သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၁ အစိုးရသစ္အေပၚ အမ်ိဳးသမီးထု ေမ ွ်ာ္လင့္ခ်က္


(ဓာတ္ပံု - WLB)

(Zawgyi/Unicode)

လက္ရွိအာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီဟာ ျပီးခဲ့တဲ့ ၂၀၂၀ ႏို၀င္ဘာ ေရြးေကာက္ပြဲမွာ မဲအျပတ္အသတ္နဲ႔ အႏိုင္ရခဲ့တာေၾကာင့္ မၾကာခင္မွာ အစိုးရ ဒုတိယသက္တမ္း ဆက္ျပီး တာ၀န္ယူရေတာ့မွာျဖစ္ပါတယ္။ လက္ရွိ အာဏာရပါတီပဲ ျပန္အႏိုင္ရတာျဖစ္လုိ႔ လာမယ့္အစိုးရသစ္မွာလည္း လက္ရွိ တာ၀န္ထမ္းေနသူေတြပဲ ျပန္ပါလာႏိုင္တယ္လို႔ ယူဆၾကတာေတြ ရွိသလို၊ NLD အစိုးရ အေနနဲ႔ လာမယ့္ ၅ ႏွစ္သက္တမ္းမွာ အရင္သက္တမ္းထက္ပိုျပီး ႏိုင္ငံအတြက္ လိုအပ္ခ်က္ေတြကို ပိုမို ျဖည့္ဆည္းေဆာင္ရြက္ႏုိင္ဖို႔ ေမ ွ်ာ္လင့္သူေတြလည္း ရွိပါတယ္။ အစိုးရသစ္အေပၚ အမ်ိဳးသမီးထုေတြၾကား ဘယ္လုိ ေမ ွ်ာ္လင့္ခ်က္ေတြ ရွိေနသလဲ ဆိုတာကို ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္းတင္ျပထားပါတယ္။

“အဓိက ကေတာ့ အခု ယူနတီ အစိုးရဖြဲ႔မယ္လုိ႔ေတာ့ ေျပာေတာ့ ေျပာေနတယ္ေပါ့ေနာ္။ ဒီအေပၚမွာ အစိုးရဘက္ကေန အဓိက တိုင္းရင္းသားေတြကို အဓိက လက္တြဲေခၚဖို႔ လိုအပ္လိမ့္မယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီ ျမန္မာႏုိင္ငံရဲ႕ အခင္းအက်င္းက ႏုိင္ငံေရးတန္းတူညီမ ွ်မႈ မရွိတဲ့အတြက္ေၾကာင့္ အခုအေျခအေနအထိ လက္နက္ကိုင္ေတြ လက္ရွိ ျပႆနာေတြ ရွိေနတယ္။ ဆိုေတာ့ ဒီဟာက ဆက္လက္ျပီးမွ ရွည္မယ္ဆိုရင္ က်မတို႔အတြက္ အနာဂတ္ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္တဲ့အပိုင္းမွာ အမ်ားၾကီး အဟန္႔အတား ျဖစ္လိမ့္မယ္ေပါ့။ ဆိုေတာ့ အဓိက သူတို႔ ညီညြတ္တဲ့အစိုးရလုိ႔ ေျပာတဲ့အခါမွာလည္း တကယ္တမ္း အေျပာနဲ႔မဟုတ္ဘဲ အလုပ္နဲ႔ သက္ေသ ျပခိုင္းေစခ်င္တယ္ေပါ့ေနာ္။ အဓိက ကေတာ့ ျငိမ္းခ်မ္းေရးနဲ႔ တိုင္းရင္းသားအေရးနဲ႔ ပတ္သက္ျပီးေတာ့မွ အတူတကြ လုပ္ေဆာင္ဖို႔အတြက္ေပါ့ေနာ္။ အဲ့ဒါကို NLD အစိုးရအေနနဲ႔ ထည့္သြင္းစဥ္းစားဖို႔ အေရးၾကီးလိမ့္မယ္လို႔ က်မတို႔ျမင္ပါတယ္။”

ဒါကေတာ့ ကခ်င္ျပည္နယ္က ဆိုင္းႏူးပန္ ေျပာသြားတာပါ။ စစ္ပြဲေတြ မျငိမ္းေသးတဲ့ ျမန္မာႏိုင္ငံအတြက္ အဓိက ျငိမ္းခ်မ္းေရး ရရွိေအာင္ လူထုက ေရြးေကာက္တင္ေျမွာက္ထားတဲ့ NLD အစိုးရ အေနနဲ႔ အေလးေပး လုပ္ေစခ်င္တယ္လုိ႔ ဆိုင္းႏူးပန္ လိုပဲ က်မ ေမးျမန္းခဲ့တဲ့ အမ်ိဳးသမီးအမ်ားစုက ေျပာပါတယ္။ ဒီလို ျငိမ္းခ်မ္းေရး တည္ေဆာက္ႏုိင္ဖို႔အတြက္ NLD အစိုးရ အေနနဲ႔ တိုင္းရင္းသားလူမ်ိဳးစုေတြ အၾကား ယံုၾကည္မႈရေအာင္ ခိုင္ခိုင္မာမာ ၾကိဳးပမ္းေစခ်င္တယ္လို႔ ေျပာသူကေတာ့ ေနာ္ဆဲဆဲပါ။ တိုင္းရင္းသား အမ်ိဳးသမီးအဖြဲ႔ ၁၀ ဖြဲ႔ေက်ာ္နဲ႔ စုစည္းထားတဲ့ WLB အမ်ိဳးသမီးမ်ားအဖြဲ႔ခ်ဳပ္ (ျမန္မာႏိုင္ငံ) ရဲ႕ကိုယ္စား ေျပာတာပါလို႔လည္း WLB ရဲ႕ လက္ရွိ အေထြေထြ အတြင္းေရးမွဴးကို တာ၀န္ယူထားတဲ့ ေနာ္ဆဲဆဲက ေျပာပါတယ္။

