သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အမ်ိဳးသမီး သတင္းေထာက္ေတြအတြက္ စိန္ေခၚမႈမ်ားတဲ့ ၂၀၂၀


(Zawgyi/Unicode)

ဒီႏွစ္ ၂၀၂၀ ခုႏွစ္အတြင္း ကမၻာတ၀ွမ္း ဖမ္းဆီး ထိန္းသိမ္းခံရတဲ့ အမ်ိဳးသမီးသတင္းေထာက္ဦးေရဟာ အရင္ႏွစ္ကထက္ ၃၅ %တိုးလာတယ္လို႔ နယ္စည္းမထား သတင္းေထာက္မ်ားအဖြဲ႔ RSF က ေျပာပါတယ္။ သတင္းမီဒီယာအလုပ္ဟာ အႏၱရာယ္မ်ားတဲ့ အလုပ္တခုအျဖစ္ ဆက္ရွိေနတယ္ဆိုတာကို ကမာၻတဝွမ္း သတင္းသမားေတြ ႀကဳံေတြ႕ရတဲ့ ျခိမ္းေျခာက္ တိုက္ခိုက္ခံရမႈေတြ၊ မတရားဖမ္းဆီး ထိန္းသိမ္း ခံရမႈေတြနဲ႔ ပတ္သက္ၿပီး ႏွစ္စဥ္ထုတ္ျပန္တဲ့ RSF ရဲ႕ ၂၀၂၀ ခုႏွစ္အတြက္ အစီရင္ခံစာမွာ ေဖာ္ျပထားတာပါ။ ျမန္မာႏိုင္ငံမွာေရာ အမ်ိဳးသမီးသတင္းေထာက္ေတြ ျခိမ္းေျခာက္ တိုက္ခိုက္ခံရတာ၊ ဖမ္းဆီးထိန္းသိမ္း ခံရတဲ့ အေျခအနေတြ ရွိေနပါလား။ ၂၀၂၀ ခုႏွစ္အတြင္း ျမန္မာ အမ်ိဳးသမီးသတင္းေထာက္ေတြ ၾကံဳေတြ႔ရတဲ့ စိန္ေခၚမႈေတြ၊ ႐ုန္းကန္လႈပ္ရွားမႈေတြအေၾကာင္း ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္း တင္ဆက္ထားပါတယ္။

ဒီႏွစ္ ၂၀၂၀ ခုႏွစ္ဟာ ျမန္မာႏိုင္ငံက သတင္းသမားေတြ၊ အထူးသျဖင့္ အမ်ိဳးသမီးသတင္းသမားေတြ အတြက္ ခက္ခဲတဲ့ႏွစ္တစ္ႏွစ္ ပါပဲလို႔ ကိုယ္တိုင္ သတင္းသမားတေယာက္လည္းျဖစ္၊ လက္ရွိ Internews အဖြဲ႔မွာ သတင္းမီဒီယာသင္တန္းေတြ ပို႔ခ်ေပးေနျပီး ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီ အဖြဲ႔၀င္ တေယာက္လည္းျဖစ္တဲ့ မေ၀မာသိမ့္က ေျပာပါတယ္။

“ဒီႏွစ္ ၂၀၂၀ ခုႏွစ္မွာ ကိုဗစ္ေရာဂါေတြ ျဖစ္တယ္။ ေနာက္ျပီးေတာ့ ေရြးေကာက္ပြဲလည္း ရွိခဲ့တယ္။ အဲ့ဒါအျပင္ က်မတို႔က ဒီႏိုင္ငံမွာ ပဋိပကၡေတြ ရွိတယ္။ အဓိက က တိုက္ပြဲေတြ ဒီ ၂၀၂၀ ခုႏွစ္အတြင္းမွာ ပိုျပီးမ်ားလာတယ္။ အဓိက ကေတာ့ ရခိုင္ဘက္မွာရွိတယ္။ ရွမ္းေျမာက္ဘက္မွာရွိတယ္ေပါ့။ အဲ့ဒီလို အေျခအေန သံုးခုၾကားထဲမွာရယ္၊ ေနာက္ သတင္းသမားေတြ သတင္းရယူပိုင္ခြင့္၊ သတင္းလြတ္လပ္ခြင့္ေရာ၊ သတင္းသမားေတြရဲ႕ လံုျခံဳေရးပိုင္းမွာေရာ ပိုျပီး ထိခိုက္လာတဲ့ ႏွစ္ တႏွစ္ျဖစ္ပါတယ္။ ေနာက္ျပီးေတာ့ စီးပြားေရး အရေရာ၊ လံုျခံဳေရးအရေရာ ပိုျပီး ထိခိုက္တဲ့ ႏွစ္ တႏွစ္လို႔ က်မ အေနနဲ႔ ယူဆပါတယ္။ သံုးသပ္ခ်င္ပါတယ္။”

ျမန္မာ အပါအ၀င္ ကမၻာတ၀ွမ္းမွာ ျခိမ္းေျခာက္ တိုက္ခိုက္ခံရတဲ့ ဒါမွမဟုတ္ ဖမ္းဆီးထိန္းသိမ္းခံရတဲ့ သတင္းသမားေတြ ရာနဲ႔ခ်ီ ရွိေနဆဲျဖစ္ျပီး သတင္းမီဒီယာ အလုပ္ဟာ အႏၱရာယ္မ်ားတဲ့ အလုပ္တခုအျဖစ္ ဆက္ရွိေနတယ္လို႔ ႏုိင္ငံတကာ လူ႔အခြင့္အေရး အဖြဲ႔ေတြ၊ သတင္းလြတ္လပ္ခြင့္ ကာကြယ္ေစာင့္ေရွာက္ေရး အဖြဲ႔ေတြက ေျပာဆိုၾကပါတယ္။ သူတို႔အလုပ္ေၾကာင့္ အသတ္ခံရတဲ့ သတင္းသမား အေရအတြက္ဟာ ဒီႏွစ္ ၂၀၂၀ ခုႏွစ္အတြင္း ႏွစ္ဆ တိုးလာတယ္လို႔ သတင္းေထာက္မ်ား ကာကြယ္ေပးေရးေကာ္မတီ CPJ က မၾကာခင္ရက္ပိုင္းကထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ အလားတူ နယ္စည္းမထားသတင္းေထာက္မ်ားအဖြဲ႔ RSF ရဲ႕ ႏွစ္ပတ္လည္ အစီရင္ခံစာမွာလည္း ဒီႏွစ္အတြင္း ကမာၻတဝွမ္း ဖမ္းဆီး ထိန္းသိမ္းခံထားရတဲ့ သတင္းသမား ၃၈၇ ေယာက္ ရွိၿပီး ၅၄ ေယာက္က ဓားစာခံေတြအျဖစ္ ဖမ္းဆီး ေခၚေဆာင္ ခံထားရျပီး ၄ ဦးကေတာ့ ေပ်ာက္ဆုံးေနတယ္လို႔ ေဖာ္ျပထားပါတယ္။ ဒီလို ဖမ္းဆီး ထိန္းသိမ္းခံရတာ၊ ျခိမ္းေျခာက္တိုက္ခိုက္ခံရတာေတြ ၾကံဳရတဲ့အထဲမွာ အမ်ိဳးသမီး သတင္းသမားေတြလည္း ပါ ပါတယ္။ ဒီႏွစ္အတြင္း အမ်ိဳးသမီးသတင္းသမားေတြ မတရား ဖမ္းဆီးခံရတဲ့အေရအတြက္ဟာ အရင္ႏွစ္ကထက္ေတာင္ ၃၅ % တိုးလာတယ္လို႔လည္း RSF အဖြဲ႔က ထုတ္ျပန္ထားပါတယ္။ ျမန္မာႏိုင္ငံက အမ်ိုးသမီးသတင္သမားေတြ ၾကံဳေတြ႔ရတဲ့ အေျခအေနေတြနဲ႔ပတ္သက္လို႔ မေ၀မာသိမ့္က ခုလို ေျပာပါတယ္။

