကျယ်ကျယ်လောင်လောင် ကြားနိုင်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေ၊ တိုင်းနဲ့ပြည်နယ်တွေကဝန်ကြီးချုပ်တွေနဲ့ ပြီးခဲ့တဲ့ရွေေးကောက်ပွဲမှာ မဲအများစု အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD ပါတီ ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကိုဖမ်းဆီး ထိန်းသိမ်းပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ အခုဆိုရင် သီတင်း ၂ ပတ် နီးပါး ရှိသွားပါပြီ။ အစောပိုင်းဖမ်းဆီးခဲ့တဲ့ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို နောက်ပိုင်းမှာနေအိမ်ပြန်ခွင့် ပေးခဲ့တာရှိပေမဲ့၊ နောက်ပိုင်း ပြန်လည် ဖမ်းဆီးခံရသူတွေ၊ နေအိမ်မှာဆက်ပြီး ထိန်းသိမ်းခံထားရသူတွေ ရှိနေဆဲပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် အပါအဝင်NLD ခေါင်းဆောင်တွေ အများအပြားကတော့ ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။ ဒီအပေါ်မှာ ပြည်သူတွေမကျေမနပ် ဖြစ်ပြီး ကန့်ကွက်ဆန္ဒပြနေကြတာပါ။

“ဒါ မတရားနည်းနဲ့ သိမ်းယူတာလို့ ခံယူထားပါတယ်ရှင့်။ ဘာလို့လဲဆိုတော့ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရ ရဲ့သားနဲ့ တဖက်သတ်စွပ်စွဲချက်တွေနဲ့ သိမ်းတယ်လို့ခံစားရပါတယ်။ အခုဟာက ပြည်သူနဲ့အတူ တိုက်ထုတ်မှ ရမယ့် အခြေအနေ ဖြစ်ပါတယ်။ အခုလို ပူးပေါင်းဆောင်ရွက်သူအားလုံးကိုလည်း လေးစားပါတယ်။ ခံယူချက်ကတော့ ၈၈ တုန်းကလို မဖြစ်တော့အောင်၊ ကျမတို့ခေတ်မှာအခု ၂၀၂၁ မှာ စစ်အာဏာရှင်ကို အပြီးတိုင် တော်လှန်မယ်လို့ ခံယူချက်နဲ့ လာတာပါရှင့်။”

ရန်ကုန်မြို့က ဆန္ဒပြပွဲမှာပါဝင်နေတဲ့ ကျောင်းသူတဦးဖြစ်တဲ့ မဟန်နီဦး ပြောသွားတာပါ။ ခုဆိုရင် နိုင်ငံတဝှမ်း မြို့ကြီး မြို့ငယ်နေရာအနှံ့မှာ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ သီတင်း တပတ်ကျော် ကြာလာခဲ့ပါပြီ။ လူတန်းစား ပေါင်းစုံ၊ အလွှာပေါင်းစုံက ပြည်သူတွေ တနေ့တခြား ပိုမို ပူးပေါင်း ပါဝင်လာနေကြတာမှာ နာမည်ကြီး အဆိုတော်တွေ၊ မင်းသား မင်းသမီးတွေနဲ့ အနုပညာရှင်တွေ အများအပြားလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေနဲ့ တသားတည်းရှိတယ်ဆိုတာကို ရပ်တည်ပြလာကြပါတယ်။ ရန်ကုန်မြို့က ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် သက်မွန်မြင့်က ခုလိုပြောပါတယ်။

“ဒါ မတရားသိမ်းတာလေနော်။ သမရိုးကျ မဟုတ်ဘဲနဲ့ မတရားသိမ်းတာဆိုတော့ သက်မွန်တို့က အမှန်တရားဘက်ကပဲ ရပ်တည်မယ်။ မတရားတာကို လုံး၀ လက်မခံနိုင်ပါဘူး။ သက်မွန်တို့ ပြည်သူတွေ တင်မြှောက်ထားတဲ့ ပြည်သူ့ခေါင်းဆောင်တွေကို မတရား ဖမ်းပြီးတော့ မတရားအာဏာသိမ်းတာ ဖြစ်တဲ့အတွက် သက်မွန်တို့ပြည်သူတွေ အနေနဲ့ လုံး၀ လက်မခံနိုင်ပါဘူး။”

