သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ စစ္ေဆးတဲ့ အမ်ိဳးသမီး ေဆး၀န္ထမ္းတေယာက္ရဲ႕ အေတြ႔အၾကံဳ


(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါ ကူးစက္သူ ေန႔စဥ္ ၁,၀၀၀ ေက်ာ္ႏႈန္း ဆက္ရွိေနဆဲျဖစ္ျပီး ကူးစက္ခံရသူေပါင္း ၁ သိန္း ၁ ေသာင္းေက်ာ္ သြားပါျပီ။ ေရာဂါပိုး ရွိမရွိ စမ္းသပ္စစ္ေဆးမႈေတြ လုပ္ေနရတဲ့ ေဆး၀န္းထမ္းေတြကေတာ့ ကူးစက္မႈေတြ ေလ်ာ့က်လာတယ္ဆိုရင္ေတာင္ ေန႔စဥ္ စမ္းသပ္စစ္ေဆးမႈေတြ ပံုမွန္ ဆက္လုပ္ေနၾကရဦးမွာပါ။ ဒီလို ေရာဂါ ပိုး စစ္ေဆးေပးတဲ့ ေဆး၀န္ထမ္းေတြထဲမွာ အမ်ိဳးသမီးေတြလည္း အမ်ားအျပား ပါ ပါတယ္။ ကိုဗစ္ေဆးစစ္ရာမွာ ပါ၀င္ေနၾကတဲ့ အမ်ိဳးသမီး ေဆး၀န္ထမ္းေတြရဲ႕ အေတြ႔အၾကံဳ တခ်ိဳ႕ကိုေတာ့ ရန္ကုန္တိုင္း က်န္းမာေရး ဦးစီးဌာနနဲ႔ ကုန္သည္မ်ားႏွင့္စက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ (UMFCCI) တို႔ ပူးေပါင္း လုပ္ေဆာင္ေနတဲ့ ကုန္စည္စီးဆင္းေရး စီမံကိန္းအတြက္ ကိုဗစ္ေရာဂါ စစ္ေဆးမႈေတြမွာ volunteer ပါ၀င္ လုပ္ေဆာင္ေနတဲ့ မနန္းမိုးလြင္ကို ဆက္သြယ္ ေမးျမန္းျပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ဆက္ထားပါတယ္။

မနန္းမိုးလြင္က ရန္ကုန္ အေထြေထြ ေရာဂါကုေဆး႐ံုသစ္ၾကီးမွာ ဓာတ္ခြဲခန္းမွဴးအျဖစ္ ႏွစ္ေပါင္းအေတာ္ၾကာ တာ၀န္ထမ္းေဆာင္ခဲ့ျပီးေတာ့၊ အခု လတ္တေလာမွာ ေက်ာင္း တဖက္ တက္ေနရင္းနဲ႔ ကိုဗစ္ ေဆးစစ္ဖိို႔ ႏွာေခါင္းတို႔ဖက္ ယူရတဲ့ေနရာေတြမွာ Volunteer ၀င္လုပ္ေပး ေနတယ္ဆိုေတာ့ ဒီ ႏွာေခါင္းတို႔ဖက္ ယူရတဲ့ အေတြ႔အၾကံဳ ေျပာျပပါဦးရွင့္။ အခု ကူးစက္မႈေတြကလည္း မ်ားေနေသးတယ္ဆိုေတာ့ ဓါတ္ခြဲနမူနာ ယူရတာေတြေရာ ပိုမ်ားလာသလားရွင့္။

“ဟုတ္ကဲ့ရွင့္ မ်ားတယ္ရွင့္။ က်မတို႔က က်ေတာ့ ကုန္စည္စီးဆင္းေရးအတြက္ စျပီးေတာ့ လုပ္ကိုင္တဲ့အတြက္ေၾကာင့္မိုလို႔ အဲ့ဒီမွာ Rapid Antigen Test Kit နဲ႔ စမ္းသပ္တဲ့ RTT (Rapid Test and Track) Test ကို စျပီးေတာ့ လုပ္ေပးတာေပါ့ေနာ္။ လုပ္ေပးတဲ့အခါက်ေတာ့ ဒီကုန္စည္ စီးဆင္းမႈအတြက္ေၾကာင့္မိုလို႔ ဒီကားသမားေတြ၊ ကုန္ကားေမာင္းတဲ့သူေတြကို ကုိဗစ္ကင္းစင္ေၾကာင္းကို က်မတို႔က စစ္ေဆးေပးရတာေပါ့။ အဲ့ဒီလူေတြက တေန႔ တေန႔ကို အနည္းဆံုး ၃၀၀ နဲ႔ ၅၀၀ ၾကားထဲမွာ ရွိပါတယ္။ ဒီ RTT test နဲ႔ MPC ခန္းမမွာ က်မတို႔ စစ္ေဆးေပးေနပါတယ္။”

ဟုတ္ကဲ့။ မနန္းမိုးလြင္ေျပာသလို ကုန္စည္စီးဆင္းမႈအတြက္ ကားသမားေတြကို စစ္ေဆးေပးရတာဆိုေတာ့ ဘယ္လိုေနရာေတြမွာ သြားစစ္ေပး ရတာလဲရွင့္။

“က်မတို႔ရဲ႕ branch မွာေတာ့ ခြဲထားတာေတြ ရွိပါတယ္။ တိုက္ၾကီးအ၀င္မွာလည္း ရွိတယ္။ Zero မိုင္မွာလည္း ရွိတယ္။ က်မတို႔ကက်ေတာ့ ဒီ MPC ခန္းမ မွာပဲ က်မတို႔ အဖြဲ႔ေလးကို တဖြဲ႔ကိုေတာ့ တာ၀န္ ခ်ျပီးေတာ့ လုပ္ေနတာေပါ့ေနာ္။ အဲ့ဒီမွာလဲ အဲ့လိုေပါ့ ကားသမားေတြကလည္း တခ်ိဳ႕ နယ္ကေန လာျပီးေတာ့ ရန္ကုန္ ၀င္ျပီးေတာ့မွ သူတို႔ရဲ႕ သက္ဆိုင္ရာ ကုမၸဏီေတြကေနမွ က်မတို႔ ဒီ MPC ခန္းမကို လာျပီးေတာ့ စစ္ျပီးေတာ့မွ certificate ရယူျပီးေတာ့မွ ဆက္ျပီးေတာ့ ခရီးဆက္ခြင့္ ရတာေပါ့ေနာ္။ အဲ့ဒီလိုမ်ိဳးအတြက္ေၾကာင့္မိုလို႔ သက္ဆိုင္ရာ ကုမၸဏီေတြနဲ႔ ခ်ိတ္ျပီးေတာ့ပဲ ဒီကိုလာျပီးေတာ့ စစ္ေဆးရတာေပါ့ေနာ္။”