“ဒီႏွစ္ အစပိုင္းကာလေလာက္မွာပဲ အမ်ိဳးသမီးသမားတဦး BGF ရဲ႕ ထိန္းသိမ္းမႈ ခံလိုက္ရတယ္။ ခံလိုက္ရတဲ့အျပင္ကို ေနာက္ထပ္ အဂတိမႈေတြကို ပိုျပီးေတာ့ ေဖာ္ထုတ္လာတဲ့အခါမွာ တရား႐ံုးေတြမွာ သတင္းသြားယူရတဲ့ သတင္းသမားေတြေပါ့။ အဲ့ဒီအထဲမွာ အမ်ိဳးသမီးေတြလည္း ပါ ပါတယ္။ သူတို႔ကို လူျမင္ကြင္းမွာ တရားခံလို႔ ယူဆရတဲ့လူေတြက ေနျပီးေတာ့ ျပန္ျပီးေတာ့ ႐ုပ္ရင္းၾကမ္းတမ္းစြာ ဆဲဆုိတာမ်ိဳးေတြ၊ သတင္းေထာက္ေတြ၊ ကင္မရာသမားေတြကို ေျခေထာက္နဲ႔ ကန္တာမ်ိဳးေတြ။ ေနာက္္ျပီးေတာ့ ဥပမာ တရား႐ံုးထုတ္တဲ့ အခါေတြမွာ သတင္းသမားေတြကို ျခိမ္းေျခာက္တာမ်ိဳးေတြေပါ့ေနာ္။ ဒါေတြက ဒီႏွစ္ပိုင္းမွာ တရားေရးဘက္က လုပ္ေဆာင္လာတာနဲ႔အမ ွ်၊ တခ်ိဳ႕ ေဖာ္ထုတ္အေရးယူ ေဆာင္ရြက္တာေတြ မ်ားလာတာနဲ႔အမ ွ် အဲ့ဒါေတြကို မွန္မွန္ သတင္းရယူခ်င္တဲ့ သတင္းသမားေတြ အတြက္ ပိုျပီး စိန္ေခၚမႈၾကီးလာတယ္။ ပိုျပီး ျခိမ္းေျခာက္ခံရမႈ ၾကီးလာတယ္။ သတင္းသမားေတြရဲ႕ လံုျခံဳေရးက ပိုျပီးေတာ့ ထိခိုက္လာတယ္။ ေနာက္ျပီးေတာ့ အာဏာပိုင္ အဖြဲ႔အစည္းေတြမွာ သြားျပီးသတင္းရယူတဲ့အခါမွာ ဥပမာ ရဲစခန္းလိုဟာမ်ိဳးမွာဆိုရင္ သတင္းသြားယူတဲ့အခါမွာ အေတြ႔အၾကံဳနည္းေသးတဲ့ ႏုနယ္ေသးတဲ့သတင္းေထာက္ေတြ ဆိုရင္ သူတို႔ရဲ႕ စိတ္ပိုင္းဆိုင္ရာ ဒါမွမဟုတ္ ႐ုပ္ပိုင္းဆိုင္ရာအရ လူအမ်ားေရွ႕မွာ ေငါက္လိုက္တာမ်ိဳး၊ လူအမ်ားေရွ႕မွာ အရွက္တကြဲျဖစ္ေအာင္၊ အရွက္ရေစေအာင္ ပံုစံမ်ိဳးနဲ႔ ေျပာဆိုတာမ်ိဳးေတြ ၾကံဳေတြ႔ရတဲ့ အမ်ိဳးသမီး သတင္းသမားေတြ ရွိပါတယ္။”

အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD အရပ္သား အစိုးရလက္ထက္မွာ သတင္းလြတ္လပ္ခြင့္ ေမ ွ်ာ္မွန္းသေလာက္ မတိုးတက္ခဲ့တဲ့အျပင္ အာဏာပိုင္ အဖြဲ႔အစည္းေတြကို ေ၀ဖန္ ေရးသားတဲ့ သတင္းသမားေတြ ဖမ္းဆီး ထိန္းသိမ္း အေရးယူခံရတဲ့ အေျခအေနေတြ ပိုမ်ားလာခဲ့တယ္လို႔ သတင္းလြတ္လပ္ခြင့္ တက္ၾကြလႈပ္ရွားသူေတြက ေ၀ဖန္ ေထာက္ျပတေတြ ရွိေနပါတယ္။ သတင္းလြတ္လပ္ခြင့္ အျပည့္အ၀ မရွိေသးတဲ့ႏုိင္ငံေတြ၊ လက္နက္ကိုင္ပဋိပက ဒါမွမဟုတ္ ႏုိင္ငံေရး တည္ျငိမ္မႈ အားနည္းတဲ့ ႏုိင္ငံေတြမွာ သတင္းသမားေတြဟာ ျခိမ္းေျခာက္ ေႏွာက္ယွက္ ခံရတဲ့ အေျခအေနေတြ ပိုျပီး ၾကံဳေတြ႔ေနရတယ္ဆိုတာကို သတင္းလြတ္လပ္ခြင့္ဆိုင္ရာ သုေတသနအဖြဲ႔ေတြရဲ႕ ေလသံုးသပ္ခ်က္ေတြမွာလည္း ေတြ႔ႏိုင္ပါတယ္။ သတင္းသမားေတြ အေနနဲ႔ ဒီလို အေျခအေနေတြအျပင္ ဒီ ၂၀၂၀ ျပည့္ႏွစ္အတြင္း ကို႐ိုနာဗိုင္းရပ္စ္ကပ္ေဘး ၾကံဳလာရတဲ့အခါမွာလည္း ေရာဂါ ထိန္းခ်ဳပ္ေရး ကန္႔သတ္ခ်က္ေတြၾကားမွာ သတင္းသမားေတြ အတြက္ ေနာက္ထပ္ စိန္ေခၚမႈေတြ ၾကံဳေတြ႔ရတယ္လို႔လည္း မေ၀မာသိမ့္က ေျပာျပပါတယ္။

