သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

AA အဖြဲ႔ ဖမ္းဆီးေခၚေဆာင္ခံခဲ့ရတဲ့ ေတာင္ကုတ္လႊတ္ေတာ္အမတ္ မနီနီေမျမင့္


(Zawgyi/Unicode)

ျပီးခဲ့တဲ့ ေအာက္တိုဘာလ ၁၄ ရက္ေန႔က ရခိုင္ျပည္နယ္ ေတာင္ကုတ္ျမိဳ႕နယ္မွာ ေရြးေကာက္ပြဲမဲဆြယ္ စည္း႐ံုးေနခ်ိန္ ရခိုင္လက္နက္ကိုင္အဖြဲ႔ (AA) ရဲ႕ ဖမ္းဆီးေခၚေဆာင္ ခံခဲ့ရတဲ့ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ႕ ေတာင္ကုတ္ျမိဳ႕နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ၃ ဦး ဇန္န၀ါရီလ ၁ ရက္ေန႔က ျပန္လြတ္လာခဲ့ပါတယ္။ ၂ လေက်ာ္ AA အဖြဲ႔ရဲ႕ ဖမ္းဆီးထိန္းသိမ္းတာကို ခံခဲ့ရျပီးျပန္လြတ္လာတဲ့တိုင္ေအာင္ ခုခ်ိန္ထိ သူတို႔ကို ဘာေၾကာင့္ ဖမ္းဆီးတယ္ဆိုတာ ရွင္းရွင္းလင္းလင္း မသိရဘူးလို႔ ျပန္လည္ လြတ္ေျမာက္လာတဲ့ ေတာင္ကုတ္ျမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္အမတ္ မနီနီေမျမင့္က ေျပာပါတယ္။ မနီနီေမျမင့္ ရဲ႕ အေတြ႔အၾကံဳတခ်ိဳ႕ကို ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ဆက္ထားပါတယ္။


“ပထမေတာ့ က်မတို႔လည္း ေတြးတာေပါ့ေနာ္။ NLD ကိုယ္စားလွယ္ေတြကို မႏိုင္ေစခ်င္လို႔ လုပ္တာလားေပါ့။ မ်ိဳးစံုေတြးတယ္။ ဒါေပမဲ့ ဟိုကိုေရာက္တဲ့အခ်ိန္မွာ၊ ေနာက္ဆံုး က်မတို႔ေနရမယ့္ ေနရာကို ေရာက္တဲ့အခ်ိန္မွာ အဲ့ဒီမွာ တာ၀န္ရွိတဲ့ ပုဂၢိဳလ္တေယာက္က ေျပာတယ္။ ႏုိင္ငံေရးလုိအပ္ခ်က္အရ က်မတို႔ကို ေခၚလိုက္ရတာပါဆုိျပီး ေျပာတယ္။ ဒါေပမဲ့ က်မတို႔ကို ျပန္လႊတ္လိုက္တဲ့အခ်ိ္န္မွာ က်ျပန္ေတာ့လည္း က်မတို႔ကို အမွန္တကယ္ဆိုလို႔ရွိရင္ လႊဲျခင္းလႊဲရင္ အစိုးရကို လႊဲရမွာေပါ့။ ဒါေပမဲ့ တပ္မေတာ္ကို လႊဲတယ္ဆိုတဲ့ဟာမွာ က်မတို႔လည္း နည္းနည္းေတာ့ စဥ္းစားရခက္တယ္။ ဘာေၾကာင့္ ဖမ္းလဲဆိုတာ စဥ္းစားလို႔မရဘူး။ အဲ့လို အျပင္ကို ေရာက္လည္းေရာက္လာေရာ ပိုေတာင္ စဥ္းစားလို႔မရဘူး။ သူတို႔ ဖမ္းတုန္းက ရည္ရြယ္ခ်က္တမ်ိဳး၊ ျပီးေတာ့မွ မစ္ရွင္ေတြ ေျပာင္းသြားတာလား။ ဘယ္လိုလဲ ဆိုတာ က်မေတာ့ အခုထက္ထိ ေတာ္ေတာ္စဥ္းစားရခက္သြားတယ္။”

ဆိုေတာ့ အခု ျပန္လြတ္လာတဲ့တိုင္ေအာင္ ကိုယ့္ကို ဘာေၾကာင့္ဖမ္းလဲ မသိရေသးတဲ့သေဘာ ျဖစ္ေနတာေပါ့ေနာ္။ အဲ့ဒီအခ်ိန္တုန္းကေရာ ဒီေရြးေကာက္ပြဲအတြက္ မဲဆြယ္ေနတဲ့ခ်ိန္မွာ ခုလို ၾကံဳရလိမ့္မယ္လို႔ ေတြးခဲ့မိဖူးလား။

“ေရြးေကာက္ပြဲ မတိုင္ခင္ ကာလတုန္းက တခုခုေတာ့ ျဖစ္ႏိုင္မယ္လို႔ေတာ့ မွန္းဆျပီးေတာ့ က်မတို႔ အေကာင္းဆံုးကိုလည္း ေတြးထားတယ္။ အဆိုးဆံုးကိုလည္း ေတြးထားတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ က်မတို႔ ရခိုင္ျပည္နယ္ရဲ႕ မျငိမ္းခ်မ္းမႈေတြေၾကာင့္ မ်ိဳးစံုေတာ့ ေတြးထားတယ္။ ဒါေပမဲ့ ဒီေလာက္အထိ ဒီလို ျဖစ္လိမ့္မယ္လို႔ေတာ့ မထင္ဘူး။ ဘာေၾကာင့္လဲ ဆိုေတာ့ က်မတို႔က မိန္းခေလးေတြလည္း ျဖစ္တယ္။ ငါတို႔ကိုေတာ့ ဒီလိုမ်ိဳးေတာ့ မလုပ္ေလာက္ပါဘူး ဆိုတဲ့ဟာမ်ိဳး က်မတို႔ ယံုယံုၾကည္ၾကည္နဲ႔ကို ေတြးထားတာရွိတယ္။ ဒါေပမဲ့ ခုလို ျဖစ္လာတဲ့အခါက်ေတာ့လဲ က်မတို႔က ဘယ္လိုပဲျဖစ္ျဖစ္ အစပိုင္းမွာေတာ့ အဆံုးထိေတြးတယ္။ ေတြးေပမဲ့လည္း ဟိုေရာက္တဲ့အခ်ိန္မွာ က်မ ေျပာခဲ့တဲ့အတိုင္းပဲ ႏုိင္ငံေရး လိုအပ္ခ်က္အရ ေခၚတယ္ဆိုေတာ့၊ တခ်ိန္ခ်ိန္ ျပန္ရမယ္လို ႔ေျပာတဲ့အခါက်ေတာ့ စိတ္ကို ဒံုးဒံုးခ်ျပီးေတာ့ ကိုယ့္ကိုယ္ကို က်န္းမာေရး ေကာင္းေအာင္ပဲ အဲ့ဒီလိုပဲ ေနခဲ့ရတာေပါ့။”

ဖမ္းဆီးခံရတဲ့အခ်ိန္မွာေရာ ကိုယ့္အေပၚမွာ ႐ိုင္း႐ုိင္းပ်ပ် ဆက္ဆံတာပဲျဖစ္ျဖစ္ ႏွိပ္စက္ညွင္းပမ္းတာပဲျဖစ္ျဖစ္ေရာ ၾကံဳခဲ့ရတာရွိလား။