အခုအခ်ိန္မွာ တကယ္ကေတာ့ တျခား မလိုအပ္တဲ့ သြားလာမႈေတြကေတာ့ ပိတ္ထားတာေပါ့ေနာ္။

“ပိတ္ထားတယ္။ မလိုအပ္တဲ့သြားလာမႈေတြကို လံုး၀ ခြင့္ျပဳမထားဘဲ ကုန္စည္ စီးဆင္းေရး ေခါင္းစဥ္နဲ႔ ဒီလူေတြကို စစ္ေပးဖို႔အတြက္ က်မတို႔က volunteer လုပ္ေနတာ။”

အဲ့ဒီေတာ့ အခုလို စစ္တဲ့အခါမွာေရာ လိုအပ္တဲ့ အကာအကြယ္ အစီအမံေတြ ျပည့္ျပည့္စံုစံု ရလားရွင့္။

“ရပါတယ္ရွင့္။ အဲ့ဒါကေတာ့ UMFCCI ရဲ႕ ေထာက္ပံ့မႈနဲ႔ က်မတို႔က ဒီ PPE တို႔ ဘာတို႔၊ mask တို႔၊ glove တို႔ကို သူတို႔ ေသေသခ်ာခ်ာ လုပ္ေပးပါတယ္ရွင့္။ က်မတို႔ကေတာ့ သတိနဲ႔ေတာ့ အျမဲတမ္း လုပ္ရတာေပါ့ေနာ္။ ဘာျဖစ္လို႔လဲဆိုေတာ့ လူတိုင္းသည္ positive ျဖစ္ႏိုင္တယ္ဆိုတဲ့ အေတြးနဲ႔ က်မတို႔သည္ အျမဲတမ္း သတိနဲ႔ ကိုင္တြယ္ လုပ္ကိုင္ျပီးေတာ့ prevention ကိုေတာ့ အျမဲ ယူထားပါတယ္ရွင့္။”

ကိုယ့္ကို ကူးမလားဆိုတဲ့ စိုးရိမ္မႈေရာ ရွိလား။

“စိုးရိမ္မႈေတာ့ ရွိပါတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ေနာက္ဘက္မွာ ကိုယ့္မိသားစုေတြ ဘာေတြက ရွိေသးတဲ့အတြက္ေၾကာင့္မိုလို႔ က်မတို႔က ကိုယ့္ကိုယ္ကို ကာကြယ္ႏိုင္မွ ျဖစ္မယ္ဆိုတဲ့ စိုးရိမ္မႈကေတာ့ ရွိပါတယ္ရွင့္။ စစခ်င္းမွာေတာ့ က်မတို႔လည္း အရမ္း စိတ္လႈပ္ရွားတာေပါ့ေနာ္။ ဒီဟာၾကီးက ဘယ္လို ဘာလဲ ဆိုျပီးေတာ့။ အခု တျဖည္းျဖည္း လုပ္ရင္းနဲ႔ေတာ့ ကိုယ့္ဟာကိုယ္ သတိနဲ႔ ကိုင္တြယ္ျပီး လုပ္တဲ့အတြက္ေၾကာင့္မို႔ေတာ့ အဲ့ဒီစိုးရိမ္မႈေတြ ကေတာ့ နည္းနည္း ေလ်ာ့သြားပါတယ္။ ဒါေပမဲ့ အျမဲတမ္း သတိရွိေနရမယ္ဆိုတဲ့ အေတြးကေတာ့ စိတ္ထဲမွာ အျမဲရွိပါတယ္။”

တေန႔ကိုေရာ ဘယ္ႏွစ္နာရီေလာက္ အလုပ္ လုပ္ရပါလဲရွင့္ အခု။

“ဟုတ္ကဲ့။ PPE ၀တ္တယ္ဆိုရင္ေတာ့ တေန႔ကို အနည္းဆံုး ၃ နာရီေတာ့ က်မတို႔ ၀တ္ၾကရျပီးေတာ့ အုပ္စုေလးေတြ ခြဲျပီးေတာ့ က်မတို႔က အဲ့ဒီလို ၃ နာရီေလာက္ PPE ၀တ္ျပီးေတာ့ လုပ္ၾကပါတယ္ရွင့္။ ”

အဲ့လို စစ္ေဆးေနတဲ့အခ်ိန္မွာေရာ တခ်ိဳ႕ အစစ္ေဆးခံတဲ့ သူေတြက က်န္းမာေရး၀န္ထမ္းေတြကို အလိုမက်တာမ်ိဳး ေျပာတာဆိုတာ ၾကံဳရတာမ်ိဳးေတြေရာ ရိွလား။

“ဟုတ္ကဲ့ ရွိပါတယ္။ တခ်ိဳ႕က်ေတာ့လဲ ဒီကားသမားေတြရဲ႕ certificate က က်မတို႔က ၃ ရက္ပဲ။ ၇၂ နာရီပဲ ေပးပါတယ္ရွင့္။ ေပးတဲ့အခါက်ေတာ့ ဒီ ကားသမားေတြက ၃ ရက္တခါေလာက္ သူတို႔ အျမဲတမ္း လာစစ္ရပါတယ္။ လာစစ္ရတဲ့အခါက်ေတာ့ သူတို႔က ခနခန အႏိႈက္ခံေနရတာေပါ့ေနာ္။ သူတို႔ႏွာေခါင္းေတြ ဘယ္လိုျဖစ္ကုန္မလဲ ဘာညာ ဆိုတာမ်ိဳး အဲ့ဒီလို complain တက္တာေတြလည္း ရွိပါတယ္။”

ဘာေၾကာင့္မ်ား ခုလို ေနရာမွာ volunteer ၀င္လုပ္ျဖစ္တာလဲ ဆိုတာလဲ ေျပာျပပါဦးရွင့္။

“က်မလည္း ဒီလိုမ်ိဳး ကပ္ေရာဂါၾကီး ျဖစ္ေနတဲ့အခ်ိန္မွာ ဘာပဲေျပာေျပာ ပါ၀င္လုပ္ေဆာင္ဖို႔ စိတ္အားထက္သန္တယ္။ က်မ မိခင္ဌာနမွာ လုပ္ကတည္းက က်မက တခုခုဆို volunteer ဆိုရင္ က်မ သြားမယ္ဆိုတဲ့ စိတ္ကူးေတာ့ ရွိခဲ့တယ္။ ဒီလိုမ်ိဳး အခြင့္အေရး ေပၚလာတဲ့အခ်ိန္မွာ လုိက္ျဖစ္သြားတာေပါ့ေနာ္။”

ခုလို volunteer မလုပ္ခင္တုန္းကေတာ့ မနန္းမိုးလြင္က မူရင္း မိခင္ဌာနျဖစ္တဲ့ ရန္ကုန္ ေထြေထြေရာဂါကု ေဆး႐ံုသစ္ၾကီးမွာလည္း ဓာတ္ခြဲခန္းမွဴးအျဖစ္ ႏွစ္ေပါင္းမ်ားစြာ အလုပ္ လုပ္ခဲ့သူဆိုေတာ့ ဒီ ကိုဗစ္ေတြ စ ျဖစ္တဲ့အခ်ိန္မွာေရာ အဲ့ဒီမွာ အလုပ္ လုပ္ခဲ့ရေသးလား။ အဲ့ဒီအေတြ႔အၾကံဳလည္း ေျပာျပပါဦး။