“WLB အေနနဲ႔ဆိုရင္ အထူးသျဖင့္ NLD အစိုးရကို က်မတို႔ တကယ့္ကို ဂုဏ္ယူခဲ့တဲ့ပါတီ ျဖစ္ခဲ့တယ္။ အထူးသျဖင့္ ေဒၚေအာင္ဆန္းစုၾကည္ အပါအ၀င္ေပါ့ေနာ္။ က်မတို႔ဆိုရင္ သူတို႔ ေထာင္ကေန လြတ္ေျမာက္ဖို႔အတြက္ က်မတို႔ အမ်ားၾကီး ႐ုန္းကန္ခဲ့တယ္။ အမ်ားၾကီး advocacy လုပ္ေပးခဲ့တယ္။ ျပီးလို႔ရွိရင္လည္း အမ်ားၾကီး ေမ ွ်ာ္လင့္ခဲ့တယ္ေပါ့ေနာ္။ က်မတို႔က တိုင္းရင္းသား တန္းတူေရးကိုလည္း အေျခခံတယ္။ တရားမ ွ်တမႈကိုလည္း အေျခခံတဲ့ အေနအထားမွာ မတရားလုပ္တာေတြကို။ ဥပမာ တကယ့္အၾကီးအကဲေတြအကုန္လံုးက လုပ္တာ မဟုတ္ရင္ေတာင္ တေယာက္က လုပ္လုိက္တာနဲ႔ တဖြဲ႔လံုးကို ျမင္မွာေလေနာ္။ ဆိုေတာ့ က်မတို႔အေပၚမွာ ယံုၾကည္မႈ မတည္ေဆာက္ႏိုင္တဲ့ အေနအထားကို က်မတို႔ ေတြ႔ရတယ္။ အဲ့ဒါေၾကာင့္မို႔လို႔ က်မတို႔က ေနာက္ထပ္ ယံုၾကည္မႈ ပို က်လာတာကို မလိုခ်င္ဘူး။ က်မတို႔ အပါအ၀င္ တျခားေသာ သူေတြလည္း ဒီလို ခံစားရင္ ခံစားရမွာပဲ။ ကိုယ့္အစိုးရက ကိုယ္လိုခ်င္တာ ကိုယ္ျဖစ္ခ်င္တာကို နားမေထာင္ဘူး ဆိုရင္ ယံုၾကည္မႈကေတာ့ နည္းမွာပဲ။ ေလ်ာ့က်မွာပဲ။ ဆိုေတာ့ ဒီတေခါက္မွာ ျပန္လည္ သံုးသပ္သင့္တယ္ေပါ့ေနာ္။ အထူးသျဖင့္ NLD အစိုးရက သူတို႔ဘယ္ေလာက္အထိ လူထုေတြရဲ႕ အသံေတြကို ဘယ္ေလာက္အထိ လုပ္ေပးတာမ်ိဳးရွိတယ္ဆုိတာ ျပန္လည္ သံုးသပ္ျပီးေတာ့ လူထုေတြအေပၚမွာ ျပန္လည္ ယံုၾကည္မႈေတြ ပိုမိုတည္ေဆာက္ဖို႔ လိုတယ္လို႔ က်မ ျမင္တယ္ေပါ့ေနာ္။ လူထုေတြနဲ႔ ပိုျပီး ထိစပ္ဖို႔ လိုအပ္တယ္လို႔ က်မ ျမင္တယ္။ အဲ့ဒီအခါက်မွပဲ လူထုက ကိုယ့္အစိုးရကို ကိုယ္ယံုၾကည္လာျပီဆိုရင္ ေမ ွ်ာ္လင့္ခ်က္ေတြလည္း ထားရဲတယ္။ ျပီးလို႔ရွိရင္လည္း ပူးေပါင္း ပါ၀င္ရမယ္ဆိုရင္လည္း အားရွိတယ္။ ပါ၀င္ခ်င္တဲ့စိတ္ ရွိတယ္ေပါ့ေနာ္။ ဆိုေတာ့ အဲ့ဒီလိုမ်ိဳးသာ မလုပ္ဘူးဆိုရင္ေတာ့ ပို ဆိုးလာမွာက က်မတို႔လူထုနဲ႔ အဲ့ဒီအစိုးရနဲ႔ ပိုကြဲလာႏုိင္တယ္။ သေဘာထားေတြ၊ အျမင္ေတြ အယူအဆေတြ ပိုမိုကြဲလာႏုိင္တဲ့ အေနအထားေတြ ရွိလာႏုိင္တယ္လို႔ က်မ ျမင္တယ္ေပါ့ေနာ္။”

NLD အစိုးရ အေနနဲ႔ ေနာက္ထပ္ ၅ ႏွစ္ ဒုတိယသက္တမ္းကာလအတြင္း ပညာေရးက႑မွာ တုိးတက္ေျပာင္းလဲမႈေတြျဖစ္လာေအာင္ ၾကိဳးပမ္းေစခ်င္သူေတြလည္း ရွိပါတယ္။

“အခုတက္လာတဲ့အစိုးရကို ၅ ႏွစ္သက္တမ္းအတြင္းမွာ ဘာေတြ ေျပာင္းလဲေစခ်င္လဲ။ လုပ္ေစခ်င္လဲဆိုရင္ နံပါတ္တစ္က ပညာေရးပိုင္းပါ။ ပညာေရးပိုင္းမွာဆိုရင္ အားလံုးအက်ံဳး၀င္တဲ့ ပညာေရး ျဖစ္ေအာင္ လုပ္ေပးေစခ်င္တယ္။ သန္စြမ္းသူ မသန္စြမ္းသူ၊ က်ားမ ခြဲျခားဆက္ဆံမႈ မရွိဘဲနဲ႔ အားလံုးပါ၀င္ႏိုင္တဲ့ပညာေရး ျဖစ္ေစခ်င္တယ္။ ေနာက္တခုက ႏိုင္ငံတကာအဆင့္မီတဲ့ ပညာေရး ျဖစ္ေစခ်င္တယ္။ ျမန္မာႏိုင္ငံက ဘြဲ႔ရတဲ့သူတေယာက္သည္ ႏုိင္ငံျခားမွာ ဘြဲ႔ရတဲ့သူတေယာက္နဲ႔ အရည္အခ်င္းအတူတူပဲ။ အလုပ္လည္း တန္း၀င္လို႔ရတယ္။ ေလ ွ်ာက္လို႔ရတယ္ ဆိုတဲ့ အေျခအေနမ်ိဳးအထိ ေမ ွ်ာ္လင့္ပါတယ္။ အေျခခံပညာမွသည္ တကၠသိုလ္ပညာ အထိေပါ့ေနာ္ အဆင့္ျမွင့္ႏိုင္ဖို႔ ေမ ွ်ာ္လင့္ပါတယ္။ ေနာက္တခုကေတာ့ အလုပ္အကိုင္ အခြင့္အလမ္းေတြပါ။ ဘြဲ႔ရျပီးေနာက္ပိုင္းမွာ အလုပ္လက္မဲ့ေတြ က်မတို႔ႏုိင္ငံမွာ အမ်ားၾကီး ရွိေနပါတယ္။ အဲ့ဒီေတာ့ ဒီလိုလူငယ္ေတြ brain drain မျဖစ္သြားရေအာင္ ကိုယ့္ႏိုင္ငံအတြင္းမွာ အလုပ္အကုိင္ေတြ ရရွိဖို႔၊ ေနာက္တခုက တကယ္ကို အရည္အခ်င္းရွိတဲ့ ဘြဲ႔ရေတြ ျဖစ္ေနျပီဆိုရင္ အလုပ္အကိုင္သည္ အလိုအေလ်ာက္လည္း ကိုယ္ေတြဆီကို ေရာက္ရွိလာမယ္ ဆိုျပီးေတာ့လည္း ယံုၾကည္ထားပါတယ္။ ဒါေၾကာင့္ ႏုိင္ငံတကာ ရင္းႏွီးျမွဳပ္ႏွံမႈေတြနဲ႔အတူ ျမန္မာႏိုင္ငံမွာရွိတဲ့ လူငယ္ေတြ အလုပ္အကိုင္ ပိုမိုရရွိဖို႔လည္း က်မ အေနနဲ႔ အဓိက ေမ ွ်ာ္လင့္ထားပါတယ္။ ဒီဟာကိုလည္း ၅ ႏွစ္သက္တမ္း ကာလအတြင္းမွာ အစိုးရ အေနနဲ႔ ေျခလွမ္းေပါင္း အကုန္ အျပည့္အ၀ မဟုတ္ရင္ေတာင္ အနည္းဆံုး ၅၀ % အထိေတာ့ အေကာင္အထည္ေဖာ္ႏုိင္မယ္။ ေျပာင္းလဲႏိုင္မယ္လို႔ က်မတို႔ ယံုၾကည္ေမ ွ်ာ္လင့္ထားပါတယ္။ ဒါေၾကာင့္လည္း က်မတုိ႔ မဲေပးခဲ့တာျဖစ္ပါတယ္။”