ဆန္ဒပြပွဲတွေ အရှိန်မြင့်လာတာနဲ့အမ ျှ အာဏာပိုင်တွေဘက်က ဆန္ဒပြသူတွေကို အင်အားသုံး နှိမ်နင်းတာ၊ ဖမ်းဆီးတာတွေလည်း ရှိလာနေပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က နေပြည်တော်၊ မန္တလေး၊ ပဲခူးနဲ့ ပုသိမ်မှာ လုံခြုံရေးတပ်ဖွဲ့တွေက မီးသတ်ပိုက်တွေ၊ မျက်ရည်ယိုဗုံးတွေသုံးပြီး ဖြိုးခွင်းတာတွေ ရှိခဲ့ပြီး နေပြည်တော်မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဆန္ဒပြ လူငယ် ၂ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။ ဦးခေါင်းမှာ ဒဏ်ရာရခဲ့တဲ့ မမြသွဲ့သွဲ့ခိုင် ဆိုရင် ခုချိန်ထိ သတိမရသေးဘဲ အသက်ရှင်ဖို့ သိပ်ကို နည်းသွားပြီလို့ မိသားစုက ပြောပါတယ်။ အသက် ၁၉ နှစ်သာ ရှိသေးတဲ့ မမြသွဲ့သွဲ့ခိုင်တို့လို လူငယ်တွေ အများအပြား ဒီကနေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ရှေ့တန်းကနေ ပါဝင်နေကြတာပါ။ လက်နက် အားကိုးတဲ့ စစ်အုပ်ချုပ်သူတွေက အချိန်မရွေးအင်အားသုံး နှိမ်နင်းလာနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေနဲ့ အန္တရာယ်ကြားကပဲ အမျိုးသမီး အမျိုးသား၊ လူငယ် လူလတ် လူကြီး အရွယ်ပေါင်းစုံ လူတန်းစားပေါင်းစုံက ပြည်သူတွေ ပိုမို ပါဝင်လာနေကြတာဖြစ်ပါတယ်။

“အစ်မတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မရဘူး။ ပြီးသွားလို့ရှိရင်အမေစုကိုလည်း ဖမ်းထားတယ်။ အဲ့ဒါကြောင့် အစ်မတို့ ပါဝင်တာပါ။ လက်နက်အားကိုးနဲ့ဆို လူတိုင်းကကြောက်မှာပဲ။ ဒါပေမဲ့ ကြောက်ပေမဲ့လည်း မပါလို့ရှိရင် နောက်ဆက်တွဲ ကိုယ်တွေခံရမယ့် ကိစ္စတွေလည်းအများကြီး ရှိတယ်။ ကိုယ်တွေ မောင်နှစ်မတွေမှာလည်း ခံရမယ့်ဟာတွေ အများကြီး ရှိတဲ့အတွက်အစ်မတို့ ကြောက်ပေမဲ့လည်း ပါဝင်ရမှာပဲ။ အဲ့ဒီလိုမျိုးဆိုတော့ ကြောက်တဲ့သူတွေ အားလုံးကိုလည်းအစ်မဘက်ကနေ ပါဝင်ကြပါလု့ိ့ ပြောချင်တယ်။ ဘာလို့လဲဆိုတော့ ဒါက ကြောက်လို့ ပြီးသွားမယ့်ကိစ္စ မဟုတ်ဘူးပေါ့နော်။”

ရန်ကုန် ဆန္ဒပြပွဲတွေမှာ ပါဝင်နေတဲ့ဟိုတယ်ဝန်ထမ်း တဦးဖြစ်တဲ့ မပုလဲ ပြောသွားတာပါ။ ဦးခေါင်းမှာ ဒဏ်ရာရခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ အစ်မဖြစ်သူ မမြသတိုးနွယ် ကလည်း အာဏာရှင်စနစ် ကျဆုံးတဲ့အထိ ဒီတိုက်ပွဲမှာ သူ ဆက်ပြီး ပါဝင်သွားမယ်လို့ ပြောပါတယ်။