“က်မတို႔ မိခင္ဌာနမွာလည္း ဒီ COVID-19 နဲ႔ က်မတို႔ စစ္ရတာပါပဲရွင့္။ သံသယလူနာေတြကို က်မတို႔ swab ယူတယ္။ အေစာပိုင္းတုန္းကေတာ့ က်မတို႔က ဒီ PCR နဲ႔ပဲ စစ္တဲ့အခါက်ေတာ့ ကိုယ့္ဌာနမွာေတာ့ စစ္လို႔မရဘူး။ ေဆးသုေတသနကို ပို႔ေပးတဲ့ဟာမ်ိဳးေပါ့ေနာ္။ ဒီကေန swab ယူျပီးေတာ့ ပို႔ေပးတဲ့အစီအစဥ္ကို အဲ့ဒီတုန္းက စလုပ္ေပးတယ္။ ပထမတေက်ာ့ ကူးစက္မႈေတြ ျဖစ္တုန္းက အဲ့ဒီလို လုပ္ရတယ္။အခု ဒုတိယအေက်ာ့ ကူးစက္မႈေတြ ျဖစ္တဲ့အခါက်ေတာ့ က်မတို႔ ဌာနမွာေတာ့ RTT က ေနာက္မွ ေပၚလာတာေပါ့။ က်မတို႔က volunteer ေရာက္သြားတဲ့ခ်ိန္မွာမွ RTT test ကို ဒီ ျမန္မာႏိုင္ငံမွာ စသံုးတဲ့အတြက္ေၾကာင့္မိုလို႔ ဒီ RTT Test ကေတာ့ က်မက MPC ခန္းမ မွာပဲ လုပ္ဖူးတယ္။ က်မတို႔ဌာနမွာေတာ့ မလုပ္ရဘူးေပါ့ေနာ္။ မလုပ္ခဲ့ရဘူး။ ဒါေပမဲ့ အခုေတာ့ က်မတို႔ဌာနမွာလည္း RTT နဲ႔လည္း လုပ္တယ္။ PCR နဲ႔လည္း လုပ္ပါတယ္ရွင့္။”

အဲ့ေတာ့ အခု အျပင္မွာ volunteer စ လုပ္တာက ဘယ္တုန္းကမွ စလုပ္ျဖစ္တာလဲရွင့္။

“ဟုတ္ကဲ့ရွင့္။ ပထမတေက်ာ့ ကူးစက္မႈေတြ ျဖစ္တုန္းကေတာ့ က်မ မိခင္ဌာနမွာပဲ လုပ္ေပးတယ္။ ေတာက္ေလ ွ်ာက္လုပ္ေပးျပီးေတာ့ ဒီ ဒုတိယအၾကိမ္ ကူးစက္မႈေတြ အစ ေပါ့ေနာ္။ ၉ လပိုင္းမွာ က်မတို႔ကို ရန္ကုန္တုိင္း က်န္းမာေရးဦးစီးဌာနက volunteer ဆိုျပီး လွမ္းေခၚတဲ့အတြက္ေၾကာင့္မိုလို႔ က်မတို႔ အဲ့ဒီမွာ သြားလုပ္တဲ့အခါက်ေတာ့ အခုဆိုရင္ ၃ လနီးပါး ရွိေနျပီေပါ့ေနာ္။”

အခု အလုပ္မွာေရာ အမ်ိဳးသမီးေတြ ေတာ္ေတာ္ မ်ားသလားရွင့္။

“ဟုတ္ကဲ့ မ်ားပါတယ္။ က်မတို႔ ဓာတ္ခြဲခန္းမွာကေတာ့ အမ်ိဳးသမီးေတြ ေတာ္ေတာ္မ်ားပါတယ္။”

အမ်ားစုလို႔ေရာ ေျပာလို႔ရႏိုင္လားရွင့္။

“ေျပာလို႔ရႏိုင္ပါတယ္။ ေယာက်္ားေလးေတြက ၂ % ေလာက္ပဲ။ ၁၀ ေယာက္မွာ ၂ ေယာက္ႏႈန္းေလာက္ပဲ ရွိမွာေပါ့။ ၂ % ေလာက္ပဲ။”

အခုဆိုရင္ ကိုဗစ္နဲ႔ပတ္သက္ျပီး ကာကြယ္ေဆးကို ႏုိင္ငံတခ်ိဳ႕မွာ စသံုးေနၾကျပီ။ ျမန္မာႏိုင္ငံကေတာ့ ဘယ္ေတာ့ရမလဲ မသိေသးဘူး။ ကာကြယ္ေဆးမရခင္ လက္ရွိမွာေတာ့ ကူးစက္မႈေတြက ဆက္ရွိေနတုန္းပဲဆုိေတာ့ ျမန္မာႏိုင္ငံတြင္း ကူးစက္မႈ အေျခအေနေတြနဲ႔ပတ္သက္လို႔ က်န္းမာေရး၀န္ထမ္းတေယာက္အေေနနဲ႔ ဘယ္လို ျမင္မိပါလဲရွင့္။

“ကာကြယ္ေဆးကိုေတာ့ က်မတို႔ကေတာ့ ေမ ွ်ာ္လင့္ေနတာေပါ့ေနာ္ ဘာပဲေျပာေျပာ။ ဒါေပမဲ့ အခုဟာကေတာ့ ေတာ္ေတာ္မ်ားမ်ားကလည္း ျဖစ္ထားတယ္။ က်မ မိသားစုဆိုရင္လဲ က်မ အေဖ လည္း ကိုဗစ္နဲ႔ ဆံုးသြားတယ္။ အစ္မ ကလည္း positive ျဖစ္တယ္ေပါ့ေနာ္။ အဲ့ဒီကာလမွာ က်မက ဒီ volunteer သြားလုပ္လိုက္ရတယ္ေပါ့ေနာ္။ အဲ့ဒီလိုမ်ိဳးေတြနဲ႔ ဒီ ကိုဗစ္ကာလမွာ ေတာ္ေတာ္ေလး ေက်ာ္ျဖတ္ခဲ့ျပီးျပီေပါ့ေနာ္။ အဲ့ဒီအတြက္ေၾကာင့္မိုလို႔ ဒီကာကြယ္ေဆးကိုလည္း အရမ္း ေမ ွ်ာ္လင့္ပါတယ္။ ေနာက္ အားလံုးကိုလည္း ေဘးရန္ကင္းေစခ်င္တယ္ ေပါ့ေနာ္။ စီးပြားေရး အရေရာ၊ လူမႈေရးအရေရာ အကုန္လံုးက ဆံုး႐ံႈးမႈေတြက အမ်ားၾကီးပါ။ အဲ့ဒီလိုမ်ိဳးေၾကာင့္ေလ အျမန္ဆံုးလည္း ဒီေရာဂါၾကီးကို ပေပ်ာက္ေစခ်င္ပါတယ္။”