ဒါကေတာ့ ဧရာ၀တီတိုင္း မအူပင္ျမိဳ႕နယ္မွာ MELDC ကိုယ္ပိုင္ ပုဂၢလိကသင္တန္းေက်ာင္းကို တည္ေထာင္ထားျပီး ကိုယ္တိုင္လည္း သင္တန္းဆရာမအျဖစ္ ဦးေဆာင္သင္ၾကားေပးေနတဲ့ မေမၾကည္ေက်ာ္ေက်ာ္ ေျပာျပသြားတာပါ။ အလားတူ ပညာေရးပိုင္းမွာ တိုးတက္ေကာင္းမြန္ေအာင္ လုပ္ေပးေစခ်င္တယ္လို႔ ေျပာလာသူ ေနာက္တဦးကေတာ့ ရန္ကုန္ျမိဳ႕က ပထမႏွစ္ ဥပေဒေက်ာင္းသူ မလမင္းခ်ဳိ ပါ။

“သမီးက တကၠသိုလ္ေက်ာင္းသူတေယာက္ ျဖစ္တဲ့အတြက္ သမီးနဲ႔အနီးစပ္ဆံုး နယ္ပယ္ျဖစ္တဲ့ ပညာေရးပိုင္းဆိုင္ရာမွာဆိုရင္ အခုလာမယ့္ ေနာက္ ၅ ႏွစ္မွာ တာ၀န္ယူမယ့္ NLD အစိုးရ အေနနဲ႔ သမီးတို႔လို လူငယ္ေတြ ေက်ာင္းသားေတြ အတြက္ ကိုယ္စိတ္၀င္စားတဲ့ ဘာသာရပ္ကို လြတ္လြတ္လပ္လပ္ သင္ၾကားႏိုင္ခြင့္၊ သင္ယူခြင့္ အခြင့္အေရးေတြကို ပိုျပီးေတာ့ လမ္းေဖာက္ေပးမယ္။ လမ္းဖြင့္ေပးမယ္လို႔ေတာ့ ေမ ွ်ာ္လင့္ပါတယ္။ တကၠသိုလ္၀င္တန္း အမွတ္စာရင္း ခြဲတဲ့အခါမွာ ေယာက်္ားေလးနဲ႔ မိန္းခေလး အမွတ္ခြဲတာက တန္းတူညီမ ွ်မႈ မရွိေသးဘူးေပါ့ေနာ္။ မိန္းခေလးရမွတ္က ပိုရေနမွ ဒီေဆးေက်ာင္းကို ၀င္ခြင့္ရမယ္ဆိုတာမ်ိဳးက ခုခ်ိန္ထိ ခြဲျခားထားတုန္း။ ခြဲျခားထားတာ ျဖစ္တဲ့အတြက္ ဥပမာ အင္ဂ်င္နီယာလုိင္း သြားခ်င္တဲ့သူ ဆိုလို႔ရွိရင္ အမွတ္က ဘယ္ႏွစ္မွတ္လိုေနလို႔တို႔၊ မျပည့္မီလို႔ဆိုျပီးေတာ့ အင္ဂ်င္နီယာလိုင္း မတတ္လိုက္ရဘဲနဲ႔ ကိုယ္စိတ္မ၀င္စားတဲ့ တျခား မီတဲ့လုိင္းကို တက္ေနရတယ္။ အဲ့ဒီေတာ့ ဘာျဖစ္သြားလဲ ဆိုေတာ့ ကိုယ္လည္း စိတ္မ၀င္စားဘူး ဒီလိုင္းကို။ ဒါေပမဲ့ အမွတ္မမီတဲ့အတြက္ တက္လိုက္ရတယ္ဆိုတဲ့ ခံစားခ်က္မ်ိဳးနဲ႔ ဒီဘာသာရပ္ကို သင္ၾကားေနရတာဆိုေတာ့ အဲ့ဒီဘာသာရပ္ အေပၚမွာလည္း စိတ္၀င္စားမႈ မရွိေတာ့ဘူးေပါ့ေနာ္။ အဲ့ဒီအတြက္ ဥပမာ ေက်ာင္းသားတေယာက္က အင္ဂ်င္နီယာလိုင္းကို စိတ္၀င္စားတယ္ဆိုလို႔ရွိရင္ အဲ့ဒီေက်ာင္းသားေတြ အတြက္၊ အဲ့ဒီဘာသာရပ္နဲ႔ ပတ္သက္ျပီးေတာ့ ၀င္ခြင့္စာေမးပြဲေလး ေျဖခုိင္းတာမ်ိဳး။ ေျဖခုိင္းျပီးေတာ့ အဲ့ဒီစာေမးပြဲကို ေအာင္တယ္ဆိုရင္ အင္ဂ်င္နီယာလိုင္းကို တက္ခြင့္ေပးမယ္။ အဲ့ဒီလို အခြင့္အေရး ေပးမယ္ဆိုရင္ ေက်ာင္းသား အေနနဲ႔ကလည္း ခံစားမႈ ပိုေကာင္းမယ္လို႔ သမီးအေနနဲ႔က ျမင္ပါတယ္။ အဲ့ဒီဟာကို လာမယ့္အစုိးရအေနနဲ႔ ေျပာင္းလဲေပးႏိုင္မယ္လို႔ေတာ့ ေမ ွ်ာ္လင့္ပါတယ္။”

မသန္စြမ္းသူေတြအေရး ေရွ႕တန္းက ေဆာင္ရြက္ေနတဲ့ ရန္ကုန္တိုင္း မသန္စြမ္းသူမ်ားအသင္း အတြင္းေရးမွဴး မေခ်ာစုလိႈင္ ရဲ႕ အစိုးရသစ္အေပၚ ေမ ွ်ာ္လင့္ခ်က္ကေရာ ဘယ္လိုရွိပါလဲ။

