သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့လူ႔အခြင့္အေရးနဲ႔ အမ်ိဳးသမီးအခြင့္အေရး


(Zawgyi/Unicode)

ဒီဇင္ဘာလ ၁၀ ရက္ေန႔ဟာ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေန႔ ျဖစ္ပါတယ္။ ႏွစ္စဥ္ႏွစ္တိုင္း ဒီလို လူ႔အခြင့္အေရးေန႔ မ်ိဳးမွာ လူ႔အခြင့္အေရးနဲ႔ပတ္သက္တဲ့ အထိမ္းအမွတ္ အခမ္းအနားေတြ၊ ေဆြးေႏြးပြဲ စကား၀ုိင္းေတြ က်င္းပၾကေလ့ ရွိသလို၊ လူ႔အခြင့္အေရး ပိုမို တိုးတက္ေကာင္းမြန္လာေအာင္ ဘာေတြ လုပ္ေဆာင္သင့္တယ္ ဆုိတာေတြကို အေလးအနက္ထား ေထာက္ျပ ေျပာဆိုၾကေလ့ရွိပါတယ္။ ႏုိင္ငံေရး ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ေဆာင္ေနတဲ့ က်မတို႔ ျမန္မာႏိုင္ငံမွာေရာ ျပည္သူ႔ အစိုးရလက္ထက္မွာ အရင္စနစ္ေဟာင္းနဲ႔မတူတဲ့ တိုးတက္ေျပာင္းလဲမႈ ဘာေတြ ရွိေနပါလဲ။ အမ်ိဳးသမီးေတြအတြက္ အခြင့္အေရးေတြေရာ တိုးတက္ ေျပာင္းလဲ လာပါျပီလား။ ျမန္မာႏိုင္ငံရဲ႕ လက္ရွိ လူ႔အခြင့္အေရး အေျခအေန၊ အမ်ိဳးသမီး အခြင့္အေရး အေျခအေနေတြနဲ႔ပတ္သက္လို႔ ျမန္မာ့အမ်ိဳးသမီးသမဂၢ (BWU) ဥကၠ႒ မတင္တင္ညိဳကို ဆက္သြယ္ေမးျမန္းျပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ဆက္ထားပါတယ္။