“သတင္းလြတ္လပ္ခြင့္နဲ႔ပတ္သက္လို႔ရွိရင္လည္း က်မတို႔က ဒီ ကိုဗစ္က ဒီႏွစ္ အေစာပိုင္းမွာကတည္းက ျဖစ္တယ္။ အဲ့ဒီကတည္းကစျပီးေတာ့ က်မတို႔က သတင္းရယူႏိုင္မႈ၊ access to information မွာ သတင္းသမားေတြက ဥပေဒအရ ေပးထားတဲ့ အခြင့္အလမ္းေတြကို ပိုျပီး ဆံုး႐ံႈးသြားတယ္။ အရင္ကတည္းက ရေနတာလည္း မဟုတ္ဘူး။ အရင္ကတည္းက ၂၀ % ၃၀ % ေတာင္မရွိတဲ့ အေျခအေနကေနျပီးေတာ့ ပိုျပီး က်ဆင္းသြားတယ္။ သတင္းေတြကို အခ်ိန္နဲ႔တေျပးညီ မွန္မွန္ကန္ကန္ အခ်က္အလက္ေတြ ရရွိဖို႔က အခက္အခဲ ပိုျဖစ္သြားတယ္။ ေနာက္တခုက ေရြးေကာက္ပြဲ။ ေရြးေကာက္ပြဲ ေရာက္လာတဲ့အခါမွာ သက္ဆိုင္ရာ အစိုးရဌာနေတြမွာ လူေတြက ျပန္ျပီးေတာ့ ေရြးေကာက္ခံမွာ ျဖစ္တဲ့အတြက္ ဒီဘက္ကို အာ႐ံု မထားေတာ့ဘဲနဲ႔ ပံုမွန္ ျပန္ၾကားရမယ့္ သတင္း အခ်က္အလက္ေတြကို၊ သတင္းသမားေတြကို ပံုမွန္ေပးရမယ့္ဟာေတြကို အဲ့တာ၀န္ေတြကို ပ်က္ကြက္ခဲ့တာကို က်မတို႔ ေတြ႔ရတယ္။”

COVID-19 ကပ္ေရာဂါေၾကာင့္ က်န္းမာေရးနဲ႔ လူမႈစီးပြားဆိုင္ရာ အက်ပ္အတည္းေတြ ႏုိင္ငံတ၀ွမ္း ၾကံဳေတြ႔လာရတာမွာ ဒီအထဲမွာ သတင္းသမားေတြလည္း ဒီအက်ပ္အတည္းက မလြတ္ပါဘူး။ ကိုဗစ္ကာလအတြင္း အလုပ္ျပဳတ္သြားတဲ ဒါမွမဟုတ္ အလုပ္ခ်ိန္ အေလ ွ်ာ့ခံရတဲ့သူေတြထဲမွာ သတင္းသမားေတြ အမ်ားအျပား ရွိေနတာပါ။ ဒီအထဲမွာ အမ်ိဳးသမီး သတင္းသမားေတြဆိုရင္ ပိုျပီး သိသိသာသာ ထိခိုက္ခံစားရတယ္လို႔ မေ၀မာသိမ့္က ေျပာျပပါတယ္။

“အမ်ိဳးသမီး သတင္းသမားေတြမွာ ပိုျပီးေတာ့ အခက္အခဲျဖစ္တယ္ ဆုိတာက အလုပ္ထုတ္ခံရတယ္။ အလုပ္ေလ ွ်ာ့ခံရတယ္။ လစာအေလ ွ်ာ့ခံရတယ္။ အလုပ္ရပ္နားခံရတယ္။ အဲ့ဒီလိုကိစၥေတြမွာ အမ်ိဳးသမီး သတင္းသမားေတြ ေတာ္ေတာ္မ်ားမ်ား ပါတယ္။ အမ်ိဳးသမီးေတြက ပိုျပီး ထိခိုက္ ခံစားရတယ္။ အလုပ္ လက္မဲ့ျဖစ္ရတယ္။ ဒါမွမဟုတ္ လစာ အေလ ွ်ာ့ခံရတယ္။ ေနာက္ေတာ့ က်မတို႔ ဒီလိုကာလမွာ work from home ျဖစ္တဲ့အတြက္ အမ်ိဳးသမီးသတင္းသမားေတြက ပိုျပီးေတာ့ စိတ္ပိုင္းဆိုင္ရာ ႐ုပ္ပိုင္းဆိုင္ရာ ထိခိုက္ခံစားမႈေတြ ပိုျပီး ၾကံဳေတြ႔ရတယ္။ သတင္းသမားေတြ အားလံုးေတာ့ ၾကံဳေတြ႔ရပါတယ္။ အဲ့ဒီအထဲမွာမွ အမ်ိဳးသမီးေတြက ဘယ္လိုပဲျဖစ္ျဖစ္ တျခား မိသားစုတာ၀န္ေတြ၊ ကေလးတာ၀န္ေတြမွာ ပိုျပီးေတာ့ ဒီကာလမွာ အခက္အခဲနဲ႔ ရင္ဆိုင္မႈေတြ ပိုျပီး ၾကံဳေတြ႔လာရတယ္။ တခ်ိဳ႕ အလုပ္ေလ ွ်ာ့ခံရတဲ့ သူေတြထဲမွာ က်မတို႔ျပန္ၾကားရတာကေတာ့ ကေလးရွိတဲ့အမ်ိဳးသမီးေတြ၊ အဲ့လိုအမ်ိဳးသမီးေတြက အလုပ္ ရပ္နားခံရတာ အေလ ွ်ာ့ခံရတာေတြမွာ ပိုျပီးေတာ့ ဦးစားေပး ေလ ွ်ာ့တဲ့အထဲမွာ ပါသြားတဲ့ဟာမ်ိဳးေတြ က်မတို႔ ျပန္ျပီး ၾကားသိေနရတယ္။ ဆိုေတာ့ အမ်ိဳးသမီးေတြက ပိုျပီး ခံစားေနရတယ္။ ျပီးရင္ က်မတို႔ စီမံကိန္း နယ္ေျမေတြျဖစ္ေစ၊ ပဋိပကၡနယ္ေျမေတြမွာ ျဖစ္ေစ အဲ့လိုေနရာေတြမွာရွိတဲ့ အမ်ိဳးသမီးေတြက ပိုျပီးေတာ့ ျခိမ္းေျခာက္ခံရတယ္။ သိပ္မၾကာခင္ လြန္ခဲ့တဲ့ ၂ လ ၃ လေလာက္ကပဲ ရွမ္းေျမာက္ဘက္မွာရွိတဲ့ အမ်ိဳးသမီး သတင္းေထာက္တေယာက္ ကိုဗစ္သတင္းနဲ႔ပတ္သက္ျပီးေတာ့ သက္ဆိုင္ရာ အာဏာပိုင္ အဖြဲ႔အစည္းေတြကို သြားေမးတဲ့အခါမွာ ျခိမ္းေျခာက္ျပီး ေျပာဆိုတာမ်ိဳးေတြရွိတယ္ေပါ့။ အဲ့လိုမ်ိဳးဟာေတြကလည္း အခုထိ ၾကံဳေနရတုန္းပါပဲ။ အမ်ိဳးသမီး သတင္းသမားေတြ ဆိုရင္ ပိုျပီးေတာ့ community ထဲမွာျဖစ္ေစ၊ အဖြဲအစည္းထဲမွာ ျဖစ္ေစ သူတေယာက္တည္း သတင္းသြားယူမယ္ဆိုရင္ ပိုျပီးေတာ့ ျခိမ္းေျခာက္တာမ်ိဳး၊ ပိုျပီးေတာ့ သူတို႔က လူေရွ႕သူေရွ႕မွာ ေျပာဆိုတာမ်ိဳးေတြ။ ဥပမာ ရွက္သြားေအာင္ဆိုတဲ့ဟာမ်ိဳး လုပ္တာေတြ အခု ဒီႏွစ္ပိုင္းမွာ ေတြ႔ေနရတာေပါ့ေနာ္။”