“ကျမ ကတော့ ဆက်ပြီးတော့ တော်လှန်သွားမှာပါ။ ကျမ ညီမလေး ဒီလိုဖြစ်ခဲ့ရကျိုးနပ်အောင် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ဖြစ်သွားအောင် ပြည်သူလူထု အားလုံး ဝိုင်းဝန်းပြီး ဆက်ပြီး တော်လှန်ပေးကြပါ။ အမြစ်ပြတ်သွားအောင် လုပ်ပေးကြပါ။ ကမ္ဘာကသိအောင် ကြေညာပေးကြပါ။ နိုင်ငံတကာကလည်း ကူညီပေးကြပါလို့ တောင်းဆိုချင်ပါတယ်။”

ရန်ကုန်မြို့က ဆန္ဒပြပွဲတွေမှာ ပါဝင်နေတဲ့ဒေါ်မိုးကလည်း မြန်မာပြည်မှာ ဘယ်ပြည်သူမှ စစ်အာဏာရှင်ကို အလိုမရှိဘူးလို့ ပြတ်ပြတ်သားသား ပြောပါတယ်။

“စစ်အာဏာရှင်ကို လုံး၀ အလိုမရှိပါဘူး။ စစ်အာဏာရှင်ကို ဘယ်တုန်းကမှလည်း အလိုမရှိခဲ့ပါဘူး။ ဘယ်သူကမှလည်း မလိုလားပါဘူး။ ပြည်သူတရပ်လုံး အနေနဲ့ ရဲရဲဝံ့ဝံ့ ရှေ့ကပြောချင်ပါတယ်။”

အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲ ကျန်းမာရေး ဝန်ထမ်းတွေက စတင်လိုက်တဲ့ စစ်အုပ်ချုပ်မှု ဖီဆန်ရေး CDM လှုပ်ရှားမှုမှာလည်း ဌာနပေါင်းစုံကဝန်ထမ်းတွေကလည်း စစ်အုပ်ချုပ်ရေး ယန္တရားမှာ မပါနိုင်ဘူးလို့ ဆိုပြီး အလုပ်မသွားဘဲ ကန့်ကွက်ဆန္ဒပြမှုတွေကလည်းပိုပြီး အားကောင်းလာနေတာပါ။ ရန်ကုန်တက္ကသိုလ်က ကတိကတဦးဖြစ်တဲ့ ဒေါ်ဟန်နီလွင်ကတော့ အာဏာသိမ်းစစ်အုပ်ချုပ်ရေး ယန္တရား ရပ်သွားတဲ့အထိ ကန့်ကွက်ဆန္ဒပြမယ်လို့ ပြောပါတယ်။

“ကျမတို့ကတော့ ယန္တရား ရပ်စေချင်တာ။ အခု လောလောဆယ်တော့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တယ်။ CDC ပေါ့နော်။ CDC ကတော့ ဘာလဲဆိုတော့ အစိုးရနဲ့ မပူးပေါင်းဘူး။ အခုလောလောဆယ် ကျမတို့ အချင်းချင်းတွေ ညှိတယ်။ step by step ဌာနအလိုက် ညှိတယ်။ ကိုယ့်ဌာနထဲမှာလည်း ညှိတယ်။ ဌာနအလိုက်လည်းညှိတယ်။ ကျောင်းနဲ့လည်း ညှိတယ်။ ညှိပြီးတော့ အခုဘာလုပ်မလဲ ဆိုတော့ formally ဘာမှမလုပ်ဘူး။ informally ကတော့ ကိုယ့်ကလေးနဲ့ ဆရာတပည့်ကတော့ အဆက်အသွယ်တော့ ရှိမှာပဲ။ ဒါပေမဲ့ ရုံးလုပ်ငန်းဆိုင်ရာ ဌာနဆိုင်ရာ ဘာမှမလုပ်ဘူး။ ကျမတို့ ငြိမ်ငြိမ်နေမယ်။ အဲ့ဒါကလည်း ကျမတို့ရဲ့ ဝန်ထမ်းစည်းကမ်းနဲ့ပဲ။ ကျမတို့က ဆန့်ကျင်နေတာ မဟုတ်ဘူးနော်။ ဘာကိုမဆန့်ကျင်တာလဲ ဆိုတော့ ပြည်သူ့ဝန်ထမ်းဥပဒေကို မဆန့်ကျင်ဘူး။ ကျမတို့က စစ်အစိုးရအာဏာရှင်ကို ဆန့်ကျင်တယ်။ ဒီယန္တရား ရပ်အောင် ကျမတို့လုပ်ချင်တယ်။ ဒါကြောင့်မိုလို့ ကျမတို့သည် လုပ်ငန်းပိုင်းဆိုင်ရာ အားလုံးကို ကျမတို့ရပ်တယ်။”

