သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့လူမႈ၀န္ထမ္းလုပ္ငန္း ပိုမိုတိုးတက္ေအာင္ ဘာေတြလုပ္ႏိုင္မလဲ


(Zawgyi/Unicode)
လူမႈ၀န္ထမ္းလုပ္ငန္းေတြ ျမန္မာႏိုင္ငံမွာ ပိုျပီး စနစ္တက် လုပ္ေဆာင္လာႏုိင္ဖို႔ဆိုရင္ ဒါကို ကၽြမ္းက်င္ပညာရပ္တခုအျဖစ္ သင္ၾကား ပို႔ခ်ေပးဖို႔ လိုအပ္သလို၊ လူမႈ၀န္ထမ္းေတြ လုပ္နာရမယ့္ က်င့္၀တ္ စံႏႈန္းေတြ စနစ္တက် ခ်မွတ္ထားဖို႔ လိုအပ္တယ္လုိ႔ ျမန္မာႏိုင္ငံအတြင္း လူမႈ၀န္ထမ္းလုပ္ငန္းေတြအေၾကာင္း ေလ့လာ သုေတသန စာတမ္းျပဳစုေနျပီး မၾကာခင္မွာ ကယ္လီဖိုးနီးယားျပည္နယ္ La Sierra တကၠသိုလ္ကေန ပါရဂူဘြဲ႔ယူဖို႔ ရွိေနတဲ့ မမစ္ရွဲလ္ ခေမာင္း (Michelle Kamau) က ေျပာပါတယ္။ လူမႈ၀န္ထမ္းလုပ္ငန္းေတြမွာ အႏွစ္ ၂၀ ေလာက္ ကိုယ္တိုင္ ပါ၀င္လုပ္ကိုင္ခဲ့ျပီး ဒီဘာသာရပ္ကို အထူးျပဳ ေလ့လာထားတဲ့ ပညာရွင္တေယာက္ အေနနဲ႔ ျမန္မာႏိုင္ငံက လူမႈ၀န္ထမ္း လုပ္ငန္းေတြ ပိုမို တိုးတက္လာေအာင္ ဘာေတြ အၾကံျပဳထားပါလဲ။ ႏိုင္ငံတခု ဖြံ႔ျဖိဳးေရးမွာ လူမႈ၀န္ထမ္း လုပ္ငန္းေတြရဲ႕ အခန္းက႑က ဘယ္ေလာက္အထိ အေရးပါ ပါသလဲ။ ဒီက႑မွာ အမ်ိဳးသမီးေတြ အမ်ားအျပား ပါ၀င္ လႈပ္ရွားေနတာေၾကာင့္ ဒီက႑ စနစ္တက် ဖြံ႔ျဖိဳးလာရင္ အမ်ိဳးသမီးေတြ အတြက္ေရာ ဘယ္လို တိုးတက္မႈေတြ ခံစားလာရႏုိင္မလဲ ဆိုတာေတြကို ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မမစ္ရွဲလ္ခေမာင္းကို ေမးျမန္းျပီး မခင္ျဖဴေထြးက စုစည္းတင္ဆက္ထားပါတယ္။


ျမန္မာႏိုင္ငံမွာ လူမႈ၀န္ထမ္းလုပ္ငန္းေတြ လုပ္ေဆာင္ေနၾကတာ ေနရာတိုင္းမွာ ရွိေနေပမဲ့ ဒါကို ဘာသာရပ္တခုအေနနဲ႔ တတ္ကၽြမ္းျပီး ပေရာ္ဖက္ရွင္နယ္ လုပ္ငန္းတခုလို လုပ္ႏုိင္တဲ့ ပညာရွင္ေတြ နည္းပါးေနေသးတယ္လုိ႔ မမစ္ရွဲလ္က ေထာက္ျပထားတာေပါ့ေလ။ ဆိုေတာ့ ဒီလုပ္ငန္းမွာ ကၽြမ္းက်င္ပညာရွင္တေယာက္ အေနနဲ႔ ျမန္မာႏိုင္ငံအတြက္ အဓိက ဘာေတြ အၾကံျပဳပါသလဲရွင့္။

“က်မ ပေရာ္ဖက္ရွင္နယ္ တေယာက္အေနနဲ႔ အၾကံေပးရမယ္ဆိုရင္ေတာ့ ဒီေက်ာင္းကို စကိုစရမယ္။ ေက်ာင္းရွိဖို႔အတြက္ ျမန္မာျပည္မွာရွိတဲ့ social worker တိုင္းကို ျပန္ျပီး recruit လုပ္ေပါ့ေနာ္။ recruit ဆိုတာကေတာ့ ဒီလူေတြကို ေခၚျပီးေတာ့ ဘယ္ေနရာမွာ ဘယ္ေလာက္ ျပန္သင္ေပးႏိုင္မလဲဆုိတာ အကူအညီေတာင္းရမယ္။ ဒါ့အျပင္ အစိုးရရယ္၊ private sector (ပုဂၢလိကက႑) ႏွစ္ခုေပါင္းျပီးမွ လုပ္လို႔ရမယ့္ကိစၥပါ။ ေတာ္ေတာ္ေတာ့ အားလံုးက ၀ိုင္းျပီးေတာ့ ကူညီေဆာင္ရြက္မွ ျဖစ္လာမယ့္ကိစၥဆိုေတာ့ qualification (အရည္အခ်င္းပိုင္း) ကိုေတာ့ ေတာ္ေတာ္ေတာ့ လုပ္ဖို႔လို္တယ္ေပါ့ေနာ္။ အဲ့ဒီေတာ့ အခု ျမန္မာျပည္မွာရွိေနတဲ့ ပညာေရးစနစ္ကလည္း နည္းနည္း ျပန္ၾကည့္ရမယ္ဆိုရင္ social work education ဆိုတာ မရွိေသးဘူး။ အဲ့ဒီေတာ့ အစက ျပန္စရမယ္။ အဲ့ဒီေတာ့ Ministry of Education (ပညာေရး၀န္ၾကီးဌာန) ကေနျပီးေတာ့ အတည္ျပဳလို႔ရွိရင္ အဲ့ဒီ Bachelor level အဆင့္စျပီးေတာ့မွ ျပီးလို႔ရွိရင္ Master level ဆက္သြား။ က်မ အေနနဲ႔ ျမင္တာကေတာ့ စမယ္ဆိုလို႔ရွိရင္ ျမန္မာျပည္မွာရွိတဲ့ ဆရာေတြနဲ႔ လံုေလာက္မွာမဟုတ္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔မွာလည္း လူက နည္းနည္းေလးပဲ ရွိတယ္ဆိုေတာ့ အဲ့ဒီဘြဲ႔တခုလံုး ပညာရပ္တခုလံုးကို အစီအစဥ္ဆြဲလို႔ရွိရင္ လူက လိုလိမ့္မယ္။ အဲ့ဒီေတာ့ ႏုိင္ငံတကာမွာရွိတဲ့ ဆရာေတြ၊ ပေရာ္ဖက္ဆာေတြကို ျပန္ျပီးေတာ့ ငွားရင္ငွား၊ ဒါမွမဟုတ္ သူတို႔ဆီက အကူအညီေတာင္းေပါ့ေနာ္။ ျမန္မာႏိုင္ငံ ၀န္းက်င္မွာရွိတဲ့ အာဆီယံႏုိင္ငံေတြအျပင္ အိႏိၵယ တို႔၊ ကိုရီးယား၊ ဂ်ပန္ တို႔မွာဆိုရင္လည္း သူတို႔ဆီမွာ social worker ေတြက ေတာ္ေတာ္ ေကာင္းေကာင္းကို ထူထူေထာင္ေထာင္ ရွိေနျပီဆိုေတာ့ သူတို႔ဆီကလည္း အကူအညီေတာင္းရင္လည္း ရမယ္လို႔ေတာ့ က်မ ထင္တယ္။”