အေဖက ကိုဗစ္နဲ႔ ဆံုးသြားတယ္ဆိုလို႔ စိတ္မေကာင္းပါဘူးရွင့္။ မိသားစုထဲမွာကို ကူးခံရသူေတြ ရွိခဲ့တာေပါ့။

“မိသားစုထဲမွာ ကူးခံရတာေပါ့ေနာ္။ က်မ ကေတာ့ ဒီ volunteer စလုပ္ကတည္းက အိမ္နဲ႔ခြဲေနရတယ္။ ေနာက္ျပီးေတာ့ မိဘေတြဆိုရင္လဲ သူတို႔ သီးသန္႔ေနလို႔သာေပါ့ေနာ္ က်မ ကို ကူးစက္ မခံရတာေပါ့ေနာ္။ သူတို႔က ဘယ္လိုလဲဆိုေတာ့ သူတို႔ေနထိုင္ရတဲ့ အေနအထား၊ ရပ္ကြက္ အေနအထားေတြက ေဘးပတ္၀န္းက်င္ေတြက မေကာင္းဘူးေပါ့ေနာ္။ ပတ္၀န္းက်င္ေတြက လူေနထူထပ္မႈေၾကာင့္ တအိမ္နဲ႔တအိမ္ နီးကပ္တဲ့အတြက္ေၾကာင့္မိုလို႔ ေဘးအိမ္ကျဖစ္ရင္ ဒီအိမ္လည္းျဖစ္။ အဲ့ဒီလိုမ်ိဳး ျဖစ္ၾကတာမ်ားပါတယ္။ ဒီ ျမန္မာႏိုင္ငံမွာကေတာ့ အဲ့ဒီလိုမ်ိဳး မ်ားၾကတယ္။”

ဟုတ္ကဲ့။ ကိုဗစ္ကာကြယ္မႈနဲ႔ပတ္သက္လို႔ ေဒၚေအာင္ဆန္းစုၾကည္ ဆိုရင္လည္း မၾကာမၾကာ သတိေပးတာေတြ ရွိပါတယ္။ လူေတြ အေနနဲ႔ ပိုျပီး ပူးေပါင္းေဆာင္ရြက္ဖို႔ေပါ့။ လူေတြရဲ႕ လူေတြရဲ႕လိုက္ပါ ေဆာင္ရြက္မႈ အားနည္းတယ္ဆိုတာမ်ိဳး က်န္းမာေရး၀န္ထမ္းေတြကလည္း ေျပာတာ ရွိပါတယ္။ ကိုယ္ေရာ ေဆး၀န္ထမ္းတေယာက္အေနနဲ႔ အဲ့ဒီလို ေတြ႔ရပါလားရွင့္။

“ေတြ႔ရပါတယ္ရွင့္။ လူေတြက လိုက္နာမႈအားနည္းၾကပါတယ္။ ေတာ္ေတာ္ အားနည္းၾကပါတယ္။ တခ်ိဳ႕ဆိုလို႔ရွိရင္ mask မပါဘဲ သြားတာလာတာေတြလည္း ျမင္ေတြ႔ေနရပါတယ္။ ျပီးေတာ့ လူ မစုသင့္ဘဲနဲ႔ စုေ၀းျပီးေတာ့ ေနတာေတြ။ အဲ့ဒီလိုမ်ိဳးေတြကို ေတာ္ေတာ္မ်ားမ်ား ေတြ႔ေနရပါတယ္။ ကိုယ့္အသိစိတ္နဲ႔ကိုယ္ စည္းကမ္း လိုက္နာၾကလို႔ ရွိရင္ေတာ့ အစိုးရအမိန္႔ေတြေတာင္ ထုတ္ျပန္စရာမလိုပါဘူး။ အခုက အဲ့ဒီလိုမဟုတ္ဘဲနဲ႔ အမိန္႔ထုတ္ျပန္ထားတဲ့ၾကားကပဲ လိုက္နာမႈေတြ မရွိတာကို ေတြ႔ရပါတယ္။”

အခုဆိုရင္ ကူးစက္မႈေတြမ်ားလာေတာ့ ေဆး၀န္ထမ္းေတြ ပိုျပီး ပင္ပန္းလာတယ္ဆိုတာကိုလည္း ၾကားရပါတယ္။ ကိုယ္တိုင္ေရာ အဲ့ဒီလို ၾကံဳေတြ႔ရပါလား။

“ဟုတ္တယ္ရွင့္။ ဘာလို႔လဲ ဆိုေတာ့ ဂ်ဴတီေတြ စိပ္လာတယ္။ ဂ်ဴတီေတြမွာ ဥပမာ ခါတိုင္း လူနာ ၃ ေယာက္ေလာက္ပဲ ၾကည့္ရမယ္၊ ၃ ေယာက္ေလာက္ပဲ ေသြးစစ္ရမယ္ဆိုလို႔ရွိရင္ ဒီ ကိုဗစ္ သံသယလူနာေတြက ၁၀ ေယာက္ေလာက္ ၀င္လာတဲ့အခ်ိန္မွာ ဆိုလို႔ရွိရင္ အဆင္မေျပဘူးေပါ့။ အဆင္မေျပဘူးဆိုတာက သူတို႔ဟာကို ကိုင္တြယ္ဖို႔အတြက္ က်မတို႔က PPE ၀တ္မယ္။ PPE မဟုတ္ရင္ေတာင္မွ level 2 ေလာက္အထိ ၀တ္ျပီးေတာ့မွ sample ေတြ ကိုင္မယ္ ဆိုတဲ့အခါက်ေတာ့ ခါတိုင္း ပံုမွန္လုပ္တဲ့ routine လုပ္သလို မဟုတ္ဘူးေပါ့။ ပံုမွန္လုပ္တဲ့အလုပ္ကေတာ့ လူနာ သံုး- ေလးေယာက္ကို တခါတည္းပဲ တျပိဳင္တည္းပဲ လုပ္တာေပါ့။ အခုဟာက ကိုဗစ္လူနာဆိုလို႔ရွိရင္ ေရာက္တာနဲ႔ က်မတို႔က ခ်က္ခ်င္း လုပ္ေပးရတဲ့ ပံုစံ အေနအထား ရွိတဲ့အခါက်ေတာ့ အဲ့ဒီမွာ Level 2 ၀တ္တာတို႔၊ PPE ၀တ္တာတို႔ အဲ့ဒါေတြ ၀တ္တာကအစ လူကို စိတ္အေႏွာက္အယွက္ ျဖစ္လာတာေပါ့ေနာ္ ၾကာလာတဲ့အခါက်ေတာ့။ ခနခန ထထျပီး ၀တ္ရတယ္ဆိုတဲ့အခါက်ေတာ့ စိတ္ထဲမွာ ပင္ပန္းျပီးေတာ့ေလ အဲ့လိုေပါ့ ခါတိုင္းနားသလို မနားရေတာ့ဘူးေပါ့ေနာ္။ ဆက္တိုက္ ဆက္တိုက္ လုပ္သြားျပီးေတာ့မွ ကိုယ့္ဂ်ဴတီခ်ိန္မွာေတာ့ ျပီးေအာင္ လုပ္ရတာေပါ့။”