ရန်ကုန်တက္ကသိုလ် ကထိက နောက်တဦးဖြစ်တဲ့ ဒေါ်နွေးသဇင်လှိုင်က လည်း အာဏာရှင် အမြန်ဆုံး ကျဆုံးစေချင်တယ်လို့ ပြောပါတယ်။

“ပြည်သူ ရွေးချယ်တင်မြှောက်တဲ့အစိုးရကို မတရားလက်နက်နဲ့ အာဏာသိမ်းပြီးတော့မှ ငါ အစိုးရပါ ဆိုပြီးတော့ မတရား တည်ဆောက်ထားတဲ့ အစိုးရကိုတော့ လုံး၀ လက်မခံပါဘူး။ သူတို့နဲ့လည်း ဘယ်တော့မှအတူ ရှိမှာမဟုတ်ပါဘူး။ အဲ့ဒီအစိုးရ ကတော့ အမြန်ကျရှုံးစေဖို့က ကျမတို့ ဆန္ဒရှိပါတယ်။”

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလမ်းပေါ်ထွက် ဆန္ဒပြပွဲတွေမှာ စက်ရုံအလုပ်သမားတွေလည်း ရှေ့တန်းမှာ ပါဝင်ပါတယ်။ ဆန္ဒပြ အမျိုးသမီးအလုပ်သမားတဦးရဲ့ အသံကို နားထောင်ကြည့်ရအောင်ပါ။

“အဓိက ကတော့ ကျမတို့ အလုပ်သမားတွေက အမြဲတမ်း ဖိနှိပ်ခံဘဝကနေ နေလာခဲ့တဲ့ အလုပ်သမားတွေဖြစ်တယ်ပေါ့နော်။ ဒီလို အဖိနှိပ်ခံ အဆင့်ဆင့်ကနေ COVID-19 ဝင်လာတုန်းကလည်းကျမတို့ အလုပ်သမားတွေဟာ အမျိုးမျိုးသော ပုံစံတွေနဲ့ ဖိနှိပ်ခံမှု ထပ်ကြုံရတယ်။ အခုလိုမျိုး COVID-19 ရဲ့ အခြေအနေလေး ပြီးသွားတာမဟုတ်ဘဲ နည်းနည်း ငြိမ်သက်ချိန်မှာ အလုပ်သမားတွေအားလုံးက အားတွေပြန်တက်လာတယ်။ သူတို့ရဲ့ လုပ်ခလစာတွေ ရဖို့၊ သူတို့ရဲ့ အကျိုးစီးပွားတွေပိုပြီး ကောင်းလာဖို့၊ သူတို့ရဲ့ အခွင့်အရေးတွေ ပိုပြီး ကောင်းလာဖို့ သူတို့ မေ ျှာ်လင့်ပေမဲ့ မမေ ျှာ်လင့်တဲ့ အကြောင်းအရာကြီးက ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကျမတို့ အလုပ်သမားတွေ မျက်ရည်ကျ ဝမ်းနည်းကျေကွဲ ရတဲ့ အရာကို ကြုံခဲ့ရတယ်။ကျမတို့ အလုပ်သမားတွေ ဆိုတာ အလုပ်သမား တယောက်တည်း မဟုတ်ပါဘူး။ အလုပ်သမားတွေရဲ့ နောက်မှာ မှီခိုနေတဲ့ ညီအစ်ကို မောင်နှမတွေ အများကြီး ရှိပါတယ်။ အဲ့တော့ ကျမတို့ အလုပ်သမားတွေဟာဒီ စစ်အာဏာရှင် အစိုးရအောက်မှာ နေမယ်ဆိုရင် အခု ကျမတို့သည် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ မလာတော့ဘူးဆိုတာ သိတယ်။ အလုပ်သမားတွေ ဒုက္ခတွေ သောကတွေ များနေကြပြီ။ ဒါကြောင့် ကျမတို့ အလုပ်သမားတွေက ဒီအချိန်မှာ တဒေါင့်တနေရာက ပါဝင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အလုပ်သမား အများစုရဲ့ စိတ်ဆန္ဒနဲ့ အလုပ်သမားအများစုက လမ်းပေါ်ထွက်တာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံဟာ ၁၉ ၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းခဲ့ချိန်ကစလို့ စစ်အုပ်ချုပ်ရေးစနစ်အောက်မှာ ဆယ်စုနှစ်တွေနဲ့ချီနေခဲ့ရတာပါ။ ၁၉ ၈၈ ခုနှစ် ကျောင်းသား လူငယ်တွေ ဦးဆောင်ခဲ့တဲ့ လူထုလှုပ်ရှားမှုဟာလည်း အာဏာပိုင်တွေရဲ့ ပုံစံမျိုးစုံနဲ့ ဖြိုခွဲနှိမ်နင်းတာ ခံခဲ့ရပြီး အဲ့ဒီနောက် နှစ်ပေါင်း ၃၀ ကျော်ကြာမှ နိုင်ငံရေးအရ ပြုပြင် ပြောင်းလဲမှုတွေ တဖြည်းဖြည်း ရှိလာခဲ့တာပါ။ ဒီလို ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေတဲ့အချိန်၊ ဒီမိုကရေစီစနစ် နုနယ်သေးတဲ့အချိန်မှာပဲ စစ်တပ်က ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတရပ်ကို အာဏာနဲ့ ဖြုတ်ချ သိမ်းယူတာကို ဘယ်လိုမှ လက်မခံနိုင်ဘူးလို့ ဆန္ဒပြသူတွေက ပြောဆိုနေကြတာပါ။