အဲ့ဒီေတာ့ ျမန္မာႏိုင္ငံမွာ လူမႈ၀န္ထမ္း ပညာရပ္ကို တကၠသိုလ္ေတြ၊ သင္တန္းေက်ာင္းေတြနဲ႔ စနစ္တက် သင္ၾကားပို႔ခ်ေပးဖုိ႔ လိုအပ္ေနတာေပါ့ေနာ္။ ဆိုေတာ့ ဒီလို လိုအပ္ခ်က္ေတြ ရွိေနတယ္ဆိုတာကို လက္ရွိ အစိုးရ လူမႈ၀န္ထမ္း ဌာနေတြကေရာ သိရွိျပီး ဒါကို ပိုျပီး တိုးတက္လာေအာင္ ေဆာင္ရြက္ေနတာမ်ိဳးေတြေရာ ေတြ႔ရပါသလားရွင့္။

“Ministry of Social Welfare (လူမႈ၀န္ထမ္းဌာန) မွာ အခု လုပ္ေဆာင္ေနတဲ့ ၀န္ၾကီး ေဒါက္တာ ၀င္းျမတ္ေအး ေပါ့ေနာ္။ သူ႔ရဲ႕လက္ေအာက္မွာ လုပ္ေနတဲ့လုပ္ငန္းေတြကေတာ့ social work နဲ႔ပတ္သက္ျပီး အရမ္းကို ၾကီးၾကီးမားမား တိုးတက္လာတယ္ဆိုတာ ေတြ႔ရတယ္။ ျပီးေတာ့ ဒီလူမႈ၀န္ထမ္းဌာနနဲ႔ ကုလသမဂၢ UNICEF ကလည္း အျမဲတမ္း အတူတူ လက္တြဲျပီး လုပ္ေနတဲ့ အစီအစဥ္ေတြ ဆိုေတာ့ ေတာ္ေတာ္ၾကီးကို အဆင္ေျပလာတယ္ေပါ့ေနာ္။ ဟိုးအရင္တုန္းက ႏွစ္ ၅၀-၆၀ ေလာက္ကနဲ႔စာရင္ ဒီလိုလုပ္တဲ့လုပ္ငန္းေတြက စနစ္တက် ပိုျပီး ျဖစ္လာတယ္။ ဒါေပမဲ့ လက္ရွိ ရွိေနတဲ့ အလုပ္ေတြနဲ႔ လံုေလာက္လားဆိုေတာ့ မလံုေလာက္ေသးပါဘူး။ ဒီ့ထက္ပိုျပီးေတာ့ ေကာင္းလာေအာင္ ပညာေရးပဲျဖစ္ျဖစ္၊ ဒါမွမဟုတ္ရင္လည္း လက္ေတြ႔လုပ္ႏိုင္တဲ့ training program ေတြပဲ ျဖစ္ျဖစ္ ပိုျပီး ရွိဖို႔ကေတာ့ တကယ္ကို လုိအပ္ေနပါတယ္။”