“အစိုးရသစ္ဆိုေပမဲ့ က်မတို႔ အရင္တုန္းက အစိုးရကိုပဲ ျပန္ျပီးေတာ့မွ ၾကိဳဆိုၾကရမွာ ျဖစ္တယ္ေပါ့ေနာ္။ အဲ့ဒီေတာ့ က်မတို႔ လုပ္လက္စ အလုပ္ေတြ တန္းလန္းေတြ ရွိတယ္။ အဲ့ဒီဟာေတြနဲ႔ ပတ္သက္ျပီးေတာ့ ေအာင္ျမင္ေအာင္ လုပ္ေစခ်င္တယ္။ ေနာက္တခုကေတာ့ မသန္စြမ္းသူေတြနဲ႔ပတ္သက္လာရင္ က်မတို႔ အစုိးရဌာနဆိုင္ရာ လူၾကီးေတြက မသန္စြမ္းသူေတြကို ျမင္တာက အျမဲတမ္း ၾကည့္႐ႈေစာင့္ေရွာက္ရမယ္။ အျမဲတမ္း ေထာက္ပံ့ ေပးကမ္းရမယ္ ဆိုတာမ်ိဳးကိုပဲ ျမင္ေနတာေပါ့ေနာ္။ အဲ့ဒီအတြက္ အဲ့ဒီလိုမဟုတ္ဘဲနဲ႔ က်မတို႔ ကိုယ္တိုင္ တဦးတေယာက္ခ်င္းစီရဲ႕ ပင္ကိုယ္အရည္အေသြးေတြနဲ႔ ဆိုင္တဲ့ လုပ္ငန္းေတြကို ေဖာ္ေဆာင္ေပးပါ။ လုပ္ခြင့္ေပးဖို႔၊ တန္းတူအခြင့္အေရး ေတြ ေပးဖို႔ကို က်မတို႔ မသန္စြမ္းေတြက ေမ ွ်ာ္မွန္းၾကတာေပါ့ေနာ္။”

ျမန္မာႏုိင္ငံအတြင္းမွာ အမ်ိဳးသမီးေတြအတြက္ အလုပ္အကိုင္ အခြင့္အလမ္းေတြ ပိုျပီး ဖန္တီးေပးတာမ်ိဳး လိုလားတယ္လို႔ ေျပာၾကသူေတြည္း ရွိပါတယ္။ ဒီအထဲမွာ ရန္ကုန္တိုင္း ဒလျမိဳ႕နယ္က မေမခ်ိဳလြင္လည္း ပါ ပါတယ္။

“ညီမ ကေတာ့ အခု ျပည္နယ္ ၇ ခု တိုင္း ၇ ခုမွာ ညီမ စာၾကည့္တိုက္ေတြ လုိက္ဖြင့္တယ္ေပါ့ေနာ္။ လုိက္ဖြင့္တယ္ဆိုတဲ့အခါက်ေတာ့ ညီမ ျမန္မာျပည္အႏွံ႔ ေရာက္တဲ့အခါက်ေတာ့ တိုင္းရင္းသားလူမ်ိဳးစုေတြ ၁၃၅ မ်ိဳးနဲ႔လည္း ညီမတို႔ေတြ႔ရတဲ့အခါက်ေတာ့ အမ်ိဳးသမီးထု အေနနဲ႔ဆိုရင္ အဓိက အေျခခံက်တဲ့ အခ်က္ေလးေတြကိုေတာ့၊ အျမန္ဆံုး အလြယ္တကူနဲ႔ လုပ္လို႔ရမယ့္ဟာေလးေတြကိုေတာ့ ထိထိေရာက္ေရာက္ လုပ္ေစခ်င္တယ္ေပါ့။ ဥပမာ - ဘယ္လိုမ်ိဳးလဲဆိုရင္ ကယားျပည္နယ္မွာ ညီမ စာၾကည့္တိုက္ သြားဖြင့္တဲ့အခါက်ေတာ့ ကယန္း လည္ပင္း ေၾကးကြင္းပတ္ အမ်ိဳးသမီးေတြဆုိလို႔ရွိရင္ ထိုင္းမွာ အလုပ္သြားလုပ္ျပီးေတာ့၊ ထိုင္းမွာရြာတည္ျပီးေတာ့ ကိုယ့္လူမ်ိဳးကိုပဲ ကမၻာလွည့္ ခရီးသြားေတြ၊ ႏုိင္ငံျခားသားေတြကို ျပျပီးေတာ့ ျပည္ပ၀င္ေငြ ရွာေဖြေနတာမ်ိဳးေတြ ရွိတယ္။ အဲ့ဒီလိုမ်ိဳးေလးေတြဆိုေတာ့ လူ႔စြမ္းအား အရင္းအျမစ္ေတြ၊ ကိုယ့္ႏုိင္ငံက အမ်ိဳးသမီးေတြရဲ႕ လူ႔စြမ္းအား အရင္းအျမစ္ေတြ တျခားတိုင္းျပည္ကို စီးဆင္းေနတာေတြ ရွိတယ္။ ဒါေတြကို ကုိယ့္ႏုိင္ငံမွာ ကိုယ့္ႏုိင္ငံရဲ႕ အမ်ိဳးသမီးေတြရဲ႕ ႐ိုးရာယဥ္ေက်းမႈေတြကို အဲ့လိုမ်ိဳး ျမွင့္တင္ေပးဖို႔၊ သူတို႔ရဲ႕ဘ၀ေတြကို ျမွင္တင္ေပးဖို႔။ ဒီႏိုင္ငံမွာပဲ သူတို႔ကို တင့္ေတာင္တင့္တယ္နဲ႔ သူတို႔ကို ဂုဏ္သိကၡာရွိရွိနဲ႔ ၀င္ေငြ အခြင့္အလမ္းေတြေကာင္းမယ့္ အလုပ္အကိုင္ေတြကို အမ်ိဳးသမီးေတြကို ဖန္တီးေပးေစခ်င္တယ္။ ေနာက္တခုက စင္ကာပူမွာဆိုရင္လည္း ျမန္မာအမ်ိဳးသမီးေတြ အိမ္ေဖာ္ေတြအျဖစ္နဲ႔ အလုပ္ သြားလုပ္ေနရတာေတြ ရွိတယ္။ မိသားစု စား၀တ္ေနေရးအတြက္ လုပ္ရတာမ်ိဳးေတြ ရွိမွာေပါ့ေလ။ ဒါေပမဲ့ အဲ့ဒီလိုမ်ိဳးေလးေတြကို ကိုယ့္တိုင္းျပည္မွာ အမ်ိဳးသမီးေတြအတြက္ အလုပ္အကိုင္ အခြင့္အလမ္းေတြကို အမ်ားၾကီး ဖန္တီးလို႔ရမယ့္ အေနအထားေတြ ရွိတယ္ေပါ့ေနာ္။ အဲ့ဒါေလးေတြကို အစိုးရရဲ႕ စီမံကိန္း အေနနဲ႔ ျပည္ေထာင္စုအစုိးရနဲ႔ သက္ဆိုင္ရာ ျပည္နယ္ အစုိးရေတြ၊ တိုင္းေဒသၾကီး အစိုးရေတြ ေပါင္းျပီးေတာ့ လုပ္ေပးေစခ်င္ပါတယ္။”