“အခုဆိုရင္ က်မတို႔ႏုိင္ငံမွာ အရပ္သားအစိုးရ၊ ဒီမိုကေရစီအစိုးရ အုပ္ခ်ဳပ္လာတာ ၁၀ ႏွစ္ဆိုတဲ့ အတိုင္းအတာ ရွိလာျပီေပါ့ေနာ္။ ဒီ ၁၀ ႏွစ္ အတိုင္းအတာမွာ က်မတို႔ လူ႔အခြင့္အေရး ကိစၥရပ္ေတြကို ၾကည့္လိုက္မယ္ဆိုရင္ အထူးသျဖင့္ ဒီအထဲမွာ က်မ ေဖာ္ျပခ်င္တာက က်မတို႔ရဲ႕ လူ႔အခြင့္အေရးထဲမွာမွ အေရးၾကီးတဲ့ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ေပါ့ေနာ္။ အဲ့ဒီ လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆိုခြင့္ကေတာ့ အၾကီးမားဆံုး ကန္႔သတ္မႈေတြ ဆက္ျပီးေတာ့မွခံရတယ္လို႔ ေျပာခ်င္တာေပါ့ေလ။ အထူးသျဖင့္ အစုိးရကို၊ အစိုးရရဲ႕ လုပ္ေဆာင္ခ်က္ေတြကို check and balance ျဖစ္ဖို႔ ေထာက္ျပေျပာဆိုတာေတြ၊ ေ၀ဖန္ သံုးသပ္တာေတြဆိုရင္ အစိုးရအေနနဲ႔ ဒါ သည္းခံတာမ်ိဳးမရွိဘဲနဲ႔ ဖမ္းဆီးတာ၊ ခ်ဳပ္ေႏွာင္တာ၊ ေထာင္ခ်တာ၊ တရားစြဲတာ၊ ဒါမ်ိဳးေတြကို ေတာက္ေလ ွ်ာက္ လုပ္ေဆာင္ခဲ့တာ ရွိတယ္။ ဒီလိုလုပ္ေဆာင္တဲ့ေနရာမွာ တက္ၾကြလႈပ္ရွားသူေတြကို ေရာ ႏုိင္ငံေရးသမားေတြကိုေရာ၊ ျပီးတဲ့အခါ သတင္းမီဒီယာေတြမွာ လုပ္ေဆာင္ေနၾကတဲ့ သတင္းေထာက္ေတြ၊ အယ္ဒီတာခ်ဳပ္ေတြကိုကအစ ဒီလိုမ်ိဳး ဖိႏွိပ္မႈေတြ ရွိေနတယ္ဆိုတာကို က်မတို႔ ေတြ႔ရတာေပါ့။ တကယ့္တကယ္ဆိုရင္ က်မတို႔ အထူးသျဖင့္ ဒီ NLD ဦးေဆာင္တဲ့ အရပ္သား အစိုးရ လက္ထက္မွာ ေျပာရမယ္ဆိုရင္ လြတ္လပ္မႈနဲ႔ လံုျခံဳမႈကို ထိပါးေစတဲ့ ဥပေဒေတြကို ကအစ သူတို႔က ဖ်က္သိမ္းမယ္။ တရားဥပေဒ စိုးမိုးေရးလုပ္မယ္ ဆိုျပီးေတာ့မွ ဒါ အစိုးရသစ္ တက္လာခ်ိန္တုန္းက ေျပာခဲ့တာေတြ ရွိတာေပါ့ေနာ္။ ဒါေပမဲ့ လက္ေတြ႔မွာကေတာ့ အဲ့ဒါေတြနဲ႔ တျခားစီျဖစ္တယ္။ ဆိုတဲ့အခါက်ေတာ့ သူတို႔ရဲ႕ေျပာဆိုမႈေတြကို အေကာင္အထည္ မေဖာ္လိုက္ႏုိင္တဲ့ အေနအထားတခုကို ေျပာရမယ္ဆိုရင္ေတာ့ ဒီ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္က အၾကီးမားဆံုး ဆံုး႐ံႈးမႈ တခုအေနနဲ႔ က်မက ေထာက္ျပခ်င္ပါတယ္။”

အဓိက ကေတာ့ ျပည္သူေရြးေကာက္တင္ေျမွာက္တဲ့ အစိုးရတက္လာတဲ့အခါမွာ ဒီလိုအေျခအေနေတြေတာ့ ပိုျပီးေတာ့ တိုးတက္ေကာင္းမြန္လာမွာပဲလို႔ အမ်ားက ေမ ွ်ာ္လင့္ခဲ့ၾကျပီးေတာ့မွ ထင္သေလာက္ မျဖစ္တဲ့ အေျခအေနေေတြ ရွိေနတဲ့သေဘာလို႔ နားလည္ပါတယ္။ ဒါေပမဲ့ တဘက္မွာက်ေတာ့ေရာ ဒီ အစုိးရလက္ထက္မွာ အရင္နဲ႔မတူတဲ့ တိုးတက္ေျပာင္းလဲမႈ ဘာေတြမ်ားရွိတယ္လို႔ ေျပာႏုိင္မလဲရွင့္။