ဒီလို သတင္းသမားေတြ ၾကံဳေတြ႔ေနရတဲ့ စိန္ေခၚမႈေတြ၊ သတင္းရယူခြင့္ ကန္႔သတ္ခံရတဲ့ အေျခအေနေတြကို မၾကာခင္ အသစ္ျပန္ဖြဲ႔စည္းမယ့္ အစိုးရသစ္ အေနနဲ႔ အေသအခ်ာ နားလည္ျပီး ႏိုင္ငံအတြင္း သတင္းလြတ္လပ္ခြင့္နဲ႔ သတင္းသမားေတြအေပၚ အကာအကြယ္ေပးမႈေတြကို အေလးေပး ေဆာင္ရြက္လာဖို႔ သတင္းသမားေတြက ေမ ွ်ာ္လင့္ေနၾကတာပါ။

“ေနာက္အစိုးသစ္တက္လာရင္ေတာ့ က်မတို႔ ဒီ မီဒီယာေလာကအတြက္ ေမ ွ်ာ္လင့္တာကေတာ့ က်မတိုိ႔ သတင္းသမားေတြ ရပိုင္ခြင့္ရွိတဲ့ သတင္း ရယူပိုင္ခြင့္ေပါ့ေနာ္။ သတင္းရယူပိုင္ခြင့္ကို အေကာင္အထည္ ေဖာ္ေပးဖို႔။ အခုလက္ရွိ သတင္းမီဒီယာ ဥပေဒမွာကေတာ့ သတင္းသမားေတြ ရပိုင္ခြင့္နဲ႔ပတ္သက္ျပီးေတာ့ မျပည့္စံုဘူး။ သတင္းသမားေတြ ရပိုင္ခြင့္ေတြကို အျပည့္အ၀ အေကာင္အထည္ေဖာ္ေပး ေစခ်င္တယ္။ ေနာက္ျပီးေတာ့ သတင္းသမားေတြက သတင္းေတြကိုယူျပီးေတာ့ အမ်ားျပည္သူကို ျပန္ၾကားရတာျဖစ္တယ္။ အမ်ားျပည္သူကို အခ်ိန္နဲ႔တေျပးညီ တင္ျပေပးရတာ ျဖစ္တဲ့အတြက္ အဲ့ဒီလိုသေဘာသဘာ၀ကို ပိုျပီး နားလည္သိျပီးေတာ့ ဌာနဆိုင္ရာတိုင္းက သတင္းသမားေတြကို အခ်ိန္နဲ႔တေျပးညီ ေျဖၾကားႏုိင္မယ့္ စနစ္ေတြေပါ့ေနာ္။ စနစ္မ်ိဳးစံုကို အေကာင္အထည္ ေဖာ္ေပးေစခ်င္တယ္။ ေနာက္ေတာ့ သက္ဆိုင္ရာ ေျပာေရး ဆိုခြင့္ရိွသူေတြ ေနာက္အစိုးရသစ္မွာ ေပးရင္လည္း အဲ့ဒီလူေတြက တကယ္ ေျပာေရးဆိုခြင့္ ရွိသူေတြ၊ အခ်က္အလက္နဲ႔တကြ ေျပာႏုိင္ ဆိုႏိုင္တဲ့သူေတြ။ အဲ့ဒီလူေတြက အျမဲတမ္း ဖုန္းကိုင္ျပီးေတာ့ ေမးျမန္း ေျဖၾကားမႈေတြကို အခ်ိန္နဲ႔တေျပးညီ အေရးေပၚ အေျခအနေတြမွာ ဆိုရင္လဲ ခ်က္ခ်င္း ေျဖၾကားႏိုင္မယ့္ အေျခအေနမ်ိဳးေတြကို အေကာင္အထည္ ေဖာ္ေပးႏုိင္မယ့္သူေတြ အျပည့္အ၀ ျဖစ္ဖို႔ က်မတို႔ ေမ ွ်ာ္လင့္ပါတယ္။ အဲ့ဒါမွလဲ ဒီသတင္းသမားေတြရဲ႕ သတင္းရယူပိုင္ခြင့္၊ သတင္းလြတ္လပ္ခြင့္ေတြကို အျပည့္အ၀ ေပးႏုိင္မွပဲ က်မတို႔ႏုိင္ငံရဲ႕ ဒီမိုကေရစီဟာလည္း ပိုျပီး တိုးတက္လာမွာေပါ့ေနာ္။ က်မတို႔ သတင္းသမားေတြရဲ႕ ရပိုင္ခြင့္၊ သတင္းသမားေတြရဲ႕ လြတ္လပ္ခြင့္၊ သတင္းသမားေတြရဲ႕ လံုျခံဳေရးေတြကို အကာအကြယ္ မေပးႏုိင္ဘဲနဲ႔၊ အျပည့္အ၀ မေပးႏုိင္ဘဲနဲ႔ ဒီမိုကေရစီရွင္သန္ဖို႔ ဒီမိုကေရစီအားေကာင္းဖို႔ ဆိုတာ မျဖစ္ႏိုင္ပါဘူး။ အဲ့ဒါေၾကာင့္ က်မတို႔ကေတာ့ ေနာက္အစိုးရသစ္ကို အဲ့ဒီလို သတင္းမီဒီယာေတြအတြက္၊ သတင္းလြတ္လပ္ခြင့္ သတင္းရပိုင္ခြင့္ေတြကို အျပည့္အ၀ ေပးေစခ်င္တယ္။ ေနာက္ျပီးေတာ့ သတင္းသမားေတြကိုရဲ႕ လံုျခံဳေရးေတြကို အျပည့္အ၀ အကာအကြယ္ ေပးေစခ်င္ပါတယ္ရွင့္။”