“အစပိုင္း ေခၚတဲ့အခါတုန္းက သူတို႔က က်မတို႔လက္ကို လာဆြဲျပီးေတာ့ ၾကိဳးနဲ႔တုတ္တယ္။ က်မတို႔ကလည္း အဲ့ဒီလိုမ်ိဳး ၾကမ္းၾကမ္းတမ္းတမ္းေတြ မလုပ္နဲ႔။ လိုက္ခဲ့ဆိုရင္ လိုက္ခဲ့မယ္လို႔။ လိုက္မယ္လို႔ ဆိုေတာ့ မဟုတ္ဘူးတဲ့ က်ေနာ္တို႔က အခ်ိန္ကမရဘူး။ ဘာျဖစ္တယ္ ညာျဖစ္တယ္ေျပာျပီး ၾကိဳးနဲ႔ ဒရြတ္တိုက္ ဆြဲသြားတယ္။ အဲ့လိုဆြဲသြားေတာ့ ပထမ ေရာက္တဲ့ေနရာမွာေတာ့ ေအာက္က ကေလးေတြက အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD နဲ႔ပတ္သက္ျပီးေတာ့ က်မတို႔ေတြကို ထိကပါး ရိကပါး ေျပာတာေတြေတာ့ နည္းနည္းပါးပါး ရွိတယ္။ က်မတို႔ကိုကလည္း မ်က္စိေတြ ပိတ္ထားေတာ့ မျမင္ရဘူး။ ေနာက္က်ေတာ့ သူတို႔ကို အဲ့အထဲက တေယာက္က ဟန္႔လိုက္တယ္။ ဟန္႔လိုက္တဲ့အခါက်ေတာ့ သူတို႔ျပန္ပိတ္သြားတယ္ေပါ့ ေကာင္ေလးေတြက။”

ဟုတ္ကဲ့။ ၂ လေက်ာ္ကာလမွာေရာ ေန႔စဥ္ ဘယ္ေရာက္လို႔ ေရာက္ေနမွန္းမသိတဲ့ အေျခအေနတခုမွာ မိသားစုနဲ႔လည္း အဆက္အသြယ္ မရွိတဲ့အခ်ိန္ ဘယ္လို စိတ္ထားျပီး ေန႔စဥ္ ျဖတ္သန္းခဲ့လဲ။

“တေန႔ တေန႔ကေတာ့ က်မနဲ႔အတူ ပါသြားတာ့ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းကလည္း က်မနဲ႔ အတူတူ ေနရတဲ့အခါက်ေတာ့၊ အမ်ိဳးသမီးခ်င္းလည္း ျဖစ္တယ္ဆုိတဲ့အခါက်ေတာ့ က်မတို႔ တေယာက္ကိုတေယာက္ အားေပးၾကတယ္ေပါ့။ အဲ့မွာေနခဲ့ရတဲ့ေနရာကလည္း သူတို႔ AA တပ္ေတာ္က စစ္ေမ အမ်ိဳးသမီးေတြျဖစ္တဲ့အခါက်ေတာ့ သူတို႔ေတာင္ ေနႏုိင္ေသးတာပဲ။ သူတို႔လည္း ရွိတာပဲဆိုတဲ့ အေတြးမ်ိဳးေပါ့ေနာ္။ ေနာက္တခုက က်မတို႔ေရာက္တဲ့အခ်ိန္မွာ သူတို႔ စာအုပ္ေတြ မွာေပးတယ္ရွင့္။ ဘယ္လိုမွာလဲေတာ့ မသိဘူးေပါ့ေနာ္။ စာအုပ္ေတြ ၀ယ္ေပးတယ္။ ၀ယ္ေပးတဲ့အခါက်ေတာ့ က်မတို႔ အဲ့ဒီစာအုပ္ေတြ ဖတ္တာေပါ့။ တေနကုန္ပဲ ေန႔တိုင္း စာအုပ္ဖတ္တယ္။ လမ္းေလ ွ်ာက္တယ္။ အဲ့လိုမ်ိဳးေပါ့ေနာ္။ တခါတခါက်ေတာ့လည္း အဲ့ဒီလိုမ်ိဳး အေတြးေတြက ေရာက္တာေပါ့။ ဘာလို႔လဲဆိုေတာ့ အျပင္မွာက မိသာစုနဲ႔ ကိုယ္ကလည္း ကေလး ငယ္ငယ္ေလး ရွိတဲ့အခါက်ေတာ့၊ ကိုဗစ္ေရာဂါေတြကလည္း ဆိုးေနတယ္ဆိုတဲ့ဟာမ်ိဳးေတြ သူတို႔ေတြ အခ်င္းခ်င္းေျပာေနတာမွာ ၾကားရတာေပါ့ေနာ္။ အဲ့ဒီဟာကိုေတာ့ စိတ္ပူမိတယ္။ ကေလးကို သတိရတဲ့အခါက်ေတာ့ တခါတခါ မိခင္စိတ္နဲ႔ေတာ့ စိတ္မေကာင္းေတြ ျဖစ္တာေပါ့။ ဒါေပမဲ့ ျပန္ေဖ်ာက္ပစ္လိုက္ရတယ္။ မေဖ်ာက္ရင္ ကိုယ့္ကိုယ္ကိုပဲ ဒုကၡေပးရာ ေရာက္မွာေလ။ ဘာလို႔လဲဆုိေတာ့ တခ်ိန္ခ်ိန္ေတာ့ ျပန္ရမယ္ဆိုတာ သူတို႔ကလည္း ေျပာထားေတာ့ ဘာပဲျဖစ္ျဖစ္ ျပန္ေရာက္ရင္ေတာ့ မိသားစု စံုစံုလင္လင္ ေတြ႔ရမယ္။ ဒါေၾကာင့္မိုလို႔ အတတ္ႏုိင္ဆံုး က်န္းမာေအာင္ေနမယ္။ တေယာက္နဲ႔တေယာက္ ေဖးမျပီး က်န္းမာေရးသာ ဂရုစိုက္ျပီးေတာ့ ေနသြားၾကမယ္။ အခ်ိန္တန္ရင္ေတာ့ ျပန္ရမယ္ဆိုတဲ့ဟာမ်ိဳးနဲ႔ပဲ အားတင္းျပီးေတာ့ စာအုပ္ဖတ္ အခ်ိန္ကုန္ေပါ့။ အဲ့ဒီလိုေနခဲ့တာ။”

အဲ့ေတာ့ ဒီကာလအတြင္းမွာေတာ့ ေကာင္းေကာင္းမြန္မြန္ ဆက္ဆံတယ္လုိ႔ေတာ့ ေျပာလို႔ရလား။ သူတို႔ ထိန္းသိမ္းထားတဲ့ကာလမွာ။

“ေကာင္းေကာင္းမြန္မြန္ ဆက္ဆံတယ္ဆိုတာက က်မတို႔ကို ပထမကေတာ့ ေရာက္တဲ့ ၁၀ ရက္ကို ေတာင္ေအာက္မွာ ထားတယ္။ ေတာင္ေအာက္ ဆိုတာကေတာ့ စစ္ေမေတြ ေနတဲ့ အေဆာင္ေပါ့။ အမ်ိဳးသမီးေတြ ေနတဲ့ေနရာမွာ ထားတယ္။ ဒီ ၁၀ ရက္ေလာက္ ေနျပီးေတာ့မွ ျပန္ျပီးေတာ့ ေတာင္ေပၚ တေနရာေပါ့။ အဲ့ဒီနဲ႔ မနီးမေ၀းေပါ့။ အလြန္ဆံုး ၃ ဖာလံုေလာက္ ရွိမယ္ေပါ့ ေတာင္တက္တဲ့ဟာေရာဆိုရင္။ အဲ့ဒီေတာင္ေပၚမွာ သူတို႔ရဲ႕ အက်ဥ္းဌာနလို ပံုစံမ်ိဳးေပါ့ေနာ္။ အဲ့ဒီေနရာမွာ ေနရတယ္။ သစ္သားလံုးေတြ ကာထားတယ္။ ေအာက္က ၀ါးၾကမ္းခင္း။ ညဘက္က်လို႔ရွိရင္ ေသာ့ခတ္တယ္။ အဲ့အထဲမွာေတာ့ ရက္ ၂၀ ေက်ာ္ေလာက္ ေနခဲ့ရတယ္။”