“အထူးသျဖင့္ကေတာ့ လူ႔အခြင့္အေရး အေျခအေန တိုးတက္မႈကို ေျပာမယ္ဆိုလို႔ရွိရင္ေတာ့ အတိုင္းအတာ တခုအထိကေတာ့ ေ၀ဖန္တာေတြ၊ သံုးသပ္တာေတြ လုပ္ေနၾကတာေတြ ရွိတယ္။ ေနာက္ျပီးတဲ့အခါက်လို႔ရွိရင္ တခ်ိဳ႕ လုိအပ္ေနတဲ့ ျပည္သူလူထုေတြကို လိုက္လံ ကူညီေနႏုိင္တဲ့ အေနအထားတခ်ိဳ႕ ရွိတယ္။ အကန္႔အသတ္နဲ႔ေပါ့ေနာ္။ အရမ္း sensitive ျဖစ္တဲ့ (ထိရွလြယ္တဲ့) conflict (ပဋိပကၡ) ျဖစ္တဲ့ေနရာမ်ိဳးေတြကေတာ့ ဒါ တားဆီးပိတ္ပင္ခံရတဲ့ ပံုစံမ်ိဳးေတြ ရွိမယ္။ ဒါေပမဲ့ တကယ့္တကယ္ တခ်ိဳ႕ျမိဳ႕ေတြမွာ တခ်ိဳ႕နယ္ေတြမွာေတာ့ အစိုးရကို တိုက္႐ိုက္ မထိခိုက္ဘူး။ အစိုးရရဲ႕ မူ ေပၚလစီကို တိုက္႐ိုက္ မကိုင္လႈပ္ဘူးဆိုရင္ေတာ့ တစံုတရာ လႈပ္ရွားလို႔ရတယ္။ အလုပ္ လုပ္လို႔ရတယ္။ ျပည္သူလူထုေတြကို ကာကြယ္ေစာင့္ေရွာက္တာေတြ၊ သူတို႔ရဲ႕ လုိအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးတာေတြ။ ဒီလိုမ်ိဳးဟာေတြကိုေတာ့ အတိုင္းအတာတခုအထိ လုပ္လို႔ရတဲ့ အေနအထားေတြေတာ့ ေတြ႔ရတယ္။ လံုး၀ၾကီး လြတ္လြတ္လပ္လပ္ဆိုတဲ့ အေနအထား တခုေတာ့ မရွိေနဘူးေပါ့ေနာ္။”

ဟုတ္ကဲ့။ တဆက္တည္းပဲ အမ်ိဳးသမီးေတြနဲ႔ပတ္သက္လို႔ေရာ က်ား-မ တန္းတူ အခြင့္အေရးပဲေျပာေျပာ၊ အမ်ိဳးသမီးေတြ ႏိုင္ငံေရးမွာ ဦးေဆာင္မႈအခန္းက႑မွာ ပိုမို ပါ၀င္လာႏိုင္ဖို႔ အခြင့္အလမ္း အေျခအေန တိုးတက္မႈေတြ၊ အမ်ိဳးသမီးအခြင့္အေရး အာမခံခ်က္ေတြ ပိုျပီး ရွိလာတာမ်ိဳးေရာ ေတြ႔ရပါလားရွင့္။