ႏုိင္ငံတႏုိင္ငံရဲ႕ ဒီမိုကေရစီနစ္ ခိုင္မာအားေကာင္းမႈကို တိုင္းတာတဲ့ေနရာမွာ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္၊ လြတ္လပ္စြာ ေရးသားတင္ျပခြင့္ ဘယ္ေလာက္ရွိသလဲ ဆုိတာကို ၾကည့္ျပီး သံုးသပ္ၾကေလ့ ရွိပါတယ္။ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရး လုပ္ေဆာင္ေနတဲ့ ျမန္မာႏိုင္ငံမွာလည္း သတင္းမီဒီယာလြတ္လပ္ခြင့္ ခိုင္မာ အားေကာင္းလာေအာင္၊ ဒီအတြက္ လိုအပ္တဲ့ ဥပေဒဆိုင္ရာ ျပင္ဆင္ ေျပာင္းလဲ ျပဌာန္းမႈေတြ နဲ႔ သတင္းလြတ္လပ္ခြင့္ကို မွန္မွန္ကန္ကန္ ကာကြယ္ေပးမႈ ေပးႏုိင္ဖို႔ အေရးၾကီးပါတယ္။ ဒါမွသာ ျပည္သူေတြ အမွန္တကယ္ လိုလားတဲ့ လြတ္လပ္ခြင့္နဲ႔ ဒီမိုကေရစီစနစ္ကို ထိထိေရာက္ေရာက္ အေကာင္အထည္ေဖာ္ႏုိင္မွာ ျဖစ္တယ္ဆုိတာ တင္ျပရင္းနဲ႔ပဲ ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ျပဳပါရွင္။ က်မ ခင္ျဖဴေထြးပါရွင္။

တိုက္႐ိုက္ လင့္ခ္

=======================================

[Unicode Version]

အမျိုးသမီး သတင်းထောက်တွေအတွက် စိန်ခေါ်မှုများတဲ့ ၂၀၂၀ (အမျိုးသမီးကဏ္ဍ)

ဒီနှစ် ၂၀၂၀ ခုနှစ်အတွင်း ကမ္ဘာတဝှမ်း ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ အမျိုးသမီးသတင်းထောက်ဦးရေဟာ အရင်နှစ်ကထက် ၃၅ %တိုးလာတယ်လို့ နယ်စည်းမထား သတင်းထောက်များအဖွဲ့ RSF က ပြောပါတယ်။ သတင်းမီဒီယာအလုပ်ဟာ အန္တရာယ်များတဲ့ အလုပ်တခုအဖြစ် ဆက်ရှိနေတယ်ဆိုတာကို ကမ္ဘာတဝှမ်း သတင်းသမားတွေ ကြုံတွေ့ရတဲ့ ခြိမ်းခြောက် တိုက်ခိုက်ခံရမှုတွေ၊ မတရားဖမ်းဆီး ထိန်းသိမ်း ခံရမှုတွေနဲ့ ပတ်သက်ပြီး နှစ်စဉ်ထုတ်ပြန်တဲ့ RSF ရဲ့ ၂၀၂၀ ခုနှစ်အတွက် အစီရင်ခံစာမှာ ဖော်ပြထားတာပါ။ မြန်မာနိုင်ငံမှာရော အမျိုးသမီးသတင်းထောက်တွေ ခြိမ်းခြောက် တိုက်ခိုက်ခံရတာ၊ ဖမ်းဆီးထိန်းသိမ်း ခံရတဲ့ အခြေအနတွေ ရှိနေပါလား။ ၂၀၂၀ ခုနှစ်အတွင်း မြန်မာ အမျိုးသမီးသတင်းထောက်တွေ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေ၊ ရုန်းကန်လှုပ်ရှားမှုတွေအကြောင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။

ဒီနှစ် ၂၀၂၀ ခုနှစ်ဟာ မြန်မာနိုင်ငံက သတင်းသမားတွေ၊ အထူးသဖြင့် အမျိုးသမီးသတင်းသမားတွေ အတွက် ခက်ခဲတဲ့နှစ်တစ်နှစ် ပါပဲလို့ ကိုယ်တိုင် သတင်းသမားတယောက်လည်းဖြစ်၊ လက်ရှိ Internews အဖွဲ့မှာ သတင်းမီဒီယာသင်တန်းတွေ ပို့ချပေးနေပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် တယောက်လည်းဖြစ်တဲ့ မဝေမာသိမ့်က ပြောပါတယ်။

“ဒီနှစ် ၂၀၂၀ ခုနှစ်မှာ ကိုဗစ်ရောဂါတွေ ဖြစ်တယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲလည်း ရှိခဲ့တယ်။ အဲ့ဒါအပြင် ကျမတို့က ဒီနိုင်ငံမှာ ပဋိပက္ခတွေ ရှိတယ်။ အဓိက က တိုက်ပွဲတွေ ဒီ ၂၀၂၀ ခုနှစ်အတွင်းမှာ ပိုပြီးများလာတယ်။ အဓိက ကတော့ ရခိုင်ဘက်မှာရှိတယ်။ ရှမ်းမြောက်ဘက်မှာရှိတယ်ပေါ့။ အဲ့ဒီလို အခြေအနေ သုံးခုကြားထဲမှာရယ်၊ နောက် သတင်းသမားတွေ သတင်းရယူပိုင်ခွင့်၊ သတင်းလွတ်လပ်ခွင့်ရော၊ သတင်းသမားတွေရဲ့ လုံခြုံရေးပိုင်းမှာရော ပိုပြီး ထိခိုက်လာတဲ့ နှစ် တနှစ်ဖြစ်ပါတယ်။ နောက်ပြီးတော့ စီးပွားရေး အရရော၊ လုံခြုံရေးအရရော ပိုပြီး ထိခိုက်တဲ့ နှစ် တနှစ်လို့ ကျမ အနေနဲ့ ယူဆပါတယ်။ သုံးသပ်ချင်ပါတယ်။”