အဲ့ေတာ့ ခုလို ဖမ္းဆီးေခၚေဆာင္ခံရတဲ့အတြက္ မနီနီေမျမင့္ အေနနဲ႔ ဒါ လက္ရွိ ျပည္သူ႔လႊတ္ေတာ္အမတ္ တေယာက္ အေနနဲ႔ ေရြးေကာက္ပြဲမွာ ျပန္ အေရြးခံဖို႔ ၀င္မျပိဳင္လိုက္ရဘူး။ ခု ေရြးေကာက္ပြဲ ကလည္း ျပီးသြားျပီ။ မိသားစုေတြလည္း ဘာမွမသိရ ဆုိတဲ့ အေျခအေနမ်ိဳး လနဲ႔ခ်ီ ေနခဲ့ရတယ္ဆိုေတာ့ ကိုယ့္အတြက္ မိသားစုအတြက္ ထိခိုက္နစ္နာမႈ အဓိက ဘာေတြ ျဖစ္သြားလဲ။

“အဓိက ကေတာ့ စိတ္ပိုင္းဆိုင္ရာေပါ့။ စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈေတြ ရွိတာေပါ့။ ဘာလို႔လဲဆိုေတာ့ ကေလးေလးက ငယ္လည္း ငယ္ေသးတယ္။ စကားေတာင္ ေသခ်ာ လည္လည္၀ယ္ငယ္ မေျပာတတ္ေသးဘူး။ အဲ့့ေတာ့ မိသားစု ကေလးမွာလည္း နည္းနည္းေတာ့ စိတ္ဒဏ္ရာ ရသြားတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ျပန္ေရာက္လာေတာ့ က်မကို လံုး၀ အေပ်ာက္မခံျဖစ္ေနတယ္။ ဘယ္သြားမွာလဲ။ အေ၀းၾကီးကို ထြက္မသြားရေတာ့ဘူး။ ဒါမ်ိဳးေတြေပါ့ေနာ္။ ဆိုေတာ့ သူကေတာ့ ေရေရလည္လည္ မေျပာတတ္ေပမဲ့ စိတ္ဒဏ္ရာ ရသြားတယ္ဆုိတာေတာ့ ခန္႔မွန္းမိတယ္။ ေနာက္ မိသားစုကလည္း စိတ္ပူတာေပါ့။ ျဗဳန္းစားၾကီး အဲ့ဒီလို ျဖစ္သြားတဲ့အခါ။ ေထာင္ထဲမွာဆိုရင္ေတာင္ ဘယ္ေထာင္မွာေရာက္ေနတယ္။ ဘယ္ေလာက္ၾကာရင္ေတာ့ လြတ္မယ္ဆိုတာ အျပင္ကလူေတြက သိႏုိင္တယ္ေလ။ ဒါေပမဲ့ ဒီလိုမ်ိဳး ေခၚသြားတဲ့အခါ က်ေတာ့ လႊတ္မွလႊတ္ပါ့မလား။ သတ္ပစ္လိုက္ျပီလား။ ဘယ္လိုပံုစံမ်ိဳးလဲ ဆုိတာမ်ိဳး သူတို႔ရဲ႕ စိုးရိမ္ပူပန္မႈေတြ ရွိတယ္။ ေနာက္ျပီးေတာ့ ဆံုး႐ံႈးတာေပါ့ က်မရဲ႕ မဲဆႏၵနယ္အေနနဲ႔လည္း ကိုယ္စားလွယ္မရွိတဲ့ ၂ လေက်ာ္ကာလ ဆိုတာ ျပည္သူေတြ အတြက္ ဆံုး႐ံႈးတယ္။ ကိုယ္စားလွယ္မရွိေတာ့ ထိခိုက္တယ္။ ေနာက္ျပီးေတာ့ မဲဆႏၵနယ္က ျပည္သူေတြရဲ႕ ေၾကာက္စိတ္ေတြ၊ ေၾကာက္လန္႔မႈေတြေရာ အဲ့ဒါေတြကေတာ့ ထိခိုက္တယ္။ အေၾကာက္တရားေတြ ပိုျပီးေတာ့ မ်ားသြားတာေပါ့။”

ဆိုေတာ့ အဓိက ကေတာ့ ေစာေစာက ေျပာသလို လူေတြကို ႏုိင္ငံေရးအရ စိတ္ပိုင္းဆုိင္ရာအရ ေၾကာက္စိတ္ဖန္တီးလိုက္သလို ျဖစ္သြားတာေပါ့ေလ။ ဆိုေတာ့ ကိုယ္ ကိုယ္တိုင္ေရာ အဲ့ဒီလိုျဖစ္သြားတဲ့အတြက္ေၾကာင့္မိုလို႔ ႏုိင္ငံေရး ဆက္လုပ္ဖို႔ ေၾကာက္သြားတာမ်ိဳး၊ ဆက္ျပီးေတာ့ မလုပ္ခ်င္ေတာ့ဘူး ဆုိတာမ်ိဳးေရာ ျဖစ္မိလား။ ေရွ႕ဆက္ ဘာလုပ္သြားမလဲ။