အခုက ကူးႏႈန္းေတြကလည္း အမ်ားၾကီး က်မသြားေသးဘူးေနာ္။ အ၀င္အထြက္ ပိတ္ဆို႔ထားတာေတြလည္း ဆက္ရွိေနသးတယ္။

“ဟုတ္ကဲ့။ ကူးႏႈန္းကလည္း မက်ေသးေတာ့ က်မတို႔ရဲ႕ volunteer ကာလကလည္း ျပီးဆံုးဖို႔ မျဖစ္ႏိုင္ေသးဘူးေပါ့ေနာ္။ ဆက္ရဦးမယ္လို႔ ထင္ပါတယ္။”

ကိုယ္လုပ္ေနတဲ့ဌာနကလည္း စစ္တဲ့ဌာန ျဖစ္ေနတဲ့အခါက်ေတာ့ ေရာဂါကူးစက္မႈေတြ က်လာတယ္ဆိုရင္ေတာင္ ကုတဲ့ေနရာေတြမွာသာ နည္းနည္း ေလ်ာ့တာ သိသာခ်င္ သိသာမယ္။ စစ္ေဆးတာေတြကေတာ့ ဆက္ စစ္ေဆးေနရဦးမွာပဲေပါ့။

“ဟုတ္ကဲ့။ ဆက္စစ္တဲ့သူေတြက စစ္ေနရမွာပဲ။ ဟုတ္ကဲ့။”

ဟုတ္ကဲ့ ခုလို ေျဖၾကားေပးတာ ေက်းဇူးပါရွင့္။

တိုက္႐ိုက္ လင့္ခ္

===========================================

ကိုဗစ် စစ်ဆေးပေးတဲ့ အမျိုးသမီး ဆေးဝန်ထမ်းတယောက်ရဲ့ အတွေ့အကြုံ (အမျိုးသမီးကဏ္ဍ)

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်သူ နေ့စဉ် ၁,၀၀၀ ကျော်နှုန်း ဆက်ရှိနေဆဲဖြစ်ပြီး ကူးစက်ခံရသူပေါင်း ၁ သိန်း ၁ သောင်းကျော် သွားပါပြီ။ ရောဂါပိုး ရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေ လုပ်နေရတဲ့ ဆေးဝန်းထမ်းတွေကတော့ ကူးစက်မှုတွေ လျော့ကျလာတယ်ဆိုရင်တောင် နေ့စဉ် စမ်းသပ်စစ်ဆေးမှုတွေ ပုံမှန် ဆက်လုပ်နေကြရဦးမှာပါ။ ဒီလို ရောဂါ ပိုး စစ်ဆေးပေးတဲ့ ဆေးဝန်ထမ်းတွေထဲမှာ အမျိုးသမီးတွေလည်း အများအပြား ပါ ပါတယ်။ ကိုဗစ်ဆေးစစ်ရာမှာ ပါဝင်နေကြတဲ့ အမျိုးသမီး ဆေးဝန်ထမ်းတွေရဲ့ အတွေ့အကြုံ တချို့ကိုတော့ ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဌာနနဲ့ ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်း လုပ်ဆောင်နေတဲ့ ကုန်စည်စီးဆင်းရေး စီမံကိန်းအတွက် ကိုဗစ်ရောဂါ စစ်ဆေးမှုတွေမှာ volunteer ပါဝင် လုပ်ဆောင်နေတဲ့ မနန်းမိုးလွင်ကို ဆက်သွယ် မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

မနန်းမိုးလွင်က ရန်ကုန် အထွေထွေ ရောဂါကုဆေးရုံသစ်ကြီးမှာ ဓာတ်ခွဲခန်းမှူးအဖြစ် နှစ်ပေါင်းအတော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးတော့၊ အခု လတ်တလောမှာ ကျောင်း တဖက် တက်နေရင်းနဲ့ ကိုဗစ် ဆေးစစ်ဖို့ နှာခေါင်းတို့ဖက် ယူရတဲ့နေရာတွေမှာ Volunteer ဝင်လုပ်ပေး နေတယ်ဆိုတော့ ဒီ နှာခေါင်းတို့ဖက် ယူရတဲ့ အတွေ့အကြုံ ပြောပြပါဦးရှင့်။ အခု ကူးစက်မှုတွေကလည်း များနေသေးတယ်ဆိုတော့ ဓါတ်ခွဲနမူနာ ယူရတာတွေရော ပိုများလာသလားရှင့်။

“ဟုတ်ကဲ့ရှင့် များတယ်ရှင့်။ ကျမတို့က ကျတော့ ကုန်စည်စီးဆင်းရေးအတွက် စပြီးတော့ လုပ်ကိုင်တဲ့အတွက်ကြောင့်မိုလို့ အဲ့ဒီမှာ Rapid Antigen Test Kit နဲ့ စမ်းသပ်တဲ့ RTT (Rapid Test and Track) Test ကို စပြီးတော့ လုပ်ပေးတာပေါ့နော်။ လုပ်ပေးတဲ့အခါကျတော့ ဒီကုန်စည် စီးဆင်းမှုအတွက်ကြောင့်မိုလို့ ဒီကားသမားတွေ၊ ကုန်ကားမောင်းတဲ့သူတွေကို ကိုဗစ်ကင်းစင်ကြောင်းကို ကျမတို့က စစ်ဆေးပေးရတာပေါ့။ အဲ့ဒီလူတွေက တနေ့ တနေ့ကို အနည်းဆုံး ၃၀၀ နဲ့ ၅၀၀ ကြားထဲမှာ ရှိပါတယ်။ ဒီ RTT test နဲ့ MPC ခန်းမမှာ ကျမတို့ စစ်ဆေးပေးနေပါတယ်။”

ဟုတ်ကဲ့။ မနန်းမိုးလွင်ပြောသလို ကုန်စည်စီးဆင်းမှုအတွက် ကားသမားတွေကို စစ်ဆေးပေးရတာဆိုတော့ ဘယ်လိုနေရာတွေမှာ သွားစစ်ပေး ရတာလဲရှင့်။

“ကျမတို့ရဲ့ branch မှာတော့ ခွဲထားတာတွေ ရှိပါတယ်။ တိုက်ကြီးအဝင်မှာလည်း ရှိတယ်။ Zero မိုင်မှာလည်း ရှိတယ်။ ကျမတို့ကကျတော့ ဒီ MPC ခန်းမ မှာပဲ ကျမတို့ အဖွဲ့လေးကို တဖွဲ့ကိုတော့ တာဝန် ချပြီးတော့ လုပ်နေတာပေါ့နော်။ အဲ့ဒီမှာလဲ အဲ့လိုပေါ့ ကားသမားတွေကလည်း တချို့ နယ်ကနေ လာပြီးတော့ ရန်ကုန် ဝင်ပြီးတော့မှ သူတို့ရဲ့ သက်ဆိုင်ရာ ကုမ္ပဏီတွေကနေမှ ကျမတို့ ဒီ MPC ခန်းမကို လာပြီးတော့ စစ်ပြီးတော့မှ certificate ရယူပြီးတော့မှ ဆက်ပြီးတော့ ခရီးဆက်ခွင့် ရတာပေါ့နော်။ အဲ့ဒီလိုမျိုးအတွက်ကြောင့်မိုလို့ သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ ချိတ်ပြီးတော့ပဲ ဒီကိုလာပြီးတော့ စစ်ဆေးရတာပေါ့နော်။”