အခုလည္း လူမႈ၀န္ထမ္းေတြအတြက္ သင္တန္းေတြေတာ့ ရွိေနတာပဲ မဟုတ္ဘူးလားရွင့္။

“အခု ေလာေလာဆယ္ရွိတဲ့ post graduate diploma program ကေတာ့ ေကာင္းပါတယ္။ ေတာ္ေတာ္ၾကီးကို အေထာက္အကူျဖစ္ပါတယ္။ ဒါေပမဲ့ အဲ့ဒီထက္ပိုျပီးေတာ့ သြားသင့္တယ္။ အဲ့ဒီထက္ ပိုျပီးေတာ့ လိုေနတယ္ဆုိတာ က်မ ေတြ႔လာပါတယ္။ ဘာလုိ႔လဲဆိုေတာ့ ပညာေရးတင္ မကဘူး။ အစိုးရအေနနဲ႔ နည္းစနစ္ေတြ ေသခ်ာ ခ်ေတာ့မွ ပညာေရးဆိုတာလည္း ေပၚလာမယ္။ အခုက ႏွစ္ခုက ဘယ္လိုျဖစ္ေနလဲ ဆိုေတာ့ လုိေနတာက ႏွစ္ေနရာမွာလုိေနတယ္။ က်မ အျမင္အရ ေပါ့ေနာ္ ပေရာ္ဖက္ရွင္နယ္ အေနနဲ႔ ၾကည့္မယ္ဆိုလို႔ရွိရင္။ ပညာေရးမွာလည္း ခ်ိဳ႕ယြင္းေနတယ္။ ေနာက္တခုက ေပၚလစီ။ ေပၚလစီဆိုတာက ဘာလဲဆိုေတာ့ အခုရွိတဲ့ လူမႈေရးနဲ႔ပတ္သက္တဲ့ လုပ္ငန္းေတြကို လုပ္မယ္ဆိုရင္ ဥပေဒ ဆိုတာ ရွိရမယ္။ ေပၚလစီ ဆိုတာ ရွိရမယ္။ အဲ့ဒီႏွစ္ခုသာ ေသခ်ာ မရွိဘူးဆိုလို႔ရွိရင္ လုပ္ရမွာ အရမ္း ခက္ခဲတယ္ေပါ့ေနာ္။ ေနာက္တခုက ပညာေရးနဲ႔ပတ္သက္လို႔ရွိရင္ အခု က်မ သိသေလာက္ကေတာ့ ျမန္မာႏုိင္ငံမွာ ဒီ social worker ေပါ့ေနာ္။ social work ပညာရပ္နဲ႔ သင္ထားျပီးေတာ့မွ Master level အထိ Master in Social Work အထိ တက္ထားျပီးေတာ့ ရထားျပီးတဲ့သူေတြက အနည္းဆံုး ၁၀ ေယာက္ေအာက္ ေလာက္ပဲ ရွိမယ္လို႔ ထင္တယ္။ အဲ့ဒီေတာ့ လူမႈ၀န္ထမ္း ဌာနကေနျပီးေတာ့ ဦးေဆာင္ျပီးေတာ့ သူတို႔ အဲ့ဒါကို ျပန္ျပီးေတာ့ ထူထူေထာင္ေထာင္ လုပ္ေပးေတာ့မွ ဒီအရာက ျပန္ျပီးေတာ့ ေကာင္းလာမွာပါ။ သူတို႔လည္း အရမ္းၾကိဳးစားေနတာ က်မ သိတယ္။ ဒါေပမဲ့ သူတို႔လုပ္သေလာက္က အေနာက္က resource (အရင္းအျမစ္) သိပ္မရွိေတာ့ သူတို႔လုပ္ဖို႔က စိတ္အား ရွိျပီး ကိုယ္အား မလိုက္ႏိုင္တာမ်ိဳး ျဖစ္ေနတာေပါ့ေနာ္။ အဲ့ဒီေတာ့ ပုဂၢလိကက႑ကလည္း social work နဲ႔ပတ္သက္တာေတြ လုပ္ေပးထားတာေတြ အမ်ားၾကီး ရွိတယ္။ ပရဟိတ အသင္းေတြ အမ်ားၾကီး ရွိတယ္။ ျပီးလို႔ရွိရင္ NGO ေတြရွိတယ္။ INGO ေတြ ရွိတယ္။ INGO ေတြက တခါတေလက်ရင္ေတာ့ တျခား ႏိုင္ငံေတြကလာတဲ့ NGO ေတြဆိုရင္ေတာ့ သူတို႔ယဥ္ေက်းမႈနဲ႔ သူတို႔ အေတြးအေခၚနဲ႔ ျမန္မာနဲ႔ ယဥ္ေက်းမႈ ဓေလ့ေတြနဲ႔ သိပ္ျပီး မကိုက္ညီၾကဘူး။ အဲ့ဒီေတာ့ social work အေနနဲ႔ ဒီမွာရွိတဲ့ျပည္သူျပည္သားေတြကို ကူညီခ်င္ေပမဲ့ အေတြးအေခၚ ႏွစ္ခုကလြဲေနေတာ့ တခါတေလ ဒုကၡေရာက္တာေတြ ေတြ႔ရတယ္ေပါ့ေနာ္။ အဲ့ဒီေတာ့ ျမန္မာျပည္မွာရွိတဲ့ ျပည္သူျပည္သားေတြကို အေကာင္းဆံုး ျဖစ္ႏုိင္ေအာင္ တကယ္အက်ိဳးရွိစြာ လုပ္ေပးႏုိင္မယ့္သူေတြကေတာ့ ျမန္မာ social worker ေတြလို႔ က်မက ျမင္တယ္။ အဲ့ဒီေတာ့ သူတို႔အတြက္ကို သူတို႔ရဲ႕ အရည္အေသြးေတြ ျမင့္ေအာင္ဆိုလို႔ရွိရင္ ျမန္မာအစိုးရ၊ ျမန္မာျပည္မွာရွိတဲ့ ဆရာ ဆရာမေတြကေန အကုန္လံုး ပူးေပါင္းျပီး အတူတူလုပ္ၾကမွ ျဖစ္မယ့္ကိစၥဆိုေတာ့ က်မ အေနနဲ႔ေတာ့ အရင္တုန္းကလည္း social work နဲ႔ပတ္သက္ျပီး အေတြ႔အၾကံဳ ရွိတယ္။ ပညာလည္း ယူလာျပီးျပီဆိုေတာ့ က်မ အေနနဲ႔ ဘယ္ေနရာမွာပဲျဖစ္ျဖစ္ ကူညီလို႔ရမယ္ဆိုရင္ ကူညီဖို႔ကေတာ့ အဆင္သင့္ပါပဲ။”

ဟုတ္ကဲ့။ အဲ့ဒီေတာ့ ဒီလူမႈ၀န္ထမ္းလုပ္ငန္းေတြ တိုးတက္လာဖို႔ဆိုရင္ အဘက္ဘက္က ပံ့ပိုးမႈေတြ လိုအပ္ေနတယ္လုိ႔ နားလည္ပါတယ္။ ဆိုေတာ့ ဒီ လူမႈ၀န္ထမ္း လုပ္ငန္းေတြ တိုးတက္လာဖို႔က ဘာေၾကာင့္ အေရးၾကီးတာပါလဲ။ ႏုိင္ငံတႏိုင္၊ လူမႈအသိုင္းအ၀ိုင္းတခုမွာ လူမႈ၀န္ထမ္း အလုပ္ေတြ ဖြံ႔ျဖိဳတိုးတက္လာဖုိ႔မွာ လူမႈ၀န္ထမ္းေတြရဲ႕ အခန္းက႑က ဘယ္ေလာက္အထိ အေရးပါသလဲ ဆိုတာကိုလည္း နည္းနည္း ရွင္းျပေပးပါရွင့္။