“ဟုတ္ကဲ့။ ႏွစ္ပိုင္းေတာ့ရွိတယ္ရွင့္။ ဒီအမ်ိဳးသမီး အခြင့္အေရးကိစၥရပ္ကို ေျပာမယ္ဆိုလို႔ရွိရင္ တခုကက်ေတာ့ ဥပေဒေရးရာအရ အကာအကြယ္ေတြ ေပးႏုိင္မယ့္ အေနအထားေတြ ေပၚေပါက္လာေအာင္ လုပ္ေဆာင္ဖို႔ရယ္။ ဒီဥပေဒေတြ ေပၚေပါက္လာျပီဆိုရင္ တကယ္ပဲ ဒီဥပေဒေတြက ဒီအမ်ိဳးသမီးေတြကို အကာအကြယ္ေပးတယ္ဆိုတဲ့ တရားဥပေဒ စိုးမိုးမႈအဆင့္ ျဖစ္လာဖို႔ရယ္။ ေနာက္တခုက်ေတာ့ လူေတြရဲ႕ အေတြးအေခၚ အျမင္ေတြကို ေျပာင္းလဲႏုိင္တယ္ဆိုတဲ့ အေနအထားေပါ့ေနာ္။ ဆိုေတာ့ အဲ့ဒီအပိုင္းႏွစ္ခုနဲ႔ က်မတို႔က ျပန္ျပီးေတာ့ သံုးသပ္ရမယ့္ အေနအထား ျဖစ္မယ္။ ဆိုေတာ့ တစ္တခ်က္က က်ေတာ့ လူေတြရဲ႕အျမင္ အေတြးအေခၚပိုင္းေတြကို က်မ ျပန္ျပီး သံုးသပ္ၾကည့္တဲ့အခါက်ေတာ့ က်မတို႔မွာက က်မတို႔ေမ ွ်ာ္မွန္းတဲ့အဆင့္ကို မေရာက္ေနဘူးေပါ့။ တခ်ိဳ႕ကက်ေတာ့ လုပ္ငန္းသေဘာအရ ဖိအားေတြေၾကာင့္မိုလို႔ အမ်ိဳးသမီးေတြရဲ႕ ႏုိင္ငံေရး ပါ၀င္မႈေတြကို အသိအမွတ္ျပဳသလိုလုိနဲ႔ ထည့္သြင္းလာတာ ရွိေပမဲ့ တကယ့္တကယ္ လက္ေတြ႔မွာ က်ေတာ့ သူတို႔ရဲ႕ စိတ္ေရာကိုယ္ပါ လက္ခံလိုက္တယ္ဆုိတဲ့ အေနအထား မဟုတ္ဘူးေပါ့ေနာ္။ တကယ့္ အေရးၾကီးတဲ့ ဆံုးျဖတ္ခ်က္ ခ်ရမယ့္ေနရာမ်ိဳးေတြမွာဆိုရင္ အမ်ိဳးသမီးေတြ မရႏုိင္တဲ့ အေနအထားကေတာ့ ရွိေနဆဲပါပဲ။ ဆိုေတာ့ အေရးၾကီးတဲ့ ေရးရာေကာ္မတီလို ကိစၥရပ္မ်ိဳးေတြမွာ။ လႊတ္ေတာ္မွာေတာင္မွ ေကာ္မတီေတြ အမ်ားၾကီးရွိပါတယ္။ အဲ့ဒီေကာ္မတီေတြမွာဆိုရင္လည္း တခ်ိဳ႕ ေနရာေတြမွာေတာ့ အမ်ိဳးသမီးေတြက ေတာ္ေတာ္ေလးကို အဆင့္ျမင့္တဲ့ တာ၀န္ေတြရမယ္။ ဥကၠ႒လို ေနရာမ်ိဳးေတြရမယ္။ ဒါေပမဲ့ ဒါက အနည္းအက်ဥ္းပဲ။ အဲ့ဒီလို ရတယ္ဆိုရင္ေတာင္မွ တျခားေသာ အေၾကာင္းအရာေတြကိုပဲ ပိုမိုအာ႐ံုစိုက္ လုပ္သြားျပီးေတာ့ အမ်ိဳးသမီးေရး၊ အမ်ိဳးသမီးေတြရဲ႕ဘ၀ ဖြံ႔ျဖိဳးတိုးတက္ေရး ဆိုတဲ့ အဲ့ဒီကိစၥရပ္ေတြကိုေတာ့ အာ႐ံုစိုက္တာ အခုထိ နည္းတယ္ေပါ့ေနာ္။ ဒီအစိုးရ ၅ ႏွစ္သက္တမ္းမွာ ေျပာရမယ္ဆိုလို႔ရွိရင္ အမ်ိဳးသမီး issue ကို ဒါၾကီးက အေရးၾကီးတဲ့ issue ၊ ဒါၾကီးကို ဦးစားေပး လုပ္ရမယ္ဆိုတဲ့ အျမင္ေတြ အေတြးအေခၚေတြက အဆင့္ဆင့္ အစိုးရမွာ တာ၀န္ယူေနတဲ့သူေတြ ကိုယ္တိုင္မွာလည္း မရွိဘူး။ တဘက္ကလည္း က်မတို႔ တက္ၾကြလႈပ္ရွားတဲ့ လႈပ္ရွားမႈမွာပဲ ေျပာေျပာ၊ ႏိုင္ငံေရးပါတီေတြ အ၀န္းအ၀ိုင္းမွာပဲေျပာေျပာ အမ်ိဳးသမီးေတြရဲ႕ ႏိုင္ငံေရး ပါ၀င္မႈ၊ အမ်ိဳးသမီးေတြရဲ႕ လႈပ္ရွား ေဆာင္ရြက္မႈေတြေပၚမွာ လက္ခံႏိုင္မႈက အတိုင္းအတာ တခုအထိပဲ ရွိတယ္။ အဲ့ဒါကက်ေတာ့လည္း မျဖစ္မေန ထည့္သြင္းေပးရမယ္ဆိုတဲ့ အဆင့္ေၾကာင့္မိုလို႔ ထည့္သြင္းလာတယ္ဆုိတာက အမ်ားစုလို႔ က်မ အေနနဲ႔ သံုးသပ္တယ္ေပါ့ေနာ္။ ျပီးခဲ့အခါက်လို႔ရွိရင္ အေတြးအေခၚပိုင္း attitude ၊ mindset ေတြေပါ့။ အေတြးအေခၚေတြ အယူအဆေတြ အ႐ိုးစြဲေနတဲ့အျမင္ေတြကို က်မတို႔က အခုထိ ေျပာင္းလဲႏုိင္ဖို႔မွာေတာ့ ေတာ္ေတာ္ေလး အားနည္းေနေသးတာကို က်မတို႔ ေတြ႔ရတာေပါ့ေနာ္။”