အခုအချိန်မှာ တကယ်ကတော့ တခြား မလိုအပ်တဲ့ သွားလာမှုတွေကတော့ ပိတ်ထားတာပေါ့နော်။

“ပိတ်ထားတယ်။ မလိုအပ်တဲ့သွားလာမှုတွေကို လုံး၀ ခွင့်ပြုမထားဘဲ ကုန်စည် စီးဆင်းရေး ခေါင်းစဉ်နဲ့ ဒီလူတွေကို စစ်ပေးဖို့အတွက် ကျမတို့က volunteer လုပ်နေတာ။”

အဲ့ဒီတော့ အခုလို စစ်တဲ့အခါမှာရော လိုအပ်တဲ့ အကာအကွယ် အစီအမံတွေ ပြည့်ပြည့်စုံစုံ ရလားရှင့်။

“ရပါတယ်ရှင့်။ အဲ့ဒါကတော့ UMFCCI ရဲ့ ထောက်ပံ့မှုနဲ့ ကျမတို့က ဒီ PPE တို့ ဘာတို့၊ mask တို့၊ glove တို့ကို သူတို့ သေသေချာချာ လုပ်ပေးပါတယ်ရှင့်။ ကျမတို့ကတော့ သတိနဲ့တော့ အမြဲတမ်း လုပ်ရတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းသည် positive ဖြစ်နိုင်တယ်ဆိုတဲ့ အတွေးနဲ့ ကျမတို့သည် အမြဲတမ်း သတိနဲ့ ကိုင်တွယ် လုပ်ကိုင်ပြီးတော့ prevention ကိုတော့ အမြဲ ယူထားပါတယ်ရှင့်။”

ကိုယ့်ကို ကူးမလားဆိုတဲ့ စိုးရိမ်မှုရော ရှိလား။

“စိုးရိမ်မှုတော့ ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နောက်ဘက်မှာ ကိုယ့်မိသားစုတွေ ဘာတွေက ရှိသေးတဲ့အတွက်ကြောင့်မိုလို့ ကျမတို့က ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မှ ဖြစ်မယ်ဆိုတဲ့ စိုးရိမ်မှုကတော့ ရှိပါတယ်ရှင့်။ စစချင်းမှာတော့ ကျမတို့လည်း အရမ်း စိတ်လှုပ်ရှားတာပေါ့နော်။ ဒီဟာကြီးက ဘယ်လို ဘာလဲ ဆိုပြီးတော့။ အခု တဖြည်းဖြည်း လုပ်ရင်းနဲ့တော့ ကိုယ့်ဟာကိုယ် သတိနဲ့ ကိုင်တွယ်ပြီး လုပ်တဲ့အတွက်ကြောင့်မို့တော့ အဲ့ဒီစိုးရိမ်မှုတွေ ကတော့ နည်းနည်း လျော့သွားပါတယ်။ ဒါပေမဲ့ အမြဲတမ်း သတိရှိနေရမယ်ဆိုတဲ့ အတွေးကတော့ စိတ်ထဲမှာ အမြဲရှိပါတယ်။”

တနေ့ကိုရော ဘယ်နှစ်နာရီလောက် အလုပ် လုပ်ရပါလဲရှင့် အခု။

“ဟုတ်ကဲ့။ PPE ဝတ်တယ်ဆိုရင်တော့ တနေ့ကို အနည်းဆုံး ၃ နာရီတော့ ကျမတို့ ဝတ်ကြရပြီးတော့ အုပ်စုလေးတွေ ခွဲပြီးတော့ ကျမတို့က အဲ့ဒီလို ၃ နာရီလောက် PPE ဝတ်ပြီးတော့ လုပ်ကြပါတယ်ရှင့်။”

အဲ့လို စစ်ဆေးနေတဲ့အချိန်မှာရော တချို့ အစစ်ဆေးခံတဲ့ သူတွေက ကျန်းမာရေးဝန်ထမ်းတွေကို အလိုမကျတာမျိုး ပြောတာဆိုတာ ကြုံရတာမျိုးတွေရော ရှိလား။

“ဟုတ်ကဲ့ ရှိပါတယ်။ တချို့ကျတော့လဲ ဒီကားသမားတွေရဲ့ certificate က ကျမတို့က ၃ ရက်ပဲ။ ၇၂ နာရီပဲ ပေးပါတယ်ရှင့်။ ပေးတဲ့အခါကျတော့ ဒီ ကားသမားတွေက ၃ ရက်တခါလောက် သူတို့ အမြဲတမ်း လာစစ်ရပါတယ်။ လာစစ်ရတဲ့အခါကျတော့ သူတို့က ခနခန အနှိုက်ခံနေရတာပေါ့နော်။ သူတို့နှာခေါင်းတွေ ဘယ်လိုဖြစ်ကုန်မလဲ ဘာညာ ဆိုတာမျိုး အဲ့ဒီလို complain တက်တာတွေလည်း ရှိပါတယ်။”

ဘာကြောင့်များ ခုလို နေရာမှာ volunteer ဝင်လုပ်ဖြစ်တာလဲ ဆိုတာလဲ ပြောပြပါဦးရှင့်။

“ကျမလည်း ဒီလိုမျိုး ကပ်ရောဂါကြီး ဖြစ်နေတဲ့အချိန်မှာ ဘာပဲပြောပြော ပါဝင်လုပ်ဆောင်ဖို့ စိတ်အားထက်သန်တယ်။ ကျမ မိခင်ဌာနမှာ လုပ်ကတည်းက ကျမက တခုခုဆို volunteer ဆိုရင် ကျမ သွားမယ်ဆိုတဲ့ စိတ်ကူးတော့ ရှိခဲ့တယ်။ ဒီလိုမျိုး အခွင့်အရေး ပေါ်လာတဲ့အချိန်မှာ လိုက်ဖြစ်သွားတာပေါ့နော်။”

ခုလို volunteer မလုပ်ခင်တုန်းကတော့ မနန်းမိုးလွင်က မူရင်း မိခင်ဌာနဖြစ်တဲ့ ရန်ကုန် ထွေထွေရောဂါကု ဆေးရုံသစ်ကြီးမှာလည်း ဓာတ်ခွဲခန်းမှူးအဖြစ် နှစ်ပေါင်းများစွာ အလုပ် လုပ်ခဲ့သူဆိုတော့ ဒီ ကိုဗစ်တွေ စ ဖြစ်တဲ့အချိန်မှာရော အဲ့ဒီမှာ အလုပ် လုပ်ခဲ့ရသေးလား။ အဲ့ဒီအတွေ့အကြုံလည်း ပြောပြပါဦး။