မြန်မာ အပါအဝင် ကမ္ဘာတဝှမ်းမှာ ခြိမ်းခြောက် တိုက်ခိုက်ခံရတဲ့ ဒါမှမဟုတ် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ သတင်းသမားတွေ ရာနဲ့ချီ ရှိနေဆဲဖြစ်ပြီး သတင်းမီဒီယာ အလုပ်ဟာ အန္တရာယ်များတဲ့ အလုပ်တခုအဖြစ် ဆက်ရှိနေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေ၊ သတင်းလွတ်လပ်ခွင့် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့တွေက ပြောဆိုကြပါတယ်။ သူတို့အလုပ်ကြောင့် အသတ်ခံရတဲ့ သတင်းသမား အရေအတွက်ဟာ ဒီနှစ် ၂၀၂၀ ခုနှစ်အတွင်း နှစ်ဆ တိုးလာတယ်လို့ သတင်းထောက်များ ကာကွယ်ပေးရေးကော်မတီ CPJ က မကြာခင်ရက်ပိုင်းကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အလားတူ နယ်စည်းမထားသတင်းထောက်များအဖွဲ့ RSF ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာလည်း ဒီနှစ်အတွင်း ကမ္ဘာတဝှမ်း ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ သတင်းသမား ၃၈၇ ယောက် ရှိပြီး ၅၄ ယောက်က ဓားစာခံတွေအဖြစ် ဖမ်းဆီး ခေါ်ဆောင် ခံထားရပြီး ၄ ဦးကတော့ ပျောက်ဆုံးနေတယ်လို့ ဖော်ပြထားပါတယ်။ ဒီလို ဖမ်းဆီး ထိန်းသိမ်းခံရတာ၊ ခြိမ်းခြောက်တိုက်ခိုက်ခံရတာတွေ ကြုံရတဲ့အထဲမှာ အမျိုးသမီး သတင်းသမားတွေလည်း ပါ ပါတယ်။ ဒီနှစ်အတွင်း အမျိုးသမီးသတင်းသမားတွေ မတရား ဖမ်းဆီးခံရတဲ့အရေအတွက်ဟာ အရင်နှစ်ကထက်တောင် ၃၅ % တိုးလာတယ်လို့လည်း RSF အဖွဲ့က ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံက အမျိုးသမီးသတင်သမားတွေ ကြုံတွေ့ရတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ မဝေမာသိမ့်က ခုလို ပြောပါတယ်။

“ဒီနှစ် အစပိုင်းကာလလောက်မှာပဲ အမျိုးသမီးသမားတဦး BGF ရဲ့ ထိန်းသိမ်းမှု ခံလိုက်ရတယ်။ ခံလိုက်ရတဲ့အပြင်ကို နောက်ထပ် အဂတိမှုတွေကို ပိုပြီးတော့ ဖော်ထုတ်လာတဲ့အခါမှာ တရားရုံးတွေမှာ သတင်းသွားယူရတဲ့ သတင်းသမားတွေပေါ့။ အဲ့ဒီအထဲမှာ အမျိုးသမီးတွေလည်း ပါ ပါတယ်။ သူတို့ကို လူမြင်ကွင်းမှာ တရားခံလို့ ယူဆရတဲ့လူတွေက နေပြီးတော့ ပြန်ပြီးတော့ ရုပ်ရင်းကြမ်းတမ်းစွာ ဆဲဆိုတာမျိုးတွေ၊ သတင်းထောက်တွေ၊ ကင်မရာသမားတွေကို ခြေထောက်နဲ့ ကန်တာမျိုးတွေ။ နောက်ပြီးတော့ ဥပမာ တရားရုံးထုတ်တဲ့ အခါတွေမှာ သတင်းသမားတွေကို ခြိမ်းခြောက်တာမျိုးတွေပေါ့နော်။ ဒါတွေက ဒီနှစ်ပိုင်းမှာ တရားရေးဘက်က လုပ်ဆောင်လာတာနဲ့အမ ျှ၊ တချို့ ဖော်ထုတ်အရေးယူ ဆောင်ရွက်တာတွေ များလာတာနဲ့အမ ျှ အဲ့ဒါတွေကို မှန်မှန် သတင်းရယူချင်တဲ့ သတင်းသမားတွေ အတွက် ပိုပြီး စိန်ခေါ်မှုကြီးလာတယ်။ ပိုပြီး ခြိမ်းခြောက်ခံရမှု ကြီးလာတယ်။ သတင်းသမားတွေရဲ့ လုံခြုံရေးက ပိုပြီးတော့ ထိခိုက်လာတယ်။ နောက်ပြီးတော့ အာဏာပိုင် အဖွဲ့အစည်းတွေမှာ သွားပြီးသတင်းရယူတဲ့အခါမှာ ဥပမာ ရဲစခန်းလိုဟာမျိုးမှာဆိုရင် သတင်းသွားယူတဲ့အခါမှာ အတွေ့အကြုံနည်းသေးတဲ့ နုနယ်သေးတဲ့သတင်းထောက်တွေ ဆိုရင် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာအရ လူအများရှေ့မှာ ငေါက်လိုက်တာမျိုး၊ လူအများရှေ့မှာ အရှက်တကွဲဖြစ်အောင်၊ အရှက်ရစေအောင် ပုံစံမျိုးနဲ့ ပြောဆိုတာမျိုးတွေ ကြုံတွေ့ရတဲ့ အမျိုးသမီး သတင်းသမားတွေ ရှိပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အရပ်သား အစိုးရလက်ထက်မှာ သတင်းလွတ်လပ်ခွင့် မေ ျှာ်မှန်းသလောက် မတိုးတက်ခဲ့တဲ့အပြင် အာဏာပိုင် အဖွဲ့အစည်းတွေကို ဝေဖန် ရေးသားတဲ့ သတင်းသမားတွေ ဖမ်းဆီး ထိန်းသိမ်း အရေးယူခံရတဲ့ အခြေအနေတွေ ပိုများလာခဲ့တယ်လို့ သတင်းလွတ်လပ်ခွင့် တက်ကြွလှုပ်ရှားသူတွေက ဝေဖန် ထောက်ပြတတွေ ရှိနေပါတယ်။ သတင်းလွတ်လပ်ခွင့် အပြည့်အ၀ မရှိသေးတဲ့နိုင်ငံတွေ၊ လက်နက်ကိုင်ပဋိပက ဒါမှမဟုတ် နိုင်ငံရေး တည်ငြိမ်မှု အားနည်းတဲ့ နိုင်ငံတွေမှာ သတင်းသမားတွေဟာ ခြိမ်းခြောက် နှောက်ယှက် ခံရတဲ့ အခြေအနေတွေ ပိုပြီး ကြုံတွေ့နေရတယ်ဆိုတာကို သတင်းလွတ်လပ်ခွင့်ဆိုင်ရာ သုတေသနအဖွဲ့တွေရဲ့ လေသုံးသပ်ချက်တွေမှာလည်း တွေ့နိုင်ပါတယ်။ သတင်းသမားတွေ အနေနဲ့ ဒီလို အခြေအနေတွေအပြင် ဒီ ၂၀၂၀ ပြည့်နှစ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး ကြုံလာရတဲ့အခါမှာလည်း ရောဂါ ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကြားမှာ သတင်းသမားတွေ အတွက် နောက်ထပ် စိန်ခေါ်မှုတွေ ကြုံတွေ့ရတယ်လို့လည်း မဝေမာသိမ့်က ပြောပြပါတယ်။

“သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ရှိရင်လည်း ကျမတို့က ဒီ ကိုဗစ်က ဒီနှစ် အစောပိုင်းမှာကတည်းက ဖြစ်တယ်။ အဲ့ဒီကတည်းကစပြီးတော့ ကျမတို့က သတင်းရယူနိုင်မှု၊ access to information မှာ သတင်းသမားတွေက ဥပဒေအရ ပေးထားတဲ့ အခွင့်အလမ်းတွေကို ပိုပြီး ဆုံးရှုံးသွားတယ်။ အရင်ကတည်းက ရနေတာလည်း မဟုတ်ဘူး။ အရင်ကတည်းက ၂၀ % ၃၀ % တောင်မရှိတဲ့ အခြေအနေကနေပြီးတော့ ပိုပြီး ကျဆင်းသွားတယ်။ သတင်းတွေကို အချိန်နဲ့တပြေးညီ မှန်မှန်ကန်ကန် အချက်အလက်တွေ ရရှိဖို့က အခက်အခဲ ပိုဖြစ်သွားတယ်။ နောက်တခုက ရွေးကောက်ပွဲ။ ရွေးကောက်ပွဲ ရောက်လာတဲ့အခါမှာ သက်ဆိုင်ရာ အစိုးရဌာနတွေမှာ လူတွေက ပြန်ပြီးတော့ ရွေးကောက်ခံမှာ ဖြစ်တဲ့အတွက် ဒီဘက်ကို အာရုံ မထားတော့ဘဲနဲ့ ပုံမှန် ပြန်ကြားရမယ့် သတင်း အချက်အလက်တွေကို၊ သတင်းသမားတွေကို ပုံမှန်ပေးရမယ့်ဟာတွေကို အဲ့တာဝန်တွေကို ပျက်ကွက်ခဲ့တာကို ကျမတို့ တွေ့ရတယ်။”

COVID-19 ကပ်ရောဂါကြောင့် ကျန်းမာရေးနဲ့ လူမှုစီးပွားဆိုင်ရာ အကျပ်အတည်းတွေ နိုင်ငံတဝှမ်း ကြုံတွေ့လာရတာမှာ ဒီအထဲမှာ သတင်းသမားတွေလည်း ဒီအကျပ်အတည်းက မလွတ်ပါဘူး။ ကိုဗစ်ကာလအတွင်း အလုပ်ပြုတ်သွားတဲ ဒါမှမဟုတ် အလုပ်ချိန် အလေ ျှာ့ခံရတဲ့သူတွေထဲမှာ သတင်းသမားတွေ အများအပြား ရှိနေတာပါ။ ဒီအထဲမှာ အမျိုးသမီး သတင်းသမားတွေဆိုရင် ပိုပြီး သိသိသာသာ ထိခိုက်ခံစားရတယ်လို့ မဝေမာသိမ့်က ပြောပြပါတယ်။

“အမျိုးသမီး သတင်းသမားတွေမှာ ပိုပြီးတော့ အခက်အခဲဖြစ်တယ် ဆိုတာက အလုပ်ထုတ်ခံရတယ်။ အလုပ်လေ ျှာ့ခံရတယ်။ လစာအလေ ျှာ့ခံရတယ်။ အလုပ်ရပ်နားခံရတယ်။ အဲ့ဒီလိုကိစ္စတွေမှာ အမျိုးသမီး သတင်းသမားတွေ တော်တော်များများ ပါတယ်။ အမျိုးသမီးတွေက ပိုပြီး ထိခိုက် ခံစားရတယ်။ အလုပ် လက်မဲ့ဖြစ်ရတယ်။ ဒါမှမဟုတ် လစာ အလေ ျှာ့ခံရတယ်။ နောက်တော့ ကျမတို့ ဒီလိုကာလမှာ work from home ဖြစ်တဲ့အတွက် အမျိုးသမီးသတင်းသမားတွေက ပိုပြီးတော့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုတွေ ပိုပြီး ကြုံတွေ့ရတယ်။ သတင်းသမားတွေ အားလုံးတော့ ကြုံတွေ့ရပါတယ်။ အဲ့ဒီအထဲမှာမှ အမျိုးသမီးတွေက ဘယ်လိုပဲဖြစ်ဖြစ် တခြား မိသားစုတာဝန်တွေ၊ ကလေးတာဝန်တွေမှာ ပိုပြီးတော့ ဒီကာလမှာ အခက်အခဲနဲ့ ရင်ဆိုင်မှုတွေ ပိုပြီး ကြုံတွေ့လာရတယ်။ တချို့ အလုပ်လေ ျှာ့ခံရတဲ့ သူတွေထဲမှာ ကျမတို့ပြန်ကြားရတာကတော့ ကလေးရှိတဲ့အမျိုးသမီးတွေ၊ အဲ့လိုအမျိုးသမီးတွေက အလုပ် ရပ်နားခံရတာ အလေ ျှာ့ခံရတာတွေမှာ ပိုပြီးတော့ ဦးစားပေး လေ ျှာ့တဲ့အထဲမှာ ပါသွားတဲ့ဟာမျိုးတွေ ကျမတို့ ပြန်ပြီး ကြားသိနေရတယ်။ ဆိုတော့ အမျိုးသမီးတွေက ပိုပြီး ခံစားနေရတယ်။ ပြီးရင် ကျမတို့ စီမံကိန်း နယ်မြေတွေဖြစ်စေ၊ ပဋိပက္ခနယ်မြေတွေမှာ ဖြစ်စေ အဲ့လိုနေရာတွေမှာရှိတဲ့ အမျိုးသမီးတွေက ပိုပြီးတော့ ခြိမ်းခြောက်ခံရတယ်။ သိပ်မကြာခင် လွန်ခဲ့တဲ့ ၂ လ ၃ လလောက်ကပဲ ရှမ်းမြောက်ဘက်မှာရှိတဲ့ အမျိုးသမီး သတင်းထောက်တယောက် ကိုဗစ်သတင်းနဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေကို သွားမေးတဲ့အခါမှာ ခြိမ်းခြောက်ပြီး ပြောဆိုတာမျိုးတွေရှိတယ်ပေါ့။ အဲ့လိုမျိုးဟာတွေကလည်း အခုထိ ကြုံနေရတုန်းပါပဲ။ အမျိုးသမီး သတင်းသမားတွေ ဆိုရင် ပိုပြီးတော့ community ထဲမှာဖြစ်စေ၊ အဖွဲအစည်းထဲမှာ ဖြစ်စေ သူတယောက်တည်း သတင်းသွားယူမယ်ဆိုရင် ပိုပြီးတော့ ခြိမ်းခြောက်တာမျိုး၊ ပိုပြီးတော့ သူတို့က လူရှေ့သူရှေ့မှာ ပြောဆိုတာမျိုးတွေ။ ဥပမာ ရှက်သွားအောင်ဆိုတဲ့ဟာမျိုး လုပ်တာတွေ အခု ဒီနှစ်ပိုင်းမှာ တွေ့နေရတာပေါ့နော်။”