“အဲ့ေတာ့ ဒီ social worker ေတြ အေနနဲ႔ သူတို႔လုပ္ေနတဲ့အလုပ္ေတြက ဘယ္ေလာက္ အေရးၾကီးလဲဆိုေတာ့ စကားပံုတခု ၾကားဖူးမွာေပါ့ေနာ္။ လူတေယာက္ ဗိုက္ဆာေနလို႔ရွိရင္ ငါးတေကာင္ သူရရင္ ဗိုက္ျပည့္သြားမယ္။ ဒါေပမဲ့ သူ႔ကို ငါးဘယ္လိုမ ွ်ားရသလဲ သင္ေပးလို႔ရွိရင္ ေနာက္ပိုင္းက်ရင္ သူ ဗိုက္ဆာလို႔ရွိရင္ သူ႔ဟာသူ ျပန္ရွာျပီး စားတတ္လာတယ္။ အဲ့ဒီအတိုင္းပဲေပါ့။ social worker ေတြကလည္း အဲ့ဒီလိုပဲ။ မိသားတစု ၾကံဳေနတဲ့ျပႆနာကို လာေျဖရွင္းေပးတဲ့အခါ ဒီ မိသားစု အေနနဲ႔ ဒီျပႆနာကို ဘယ္လိုေျဖရွင္းၾကမလဲ။ ဘယ္ေနရာေတြမွာ လိုအပ္ေနလဲ။ ျပီးရင္ ဘာ resource ေတြ လုိေနလဲ။ အဲ့ဒါေတြကို ျပသြားေပးျပီးေတာ့ ေနာက္ပိုင္း ဒီ social worker ေတြ ထြက္သြားတဲ့အခါက်လို႔ရွိရင္ ဒီမိသားစုက သူ႔ဟာသူ ကိုယ္ထူကိုယ္ထ လုပ္ႏိုင္တဲ့အထိ ေရာက္ေအာင္ ကူညီေပးတယ္ဆိုေတာ့ social worker ေတြ အေနနဲ႔ အဲ့ဒီအတြက္ ပညာေတြ၊ အဲ့ဒီအတြက္ ethic ေတြ (က်င့္၀တ္ေတြ)၊ practice ေတြ (အေလ့အက်င့္ေတြ) ဆိုတာ ရွိကိုရွိရမယ္။ ဆိုေတာ့ ဒီ social worker ေတြရဲ႕ professional standard (လုပ္ငန္းဆိုုင္ရာ စံႏႈန္း) မွာ ဘယ္လို ရွင္းရွင္းလင္းလင္း ေျပာထားလဲ ဆိုေတာ့ ဒီ professioal ေတြ အေနနဲ႔ client ေတြကိုေပါ့ေနာ္။ ကိုယ္ကူညီေပးေနတဲ့ မိသားစု၊ လူတေယာက္ခ်င္းစီကို ကူညီေပးတဲ့အခါက်လို႔ရွိရင္ ကိုယ့္ရဲ႕ social worker အလုပ္ အေနနဲ႔ ဘယ္ေနရာအထိ လုပ္ေပးလို႔ရတယ္။ အဲ့ဒါထက္ ေက်ာ္ဖို႔မသင့္တဲ့ဟာေတြ တခုခ်င္းစီကို ရွင္းရွင္းလင္းလင္း ေဖာ္ျပထားေပးတယ္။ ဥပမာ တခုေပးခ်င္တယ္။ အရင္ႏွစ္တုန္းက ျဖစ္ခဲ့တဲ့ ကေလးငယ္တေယာက္ မုဒိန္းက်င့္ခံရတဲ့ကိစၥ။ ဗစ္တိုးရီယား ဆိုတာ ေတာ္ေတာ္မ်ားမ်ားေတာ့ ၾကားဖူးမွာပါ။ အဲ့ဒီတုန္းကဆိုရင္ ဘယ္ေလာက္အထိ ဆိုးဆိုးရြားရြားျဖစ္သြားလဲဆိုေတာ့ ဒီသမီးငယ္ေလးျဖစ္တဲ့ကိစၥကို သက္ဆိုင္ရာေတြထက္ပိုျပီးေတာ့ အင္တာနက္မွာေရာ၊ facebook မွာေရာ၊ တျခား social media မွာေရာ အမ်ားၾကီး ေျပာလာၾကတယ္။ အေသးစိတ္ကစျပီး တင္လာတယ္ဆိုေတာ့ အဲ့ဒီေနရာမွာ အရမ္း စည္းေက်ာ္သြားျပီေပါ့ေနာ္။ social worker ဆိုလို႔ရွိရင္ အဲ့ဒီအဆင္အထိ မေရာက္ေအာင္ ကူညီေပးလို႔ရတယ္။ ဘာလို႔လဲဆိုေတာ့ ဒီအေရးအေၾကာင္းကို ၾကံဳေနရတဲ့ကေလးက အသက္ငယ္တဲ့ကေလးဆိုေတာ့ သူ႔အတြက္ သူ႔ရဲ႕ identity ဘယ္သူဘယ္၀ါ ဆိုတာ ေဖာ္ဖို႔မလိုဘူး။ ေဖာ္ဖို႔မသင့္ဘူး။ ျပီးလို႔ရွိရင္ သူ႔မိသားစုနဲ႔ပတ္သက္တဲ့ အေရးအေၾကာင္းေတြကိုလည္း privacy (ပုဂၢိဳလ္ေရး) ဆိုျပီးေတာ့၊ confidential (မေပါက္ၾကားေအာင္ ထိန္းသိမ္းထားရမယ္) ဆိုျပီးေတာ့ ကာကြယ္ေပးရမယ့္ တာ၀န္ရွိတယ္။ social worker ေတြဆိုရင္ အဲ့ဒါမ်ိဳးေတြကို အစကတည္း ေလ့လာ သင္ယူထားတဲ့ ပညာေတြ ဆိုေတာ့ သူတို႔သာဆိုရင္ အမ်ားၾကီး ကူညီေပးလို႔ရတယ္။ ထားပါေတာ့ မိသားစုနဲ႔ ဒီ ကေလးေလး ေဆး႐ံုသြားရတာတို႔ ဒါမွမဟုတ္ ရဲစခန္းေတြမွာသြားျပီး စကားေတြဘာေတြေျပာရတာမ်ိဳး ဆိုရင္ ကေလး အေနနဲ႔ အဲ့ဒါကို ေတာ္ေတာ္ၾကီး ေၾကာက္ဖို႔ ေကာင္းမွာေပါ့ေနာ္။ ကေလးငယ္အေနနဲ႔ သူျဖစ္သမ ွ် အေၾကာင္းေတြကို ျပန္ျပီး ထပ္ခါထပ္ခါ ေျပာေနရေတာ့ အဲ့ဒီမွာ ကေလးရဲ႕ စိတ္ပိုင္းဆိုင္ရာအတြက္ကို ကူရမယ့္အရာေတြလည္း ရွိလာျပီေပါ့ေနာ္။ အဲ့ဒီေတာ့ social worker ေတြ အေနနဲ႔ သင္တန္းေတြ၊ ဒီ ပညာရပ္ေတြကို တတ္ထားတယ္ဆိုရင္ အဲ့ဒီေလာက္အထိ မျဖစ္ေအာင္ ဘယ္ေလာက္အထိ ကာကြယ္ ေပးရမလဲ။ ဘယ္ေလာက္အထိ ပံ့ပိုးေပးရမလဲ ဆိုတဲ့ အဲ့ဒီေနရာမွာ အဲ့လိုစည္းေတြ ရွိရတယ္ဆုိေတာ့ social worker အေနနဲ႔ သင္တန္းေတြ အမ်ားၾကီး လိုအပ္ပါတယ္။”

ဟုတ္ကဲ့ပါရွင့္။ အခုေနာက္ဆံုးေမးခ်င္တာကေတာ့ ျမန္မာႏိုင္ငံရဲ႕ လူမႈ၀န္ထမ္းလုပ္ငန္းမွာဆိုရင္ အမ်ိဳးသမီးေတြ ပါ၀င္ေဆာင္ရြက္ေနတာ အမ်ားအျပား ရွိပါတယ္။ အမ်ိဳးသမီးေတြ အမ်ားစုလို႔ ေျပာရေလာက္ေအာင္ ဒီလုပ္ငန္းမွာ ရွိေနၾကတာပါ။ ဆိုေတာ့ လူမႈ၀န္ထမ္း လုပ္ငန္းေတြ စနစ္တက် ျဖစ္လာရင္ ဒါ အမ်ိဳးသမီးေတြ အတြက္ေရာ အလုပ္အကိုင္ အခြင့္အလမ္း၊ ပညာေရး အခြင့္အလမ္းေတြ ပိုျပီး ရွိလာမယ္။ တိုးတက္မႈေတြ ပိုရွိလာႏိုင္တယ္လို႔ေရာ ေျပာလို႔ရႏိုင္ပါမလား။