“ကျမတို့ မိခင်ဌာနမှာလည်း ဒီ COVID-19 နဲ့ ကျမတို့ စစ်ရတာပါပဲရှင့်။ သံသယလူနာတွေကို ကျမတို့ swab ယူတယ်။ အစောပိုင်းတုန်းကတော့ ကျမတို့က ဒီ PCR နဲ့ပဲ စစ်တဲ့အခါကျတော့ ကိုယ့်ဌာနမှာတော့ စစ်လို့မရဘူး။ ဆေးသုတေသနကို ပို့ပေးတဲ့ဟာမျိုးပေါ့နော်။ ဒီကနေ swab ယူပြီးတော့ ပို့ပေးတဲ့အစီအစဉ်ကို အဲ့ဒီတုန်းက စလုပ်ပေးတယ်။ ပထမတကျော့ ကူးစက်မှုတွေ ဖြစ်တုန်းက အဲ့ဒီလို လုပ်ရတယ်။အခု ဒုတိယအကျော့ ကူးစက်မှုတွေ ဖြစ်တဲ့အခါကျတော့ ကျမတို့ ဌာနမှာတော့ RTT က နောက်မှ ပေါ်လာတာပေါ့။ ကျမတို့က volunteer ရောက်သွားတဲ့ချိန်မှာမှ RTT test ကို ဒီ မြန်မာနိုင်ငံမှာ စသုံးတဲ့အတွက်ကြောင့်မိုလို့ ဒီ RTT Test ကတော့ ကျမက MPC ခန်းမ မှာပဲ လုပ်ဖူးတယ်။ ကျမတို့ဌာနမှာတော့ မလုပ်ရဘူးပေါ့နော်။ မလုပ်ခဲ့ရဘူး။ ဒါပေမဲ့ အခုတော့ ကျမတို့ဌာနမှာလည်း RTT နဲ့လည်း လုပ်တယ်။ PCR နဲ့လည်း လုပ်ပါတယ်ရှင့်။”

အဲ့တော့ အခု အပြင်မှာ volunteer စ လုပ်တာက ဘယ်တုန်းကမှ စလုပ်ဖြစ်တာလဲရှင့်။

“ဟုတ်ကဲ့ရှင့်။ ပထမတကျော့ ကူးစက်မှုတွေ ဖြစ်တုန်းကတော့ ကျမ မိခင်ဌာနမှာပဲ လုပ်ပေးတယ်။ တောက်လေ ျှာက်လုပ်ပေးပြီးတော့ ဒီ ဒုတိယအကြိမ် ကူးစက်မှုတွေ အစ ပေါ့နော်။ ၉ လပိုင်းမှာ ကျမတို့ကို ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနက volunteer ဆိုပြီး လှမ်းခေါ်တဲ့အတွက်ကြောင့်မိုလို့ ကျမတို့ အဲ့ဒီမှာ သွားလုပ်တဲ့အခါကျတော့ အခုဆိုရင် ၃ လနီးပါး ရှိနေပြီပေါ့နော်။”

အခု အလုပ်မှာရော အမျိုးသမီးတွေ တော်တော် များသလားရှင့်။

“ဟုတ်ကဲ့ များပါတယ်။ ကျမတို့ ဓာတ်ခွဲခန်းမှာကတော့ အမျိုးသမီးတွေ တော်တော်များပါတယ်။”

အများစုလို့ရော ပြောလို့ရနိုင်လားရှင့်။

“ပြောလို့ရနိုင်ပါတယ်။ ယောကျ်ားလေးတွေက ၂ % လောက်ပဲ။ ၁၀ ယောက်မှာ ၂ ယောက်နှုန်းလောက်ပဲ ရှိမှာပေါ့။ ၂ % လောက်ပဲ။”

အခုဆိုရင် ကိုဗစ်နဲ့ပတ်သက်ပြီး ကာကွယ်ဆေးကို နိုင်ငံတချို့မှာ စသုံးနေကြပြီ။ မြန်မာနိုင်ငံကတော့ ဘယ်တော့ရမလဲ မသိသေးဘူး။ ကာကွယ်ဆေးမရခင် လက်ရှိမှာတော့ ကူးစက်မှုတွေက ဆက်ရှိနေတုန်းပဲဆိုတော့ မြန်မာနိုင်ငံတွင်း ကူးစက်မှု အခြေအနေတွေနဲ့ပတ်သက်လို့ ကျန်းမာရေးဝန်ထမ်းတယောက်အေနေနဲ့ ဘယ်လို မြင်မိပါလဲရှင့်။

“ကာကွယ်ဆေးကိုတော့ ကျမတို့ကတော့ မေ ျှာ်လင့်နေတာပေါ့နော် ဘာပဲပြောပြော။ ဒါပေမဲ့ အခုဟာကတော့ တော်တော်များများကလည်း ဖြစ်ထားတယ်။ ကျမ မိသားစုဆိုရင်လဲ ကျမ အဖေ လည်း ကိုဗစ်နဲ့ ဆုံးသွားတယ်။ အစ်မ ကလည်း positive ဖြစ်တယ်ပေါ့နော်။ အဲ့ဒီကာလမှာ ကျမက ဒီ volunteer သွားလုပ်လိုက်ရတယ်ပေါ့နော်။ အဲ့ဒီလိုမျိုးတွေနဲ့ ဒီ ကိုဗစ်ကာလမှာ တော်တော်လေး ကျော်ဖြတ်ခဲ့ပြီးပြီပေါ့နော်။ အဲ့ဒီအတွက်ကြောင့်မိုလို့ ဒီကာကွယ်ဆေးကိုလည်း အရမ်း မေ ျှာ်လင့်ပါတယ်။ နောက် အားလုံးကိုလည်း ဘေးရန်ကင်းစေချင်တယ် ပေါ့နော်။ စီးပွားရေး အရရော၊ လူမှုရေးအရရော အကုန်လုံးက ဆုံးရှုံးမှုတွေက အများကြီးပါ။ အဲ့ဒီလိုမျိုးကြောင့်လေ အမြန်ဆုံးလည်း ဒီရောဂါကြီးကို ပပျောက်စေချင်ပါတယ်။”

အဖေက ကိုဗစ်နဲ့ ဆုံးသွားတယ်ဆိုလို့ စိတ်မကောင်းပါဘူးရှင့်။ မိသားစုထဲမှာကို ကူးခံရသူတွေ ရှိခဲ့တာပေါ့။