ဒီလို သတင်းသမားတွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ၊ သတင်းရယူခွင့် ကန့်သတ်ခံရတဲ့ အခြေအနေတွေကို မကြာခင် အသစ်ပြန်ဖွဲ့စည်းမယ့် အစိုးရသစ် အနေနဲ့ အသေအချာ နားလည်ပြီး နိုင်ငံအတွင်း သတင်းလွတ်လပ်ခွင့်နဲ့ သတင်းသမားတွေအပေါ် အကာအကွယ်ပေးမှုတွေကို အလေးပေး ဆောင်ရွက်လာဖို့ သတင်းသမားတွေက မေ ျှာ်လင့်နေကြတာပါ။

“နောက်အစိုးသစ်တက်လာရင်တော့ ကျမတို့ ဒီ မီဒီယာလောကအတွက် မေ ျှာ်လင့်တာကတော့ ကျမတို့ သတင်းသမားတွေ ရပိုင်ခွင့်ရှိတဲ့ သတင်း ရယူပိုင်ခွင့်ပေါ့နော်။ သတင်းရယူပိုင်ခွင့်ကို အကောင်အထည် ဖော်ပေးဖို့။ အခုလက်ရှိ သတင်းမီဒီယာ ဥပဒေမှာကတော့ သတင်းသမားတွေ ရပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့ မပြည့်စုံဘူး။ သတင်းသမားတွေ ရပိုင်ခွင့်တွေကို အပြည့်အ၀ အကောင်အထည်ဖော်ပေး စေချင်တယ်။ နောက်ပြီးတော့ သတင်းသမားတွေက သတင်းတွေကိုယူပြီးတော့ အများပြည်သူကို ပြန်ကြားရတာဖြစ်တယ်။ အများပြည်သူကို အချိန်နဲ့တပြေးညီ တင်ပြပေးရတာ ဖြစ်တဲ့အတွက် အဲ့ဒီလိုသဘောသဘာဝကို ပိုပြီး နားလည်သိပြီးတော့ ဌာနဆိုင်ရာတိုင်းက သတင်းသမားတွေကို အချိန်နဲ့တပြေးညီ ဖြေကြားနိုင်မယ့် စနစ်တွေပေါ့နော်။ စနစ်မျိုးစုံကို အကောင်အထည် ဖော်ပေးစေချင်တယ်။ နောက်တော့ သက်ဆိုင်ရာ ပြောရေး ဆိုခွင့်ရှိသူတွေ နောက်အစိုးရသစ်မှာ ပေးရင်လည်း အဲ့ဒီလူတွေက တကယ် ပြောရေးဆိုခွင့် ရှိသူတွေ၊ အချက်အလက်နဲ့တကွ ပြောနိုင် ဆိုနိုင်တဲ့သူတွေ။ အဲ့ဒီလူတွေက အမြဲတမ်း ဖုန်းကိုင်ပြီးတော့ မေးမြန်း ဖြေကြားမှုတွေကို အချိန်နဲ့တပြေးညီ အရေးပေါ် အခြေအနတွေမှာ ဆိုရင်လဲ ချက်ချင်း ဖြေကြားနိုင်မယ့် အခြေအနေမျိုးတွေကို အကောင်အထည် ဖော်ပေးနိုင်မယ့်သူတွေ အပြည့်အဝ ဖြစ်ဖို့ ကျမတို့ မေ ျှာ်လင့်ပါတယ်။ အဲ့ဒါမှလဲ ဒီသတင်းသမားတွေရဲ့ သတင်းရယူပိုင်ခွင့်၊ သတင်းလွတ်လပ်ခွင့်တွေကို အပြည့်အဝ ပေးနိုင်မှပဲ ကျမတို့နိုင်ငံရဲ့ ဒီမိုကရေစီဟာလည်း ပိုပြီး တိုးတက်လာမှာပေါ့နော်။ ကျမတို့ သတင်းသမားတွေရဲ့ ရပိုင်ခွင့်၊ သတင်းသမားတွေရဲ့ လွတ်လပ်ခွင့်၊ သတင်းသမားတွေရဲ့ လုံခြုံရေးတွေကို အကာအကွယ် မပေးနိုင်ဘဲနဲ့၊ အပြည့်အ၀ မပေးနိုင်ဘဲနဲ့ ဒီမိုကရေစီရှင်သန်ဖို့ ဒီမိုကရေစီအားကောင်းဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲ့ဒါကြောင့် ကျမတို့ကတော့ နောက်အစိုးရသစ်ကို အဲ့ဒီလို သတင်းမီဒီယာတွေအတွက်၊ သတင်းလွတ်လပ်ခွင့် သတင်းရပိုင်ခွင့်တွေကို အပြည့်အဝ ပေးစေချင်တယ်။ နောက်ပြီးတော့ သတင်းသမားတွေကိုရဲ့ လုံခြုံရေးတွေကို အပြည့်အ၀ အကာအကွယ် ပေးစေချင်ပါတယ်ရှင့်။”

နိုင်ငံတနိုင်ငံရဲ့ ဒီမိုကရေစီနစ် ခိုင်မာအားကောင်းမှုကို တိုင်းတာတဲ့နေရာမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားတင်ပြခွင့် ဘယ်လောက်ရှိသလဲ ဆိုတာကို ကြည့်ပြီး သုံးသပ်ကြလေ့ ရှိပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာလည်း သတင်းမီဒီယာလွတ်လပ်ခွင့် ခိုင်မာ အားကောင်းလာအောင်၊ ဒီအတွက် လိုအပ်တဲ့ ဥပဒေဆိုင်ရာ ပြင်ဆင် ပြောင်းလဲ ပြဌာန်းမှုတွေ နဲ့ သတင်းလွတ်လပ်ခွင့်ကို မှန်မှန်ကန်ကန် ကာကွယ်ပေးမှု ပေးနိုင်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ ပြည်သူတွေ အမှန်တကယ် လိုလားတဲ့ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီစနစ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မှာ ဖြစ်တယ်ဆိုတာ တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်။ ကျမ ခင်ဖြူထွေးပါရှင်။

XS
SM
MD
LG