“ကျမတို့ဟာ သမိုင်းအဆက်ဆက် ဒီစစ်အစိုးရကို တော်လှန်ခဲ့ကြပြီးပါပြီ။ ကျမတို့သမိုင်းကျမှ အရိုင်းမခံနိုင်ပါဘူး။ ပြည်သူတွေကလည်း သူတို့ရဲ့ဆန္ဒကို မဲတွေနဲ့လည်း ပြခဲ့ပြီးပြီ။ ကိုဗစ် ကာလမှာလည်း မကြောက်မရွံ့ ဒီလိုမျိုး ရှေ့တွေ ထွက်ခဲ့ကြပါပြီ။ ဒါကြောင့်မိုလို့စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ မြန်မာတပြည်လုံးကို၊ နိုင်ငံအဝှမ်းက မီဒီယာတွေကို၊ နိုင်ငံတကာအသိုင်းအဝိုင်းတွေ အားလုံးက ပါဝင်ကြပါလို့ တိုက်တွန်းပါတယ်။”

ရန်ကုန်မြို့က ဆန္ဒပြ အမျိုးသမီးတဦး ပြောသွားတာပါ။ နိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ အရှိန်ရလာနေချိန်မှာပဲ စစ်တပ်က ခုလို အာဏာသိမ်းလိုက်တဲ့အတွက် ပြည်သူအများ ယူကြုံးမရ ဖြစ်နေကြတာပါ။ အာဏာပိုင်တွေဘက်က ဖမ်းဆီးမှုတွေနဲ့ ကန့်သတ် ထိန်းချုပ်မှုတွေ လုပ်လာတဲ့ကြားမှာကိုပဲ ဆန္ဒပြပွဲတွေကတော့ ပုံစံမျိုးစုံနဲ့ဆက်ပြီး အားကောင်းနေပါတယ်။ ဒီကနေ့ခေတ် မျိုးဆက်သစ် လူငယ်တွေကတော့ အာဏာရှင်တွေဘက်က အကြမ်းဖက် နှိမ်နင်းလာရင်တောင် ဒါကိုအံတုပြီး စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ပျက်သုဉ်းတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ပြောဆိုနေကြတယ်ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့် ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင်။

တိုက်ရိုက် လင့်ခ်

============================================

[Unicode Version]

စဈအာဏာရှငျဆန့ျကငြျရေး ဆန်ဒပွပှဲတှနေဲ့အမြိုးသမီးထုအသံ (အမြိုးသမီးကဏ်ဍ)





















XS
SM
MD
LG