ဒါကေတာ့ နယ္ပယ္အသီးသီးမွာ က်င္လည္ေနၾကတဲ့ အမ်ိဳးသမီးတခ်ိဳ႕ရဲ႕ ၂၀၂၁ အစိုးရသစ္အေပၚ ေမ ွ်ာ္လင့္ခ်က္ တခ်ိဳ႕ကို စုစည္းတင္ျပခဲ့တာပါ။ ဒီေမ ွ်ာ္လင့္ခ်က္ေတြက အမ်ိဳးသမီးထုအားလံုးရဲ႕ အသံလို႔ မဆိုႏုိင္ေပမဲ့ ျမန္မာျပည္မွာ ျငိမ္းခ်မ္းေရး အျမန္ရေအာင္ လူထုအစိုးရက ေဆာင္ရြက္ေပးဖို႔ ဒီအမ်ိဳးသမီးေတြက ေမ ွ်ာ္လင့္တာ ေတြ႔ရပါတယ္။ အစိုးရသစ္ အေနနဲ႔ ျငိမ္းခ်မ္းေရး အတြက္ ေမ ွ်ာ္လင့္ခ်က္ေတြကို ဘယ္ေလာက္အထိ အေလးထား အေကာင္အထည္ ေဖာ္ႏုိင္မလဲ ဆုိတာကေတာ့ ေနာက္ ၅ ႏွစ္ ေစာင့္ၾကည့္ၾကရမွာ ျဖစ္တယ္ဆုိတာ တင္ျပရင္း ဒီတပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ ျပဳပါရွင္။ က်မ ခင္ျဖဴေထြးပါရွင္။

=============================================

[Unicode Version]

၂၀၂၁ အစိုးရသစ်အပေါ် အမျိုးသမီးထု မေ ျှာ်လင့်ချက် (အမျိုးသမီးကဏ္ဍ)

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တာကြောင့် မကြာခင်မှာ အစိုးရ ဒုတိယသက်တမ်း ဆက်ပြီး တာဝန်ယူရတော့မှာဖြစ်ပါတယ်။ လက်ရှိ အာဏာရပါတီပဲ ပြန်အနိုင်ရတာဖြစ်လို့ လာမယ့်အစိုးရသစ်မှာလည်း လက်ရှိ တာဝန်ထမ်းနေသူတွေပဲ ပြန်ပါလာနိုင်တယ်လို့ ယူဆကြတာတွေ ရှိသလို၊ NLD အစိုးရ အနေနဲ့ လာမယ့် ၅ နှစ်သက်တမ်းမှာ အရင်သက်တမ်းထက်ပိုပြီး နိုင်ငံအတွက် လိုအပ်ချက်တွေကို ပိုမို ဖြည့်ဆည်းဆောင်ရွက်နိုင်ဖို့ မေ ျှာ်လင့်သူတွေလည်း ရှိပါတယ်။ အစိုးရသစ်အပေါ် အမျိုးသမီးထုတွေကြား ဘယ်လို မေ ျှာ်လင့်ချက်တွေ ရှိနေသလဲ ဆိုတာကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်းတင်ပြထားပါတယ်။

“အဓိက ကတော့ အခု ယူနတီ အစိုးရဖွဲ့မယ်လို့တော့ ပြောတော့ ပြောနေတယ်ပေါ့နော်။ ဒီအပေါ်မှာ အစိုးရဘက်ကနေ အဓိက တိုင်းရင်းသားတွေကို အဓိက လက်တွဲခေါ်ဖို့ လိုအပ်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ မြန်မာနိုင်ငံရဲ့ အခင်းအကျင်းက နိုင်ငံရေးတန်းတူညီမ ျှမှု မရှိတဲ့အတွက်ကြောင့် အခုအခြေအနေအထိ လက်နက်ကိုင်တွေ လက်ရှိ ပြဿနာတွေ ရှိနေတယ်။ ဆိုတော့ ဒီဟာက ဆက်လက်ပြီးမှ ရှည်မယ်ဆိုရင် ကျမတို့အတွက် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့အပိုင်းမှာ အများကြီး အဟန့်အတား ဖြစ်လိမ့်မယ်ပေါ့။ ဆိုတော့ အဓိက သူတို့ ညီညွတ်တဲ့အစိုးရလို့ ပြောတဲ့အခါမှာလည်း တကယ်တမ်း အပြောနဲ့မဟုတ်ဘဲ အလုပ်နဲ့ သက်သေ ပြခိုင်းစေချင်တယ်ပေါ့နော်။ အဓိက ကတော့ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီးတော့မှ အတူတကွ လုပ်ဆောင်ဖို့အတွက်ပေါ့နော်။ အဲ့ဒါကို NLD အစိုးရအနေနဲ့ ထည့်သွင်းစဉ်းစားဖို့ အရေးကြီးလိမ့်မယ်လို့ ကျမတို့မြင်ပါတယ်။”

ဒါကတော့ ကချင်ပြည်နယ်က ဆိုင်းနူးပန် ပြောသွားတာပါ။ စစ်ပွဲတွေ မငြိမ်းသေးတဲ့ မြန်မာနိုင်ငံအတွက် အဓိက ငြိမ်းချမ်းရေး ရရှိအောင် လူထုက ရွေးကောက်တင်မြှောက်ထားတဲ့ NLD အစိုးရ အနေနဲ့ အလေးပေး လုပ်စေချင်တယ်လို့ ဆိုင်းနူးပန် လိုပဲ ကျမ မေးမြန်းခဲ့တဲ့ အမျိုးသမီးအများစုက ပြောပါတယ်။ ဒီလို ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် NLD အစိုးရ အနေနဲ့ တိုင်းရင်းသားလူမျိုးစုတွေ အကြား ယုံကြည်မှုရအောင် ခိုင်ခိုင်မာမာ ကြိုးပမ်းစေချင်တယ်လို့ ပြောသူကတော့ နော်ဆဲဆဲပါ။ တိုင်းရင်းသား အမျိုးသမီးအဖွဲ့ ၁၀ ဖွဲ့ကျော်နဲ့ စုစည်းထားတဲ့ WLB အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ကိုယ်စား ပြောတာပါလို့လည်း WLB ရဲ့ လက်ရှိ အထွေထွေ အတွင်းရေးမှူးကို တာဝန်ယူထားတဲ့ နော်ဆဲဆဲက ပြောပါတယ်။