ဟုတ္ကဲ့ ဘယ္လိုပဲျဖစ္ျဖစ္ ဒီအစိုးရလက္ထက္မွာ အမ်ိဳးသမီးေတြ ႏုိင္ငံေရးမွာ ပိုမို ပါ၀င္လာတာေတြေတာ့ ရွိပါတယ္။ ဥပမာ လႊတ္ေတာ္ထဲမွာဆိုရင္လည္း အရင္ထက္ပိုျပီး လႊတ္ေတာ္အမတ္ေနရာ ၀င္ အေရြးခံတဲ့သူေတြ၊ အေရြးခံရသူေတြ ပိုမ်ားလာတာမ်ိဳးေတြလည္း ရွိပါတယ္။ ဆိုေတာ့ ဒါေတြကိုေရာ တိုးတက္မႈလို႔ မျမင္ႏိုင္ဘူးလားရွင့္။

“ဟုတ္ကဲ့ရွင့္။ ဆိုေတာ့ ဒီအစိုးရသက္တမ္းမွာ ေတာ့ ေသခ်ာတာကေတာ့ အမ်ိဳးသမီးေတြရဲ႕ ပါ၀င္မႈက နံပါတ္အရေပါ့ေနာ္။ အေရအတြက္ အရကေတာ့ အရမ္းမ်ားလာတယ္။ ဒီအေပၚမွာလည္း က်မတို႔ အရမ္းၾကိဳဆိုတယ္။ အရမ္းလည္း အားတက္တယ္။ ဘာပဲျဖစ္ျဖစ္ ဒါက ေကာင္းေသာေျခလွမ္းတခုလို႔ေတာ့ က်မတို႔ အေနနဲ႔ ယူဆတယ္ေပါ့ေလ။ ဒီဘက္ ၂၀၂၀ မွာလည္း အမ်ိဳးသမီးေတြရဲ႕ ပါ၀င္မႈက ပိုေတာင္မွ ထပ္မ်ားလာေသးတဲ့ အေနအထား ျဖစ္တယ္ဆိုေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ ဒါကိုေတာ့ က်မတို႔အရမ္းကို ၾကိဳဆိုပါတယ္။ တခုရွိတာကေတာ့ အမ်ိဳးသမီးေတြရဲ႕ အေရအတြက္ တိုးတက္တယ္ဆိုတဲ့ေနရာမွာ အေရအတြက္ တခုတည္းမဟုတ္ဘဲနဲ႔ တကယ့္ လက္ေတြ႔ အေကာင္အထည္ေဖာ္တဲ့ အပိုင္းေတြမွာကအစ သူတို႔ကိုယ္တိုင္ အားလံုးက ပိုမိုျပီးေတာ့မွ ဒီ့ထက္ အားစိုက္ထုတ္ျပီးေတာ့ လုပ္ေဆာင္တယ္ဆိုတဲ့ အဆင့္မ်ိဳးကိုေတာ့ ပိုျပီးေတာ့ ျဖစ္ေစခ်င္တယ္။ အထူးသျဖင့္ အမ်ိဳးသမီး အခြင့္အေရးဆိုင္ရာ ကိစၥရပ္ေတြကိုေပါ့။ ဆိုေတာ့ က်မတို႔ နားလည္တယ္။ တခ်ိဳ႕အမ်ိဳးသမီး လႊတ္ေတာ္ကိုယ္စားလွယ္ေတြက စိတ္ဓာတ္ရွိတယ္။ လုပ္ေဆာင္ေပးခ်င္တယ္။ သို႔ေသာ္လည္း ပါတီရဲ႕ မူ၀ါဒအရ၊ ပါတီရဲ႕ ဦးစားေပး မူ၀ါဒေတြကို ေက်ာ္လြန္ျပီး လုပ္ေဆာင္ေပးႏုိင္မႈ မရွိတဲ့အခါက်ေတာ့ အကန္႔အသတ္ေတြ အမ်ားၾကီးရွိတယ္။ အဲ့ဒီအေပၚမွာ သူတို႔ကိုယ္တိုင္ အားမလိုအားမရတာေတြ စိတ္ဓာတ္က်ရတဲ့ အေျခအေနေတြ အမ်ားၾကီး ရွိပါတယ္။ ေျပာမယ္ဆိုလို႔ရွိရင္ေတာ့ ေတာ္ေတာ္မ်ားမ်ား ေနရာေတြမွာ အမ်ိဳးသမီးေတြကေတာ့ တဆင့္တဆင့္ တိုးျပီးေတာ့မွေတာ့ ပါ၀င္လာႏိုင္ေအာင္ ၾကိဳးစားေနၾကတာ ရွိပါတယ္။ ျငိမ္းခ်မ္းေရးျဖစ္စဥ္ ဆိုရင္လည္း ထိုနည္းလည္းေကာင္းပဲေပါ့ေနာ္။ တကယ့္ အေရးပါတဲ့ေနရာေတြမွာ ေျပာေရးဆိုခြင့္ရွိတဲ့ေနရာေတြမွာ၊ အျပန္အလွန္ ေဆြးေႏြးညွိႏႈိင္းတဲ့ ေနရာေတြမွာ အမ်ားစု မပါႏိုင္ေပမဲ့လည္း တကယ္ ေအာက္ေျခထု ေနရာေတြမွာကေတာ့ အမ်ိဳးသမီးေတြ ပါ၀င္မႈေတြ ရွိေနေအာင္လို႔ေတာ့ က်မတို႔ အမ်ိဳးသမီးအဖြဲ႔ေတြ ကိုယ္တိုင္ကလည္း အမ်ားၾကီး လိုက္ျပီး ၾကိဳးစားတာေတြ ရွိပါတယ္။”