“က်မတို႔က မလုပ္လို႔ေတာ့ မျဖစ္ေတာ့ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ပိုျပီးေတာ့ေတာင္မွ တာ၀န္ေတြ ၾကီးသြားသလို ခံစားရတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လုပ္ရမယ္ဆိုတာက က်မတို႔ ရခိုင္က ပိုျပီးေတာ့ ကုစားရမယ္။ သူမ်ားတကာ နယ္ေတြထက္ကို ပိုျပီးေတာ့ ကုစားရမယ့္အေနအထားမွာရွိတယ္။ ႐ုပ္ပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာေရာ အမ်ားၾကီး။ ေနာက္ျပီးေတာ့ ယံုၾကည္မႈ တည္ေဆာက္ေရး အပိုင္းမွာေရာ က်မတို႔ အခ်ိန္ အေတာ္ၾကာယူျပီးေတာ့ကို ကုစားရမယ္။ အဲ့ဒီေတာ့ က်မတို႔က မလုပ္ဘဲနဲ႔ ေနျပီး ေတာ့ က်မတို႔က ဒီလိုဒီလိုျဖစ္လို႔ မလုပ္ေတာ့ဘူး ဆိုလို႔ရွိရင္ ပိုျပီးေတာ့ဆိုးသြားမယ္ အေနအထားေတြက။ ပိုျပီးဆိုးသြားမယ္ဆိုတာက က်မတို႔ကိုၾကည့္ျပီးေတာ့ တခ်ိဳ႕လူေတြက - သူတို႔ေတာင္မွ ၾကည့္စမ္း ဒီလို ဒီလိုေတြ ျဖစ္ကုန္ျပီ။ မလုပ္ေတာ့ဘူးေပါ့ေနာ္ ဆိုတာမ်ိဳး။ အဲ့ဒီလိုျဖစ္မွာကို စိုးရိမ္တာ။ အမွန္တကယ္ေျပာရရင္ က်မတို႔က လႊတ္ေတာ္ႏုိင္ငံေရး လမ္းေၾကာင္းကေန ျငိမ္းျငိမ္းခ်မ္းခ်မ္းနဲ႔ လႊတ္ေတာ္ကေန၊ တဘက္မွာ ကိုယ့္ရဲ႕ ျပည္သူေတြရဲ႕ လိုအပ္ခ်က္ေတြ။ ဒီဟာေတြအေပၚမွာ က်မတို႔က ျငိမ္းျငိမ္းခ်မ္းခ်မ္းနဲ႔ သြားေနတယ္။ ဒီလမ္းေၾကာင္းက လူေတြကို ဒီလိုမ်ိဳးလုပ္တယ္ဆုိတာ ကေတာ့ အမွန္တကယ္ကေတာ့ ဘယ္လိုမွ မလုပ္သင့္တဲ့ကိစၥေပါ့ေနာ္။ ေျပာရရင္ ႏုိင္ငံေရးကို ႏုိင္ငံေရးနည္းနဲ႔ ေျဖရွင္းတာပဲ အေကာင္းဆံုး ျဖစ္တယ္။ ေနာက္ထပ္လည္း ဘယ္သူ႔ကိုမွ အဲ့ဒီလိုပံုစံမ်ိဳးေတြ မလုပ္ဖို႔ က်မတို႔ကေတာ့ ဒါကို ပန္ၾကားခ်င္ပါတယ္။ ခုနက မဲဆႏၵနယ္မွာလည္း က်မတို႔ကို ေခၚသြားျပီးတဲ့ေနာက္ပိုင္းမွာ ျပည္သူေတြကိုယ္တိုင္က ေၾကာက္လန္႔သြားတာ ရွိတယ္။ တကယ္လို႔ ႏုိင္ငံေရး လုပ္ခ်င္တဲ့သူေတြ ရွိခဲ့ရင္ေတာင္မွ ေရွ႕ကေန ဒီ ကိုယ္စားလွယ္ ၃ ေယာက္ကိုေတာင္ ဒီလိုမ်ိဳး လုပ္တယ္ဆုိတာေတြ အေပၚမွာ စိုးရိမ္ထိတ္လန္႔ျပီးေတာ့ သူတို႔ေတြ မလုပ္ေတာ့မွာကို စိုးရိမ္တယ္။ အမွန္တကယ္ကေတာ့ ဘာပဲေျပာေျပာ လုပ္ေစခ်င္တယ္။ ေနာက္တခုက အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ကိုယ္စားလွယ္ေတြကိုပဲ ဒီလိုမ်ိဳး လုပ္တယ္ေပါ့ေနာ္။ က်န္တဲ့အဖြဲ႔က လူေတြကို လုပ္သံမၾကားဘူးေပါ့။ ဒီအေပၚမွာလည္း လံုး၀ စိတ္မေကာင္းဘူး။ အဲ့ဒီလိုမ်ိဳး မလုပ္ေစခ်င္ဘူးေပါ့ေနာ္။ ဘာျဖစ္လို႔လဲဆုိေတာ့ က်မတို႔က လက္နက္နဲ႔သြားေနတဲ့အဖြဲ႔လည္း မဟုတ္ဘူး။ ျငိမ္းျငိမ္းခ်မ္းခ်မ္းနဲ႔ တကယ့္ကို ႏုိင္ငံေရးယံုၾကည္ခ်က္ေၾကာင့္ ကိုယ့္ရဲ႕ ယံုၾကည္ျခင္းအေပၚမွာ ျငိမ္းျငိမ္းခ်မ္းခ်မ္းနဲ႔ ကိုယ္လိုခ်င္တဲ့အရာေတြကို ေတာင္းဆိုျပီး သြားေနတဲ့ ႏုိင္ငံေရးပါတီတခု ျဖစ္တယ္ေပါ့။ အဲ့ဒါေၾကာင့္ မလုပ္ေစခ်င္ပါဘူးလို႔ အဲ့ဒါမ်ိဳးေတြကို။”

အဲ့ဒီေတာ့ လက္ရွိ ျမန္မာႏုိင္ငံမွာ ေဖာ္ေဆာင္ေနတဲ့ ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲေရးနဲ႔ ျငိမ္းခ်မ္းေရးအတြက္ ခုလို လုပ္ရပ္မ်ိဳးက ဘယ္ေလာက္အထိ အေႏွာက္အယွက္ ျဖစ္ေစပါလဲ။ ပဋိပကၡေတြ အဆံုးသတ္ဖို႔ ျငိမ္းခ်မ္းဖို႔က ခုခ်ိန္မွာ ဘယ္ေလာက္အထိ အေရးၾကီးေနပါလဲရွင့္။

“အခုလိုမ်ိဳး လုပ္ရပ္မ်ိဳးက ဘယ္ေလာက္အထိ ထိခိုက္လဲဆိုရင္ ယံုၾကည္မႈေတြ အမ်ားၾကီး ထိခိုက္သြားတာေပါ့။ ဘာေၾကာင့္လဲဆိုရင္ အေၾကာက္တရားေတြ ပိုျပီးေတာ့ ၾကီးမားလာေစတယ္။ ပိုျပီးေတာ့ မျငိမ္းခ်မ္းမႈေတြကို ဦးတည္ေစတယ္။ အခုလိုမ်ိဳး လုပ္ရပ္ေတြကေလ။ ဒါေၾကာင့္ ဒီိလုိလုပ္ရပ္မ်ိဳးေတြကို ေနာက္ ဘယ္သူ႔ဘယ္သူကိုမွ မလုပ္ဖို႔။ အဲ့ဒီလို မလုပ္ေစခ်င္ပါဘူးလို႔ ေျပာခ်င္ပါတယ္။ ေနာက္တခ်က္က ျငိမ္းခ်မ္းေရးကလည္း အင္မတန္မွ အေရးၾကီးပါတယ္လို႔။ က်မတို႔ႏုိင္ငံမွာက ျပည္တြင္း ျငိမ္းခ်မ္းေရးကလည္း ႏွစ္ေပါင္း ၆၀ ေက်ာ္ျပီလို႔ ေျပာရမွာေပါ့ေနာ္။ က်မတို႔ေတာင္ မမီဘူး။ ေျပာရရင္ က်မတို႔ လုပ္ခဲ့တဲ့အရာေတြလဲ မဟုတ္ဘူး။ က်မတို႔ အခုသက္တမ္းေပါ့ အခုဆိုရင္ က်မအသက္ ၃၀ ေက်ာ္ျပီ။ ၃၁ ႏွစ္ထဲ ေရာက္ျပီ။ အခုထက္ထိ ဒီကိစၥေတြက မျငိမ္းခ်မ္းႏိုင္ေသးဘူး။ မျငိမ္းခ်မ္းႏုိင္ေတာ့ ဘာျဖစ္လဲဆိုေတာ့ က်မတို႔ ျပည္သူေတြပဲ ေျမဇာပင္ျဖစ္တယ္။ က်မတို႔ျပည္သူေတြပဲ ထိခိုက္နစ္နာ ဆံုး႐ံႈးရတယ္။ ဒါေၾကာင့္မိုလို႔ က်မတို႔ကေတာ့ ျငိမ္းခ်မ္းေရးကို ျမန္ျမန္ အေကာင္အထည္ေဖာ္ျပီး တဘက္နဲ႔တဘက္ ယံုၾကည္မႈေတြ ျမန္ျမန္ တည္ေဆာက္ၾကျပီးေတာ့ ျငိမ္းျငိမ္းခ်မ္းခ်မ္းနဲ႔ က်မတို႔ရဲ႕ ႏုိင္ငံကို တည္ေဆာက္သြားတာကိုပဲ က်မတို႔ ျမင္ခ်င္ပါတယ္လို႔။”