“ခုနကေျပာသြားတဲ့ အခ်က္အလက္ေတြထဲမွာေပါ့ေနာ္။ ဒီ social worker ေတြ အေနနဲ႔ သူတို႔အတြက္ ပိုျပီး ေကာင္းလာမယ့္ ပညာေရး၊ ျပီးေတာ့ သင္တန္းေတြကို စနစ္တက် လုပ္ေပးႏုိင္မယ္ဆိုရင္ အမ်ိဳးသမီးေတြ အတြက္လည္း အမ်ားၾကီး ပိုေကာင္းသြားမယ္လို႔ က်မတို႔ယံုၾကည္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အခု လုပ္ေနတဲ့လုပ္ငန္းေတြထဲမွာ လူမႈေရးနဲ႔ပတ္သက္လို႔ရွိရင္ အမ်ိဳးသမီးေတြ အမ်ားၾကီး ပါ၀င္ၾကပါတယ္။ အမ်ိဳးသမီးေတြက ဦးေဆာင္ျပီး လုပ္ေနတဲ့ အလုပ္ေတြဆိုေတာ့ သူတို႔ရဲ႕ဘ၀ေတြ ပိုျပီး ျမွင့္တင္လာေအာင္၊ သူတို႔အတြက္ ပိုေကာင္းတဲ့ ဒီ့ထက္ေကာင္းတဲ့ဘ၀ ရလာေအာင္ ပိုျပီးေတာ့ ကူညီေပးရာ ေရာက္လိမ့္မယ္လို႔ ယံုၾကည္ပါတယ္။ က်မ အမ်ိဳးသမီးေတြ ပိုျပီးေတာ့ ဒီအလုပ္မွာ လုပ္ရမယ္လို႔ေတာ့ ေျပာတာ မဟုတ္ဘူးေပါ့။ ဒါေပမဲ့ အမ်ိဳးသမီးေတြရဲ႕ ေရွ႕ေရးအတြက္ ပိုျပီးေတာ့ ဖြံ႔ျဖိဳးလာဖို႔၊ ပိုေကာင္းလာဖို႔ ရလာမယ့္ အခြင့္အေရးေတြ အမ်ားၾကီး ေတြ႔ရေတာ့ နည္းစနစ္က်က်နဲ႔ ပညာေတြ ေကာင္းေကာင္း ေပးလို႔ရွိရင္ အမ်ိဳးသမီးဘ၀အတြက္ အမ်ားၾကီး ပိုျပီးေတာ့ တိုးတက္လာမယ္လို႔ က်မတို႔ ယံုၾကည္ပါတယ္။”

တိုက္႐ိုက္ လင့္ခ္

=======================================

[Unicode Version]

လူမှုဝန်ထမ်းလုပ်ငန်း တိုးတက်ဖို့ ပညာရှင်တယောက်ရဲ့ အကြံပြုချက် (အမျိုးသမီးကဏ္ဍ)
လူမှုဝန်ထမ်းလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ပိုပြီး စနစ်တကျ လုပ်ဆောင်လာနိုင်ဖို့ဆိုရင် ဒါကို ကျွမ်းကျင်ပညာရပ်တခုအဖြစ် သင်ကြား ပို့ချပေးဖို့ လိုအပ်သလို၊ လူမှုဝန်ထမ်းတွေ လုပ်နာရမယ့် ကျင့်ဝတ် စံနှုန်းတွေ စနစ်တကျ ချမှတ်ထားဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံအတွင်း လူမှုဝန်ထမ်းလုပ်ငန်းတွေအကြောင်း လေ့လာ သုတေသန စာတမ်းပြုစုနေပြီး မကြာခင်မှာ ကယ်လီဖိုးနီးယားပြည်နယ် La Sierra တက္ကသိုလ်ကနေ ပါရဂူဘွဲ့ယူဖို့ ရှိနေတဲ့ မမစ်ရှဲလ် ခမောင်း (Michelle Kamau) က ပြောပါတယ်။ လူမှုဝန်ထမ်းလုပ်ငန်းတွေမှာ အနှစ် ၂၀ လောက် ကိုယ်တိုင် ပါဝင်လုပ်ကိုင်ခဲ့ပြီး ဒီဘာသာရပ်ကို အထူးပြု လေ့လာထားတဲ့ ပညာရှင်တယောက် အနေနဲ့ မြန်မာနိုင်ငံက လူမှုဝန်ထမ်း လုပ်ငန်းတွေ ပိုမို တိုးတက်လာအောင် ဘာတွေ အကြံပြုထားပါလဲ။ နိုင်ငံတခု ဖွံ့ဖြိုးရေးမှာ လူမှုဝန်ထမ်း လုပ်ငန်းတွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်အထိ အရေးပါ ပါသလဲ။ ဒီကဏ္ဍမှာ အမျိုးသမီးတွေ အများအပြား ပါဝင် လှုပ်ရှားနေတာကြောင့် ဒီကဏ္ဍ စနစ်တကျ ဖွံ့ဖြိုးလာရင် အမျိုးသမီးတွေ အတွက်ရော ဘယ်လို တိုးတက်မှုတွေ ခံစားလာရနိုင်မလဲ ဆိုတာတွေကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မမစ်ရှဲလ်ခမောင်းကို မေးမြန်းပြီး မခင်ဖြူထွေးက စုစည်းတင်ဆက်ထားပါတယ်။


မြန်မာနိုင်ငံမှာ လူမှုဝန်ထမ်းလုပ်ငန်းတွေ လုပ်ဆောင်နေကြတာ နေရာတိုင်းမှာ ရှိနေပေမဲ့ ဒါကို ဘာသာရပ်တခုအနေနဲ့ တတ်ကျွမ်းပြီး ပရော်ဖက်ရှင်နယ် လုပ်ငန်းတခုလို လုပ်နိုင်တဲ့ ပညာရှင်တွေ နည်းပါးနေသေးတယ်လို့ မမစ်ရှဲလ်က ထောက်ပြထားတာပေါ့လေ။ ဆိုတော့ ဒီလုပ်ငန်းမှာ ကျွမ်းကျင်ပညာရှင်တယောက် အနေနဲ့ မြန်မာနိုင်ငံအတွက် အဓိက ဘာတွေ အကြံပြုပါသလဲရှင့်။