“WLB အနေနဲ့ဆိုရင် အထူးသဖြင့် NLD အစိုးရကို ကျမတို့ တကယ့်ကို ဂုဏ်ယူခဲ့တဲ့ပါတီ ဖြစ်ခဲ့တယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်ပေါ့နော်။ ကျမတို့ဆိုရင် သူတို့ ထောင်ကနေ လွတ်မြောက်ဖို့အတွက် ကျမတို့ အများကြီး ရုန်းကန်ခဲ့တယ်။ အများကြီး advocacy လုပ်ပေးခဲ့တယ်။ ပြီးလို့ရှိရင်လည်း အများကြီး မေ ျှာ်လင့်ခဲ့တယ်ပေါ့နော်။ ကျမတို့က တိုင်းရင်းသား တန်းတူရေးကိုလည်း အခြေခံတယ်။ တရားမ ျှတမှုကိုလည်း အခြေခံတဲ့ အနေအထားမှာ မတရားလုပ်တာတွေကို။ ဥပမာ တကယ့်အကြီးအကဲတွေအကုန်လုံးက လုပ်တာ မဟုတ်ရင်တောင် တယောက်က လုပ်လိုက်တာနဲ့ တဖွဲ့လုံးကို မြင်မှာလေနော်။ ဆိုတော့ ကျမတို့အပေါ်မှာ ယုံကြည်မှု မတည်ဆောက်နိုင်တဲ့ အနေအထားကို ကျမတို့ တွေ့ရတယ်။ အဲ့ဒါကြောင့်မို့လို့ ကျမတို့က နောက်ထပ် ယုံကြည်မှု ပို ကျလာတာကို မလိုချင်ဘူး။ ကျမတို့ အပါအဝင် တခြားသော သူတွေလည်း ဒီလို ခံစားရင် ခံစားရမှာပဲ။ ကိုယ့်အစိုးရက ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင်တာကို နားမထောင်ဘူး ဆိုရင် ယုံကြည်မှုကတော့ နည်းမှာပဲ။ လျော့ကျမှာပဲ။ ဆိုတော့ ဒီတခေါက်မှာ ပြန်လည် သုံးသပ်သင့်တယ်ပေါ့နော်။ အထူးသဖြင့် NLD အစိုးရက သူတို့ဘယ်လောက်အထိ လူထုတွေရဲ့ အသံတွေကို ဘယ်လောက်အထိ လုပ်ပေးတာမျိုးရှိတယ်ဆိုတာ ပြန်လည် သုံးသပ်ပြီးတော့ လူထုတွေအပေါ်မှာ ပြန်လည် ယုံကြည်မှုတွေ ပိုမိုတည်ဆောက်ဖို့ လိုတယ်လို့ ကျမ မြင်တယ်ပေါ့နော်။ လူထုတွေနဲ့ ပိုပြီး ထိစပ်ဖို့ လိုအပ်တယ်လို့ ကျမ မြင်တယ်။ အဲ့ဒီအခါကျမှပဲ လူထုက ကိုယ့်အစိုးရကို ကိုယ်ယုံကြည်လာပြီဆိုရင် မေ ျှာ်လင့်ချက်တွေလည်း ထားရဲတယ်။ ပြီးလို့ရှိရင်လည်း ပူးပေါင်း ပါဝင်ရမယ်ဆိုရင်လည်း အားရှိတယ်။ ပါဝင်ချင်တဲ့စိတ် ရှိတယ်ပေါ့နော်။ ဆိုတော့ အဲ့ဒီလိုမျိုးသာ မလုပ်ဘူးဆိုရင်တော့ ပို ဆိုးလာမှာက ကျမတို့လူထုနဲ့ အဲ့ဒီအစိုးရနဲ့ ပိုကွဲလာနိုင်တယ်။ သဘောထားတွေ၊ အမြင်တွေ အယူအဆတွေ ပိုမိုကွဲလာနိုင်တဲ့ အနေအထားတွေ ရှိလာနိုင်တယ်လို့ ကျမ မြင်တယ်ပေါ့နော်။”

NLD အစိုးရ အနေနဲ့ နောက်ထပ် ၅ နှစ် ဒုတိယသက်တမ်းကာလအတွင်း ပညာရေးကဏ္ဍမှာ တိုးတက်ပြောင်းလဲမှုတွေဖြစ်လာအောင် ကြိုးပမ်းစေချင်သူတွေလည်း ရှိပါတယ်။

“အခုတက်လာတဲ့အစိုးရကို ၅ နှစ်သက်တမ်းအတွင်းမှာ ဘာတွေ ပြောင်းလဲစေချင်လဲ။ လုပ်စေချင်လဲဆိုရင် နံပါတ်တစ်က ပညာရေးပိုင်းပါ။ ပညာရေးပိုင်းမှာဆိုရင် အားလုံးအကျုံးဝင်တဲ့ ပညာရေး ဖြစ်အောင် လုပ်ပေးစေချင်တယ်။ သန်စွမ်းသူ မသန်စွမ်းသူ၊ ကျားမ ခွဲခြားဆက်ဆံမှု မရှိဘဲနဲ့ အားလုံးပါဝင်နိုင်တဲ့ပညာရေး ဖြစ်စေချင်တယ်။ နောက်တခုက နိုင်ငံတကာအဆင့်မီတဲ့ ပညာရေး ဖြစ်စေချင်တယ်။ မြန်မာနိုင်ငံက ဘွဲ့ရတဲ့သူတယောက်သည် နိုင်ငံခြားမှာ ဘွဲ့ရတဲ့သူတယောက်နဲ့ အရည်အချင်းအတူတူပဲ။ အလုပ်လည်း တန်းဝင်လို့ရတယ်။ လေ ျှာက်လို့ရတယ် ဆိုတဲ့ အခြေအနေမျိုးအထိ မေ ျှာ်လင့်ပါတယ်။ အခြေခံပညာမှသည် တက္ကသိုလ်ပညာ အထိပေါ့နော် အဆင့်မြှင့်နိုင်ဖို့ မေ ျှာ်လင့်ပါတယ်။ နောက်တခုကတော့ အလုပ်အကိုင် အခွင့်အလမ်းတွေပါ။ ဘွဲ့ရပြီးနောက်ပိုင်းမှာ အလုပ်လက်မဲ့တွေ ကျမတို့နိုင်ငံမှာ အများကြီး ရှိနေပါတယ်။ အဲ့ဒီတော့ ဒီလိုလူငယ်တွေ brain drain မဖြစ်သွားရအောင် ကိုယ့်နိုင်ငံအတွင်းမှာ အလုပ်အကိုင်တွေ ရရှိဖို့၊ နောက်တခုက တကယ်ကို အရည်အချင်းရှိတဲ့ ဘွဲ့ရတွေ ဖြစ်နေပြီဆိုရင် အလုပ်အကိုင်သည် အလိုအလျောက်လည်း ကိုယ်တွေဆီကို ရောက်ရှိလာမယ် ဆိုပြီးတော့လည်း ယုံကြည်ထားပါတယ်။ ဒါကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေ အလုပ်အကိုင် ပိုမိုရရှိဖို့လည်း ကျမ အနေနဲ့ အဓိက မေ ျှာ်လင့်ထားပါတယ်။ ဒီဟာကိုလည်း ၅ နှစ်သက်တမ်း ကာလအတွင်းမှာ အစိုးရ အနေနဲ့ ခြေလှမ်းပေါင်း အကုန် အပြည့်အ၀ မဟုတ်ရင်တောင် အနည်းဆုံး ၅၀ % အထိတော့ အကောင်အထည်ဖော်နိုင်မယ်။ ပြောင်းလဲနိုင်မယ်လို့ ကျမတို့ ယုံကြည်မေ ျှာ်လင့်ထားပါတယ်။ ဒါကြောင့်လည်း ကျမတို့ မဲပေးခဲ့တာဖြစ်ပါတယ်။”