အခုေရြးေကာက္ပြဲမွာ ၀င္မျပိဳင္လိုက္ရဘူးဆိုေတာ့ ဘာ ဆက္လုပ္သြားဖို႔ စဥ္းစားထားပါလဲရွင့္။

“ကိုယ့္ဟာကိုယ္ဆံုးျဖတ္ထားတာကေတာ့ က်မ အတတ္ႏုိင္ဆံုး မိသားစုလည္းရွိတယ္။ ကေလးလည္း ရွိေသးတဲ့အခါက်ေတာ့ မိသားစုကိုလည္း အခ်ိန္ေပးရင္းနဲ႔ က်မတို႔ျမိဳ႕နယ္အတြက္ အလုပ္လုပ္မယ္။ က်မရဲ႕ ဒီလႊတ္ေတာ္ကိုယ္စားလွယ္ သက္တမ္းက ဇန္န၀ါရီလ ကုန္လို႔ရွိရင္ ျပီးျပီေပါ့ေနာ္။ ၅ ႏွစ္ျပည့္ျပီေပါ့။ ဘာပဲျဖစ္ျဖစ္ လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္သည္ ျဖစ္ေစ၊ မျဖစ္သည္ျဖစ္ေစ က်မတို႔ ႏုိင္ငံေရးက လႊတ္ေတာ္အမတ္ျဖစ္မွ လုပ္လို႔ရတာေတာ့ မဟုတ္ပါဘူးေပါ့ေနာ္။ က်မတို႔ အမ်ားၾကီး လုပ္စရာေတြ ရွိတယ္။ နည္းေပါင္းစံုကေန က်မတို႔ လုပ္လို႔ရတာ ရွိတယ္။ ေနာက္ျပီး က်မရဲ႕ မိခင္ပါတီရဲ႕ တာ၀န္ေတြလည္း ရွိတယ္။ အဲ့ေတာ့ ကိုယ့္ရဲ႕ ပါတီ တာ၀န္ေတြကိုလည္း တတ္ႏိုင္သေလာက္လုပ္မယ္။ လိုအပ္တာေလးေတြကို ဆက္ျပီး လုပ္ေပးမယ္။ မိသားစုကိုလည္း အခ်ိန္ေပးရမွာေတြ ရွိတယ္။ အဲ့ဒါကေတာ့ က်မ အေနနဲ႔ အခ်ိန္မ ွ် ျပီးေတာ့ လုပ္သြားရမွာေပါ့။”

===============================================

[Unicode Version]

AA အဖွဲ့ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ တောင်ကုတ်လွှတ်တော်အမတ် မနီနီမေမြင့် (အမျိုးသမီးကဏ္ဍ)

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ ရွေးကောက်ပွဲမဲဆွယ် စည်းရုံးနေချိန် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ရဲ့ ဖမ်းဆီးခေါ်ဆောင် ခံခဲ့ရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တောင်ကုတ်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ၃ ဦး ဇန်နဝါရီလ ၁ ရက်နေ့က ပြန်လွတ်လာခဲ့ပါတယ်။ ၂ လကျော် AA အဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းတာကို ခံခဲ့ရပြီးပြန်လွတ်လာတဲ့တိုင်အောင် ခုချိန်ထိ သူတို့ကို ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ ပြန်လည် လွတ်မြောက်လာတဲ့ တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် မနီနီမေမြင့်က ပြောပါတယ်။ မနီနီမေမြင့် ရဲ့ အတွေ့အကြုံတချို့ကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

“ပထမတော့ ကျမတို့လည်း တွေးတာပေါ့နော်။ NLD ကိုယ်စားလှယ်တွေကို မနိုင်စေချင်လို့ လုပ်တာလားပေါ့။ မျိုးစုံတွေးတယ်။ ဒါပေမဲ့ ဟိုကိုရောက်တဲ့အချိန်မှာ၊ နောက်ဆုံး ကျမတို့နေရမယ့် နေရာကို ရောက်တဲ့အချိန်မှာ အဲ့ဒီမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တယောက်က ပြောတယ်။ နိုင်ငံရေးလိုအပ်ချက်အရ ကျမတို့ကို ခေါ်လိုက်ရတာပါဆိုပြီး ပြောတယ်။ ဒါပေမဲ့ ကျမတို့ကို ပြန်လွှတ်လိုက်တဲ့အချိန်မှာ ကျပြန်တော့လည်း ကျမတို့ကို အမှန်တကယ်ဆိုလို့ရှိရင် လွှဲခြင်းလွှဲရင် အစိုးရကို လွှဲရမှာပေါ့။ ဒါပေမဲ့ တပ်မတော်ကို လွှဲတယ်ဆိုတဲ့ဟာမှာ ကျမတို့လည်း နည်းနည်းတော့ စဉ်းစားရခက်တယ်။ ဘာကြောင့် ဖမ်းလဲဆိုတာ စဉ်းစားလို့မရဘူး။ အဲ့လို အပြင်ကို ရောက်လည်းရောက်လာရော ပိုတောင် စဉ်းစားလို့မရဘူး။ သူတို့ ဖမ်းတုန်းက ရည်ရွယ်ချက်တမျိုး၊ ပြီးတော့မှ မစ်ရှင်တွေ ပြောင်းသွားတာလား။ ဘယ်လိုလဲ ဆိုတာ ကျမတော့ အခုထက်ထိ တော်တော်စဉ်းစားရခက်သွားတယ်။”

ဆိုတော့ အခု ပြန်လွတ်လာတဲ့တိုင်အောင် ကိုယ့်ကို ဘာကြောင့်ဖမ်းလဲ မသိရသေးတဲ့သဘော ဖြစ်နေတာပေါ့နော်။ အဲ့ဒီအချိန်တုန်းကရော ဒီရွေးကောက်ပွဲအတွက် မဲဆွယ်နေတဲ့ချိန်မှာ ခုလို ကြုံရလိမ့်မယ်လို့ တွေးခဲ့မိဖူးလား။

“ရွေးကောက်ပွဲ မတိုင်ခင် ကာလတုန်းက တခုခုတော့ ဖြစ်နိုင်မယ်လို့တော့ မှန်းဆပြီးတော့ ကျမတို့ အကောင်းဆုံးကိုလည်း တွေးထားတယ်။ အဆိုးဆုံးကိုလည်း တွေးထားတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျမတို့ ရခိုင်ပြည်နယ်ရဲ့ မငြိမ်းချမ်းမှုတွေကြောင့် မျိုးစုံတော့ တွေးထားတယ်။ ဒါပေမဲ့ ဒီလောက်အထိ ဒီလို ဖြစ်လိမ့်မယ်လို့တော့ မထင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ကျမတို့က မိန်းခလေးတွေလည်း ဖြစ်တယ်။ ငါတို့ကိုတော့ ဒီလိုမျိုးတော့ မလုပ်လောက်ပါဘူး ဆိုတဲ့ဟာမျိုး ကျမတို့ ယုံယုံကြည်ကြည်နဲ့ကို တွေးထားတာရှိတယ်။ ဒါပေမဲ့ ခုလို ဖြစ်လာတဲ့အခါကျတော့လဲ ကျမတို့က ဘယ်လိုပဲဖြစ်ဖြစ် အစပိုင်းမှာတော့ အဆုံးထိတွေးတယ်။ တွေးပေမဲ့လည်း ဟိုရောက်တဲ့အချိန်မှာ ကျမ ပြောခဲ့တဲ့အတိုင်းပဲ နိုင်ငံရေး လိုအပ်ချက်အရ ခေါ်တယ်ဆိုတော့၊ တချိန်ချိန် ပြန်ရမယ်လို့ပြောတဲ့အခါကျတော့ စိတ်ကို ဒုံးဒုံးချပြီးတော့ ကိုယ့်ကိုယ်ကို ကျန်းမာရေး ကောင်းအောင်ပဲ အဲ့ဒီလိုပဲ နေခဲ့ရတာပေါ့။”