“ကျမ ပရော်ဖက်ရှင်နယ် တယောက်အနေနဲ့ အကြံပေးရမယ်ဆိုရင်တော့ ဒီကျောင်းကို စကိုစရမယ်။ ကျောင်းရှိဖို့အတွက် မြန်မာပြည်မှာရှိတဲ့ social worker တိုင်းကို ပြန်ပြီး recruit လုပ်ပေါ့နော်။ recruit ဆိုတာကတော့ ဒီလူတွေကို ခေါ်ပြီးတော့ ဘယ်နေရာမှာ ဘယ်လောက် ပြန်သင်ပေးနိုင်မလဲဆိုတာ အကူအညီတောင်းရမယ်။ ဒါ့အပြင် အစိုးရရယ်၊ private sector (ပုဂ္ဂလိကကဏ္ဍ) နှစ်ခုပေါင်းပြီးမှ လုပ်လို့ရမယ့်ကိစ္စပါ။ တော်တော်တော့ အားလုံးက ဝိုင်းပြီးတော့ ကူညီဆောင်ရွက်မှ ဖြစ်လာမယ့်ကိစ္စဆိုတော့ qualification (အရည်အချင်းပိုင်း) ကိုတော့ တော်တော်တော့ လုပ်ဖို့လိုတယ်ပေါ့နော်။ အဲ့ဒီတော့ အခု မြန်မာပြည်မှာရှိနေတဲ့ ပညာရေးစနစ်ကလည်း နည်းနည်း ပြန်ကြည့်ရမယ်ဆိုရင် social work education ဆိုတာ မရှိသေးဘူး။ အဲ့ဒီတော့ အစက ပြန်စရမယ်။ အဲ့ဒီတော့ Ministry of Education (ပညာရေးဝန်ကြီးဌာန) ကနေပြီးတော့ အတည်ပြုလို့ရှိရင် အဲ့ဒီ Bachelor level အဆင့်စပြီးတော့မှ ပြီးလို့ရှိရင် Master level ဆက်သွား။ ကျမ အနေနဲ့ မြင်တာကတော့ စမယ်ဆိုလို့ရှိရင် မြန်မာပြည်မှာရှိတဲ့ ဆရာတွေနဲ့ လုံလောက်မှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာလည်း လူက နည်းနည်းလေးပဲ ရှိတယ်ဆိုတော့ အဲ့ဒီဘွဲ့တခုလုံး ပညာရပ်တခုလုံးကို အစီအစဉ်ဆွဲလို့ရှိရင် လူက လိုလိမ့်မယ်။ အဲ့ဒီတော့ နိုင်ငံတကာမှာရှိတဲ့ ဆရာတွေ၊ ပရော်ဖက်ဆာတွေကို ပြန်ပြီးတော့ ငှားရင်ငှား၊ ဒါမှမဟုတ် သူတို့ဆီက အကူအညီတောင်းပေါ့နော်။ မြန်မာနိုင်ငံ ဝန်းကျင်မှာရှိတဲ့ အာဆီယံနိုင်ငံတွေအပြင် အိန္ဒိယ တို့၊ ကိုရီးယား၊ ဂျပန် တို့မှာဆိုရင်လည်း သူတို့ဆီမှာ social worker တွေက တော်တော် ကောင်းကောင်းကို ထူထူထောင်ထောင် ရှိနေပြီဆိုတော့ သူတို့ဆီကလည်း အကူအညီတောင်းရင်လည်း ရမယ်လို့တော့ ကျမ ထင်တယ်။”

အဲ့ဒီတော့ မြန်မာနိုင်ငံမှာ လူမှုဝန်ထမ်း ပညာရပ်ကို တက္ကသိုလ်တွေ၊ သင်တန်းကျောင်းတွေနဲ့ စနစ်တကျ သင်ကြားပို့ချပေးဖို့ လိုအပ်နေတာပေါ့နော်။ ဆိုတော့ ဒီလို လိုအပ်ချက်တွေ ရှိနေတယ်ဆိုတာကို လက်ရှိ အစိုးရ လူမှုဝန်ထမ်း ဌာနတွေကရော သိရှိပြီး ဒါကို ပိုပြီး တိုးတက်လာအောင် ဆောင်ရွက်နေတာမျိုးတွေရော တွေ့ရပါသလားရှင့်။

“Ministry of Social Welfare (လူမှုဝန်ထမ်းဌာန) မှာ အခု လုပ်ဆောင်နေတဲ့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ပေါ့နော်။ သူ့ရဲ့လက်အောက်မှာ လုပ်နေတဲ့လုပ်ငန်းတွေကတော့ social work နဲ့ပတ်သက်ပြီး အရမ်းကို ကြီးကြီးမားမား တိုးတက်လာတယ်ဆိုတာ တွေ့ရတယ်။ ပြီးတော့ ဒီလူမှုဝန်ထမ်းဌာနနဲ့ ကုလသမဂ္ဂ UNICEF ကလည်း အမြဲတမ်း အတူတူ လက်တွဲပြီး လုပ်နေတဲ့ အစီအစဉ်တွေ ဆိုတော့ တော်တော်ကြီးကို အဆင်ပြေလာတယ်ပေါ့နော်။ ဟိုးအရင်တုန်းက နှစ် ၅၀-၆၀ လောက်ကနဲ့စာရင် ဒီလိုလုပ်တဲ့လုပ်ငန်းတွေက စနစ်တကျ ပိုပြီး ဖြစ်လာတယ်။ ဒါပေမဲ့ လက်ရှိ ရှိနေတဲ့ အလုပ်တွေနဲ့ လုံလောက်လားဆိုတော့ မလုံလောက်သေးပါဘူး။ ဒီ့ထက်ပိုပြီးတော့ ကောင်းလာအောင် ပညာရေးပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင်လည်း လက်တွေ့လုပ်နိုင်တဲ့ training program တွေပဲ ဖြစ်ဖြစ် ပိုပြီး ရှိဖို့ကတော့ တကယ်ကို လိုအပ်နေပါတယ်။”