ဒါကတော့ ဧရာဝတီတိုင်း မအူပင်မြို့နယ်မှာ MELDC ကိုယ်ပိုင် ပုဂ္ဂလိကသင်တန်းကျောင်းကို တည်ထောင်ထားပြီး ကိုယ်တိုင်လည်း သင်တန်းဆရာမအဖြစ် ဦးဆောင်သင်ကြားပေးနေတဲ့ မမေကြည်ကျော်ကျော် ပြောပြသွားတာပါ။ အလားတူ ပညာရေးပိုင်းမှာ တိုးတက်ကောင်းမွန်အောင် လုပ်ပေးစေချင်တယ်လို့ ပြောလာသူ နောက်တဦးကတော့ ရန်ကုန်မြို့က ပထမနှစ် ဥပဒေကျောင်းသူ မလမင်းချို ပါ။

“သမီးက တက္ကသိုလ်ကျောင်းသူတယောက် ဖြစ်တဲ့အတွက် သမီးနဲ့အနီးစပ်ဆုံး နယ်ပယ်ဖြစ်တဲ့ ပညာရေးပိုင်းဆိုင်ရာမှာဆိုရင် အခုလာမယ့် နောက် ၅ နှစ်မှာ တာဝန်ယူမယ့် NLD အစိုးရ အနေနဲ့ သမီးတို့လို လူငယ်တွေ ကျောင်းသားတွေ အတွက် ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်ကို လွတ်လွတ်လပ်လပ် သင်ကြားနိုင်ခွင့်၊ သင်ယူခွင့် အခွင့်အရေးတွေကို ပိုပြီးတော့ လမ်းဖောက်ပေးမယ်။ လမ်းဖွင့်ပေးမယ်လို့တော့ မေ ျှာ်လင့်ပါတယ်။ တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း ခွဲတဲ့အခါမှာ ယောကျ်ားလေးနဲ့ မိန်းခလေး အမှတ်ခွဲတာက တန်းတူညီမ ျှမှု မရှိသေးဘူးပေါ့နော်။ မိန်းခလေးရမှတ်က ပိုရနေမှ ဒီဆေးကျောင်းကို ဝင်ခွင့်ရမယ်ဆိုတာမျိုးက ခုချိန်ထိ ခွဲခြားထားတုန်း။ ခွဲခြားထားတာ ဖြစ်တဲ့အတွက် ဥပမာ အင်ဂျင်နီယာလိုင်း သွားချင်တဲ့သူ ဆိုလို့ရှိရင် အမှတ်က ဘယ်နှစ်မှတ်လိုနေလို့တို့၊ မပြည့်မီလို့ဆိုပြီးတော့ အင်ဂျင်နီယာလိုင်း မတတ်လိုက်ရဘဲနဲ့ ကိုယ်စိတ်မဝင်စားတဲ့ တခြား မီတဲ့လိုင်းကို တက်နေရတယ်။ အဲ့ဒီတော့ ဘာဖြစ်သွားလဲ ဆိုတော့ ကိုယ်လည်း စိတ်မဝင်စားဘူး ဒီလိုင်းကို။ ဒါပေမဲ့ အမှတ်မမီတဲ့အတွက် တက်လိုက်ရတယ်ဆိုတဲ့ ခံစားချက်မျိုးနဲ့ ဒီဘာသာရပ်ကို သင်ကြားနေရတာဆိုတော့ အဲ့ဒီဘာသာရပ် အပေါ်မှာလည်း စိတ်ဝင်စားမှု မရှိတော့ဘူးပေါ့နော်။ အဲ့ဒီအတွက် ဥပမာ ကျောင်းသားတယောက်က အင်ဂျင်နီယာလိုင်းကို စိတ်ဝင်စားတယ်ဆိုလို့ရှိရင် အဲ့ဒီကျောင်းသားတွေ အတွက်၊ အဲ့ဒီဘာသာရပ်နဲ့ ပတ်သက်ပြီးတော့ ဝင်ခွင့်စာမေးပွဲလေး ဖြေခိုင်းတာမျိုး။ ဖြေခိုင်းပြီးတော့ အဲ့ဒီစာမေးပွဲကို အောင်တယ်ဆိုရင် အင်ဂျင်နီယာလိုင်းကို တက်ခွင့်ပေးမယ်။ အဲ့ဒီလို အခွင့်အရေး ပေးမယ်ဆိုရင် ကျောင်းသား အနေနဲ့ကလည်း ခံစားမှု ပိုကောင်းမယ်လို့ သမီးအနေနဲ့က မြင်ပါတယ်။ အဲ့ဒီဟာကို လာမယ့်အစိုးရအနေနဲ့ ပြောင်းလဲပေးနိုင်မယ်လို့တော့ မေ ျှာ်လင့်ပါတယ်။”

မသန်စွမ်းသူတွေအရေး ရှေ့တန်းက ဆောင်ရွက်နေတဲ့ ရန်ကုန်တိုင်း မသန်စွမ်းသူများအသင်း အတွင်းရေးမှူး မချောစုလှိုင် ရဲ့ အစိုးရသစ်အပေါ် မေ ျှာ်လင့်ချက်ကရော ဘယ်လိုရှိပါလဲ။