ဖမ်းဆီးခံရတဲ့အချိန်မှာရော ကိုယ့်အပေါ်မှာ ရိုင်းရိုင်းပျပျ ဆက်ဆံတာပဲဖြစ်ဖြစ် နှိပ်စက်ညှင်းပမ်းတာပဲဖြစ်ဖြစ်ရော ကြုံခဲ့ရတာရှိလား။

“အစပိုင်း ခေါ်တဲ့အခါတုန်းက သူတို့က ကျမတို့လက်ကို လာဆွဲပြီးတော့ ကြိုးနဲ့တုတ်တယ်။ ကျမတို့ကလည်း အဲ့ဒီလိုမျိုး ကြမ်းကြမ်းတမ်းတမ်းတွေ မလုပ်နဲ့။ လိုက်ခဲ့ဆိုရင် လိုက်ခဲ့မယ်လို့။ လိုက်မယ်လို့ ဆိုတော့ မဟုတ်ဘူးတဲ့ ကျနော်တို့က အချိန်ကမရဘူး။ ဘာဖြစ်တယ် ညာဖြစ်တယ်ပြောပြီး ကြိုးနဲ့ ဒရွတ်တိုက် ဆွဲသွားတယ်။ အဲ့လိုဆွဲသွားတော့ ပထမ ရောက်တဲ့နေရာမှာတော့ အောက်က ကလေးတွေက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ပတ်သက်ပြီးတော့ ကျမတို့တွေကို ထိကပါး ရိကပါး ပြောတာတွေတော့ နည်းနည်းပါးပါး ရှိတယ်။ ကျမတို့ကိုကလည်း မျက်စိတွေ ပိတ်ထားတော့ မမြင်ရဘူး။ နောက်ကျတော့ သူတို့ကို အဲ့အထဲက တယောက်က ဟန့်လိုက်တယ်။ ဟန့်လိုက်တဲ့အခါကျတော့ သူတို့ပြန်ပိတ်သွားတယ်ပေါ့ ကောင်လေးတွေက။”

ဟုတ်ကဲ့။ ၂ လကျော်ကာလမှာရော နေ့စဉ် ဘယ်ရောက်လို့ ရောက်နေမှန်းမသိတဲ့ အခြေအနေတခုမှာ မိသားစုနဲ့လည်း အဆက်အသွယ် မရှိတဲ့အချိန် ဘယ်လို စိတ်ထားပြီး နေ့စဉ် ဖြတ်သန်းခဲ့လဲ။

“တနေ့ တနေ့ကတော့ ကျမနဲ့အတူ ပါသွားတာ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းကလည်း ကျမနဲ့ အတူတူ နေရတဲ့အခါကျတော့၊ အမျိုးသမီးချင်းလည်း ဖြစ်တယ်ဆိုတဲ့အခါကျတော့ ကျမတို့ တယောက်ကိုတယောက် အားပေးကြတယ်ပေါ့။ အဲ့မှာနေခဲ့ရတဲ့နေရာကလည်း သူတို့ AA တပ်တော်က စစ်မေ အမျိုးသမီးတွေဖြစ်တဲ့အခါကျတော့ သူတို့တောင် နေနိုင်သေးတာပဲ။ သူတို့လည်း ရှိတာပဲဆိုတဲ့ အတွေးမျိုးပေါ့နော်။ နောက်တခုက ကျမတို့ရောက်တဲ့အချိန်မှာ သူတို့ စာအုပ်တွေ မှာပေးတယ်ရှင့်။ ဘယ်လိုမှာလဲတော့ မသိဘူးပေါ့နော်။ စာအုပ်တွေ ဝယ်ပေးတယ်။ ဝယ်ပေးတဲ့အခါကျတော့ ကျမတို့ အဲ့ဒီစာအုပ်တွေ ဖတ်တာပေါ့။ တနေကုန်ပဲ နေ့တိုင်း စာအုပ်ဖတ်တယ်။ လမ်းလေ ျှာက်တယ်။ အဲ့လိုမျိုးပေါ့နော်။ တခါတခါကျတော့လည်း အဲ့ဒီလိုမျိုး အတွေးတွေက ရောက်တာပေါ့။ ဘာလို့လဲဆိုတော့ အပြင်မှာက မိသာစုနဲ့ ကိုယ်ကလည်း ကလေး ငယ်ငယ်လေး ရှိတဲ့အခါကျတော့၊ ကိုဗစ်ရောဂါတွေကလည်း ဆိုးနေတယ်ဆိုတဲ့ဟာမျိုးတွေ သူတို့တွေ အချင်းချင်းပြောနေတာမှာ ကြားရတာပေါ့နော်။ အဲ့ဒီဟာကိုတော့ စိတ်ပူမိတယ်။ ကလေးကို သတိရတဲ့အခါကျတော့ တခါတခါ မိခင်စိတ်နဲ့တော့ စိတ်မကောင်းတွေ ဖြစ်တာပေါ့။ ဒါပေမဲ့ ပြန်ဖျောက်ပစ်လိုက်ရတယ်။ မဖျောက်ရင် ကိုယ့်ကိုယ်ကိုပဲ ဒုက္ခပေးရာ ရောက်မှာလေ။ ဘာလို့လဲဆိုတော့ တချိန်ချိန်တော့ ပြန်ရမယ်ဆိုတာ သူတို့ကလည်း ပြောထားတော့ ဘာပဲဖြစ်ဖြစ် ပြန်ရောက်ရင်တော့ မိသားစု စုံစုံလင်လင် တွေ့ရမယ်။ ဒါကြောင့်မိုလို့ အတတ်နိုင်ဆုံး ကျန်းမာအောင်နေမယ်။ တယောက်နဲ့တယောက် ဖေးမပြီး ကျန်းမာရေးသာ ဂရုစိုက်ပြီးတော့ နေသွားကြမယ်။ အချိန်တန်ရင်တော့ ပြန်ရမယ်ဆိုတဲ့ဟာမျိုးနဲ့ပဲ အားတင်းပြီးတော့ စာအုပ်ဖတ် အချိန်ကုန်ပေါ့။ အဲ့ဒီလိုနေခဲ့တာ။”

အဲ့တော့ ဒီကာလအတွင်းမှာတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်လို့တော့ ပြောလို့ရလား။ သူတို့ ထိန်းသိမ်းထားတဲ့ကာလမှာ။

“ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်ဆိုတာက ကျမတို့ကို ပထမကတော့ ရောက်တဲ့ ၁၀ ရက်ကို တောင်အောက်မှာ ထားတယ်။ တောင်အောက် ဆိုတာကတော့ စစ်မေတွေ နေတဲ့ အဆောင်ပေါ့။ အမျိုးသမီးတွေ နေတဲ့နေရာမှာ ထားတယ်။ ဒီ ၁၀ ရက်လောက် နေပြီးတော့မှ ပြန်ပြီးတော့ တောင်ပေါ် တနေရာပေါ့။ အဲ့ဒီနဲ့ မနီးမဝေးပေါ့။ အလွန်ဆုံး ၃ ဖာလုံလောက် ရှိမယ်ပေါ့ တောင်တက်တဲ့ဟာရောဆိုရင်။ အဲ့ဒီတောင်ပေါ်မှာ သူတို့ရဲ့ အကျဉ်းဌာနလို ပုံစံမျိုးပေါ့နော်။ အဲ့ဒီနေရာမှာ နေရတယ်။ သစ်သားလုံးတွေ ကာထားတယ်။ အောက်က ဝါးကြမ်းခင်း။ ညဘက်ကျလို့ရှိရင် သော့ခတ်တယ်။ အဲ့အထဲမှာတော့ ရက် ၂၀ ကျော်လောက် နေခဲ့ရတယ်။”