အခုလည်း လူမှုဝန်ထမ်းတွေအတွက် သင်တန်းတွေတော့ ရှိနေတာပဲ မဟုတ်ဘူးလားရှင့်။

“အခု လောလောဆယ်ရှိတဲ့ post graduate diploma program ကတော့ ကောင်းပါတယ်။ တော်တော်ကြီးကို အထောက်အကူဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီထက်ပိုပြီးတော့ သွားသင့်တယ်။ အဲ့ဒီထက် ပိုပြီးတော့ လိုနေတယ်ဆိုတာ ကျမ တွေ့လာပါတယ်။ ဘာလို့လဲဆိုတော့ ပညာရေးတင် မကဘူး။ အစိုးရအနေနဲ့ နည်းစနစ်တွေ သေချာ ချတော့မှ ပညာရေးဆိုတာလည်း ပေါ်လာမယ်။ အခုက နှစ်ခုက ဘယ်လိုဖြစ်နေလဲ ဆိုတော့ လိုနေတာက နှစ်နေရာမှာလိုနေတယ်။ ကျမ အမြင်အရ ပေါ့နော် ပရော်ဖက်ရှင်နယ် အနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင်။ ပညာရေးမှာလည်း ချို့ယွင်းနေတယ်။ နောက်တခုက ပေါ်လစီ။ ပေါ်လစီဆိုတာက ဘာလဲဆိုတော့ အခုရှိတဲ့ လူမှုရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေကို လုပ်မယ်ဆိုရင် ဥပဒေ ဆိုတာ ရှိရမယ်။ ပေါ်လစီ ဆိုတာ ရှိရမယ်။ အဲ့ဒီနှစ်ခုသာ သေချာ မရှိဘူးဆိုလို့ရှိရင် လုပ်ရမှာ အရမ်း ခက်ခဲတယ်ပေါ့နော်။ နောက်တခုက ပညာရေးနဲ့ပတ်သက်လို့ရှိရင် အခု ကျမ သိသလောက်ကတော့ မြန်မာနိုင်ငံမှာ ဒီ social worker ပေါ့နော်။ social work ပညာရပ်နဲ့ သင်ထားပြီးတော့မှ Master level အထိ Master in Social Work အထိ တက်ထားပြီးတော့ ရထားပြီးတဲ့သူတွေက အနည်းဆုံး ၁၀ ယောက်အောက် လောက်ပဲ ရှိမယ်လို့ ထင်တယ်။ အဲ့ဒီတော့ လူမှုဝန်ထမ်း ဌာနကနေပြီးတော့ ဦးဆောင်ပြီးတော့ သူတို့ အဲ့ဒါကို ပြန်ပြီးတော့ ထူထူထောင်ထောင် လုပ်ပေးတော့မှ ဒီအရာက ပြန်ပြီးတော့ ကောင်းလာမှာပါ။ သူတို့လည်း အရမ်းကြိုးစားနေတာ ကျမ သိတယ်။ ဒါပေမဲ့ သူတို့လုပ်သလောက်က အနောက်က resource (အရင်းအမြစ်) သိပ်မရှိတော့ သူတို့လုပ်ဖို့က စိတ်အား ရှိပြီး ကိုယ်အား မလိုက်နိုင်တာမျိုး ဖြစ်နေတာပေါ့နော်။ အဲ့ဒီတော့ ပုဂ္ဂလိကကဏ္ဍကလည်း social work နဲ့ပတ်သက်တာတွေ လုပ်ပေးထားတာတွေ အများကြီး ရှိတယ်။ ပရဟိတ အသင်းတွေ အများကြီး ရှိတယ်။ ပြီးလို့ရှိရင် NGO တွေရှိတယ်။ INGO တွေ ရှိတယ်။ INGO တွေက တခါတလေကျရင်တော့ တခြား နိုင်ငံတွေကလာတဲ့ NGO တွေဆိုရင်တော့ သူတို့ယဉ်ကျေးမှုနဲ့ သူတို့ အတွေးအခေါ်နဲ့ မြန်မာနဲ့ ယဉ်ကျေးမှု ဓလေ့တွေနဲ့ သိပ်ပြီး မကိုက်ညီကြဘူး။ အဲ့ဒီတော့ social work အနေနဲ့ ဒီမှာရှိတဲ့ပြည်သူပြည်သားတွေကို ကူညီချင်ပေမဲ့ အတွေးအခေါ် နှစ်ခုကလွဲနေတော့ တခါတလေ ဒုက္ခရောက်တာတွေ တွေ့ရတယ်ပေါ့နော်။ အဲ့ဒီတော့ မြန်မာပြည်မှာရှိတဲ့ ပြည်သူပြည်သားတွေကို အကောင်းဆုံး ဖြစ်နိုင်အောင် တကယ်အကျိုးရှိစွာ လုပ်ပေးနိုင်မယ့်သူတွေကတော့ မြန်မာ social worker တွေလို့ ကျမက မြင်တယ်။ အဲ့ဒီတော့ သူတို့အတွက်ကို သူတို့ရဲ့ အရည်အသွေးတွေ မြင့်အောင်ဆိုလို့ရှိရင် မြန်မာအစိုးရ၊ မြန်မာပြည်မှာရှိတဲ့ ဆရာ ဆရာမတွေကနေ အကုန်လုံး ပူးပေါင်းပြီး အတူတူလုပ်ကြမှ ဖြစ်မယ့်ကိစ္စဆိုတော့ ကျမ အနေနဲ့တော့ အရင်တုန်းကလည်း social work နဲ့ပတ်သက်ပြီး အတွေ့အကြုံ ရှိတယ်။ ပညာလည်း ယူလာပြီးပြီဆိုတော့ ကျမ အနေနဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကူညီလို့ရမယ်ဆိုရင် ကူညီဖို့ကတော့ အဆင်သင့်ပါပဲ။”

ဟုတ်ကဲ့။ အဲ့ဒီတော့ ဒီလူမှုဝန်ထမ်းလုပ်ငန်းတွေ တိုးတက်လာဖို့ဆိုရင် အဘက်ဘက်က ပံ့ပိုးမှုတွေ လိုအပ်နေတယ်လို့ နားလည်ပါတယ်။ ဆိုတော့ ဒီ လူမှုဝန်ထမ်း လုပ်ငန်းတွေ တိုးတက်လာဖို့က ဘာကြောင့် အရေးကြီးတာပါလဲ။ နိုင်ငံတနိုင်၊ လူမှုအသိုင်းအဝိုင်းတခုမှာ လူမှုဝန်ထမ်း အလုပ်တွေ ဖွံ့ဖြိုတိုးတက်လာဖို့မှာ လူမှုဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်အထိ အရေးပါသလဲ ဆိုတာကိုလည်း နည်းနည်း ရှင်းပြပေးပါရှင့်။