“မိသားစုထဲမှာ ကူးခံရတာပေါ့နော်။ ကျမ ကတော့ ဒီ volunteer စလုပ်ကတည်းက အိမ်နဲ့ခွဲနေရတယ်။ နောက်ပြီးတော့ မိဘတွေဆိုရင်လဲ သူတို့ သီးသန့်နေလို့သာပေါ့နော် ကျမ ကို ကူးစက် မခံရတာပေါ့နော်။ သူတို့က ဘယ်လိုလဲဆိုတော့ သူတို့နေထိုင်ရတဲ့ အနေအထား၊ ရပ်ကွက် အနေအထားတွေက ဘေးပတ်ဝန်းကျင်တွေက မကောင်းဘူးပေါ့နော်။ ပတ်ဝန်းကျင်တွေက လူနေထူထပ်မှုကြောင့် တအိမ်နဲ့တအိမ် နီးကပ်တဲ့အတွက်ကြောင့်မိုလို့ ဘေးအိမ်ကဖြစ်ရင် ဒီအိမ်လည်းဖြစ်။ အဲ့ဒီလိုမျိုး ဖြစ်ကြတာများပါတယ်။ ဒီ မြန်မာနိုင်ငံမှာကတော့ အဲ့ဒီလိုမျိုး များကြတယ်။”

ဟုတ်ကဲ့။ ကိုဗစ်ကာကွယ်မှုနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ဆိုရင်လည်း မကြာမကြာ သတိပေးတာတွေ ရှိပါတယ်။ လူတွေ အနေနဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ပေါ့။ လူတွေရဲ့ လူတွေရဲ့လိုက်ပါ ဆောင်ရွက်မှု အားနည်းတယ်ဆိုတာမျိုး ကျန်းမာရေးဝန်ထမ်းတွေကလည်း ပြောတာ ရှိပါတယ်။ ကိုယ်ရော ဆေးဝန်ထမ်းတယောက်အနေနဲ့ အဲ့ဒီလို တွေ့ရပါလားရှင့်။

“တွေ့ရပါတယ်ရှင့်။ လူတွေက လိုက်နာမှုအားနည်းကြပါတယ်။ တော်တော် အားနည်းကြပါတယ်။ တချို့ဆိုလို့ရှိရင် mask မပါဘဲ သွားတာလာတာတွေလည်း မြင်တွေ့နေရပါတယ်။ ပြီးတော့ လူ မစုသင့်ဘဲနဲ့ စုဝေးပြီးတော့ နေတာတွေ။ အဲ့ဒီလိုမျိုးတွေကို တော်တော်များများ တွေ့နေရပါတယ်။ ကိုယ့်အသိစိတ်နဲ့ကိုယ် စည်းကမ်း လိုက်နာကြလို့ ရှိရင်တော့ အစိုးရအမိန့်တွေတောင် ထုတ်ပြန်စရာမလိုပါဘူး။ အခုက အဲ့ဒီလိုမဟုတ်ဘဲနဲ့ အမိန့်ထုတ်ပြန်ထားတဲ့ကြားကပဲ လိုက်နာမှုတွေ မရှိတာကို တွေ့ရပါတယ်။”

အခုဆိုရင် ကူးစက်မှုတွေများလာတော့ ဆေးဝန်ထမ်းတွေ ပိုပြီး ပင်ပန်းလာတယ်ဆိုတာကိုလည်း ကြားရပါတယ်။ ကိုယ်တိုင်ရော အဲ့ဒီလို ကြုံတွေ့ရပါလား။

“ဟုတ်တယ်ရှင့်။ ဘာလို့လဲ ဆိုတော့ ဂျူတီတွေ စိပ်လာတယ်။ ဂျူတီတွေမှာ ဥပမာ ခါတိုင်း လူနာ ၃ ယောက်လောက်ပဲ ကြည့်ရမယ်၊ ၃ ယောက်လောက်ပဲ သွေးစစ်ရမယ်ဆိုလို့ရှိရင် ဒီ ကိုဗစ် သံသယလူနာတွေက ၁၀ ယောက်လောက် ဝင်လာတဲ့အချိန်မှာ ဆိုလို့ရှိရင် အဆင်မပြေဘူးပေါ့။ အဆင်မပြေဘူးဆိုတာက သူတို့ဟာကို ကိုင်တွယ်ဖို့အတွက် ကျမတို့က PPE ဝတ်မယ်။ PPE မဟုတ်ရင်တောင်မှ level 2 လောက်အထိ ဝတ်ပြီးတော့မှ sample တွေ ကိုင်မယ် ဆိုတဲ့အခါကျတော့ ခါတိုင်း ပုံမှန်လုပ်တဲ့ routine လုပ်သလို မဟုတ်ဘူးပေါ့။ ပုံမှန်လုပ်တဲ့အလုပ်ကတော့ လူနာ သုံး- လေးယောက်ကို တခါတည်းပဲ တပြိုင်တည်းပဲ လုပ်တာပေါ့။ အခုဟာက ကိုဗစ်လူနာဆိုလို့ရှိရင် ရောက်တာနဲ့ ကျမတို့က ချက်ချင်း လုပ်ပေးရတဲ့ ပုံစံ အနေအထား ရှိတဲ့အခါကျတော့ အဲ့ဒီမှာ Level 2 ဝတ်တာတို့၊ PPE ဝတ်တာတို့ အဲ့ဒါတွေ ဝတ်တာကအစ လူကို စိတ်အနှောက်အယှက် ဖြစ်လာတာပေါ့နော် ကြာလာတဲ့အခါကျတော့။ ခနခန ထထပြီး ဝတ်ရတယ်ဆိုတဲ့အခါကျတော့ စိတ်ထဲမှာ ပင်ပန်းပြီးတော့လေ အဲ့လိုပေါ့ ခါတိုင်းနားသလို မနားရတော့ဘူးပေါ့နော်။ ဆက်တိုက် ဆက်တိုက် လုပ်သွားပြီးတော့မှ ကိုယ့်ဂျူတီချိန်မှာတော့ ပြီးအောင် လုပ်ရတာပေါ့။”

အခုက ကူးနှုန်းတွေကလည်း အများကြီး ကျမသွားသေးဘူးနော်။ အဝင်အထွက် ပိတ်ဆို့ထားတာတွေလည်း ဆက်ရှိနေသးတယ်။

“ဟုတ်ကဲ့။ ကူးနှုန်းကလည်း မကျသေးတော့ ကျမတို့ရဲ့ volunteer ကာလကလည်း ပြီးဆုံးဖို့ မဖြစ်နိုင်သေးဘူးပေါ့နော်။ ဆက်ရဦးမယ်လို့ ထင်ပါတယ်။”

ကိုယ်လုပ်နေတဲ့ဌာနကလည်း စစ်တဲ့ဌာန ဖြစ်နေတဲ့အခါကျတော့ ရောဂါကူးစက်မှုတွေ ကျလာတယ်ဆိုရင်တောင် ကုတဲ့နေရာတွေမှာသာ နည်းနည်း လျော့တာ သိသာချင် သိသာမယ်။ စစ်ဆေးတာတွေကတော့ ဆက် စစ်ဆေးနေရဦးမှာပဲပေါ့။

“ဟုတ်ကဲ့။ ဆက်စစ်တဲ့သူတွေက စစ်နေရမှာပဲ။ ဟုတ်ကဲ့။”

ဟုတ်ကဲ့ ခုလို ဖြေကြားပေးတာ ကျေးဇူးပါရှင့်။

XS
SM
MD
LG