အဲ့တော့ ခုလို ဖမ်းဆီးခေါ်ဆောင်ခံရတဲ့အတွက် မနီနီမေမြင့် အနေနဲ့ ဒါ လက်ရှိ ပြည်သူ့လွှတ်တော်အမတ် တယောက် အနေနဲ့ ရွေးကောက်ပွဲမှာ ပြန် အရွေးခံဖို့ ဝင်မပြိုင်လိုက်ရဘူး။ ခု ရွေးကောက်ပွဲ ကလည်း ပြီးသွားပြီ။ မိသားစုတွေလည်း ဘာမှမသိရ ဆိုတဲ့ အခြေအနေမျိုး လနဲ့ချီ နေခဲ့ရတယ်ဆိုတော့ ကိုယ့်အတွက် မိသားစုအတွက် ထိခိုက်နစ်နာမှု အဓိက ဘာတွေ ဖြစ်သွားလဲ။

“အဓိက ကတော့ စိတ်ပိုင်းဆိုင်ရာပေါ့။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိတာပေါ့။ ဘာလို့လဲဆိုတော့ ကလေးလေးက ငယ်လည်း ငယ်သေးတယ်။ စကားတောင် သေချာ လည်လည်ဝယ်ငယ် မပြောတတ်သေးဘူး။ အဲ့တော့ မိသားစု ကလေးမှာလည်း နည်းနည်းတော့ စိတ်ဒဏ်ရာ ရသွားတယ်။ ဘာကြောင့်လဲဆိုတော့ ပြန်ရောက်လာတော့ ကျမကို လုံး၀ အပျောက်မခံဖြစ်နေတယ်။ ဘယ်သွားမှာလဲ။ အဝေးကြီးကို ထွက်မသွားရတော့ဘူး။ ဒါမျိုးတွေပေါ့နော်။ ဆိုတော့ သူကတော့ ရေရေလည်လည် မပြောတတ်ပေမဲ့ စိတ်ဒဏ်ရာ ရသွားတယ်ဆိုတာတော့ ခန့်မှန်းမိတယ်။ နောက် မိသားစုကလည်း စိတ်ပူတာပေါ့။ ဗြုန်းစားကြီး အဲ့ဒီလို ဖြစ်သွားတဲ့အခါ။ ထောင်ထဲမှာဆိုရင်တောင် ဘယ်ထောင်မှာရောက်နေတယ်။ ဘယ်လောက်ကြာရင်တော့ လွတ်မယ်ဆိုတာ အပြင်ကလူတွေက သိနိုင်တယ်လေ။ ဒါပေမဲ့ ဒီလိုမျိုး ခေါ်သွားတဲ့အခါ ကျတော့ လွှတ်မှလွှတ်ပါ့မလား။ သတ်ပစ်လိုက်ပြီလား။ ဘယ်လိုပုံစံမျိုးလဲ ဆိုတာမျိုး သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေ ရှိတယ်။ နောက်ပြီးတော့ ဆုံးရှုံးတာပေါ့ ကျမရဲ့ မဲဆန္ဒနယ်အနေနဲ့လည်း ကိုယ်စားလှယ်မရှိတဲ့ ၂ လကျော်ကာလ ဆိုတာ ပြည်သူတွေ အတွက် ဆုံးရှုံးတယ်။ ကိုယ်စားလှယ်မရှိတော့ ထိခိုက်တယ်။ နောက်ပြီးတော့ မဲဆန္ဒနယ်က ပြည်သူတွေရဲ့ ကြောက်စိတ်တွေ၊ ကြောက်လန့်မှုတွေရော အဲ့ဒါတွေကတော့ ထိခိုက်တယ်။ အကြောက်တရားတွေ ပိုပြီးတော့ များသွားတာပေါ့။”

ဆိုတော့ အဓိက ကတော့ စောစောက ပြောသလို လူတွေကို နိုင်ငံရေးအရ စိတ်ပိုင်းဆိုင်ရာအရ ကြောက်စိတ်ဖန်တီးလိုက်သလို ဖြစ်သွားတာပေါ့လေ။ ဆိုတော့ ကိုယ် ကိုယ်တိုင်ရော အဲ့ဒီလိုဖြစ်သွားတဲ့အတွက်ကြောင့်မိုလို့ နိုင်ငံရေး ဆက်လုပ်ဖို့ ကြောက်သွားတာမျိုး၊ ဆက်ပြီးတော့ မလုပ်ချင်တော့ဘူး ဆိုတာမျိုးရော ဖြစ်မိလား။ ရှေ့ဆက် ဘာလုပ်သွားမလဲ။

“ကျမတို့က မလုပ်လို့တော့ မဖြစ်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ ပိုပြီးတော့တောင်မှ တာဝန်တွေ ကြီးသွားသလို ခံစားရတယ်။ ဘာကြောင့်လဲဆိုတော့ လုပ်ရမယ်ဆိုတာက ကျမတို့ ရခိုင်က ပိုပြီးတော့ ကုစားရမယ်။ သူများတကာ နယ်တွေထက်ကို ပိုပြီးတော့ ကုစားရမယ့်အနေအထားမှာရှိတယ်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော အများကြီး။ နောက်ပြီးတော့ ယုံကြည်မှု တည်ဆောက်ရေး အပိုင်းမှာရော ကျမတို့ အချိန် အတော်ကြာယူပြီးတော့ကို ကုစားရမယ်။ အဲ့ဒီတော့ ကျမတို့က မလုပ်ဘဲနဲ့ နေပြီး တော့ ကျမတို့က ဒီလိုဒီလိုဖြစ်လို့ မလုပ်တော့ဘူး ဆိုလို့ရှိရင် ပိုပြီးတော့ဆိုးသွားမယ် အနေအထားတွေက။ ပိုပြီးဆိုးသွားမယ်ဆိုတာက ကျမတို့ကိုကြည့်ပြီးတော့ တချို့လူတွေက - သူတို့တောင်မှ ကြည့်စမ်း ဒီလို ဒီလိုတွေ ဖြစ်ကုန်ပြီ။ မလုပ်တော့ဘူးပေါ့နော် ဆိုတာမျိုး။ အဲ့ဒီလိုဖြစ်မှာကို စိုးရိမ်တာ။ အမှန်တကယ်ပြောရရင် ကျမတို့က လွှတ်တော်နိုင်ငံရေး လမ်းကြောင်းကနေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လွှတ်တော်ကနေ၊ တဘက်မှာ ကိုယ့်ရဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ။ ဒီဟာတွေအပေါ်မှာ ကျမတို့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သွားနေတယ်။ ဒီလမ်းကြောင်းက လူတွေကို ဒီလိုမျိုးလုပ်တယ်ဆိုတာ ကတော့ အမှန်တကယ်ကတော့ ဘယ်လိုမှ မလုပ်သင့်တဲ့ကိစ္စပေါ့နော်။ ပြောရရင် နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတာပဲ အကောင်းဆုံး ဖြစ်တယ်။ နောက်ထပ်လည်း ဘယ်သူ့ကိုမှ အဲ့ဒီလိုပုံစံမျိုးတွေ မလုပ်ဖို့ ကျမတို့ကတော့ ဒါကို ပန်ကြားချင်ပါတယ်။ ခုနက မဲဆန္ဒနယ်မှာလည်း ကျမတို့ကို ခေါ်သွားပြီးတဲ့နောက်ပိုင်းမှာ ပြည်သူတွေကိုယ်တိုင်က ကြောက်လန့်သွားတာ ရှိတယ်။ တကယ်လို့ နိုင်ငံရေး လုပ်ချင်တဲ့သူတွေ ရှိခဲ့ရင်တောင်မှ ရှေ့ကနေ ဒီ ကိုယ်စားလှယ် ၃ ယောက်ကိုတောင် ဒီလိုမျိုး လုပ်တယ်ဆိုတာတွေ အပေါ်မှာ စိုးရိမ်ထိတ်လန့်ပြီးတော့ သူတို့တွေ မလုပ်တော့မှာကို စိုးရိမ်တယ်။ အမှန်တကယ်ကတော့ ဘာပဲပြောပြော လုပ်စေချင်တယ်။ နောက်တခုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေကိုပဲ ဒီလိုမျိုး လုပ်တယ်ပေါ့နော်။ ကျန်တဲ့အဖွဲ့က လူတွေကို လုပ်သံမကြားဘူးပေါ့။ ဒီအပေါ်မှာလည်း လုံး၀ စိတ်မကောင်းဘူး။ အဲ့ဒီလိုမျိုး မလုပ်စေချင်ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့က လက်နက်နဲ့သွားနေတဲ့အဖွဲ့လည်း မဟုတ်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တကယ့်ကို နိုင်ငံရေးယုံကြည်ချက်ကြောင့် ကိုယ့်ရဲ့ ယုံကြည်ခြင်းအပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကိုယ်လိုချင်တဲ့အရာတွေကို တောင်းဆိုပြီး သွားနေတဲ့ နိုင်ငံရေးပါတီတခု ဖြစ်တယ်ပေါ့။ အဲ့ဒါကြောင့် မလုပ်စေချင်ပါဘူးလို့ အဲ့ဒါမျိုးတွေကို။”