“အဲ့တော့ ဒီ social worker တွေ အနေနဲ့ သူတို့လုပ်နေတဲ့အလုပ်တွေက ဘယ်လောက် အရေးကြီးလဲဆိုတော့ စကားပုံတခု ကြားဖူးမှာပေါ့နော်။ လူတယောက် ဗိုက်ဆာနေလို့ရှိရင် ငါးတကောင် သူရရင် ဗိုက်ပြည့်သွားမယ်။ ဒါပေမဲ့ သူ့ကို ငါးဘယ်လိုမ ျှားရသလဲ သင်ပေးလို့ရှိရင် နောက်ပိုင်းကျရင် သူ ဗိုက်ဆာလို့ရှိရင် သူ့ဟာသူ ပြန်ရှာပြီး စားတတ်လာတယ်။ အဲ့ဒီအတိုင်းပဲပေါ့။ social worker တွေကလည်း အဲ့ဒီလိုပဲ။ မိသားတစု ကြုံနေတဲ့ပြဿနာကို လာဖြေရှင်းပေးတဲ့အခါ ဒီ မိသားစု အနေနဲ့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။ ဘယ်နေရာတွေမှာ လိုအပ်နေလဲ။ ပြီးရင် ဘာ resource တွေ လိုနေလဲ။ အဲ့ဒါတွေကို ပြသွားပေးပြီးတော့ နောက်ပိုင်း ဒီ social worker တွေ ထွက်သွားတဲ့အခါကျလို့ရှိရင် ဒီမိသားစုက သူ့ဟာသူ ကိုယ်ထူကိုယ်ထ လုပ်နိုင်တဲ့အထိ ရောက်အောင် ကူညီပေးတယ်ဆိုတော့ social worker တွေ အနေနဲ့ အဲ့ဒီအတွက် ပညာတွေ၊ အဲ့ဒီအတွက် ethic တွေ (ကျင့်ဝတ်တွေ)၊ practice တွေ (အလေ့အကျင့်တွေ) ဆိုတာ ရှိကိုရှိရမယ်။ ဆိုတော့ ဒီ social worker တွေရဲ့ professional standard (လုပ်ငန်းဆိုင်ရာ စံနှုန်း) မှာ ဘယ်လို ရှင်းရှင်းလင်းလင်း ပြောထားလဲ ဆိုတော့ ဒီ professioal တွေ အနေနဲ့ client တွေကိုပေါ့နော်။ ကိုယ်ကူညီပေးနေတဲ့ မိသားစု၊ လူတယောက်ချင်းစီကို ကူညီပေးတဲ့အခါကျလို့ရှိရင် ကိုယ့်ရဲ့ social worker အလုပ် အနေနဲ့ ဘယ်နေရာအထိ လုပ်ပေးလို့ရတယ်။ အဲ့ဒါထက် ကျော်ဖို့မသင့်တဲ့ဟာတွေ တခုချင်းစီကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပေးတယ်။ ဥပမာ တခုပေးချင်တယ်။ အရင်နှစ်တုန်းက ဖြစ်ခဲ့တဲ့ ကလေးငယ်တယောက် မုဒိန်းကျင့်ခံရတဲ့ကိစ္စ။ ဗစ်တိုးရီယား ဆိုတာ တော်တော်များများတော့ ကြားဖူးမှာပါ။ အဲ့ဒီတုန်းကဆိုရင် ဘယ်လောက်အထိ ဆိုးဆိုးရွားရွားဖြစ်သွားလဲဆိုတော့ ဒီသမီးငယ်လေးဖြစ်တဲ့ကိစ္စကို သက်ဆိုင်ရာတွေထက်ပိုပြီးတော့ အင်တာနက်မှာရော၊ facebook မှာရော၊ တခြား social media မှာရော အများကြီး ပြောလာကြတယ်။ အသေးစိတ်ကစပြီး တင်လာတယ်ဆိုတော့ အဲ့ဒီနေရာမှာ အရမ်း စည်းကျော်သွားပြီပေါ့နော်။ social worker ဆိုလို့ရှိရင် အဲ့ဒီအဆင်အထိ မရောက်အောင် ကူညီပေးလို့ရတယ်။ ဘာလို့လဲဆိုတော့ ဒီအရေးအကြောင်းကို ကြုံနေရတဲ့ကလေးက အသက်ငယ်တဲ့ကလေးဆိုတော့ သူ့အတွက် သူ့ရဲ့ identity ဘယ်သူဘယ်ဝါ ဆိုတာ ဖော်ဖို့မလိုဘူး။ ဖော်ဖို့မသင့်ဘူး။ ပြီးလို့ရှိရင် သူ့မိသားစုနဲ့ပတ်သက်တဲ့ အရေးအကြောင်းတွေကိုလည်း privacy (ပုဂ္ဂိုလ်ရေး) ဆိုပြီးတော့၊ confidential (မပေါက်ကြားအောင် ထိန်းသိမ်းထားရမယ်) ဆိုပြီးတော့ ကာကွယ်ပေးရမယ့် တာဝန်ရှိတယ်။ social worker တွေဆိုရင် အဲ့ဒါမျိုးတွေကို အစကတည်း လေ့လာ သင်ယူထားတဲ့ ပညာတွေ ဆိုတော့ သူတို့သာဆိုရင် အများကြီး ကူညီပေးလို့ရတယ်။ ထားပါတော့ မိသားစုနဲ့ ဒီ ကလေးလေး ဆေးရုံသွားရတာတို့ ဒါမှမဟုတ် ရဲစခန်းတွေမှာသွားပြီး စကားတွေဘာတွေပြောရတာမျိုး ဆိုရင် ကလေး အနေနဲ့ အဲ့ဒါကို တော်တော်ကြီး ကြောက်ဖို့ ကောင်းမှာပေါ့နော်။ ကလေးငယ်အနေနဲ့ သူဖြစ်သမ ျှ အကြောင်းတွေကို ပြန်ပြီး ထပ်ခါထပ်ခါ ပြောနေရတော့ အဲ့ဒီမှာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာအတွက်ကို ကူရမယ့်အရာတွေလည်း ရှိလာပြီပေါ့နော်။ အဲ့ဒီတော့ social worker တွေ အနေနဲ့ သင်တန်းတွေ၊ ဒီ ပညာရပ်တွေကို တတ်ထားတယ်ဆိုရင် အဲ့ဒီလောက်အထိ မဖြစ်အောင် ဘယ်လောက်အထိ ကာကွယ် ပေးရမလဲ။ ဘယ်လောက်အထိ ပံ့ပိုးပေးရမလဲ ဆိုတဲ့ အဲ့ဒီနေရာမှာ အဲ့လိုစည်းတွေ ရှိရတယ်ဆိုတော့ social worker အနေနဲ့ သင်တန်းတွေ အများကြီး လိုအပ်ပါတယ်။”

ဟုတ်ကဲ့ပါရှင့်။ အခုနောက်ဆုံးမေးချင်တာကတော့ မြန်မာနိုင်ငံရဲ့ လူမှုဝန်ထမ်းလုပ်ငန်းမှာဆိုရင် အမျိုးသမီးတွေ ပါဝင်ဆောင်ရွက်နေတာ အများအပြား ရှိပါတယ်။ အမျိုးသမီးတွေ အများစုလို့ ပြောရလောက်အောင် ဒီလုပ်ငန်းမှာ ရှိနေကြတာပါ။ ဆိုတော့ လူမှုဝန်ထမ်း လုပ်ငန်းတွေ စနစ်တကျ ဖြစ်လာရင် ဒါ အမျိုးသမီးတွေ အတွက်ရော အလုပ်အကိုင် အခွင့်အလမ်း၊ ပညာရေး အခွင့်အလမ်းတွေ ပိုပြီး ရှိလာမယ်။ တိုးတက်မှုတွေ ပိုရှိလာနိုင်တယ်လို့ရော ပြောလို့ရနိုင်ပါမလား။

“ခုနကပြောသွားတဲ့ အချက်အလက်တွေထဲမှာပေါ့နော်။ ဒီ social worker တွေ အနေနဲ့ သူတို့အတွက် ပိုပြီး ကောင်းလာမယ့် ပညာရေး၊ ပြီးတော့ သင်တန်းတွေကို စနစ်တကျ လုပ်ပေးနိုင်မယ်ဆိုရင် အမျိုးသမီးတွေ အတွက်လည်း အများကြီး ပိုကောင်းသွားမယ်လို့ ကျမတို့ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ အခု လုပ်နေတဲ့လုပ်ငန်းတွေထဲမှာ လူမှုရေးနဲ့ပတ်သက်လို့ရှိရင် အမျိုးသမီးတွေ အများကြီး ပါဝင်ကြပါတယ်။ အမျိုးသမီးတွေက ဦးဆောင်ပြီး လုပ်နေတဲ့ အလုပ်တွေဆိုတော့ သူတို့ရဲ့ဘဝတွေ ပိုပြီး မြှင့်တင်လာအောင်၊ သူတို့အတွက် ပိုကောင်းတဲ့ ဒီ့ထက်ကောင်းတဲ့ဘ၀ ရလာအောင် ပိုပြီးတော့ ကူညီပေးရာ ရောက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျမ အမျိုးသမီးတွေ ပိုပြီးတော့ ဒီအလုပ်မှာ လုပ်ရမယ်လို့တော့ ပြောတာ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ အမျိုးသမီးတွေရဲ့ ရှေ့ရေးအတွက် ပိုပြီးတော့ ဖွံ့ဖြိုးလာဖို့၊ ပိုကောင်းလာဖို့ ရလာမယ့် အခွင့်အရေးတွေ အများကြီး တွေ့ရတော့ နည်းစနစ်ကျကျနဲ့ ပညာတွေ ကောင်းကောင်း ပေးလို့ရှိရင် အမျိုးသမီးဘဝအတွက် အများကြီး ပိုပြီးတော့ တိုးတက်လာမယ်လို့ ကျမတို့ ယုံကြည်ပါတယ်။”

XS
SM
MD
LG