“အစိုးရသစ်ဆိုပေမဲ့ ကျမတို့ အရင်တုန်းက အစိုးရကိုပဲ ပြန်ပြီးတော့မှ ကြိုဆိုကြရမှာ ဖြစ်တယ်ပေါ့နော်။ အဲ့ဒီတော့ ကျမတို့ လုပ်လက်စ အလုပ်တွေ တန်းလန်းတွေ ရှိတယ်။ အဲ့ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ အောင်မြင်အောင် လုပ်စေချင်တယ်။ နောက်တခုကတော့ မသန်စွမ်းသူတွေနဲ့ပတ်သက်လာရင် ကျမတို့ အစိုးရဌာနဆိုင်ရာ လူကြီးတွေက မသန်စွမ်းသူတွေကို မြင်တာက အမြဲတမ်း ကြည့်ရှုစောင့်ရှောက်ရမယ်။ အမြဲတမ်း ထောက်ပံ့ ပေးကမ်းရမယ် ဆိုတာမျိုးကိုပဲ မြင်နေတာပေါ့နော်။ အဲ့ဒီအတွက် အဲ့ဒီလိုမဟုတ်ဘဲနဲ့ ကျမတို့ ကိုယ်တိုင် တဦးတယောက်ချင်းစီရဲ့ ပင်ကိုယ်အရည်အသွေးတွေနဲ့ ဆိုင်တဲ့ လုပ်ငန်းတွေကို ဖော်ဆောင်ပေးပါ။ လုပ်ခွင့်ပေးဖို့၊ တန်းတူအခွင့်အရေး တွေ ပေးဖို့ကို ကျမတို့ မသန်စွမ်းတွေက မေ ျှာ်မှန်းကြတာပေါ့နော်။”

မြန်မာနိုင်ငံအတွင်းမှာ အမျိုးသမီးတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုပြီး ဖန်တီးပေးတာမျိုး လိုလားတယ်လို့ ပြောကြသူတွေည်း ရှိပါတယ်။ ဒီအထဲမှာ ရန်ကုန်တိုင်း ဒလမြို့နယ်က မမေချိုလွင်လည်း ပါ ပါတယ်။

“ညီမ ကတော့ အခု ပြည်နယ် ၇ ခု တိုင်း ၇ ခုမှာ ညီမ စာကြည့်တိုက်တွေ လိုက်ဖွင့်တယ်ပေါ့နော်။ လိုက်ဖွင့်တယ်ဆိုတဲ့အခါကျတော့ ညီမ မြန်မာပြည်အနှံ့ ရောက်တဲ့အခါကျတော့ တိုင်းရင်းသားလူမျိုးစုတွေ ၁၃၅ မျိုးနဲ့လည်း ညီမတို့တွေ့ရတဲ့အခါကျတော့ အမျိုးသမီးထု အနေနဲ့ဆိုရင် အဓိက အခြေခံကျတဲ့ အချက်လေးတွေကိုတော့၊ အမြန်ဆုံး အလွယ်တကူနဲ့ လုပ်လို့ရမယ့်ဟာလေးတွေကိုတော့ ထိထိရောက်ရောက် လုပ်စေချင်တယ်ပေါ့။ ဥပမာ - ဘယ်လိုမျိုးလဲဆိုရင် ကယားပြည်နယ်မှာ ညီမ စာကြည့်တိုက် သွားဖွင့်တဲ့အခါကျတော့ ကယန်း လည်ပင်း ကြေးကွင်းပတ် အမျိုးသမီးတွေဆိုလို့ရှိရင် ထိုင်းမှာ အလုပ်သွားလုပ်ပြီးတော့၊ ထိုင်းမှာရွာတည်ပြီးတော့ ကိုယ့်လူမျိုးကိုပဲ ကမ္ဘာလှည့် ခရီးသွားတွေ၊ နိုင်ငံခြားသားတွေကို ပြပြီးတော့ ပြည်ပဝင်ငွေ ရှာဖွေနေတာမျိုးတွေ ရှိတယ်။ အဲ့ဒီလိုမျိုးလေးတွေဆိုတော့ လူ့စွမ်းအား အရင်းအမြစ်တွေ၊ ကိုယ့်နိုင်ငံက အမျိုးသမီးတွေရဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ တခြားတိုင်းပြည်ကို စီးဆင်းနေတာတွေ ရှိတယ်။ ဒါတွေကို ကိုယ့်နိုင်ငံမှာ ကိုယ့်နိုင်ငံရဲ့ အမျိုးသမီးတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေကို အဲ့လိုမျိုး မြှင့်တင်ပေးဖို့၊ သူတို့ရဲ့ဘဝတွေကို မြှင်တင်ပေးဖို့။ ဒီနိုင်ငံမှာပဲ သူတို့ကို တင့်တောင်တင့်တယ်နဲ့ သူတို့ကို ဂုဏ်သိက္ခာရှိရှိနဲ့ ဝင်ငွေ အခွင့်အလမ်းတွေကောင်းမယ့် အလုပ်အကိုင်တွေကို အမျိုးသမီးတွေကို ဖန်တီးပေးစေချင်တယ်။ နောက်တခုက စင်ကာပူမှာဆိုရင်လည်း မြန်မာအမျိုးသမီးတွေ အိမ်ဖော်တွေအဖြစ်နဲ့ အလုပ် သွားလုပ်နေရတာတွေ ရှိတယ်။ မိသားစု စားဝတ်နေရေးအတွက် လုပ်ရတာမျိုးတွေ ရှိမှာပေါ့လေ။ ဒါပေမဲ့ အဲ့ဒီလိုမျိုးလေးတွေကို ကိုယ့်တိုင်းပြည်မှာ အမျိုးသမီးတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေကို အများကြီး ဖန်တီးလို့ရမယ့် အနေအထားတွေ ရှိတယ်ပေါ့နော်။ အဲ့ဒါလေးတွေကို အစိုးရရဲ့ စီမံကိန်း အနေနဲ့ ပြည်ထောင်စုအစိုးရနဲ့ သက်ဆိုင်ရာ ပြည်နယ် အစိုးရတွေ၊ တိုင်းဒေသကြီး အစိုးရတွေ ပေါင်းပြီးတော့ လုပ်ပေးစေချင်ပါတယ်။”

ဒါကတော့ နယ်ပယ်အသီးသီးမှာ ကျင်လည်နေကြတဲ့ အမျိုးသမီးတချို့ရဲ့ ၂၀၂၁ အစိုးရသစ်အပေါ် မေ ျှာ်လင့်ချက် တချို့ကို စုစည်းတင်ပြခဲ့တာပါ။ ဒီမေ ျှာ်လင့်ချက်တွေက အမျိုးသမီးထုအားလုံးရဲ့ အသံလို့ မဆိုနိုင်ပေမဲ့ မြန်မာပြည်မှာ ငြိမ်းချမ်းရေး အမြန်ရအောင် လူထုအစိုးရက ဆောင်ရွက်ပေးဖို့ ဒီအမျိုးသမီးတွေက မေ ျှာ်လင့်တာ တွေ့ရပါတယ်။ အစိုးရသစ် အနေနဲ့ ငြိမ်းချမ်းရေး အတွက် မေ ျှာ်လင့်ချက်တွေကို ဘယ်လောက်အထိ အလေးထား အကောင်အထည် ဖော်နိုင်မလဲ ဆိုတာကတော့ နောက် ၅ နှစ် စောင့်ကြည့်ကြရမှာ ဖြစ်တယ်ဆိုတာ တင်ပြရင်း ဒီတပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့် ပြုပါရှင်။ ကျမ ခင်ဖြူထွေးပါရှင်။

XS
SM
MD
LG