အဲ့ဒီတော့ လက်ရှိ မြန်မာနိုင်ငံမှာ ဖော်ဆောင်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးအတွက် ခုလို လုပ်ရပ်မျိုးက ဘယ်လောက်အထိ အနှောက်အယှက် ဖြစ်စေပါလဲ။ ပဋိပက္ခတွေ အဆုံးသတ်ဖို့ ငြိမ်းချမ်းဖို့က ခုချိန်မှာ ဘယ်လောက်အထိ အရေးကြီးနေပါလဲရှင့်။

“အခုလိုမျိုး လုပ်ရပ်မျိုးက ဘယ်လောက်အထိ ထိခိုက်လဲဆိုရင် ယုံကြည်မှုတွေ အများကြီး ထိခိုက်သွားတာပေါ့။ ဘာကြောင့်လဲဆိုရင် အကြောက်တရားတွေ ပိုပြီးတော့ ကြီးမားလာစေတယ်။ ပိုပြီးတော့ မငြိမ်းချမ်းမှုတွေကို ဦးတည်စေတယ်။ အခုလိုမျိုး လုပ်ရပ်တွေကလေ။ ဒါကြောင့် ဒီလိုလုပ်ရပ်မျိုးတွေကို နောက် ဘယ်သူ့ဘယ်သူကိုမှ မလုပ်ဖို့။ အဲ့ဒီလို မလုပ်စေချင်ပါဘူးလို့ ပြောချင်ပါတယ်။ နောက်တချက်က ငြိမ်းချမ်းရေးကလည်း အင်မတန်မှ အရေးကြီးပါတယ်လို့။ ကျမတို့နိုင်ငံမှာက ပြည်တွင်း ငြိမ်းချမ်းရေးကလည်း နှစ်ပေါင်း ၆၀ ကျော်ပြီလို့ ပြောရမှာပေါ့နော်။ ကျမတို့တောင် မမီဘူး။ ပြောရရင် ကျမတို့ လုပ်ခဲ့တဲ့အရာတွေလဲ မဟုတ်ဘူး။ ကျမတို့ အခုသက်တမ်းပေါ့ အခုဆိုရင် ကျမအသက် ၃၀ ကျော်ပြီ။ ၃၁ နှစ်ထဲ ရောက်ပြီ။ အခုထက်ထိ ဒီကိစ္စတွေက မငြိမ်းချမ်းနိုင်သေးဘူး။ မငြိမ်းချမ်းနိုင်တော့ ဘာဖြစ်လဲဆိုတော့ ကျမတို့ ပြည်သူတွေပဲ မြေဇာပင်ဖြစ်တယ်။ ကျမတို့ပြည်သူတွေပဲ ထိခိုက်နစ်နာ ဆုံးရှုံးရတယ်။ ဒါကြောင့်မိုလို့ ကျမတို့ကတော့ ငြိမ်းချမ်းရေးကို မြန်မြန် အကောင်အထည်ဖော်ပြီး တဘက်နဲ့တဘက် ယုံကြည်မှုတွေ မြန်မြန် တည်ဆောက်ကြပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျမတို့ရဲ့ နိုင်ငံကို တည်ဆောက်သွားတာကိုပဲ ကျမတို့ မြင်ချင်ပါတယ်လို့။”

အခုရွေးကောက်ပွဲမှာ ဝင်မပြိုင်လိုက်ရဘူးဆိုတော့ ဘာ ဆက်လုပ်သွားဖို့ စဉ်းစားထားပါလဲရှင့်။

“ကိုယ့်ဟာကိုယ်ဆုံးဖြတ်ထားတာကတော့ ကျမ အတတ်နိုင်ဆုံး မိသားစုလည်းရှိတယ်။ ကလေးလည်း ရှိသေးတဲ့အခါကျတော့ မိသားစုကိုလည်း အချိန်ပေးရင်းနဲ့ ကျမတို့မြို့နယ်အတွက် အလုပ်လုပ်မယ်။ ကျမရဲ့ ဒီလွှတ်တော်ကိုယ်စားလှယ် သက်တမ်းက ဇန်နဝါရီလ ကုန်လို့ရှိရင် ပြီးပြီပေါ့နော်။ ၅ နှစ်ပြည့်ပြီပေါ့။ ဘာပဲဖြစ်ဖြစ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည် ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ကျမတို့ နိုင်ငံရေးက လွှတ်တော်အမတ်ဖြစ်မှ လုပ်လို့ရတာတော့ မဟုတ်ပါဘူးပေါ့နော်။ ကျမတို့ အများကြီး လုပ်စရာတွေ ရှိတယ်။ နည်းပေါင်းစုံကနေ ကျမတို့ လုပ်လို့ရတာ ရှိတယ်။ နောက်ပြီး ကျမရဲ့ မိခင်ပါတီရဲ့ တာဝန်တွေလည်း ရှိတယ်။ အဲ့တော့ ကိုယ့်ရဲ့ ပါတီ တာဝန်တွေကိုလည်း တတ်နိုင်သလောက်လုပ်မယ်။ လိုအပ်တာလေးတွေကို ဆက်ပြီး လုပ်ပေးမယ်။ မိသားစုကိုလည်း အချိန်ပေးရမှာတွေ ရှိတယ်။ အဲ့ဒါကတော့ ကျမ အနေနဲ့ အချိန်မ ျှ ပြီးတော့ လုပ်သွားရမှာပေါ့။”

XS
SM
MD
LG