ဟုတ္ကဲ့ ေရွ႕အလားအလာနဲ႔ ပတ္သက္ျပီးေတာ့လည္း ေမးခ်င္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ျပည္သူေထာက္ခံတဲ့ အရပ္သား အစိုးရတရပ္ ေနာက္ထပ္ ၅ ႏွစ္သက္တမ္း ထပ္လာဦးမယ္ဆိုေတာ့ လူ႔အခြင့္အေရးေတြ၊ အမ်ိဳးသမီး အခြင့္အေရးေတြ အရင္ထက္ပိုျပီး တိုးတက္လာဖို႔ေရာ က်မတို႔ ေမ ွ်ာ္လင့္လို႔ ရႏိုင္မလား။ ဘယ္လိုမ်ားသံုးသပ္မိပါလဲရွင့္။

“ဟုတ္ကဲ့ပါရွင့္။ ဒီလာမယ့္ သက္တမ္းေပါ့ေနာ္။ ေျပာမယ္ဆိုရင္ေတာ့ အခုလက္ရွိအစိုးရကပဲ ဆက္လက္ျပီးေတာ့ အုပ္ခ်ဳပ္သြားမယ္ဆိုတဲ့ အေနအထား တခုေပါ့ေနာ္။ ဆိုေတာ့ ဒီလို အေနအထားမ်ိဳးမွာ က်မတို႔ အေနနဲ႔ကေတာ့ ေမ ွ်ာ္လင့္ခ်က္မဲ့ စကားေတာ့ မေျပာခ်င္ဘူး။ ဒါေပမဲ့ က်မတို႔ကိုယ္တိုင္က အမ်ားၾကီး ဒီျပီးခဲ့တဲ့သက္တမ္းထက္ က်မတို႔ အမ်ိဳးသမီးအဖြဲ႔ေတြက အမ်ားၾကီး ကုိယ္စြမ္းဥာဏ္စြမ္း ရွိသေလာက္ ပိုမိုျပီးေတာ့မွ တိုက္တိုက္တြန္းတြန္း ၾကိဳးစားလုပ္ေဆာင္ရမယ့္ အေနအထားေတြကို က်မ ပိုျမင္လာတယ္ေပါ့ေနာ္။ အစိုးရအေနနဲ႔ ဒီ အမ်ိဳးသမီး၊ လူငယ္၊ ကေလး စသျဖင့္ေပါ့ေနာ္။ သူတို႔ဘာေတြ လုပ္ေဆာင္ေပးမလဲ ဆုိတဲ့ သူတို႔ရဲ႕ အစီအစဥ္ေတြ ရွိတယ္။ ဒီအစီအစဥ္ေတြကို က်မတို႔က ေသေသခ်ာခ်ာ က်မတို႔က ပံုမွန္ ေစာင့္ၾကည့္သြားရမယ္လို႔ က်မ ျမင္တယ္။ ပံုမွန္ေစာင့္ၾကည့္ျပီးေတာ့မွ ဒါေတာ့ မလုပ္ရေသးဘူး။ ဒါေတာ့လုပ္ဖို႔လိုတယ္ ဆုိတဲ့ဟာမ်ိဳးကိုလည္း ေသခ်ာ ေထာက္ျပေပးသြားရမယ္။ အဲ့ဒီလိုမ်ိဳး လုပ္မွလည္း အစိုးရအေနနဲ႔က ဒီအေရးကိစၥေတြက သူတို႔အေနနဲ႔ မျဖစ္မေန စဥ္းစားေပးလာရေတာ့မယ္ဆိုတဲ့အသိေပါ့ေနာ္။ အသိေတြရွိလာမယ္။ အဲ့ဒီအသိရဲ႕ ေနာက္ဆက္တြဲကေတာ့ လက္ေတြ႔ အေကာင္အထည္ ေဖာ္မယ့္ အဆင့္။ တဆင့္ျပီးတဆင့္ေတာ့ ေရာက္လာႏိုင္တဲ့ အေနအထား ျဖစ္တယ္ေပါ့။ အဓိက ကေတာ့ က်မတို႔ေတြက ပိုမိုျပီးေတာ့မွ အလုပ္ လုပ္ရမယ္။ ပိုမိုျပီးေတာ့မွ ကိုယ့္ရဲ႕အလုပ္အေပၚမွာ တစိုက္မတ္မတ္ ျဖစ္ဖို႔လို္တယ္။ ပိုျပီး ခ်ိတ္ဆက္ဖို႔လို္တယ္။ Networking ေတြ အားေကာင္းဖို႔လိုတယ္ေပါ့ေနာ္။ ဒီလို လုပ္ေဆာင္မယ္ဆိုရင္ေတာ့ ဒီလာမယ့္ အစိုးရသက္တမ္းမွာေတာ့ ဒီအမ်ိဳးသမီးေတြနဲ႔ပတ္သက္ျပီး တစံုတရာ အေျပာင္းအလဲ ပိုမိုတိုးတက္တဲ့ အေနအထားတခုကို က်မတို႔ ျမင္လာလို႔ရမယ္ေပါ့ေနာ္။ ျပီးေတာ့ က်မတို႔အမ်ိဳးသမီးေတြကို ကန္႔သတ္ခ်ဳပ္ခ်ယ္ထားတဲ့ ဖိႏွိပ္ထားတဲ့ ဥပေဒေတြ လုပ္ေဆာင္ခ်က္ေတြ ပေပ်ာက္ေအာင္လည္း က်မတို႔ အားလံုးကေတာ့ ၀ိုင္း၀န္း ၾကိဳးစားရမယ္။ ပိုမိုၾကိဳးစားရမယ္။ ဆထက္တပိုး အမ်ားၾကီး လုပ္ေဆာင္ရမယ္လို႔ က်မ ျမင္ပါတယ္။ ဒါမွလဲ အမ်ိဳးသမီးေရးကို အေလးထားျပီးေတာ့မွ လုပ္ငန္းပိုင္းဆိုင္ရာအရ လက္ေတြ႔ အေကာင္အထည္ေဖာ္တဲ့ အစိုးရတရပ္ကို က်မတို႔အေနနဲ႔ ရရွိမွာျဖစ္ပါတယ္။”

တိုက္႐ိုက္ လင့္ခ္

===========================================

[Unicode Version]

မြန်မာ့လူ့အခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အရေး အခြေအနေ (အမျိုးသမီးကဏ္ဍ)

ဒီဇင်ဘာလ ၁၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ဒီလို လူ့အခွင့်အရေးနေ့ မျိုးမှာ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အထိမ်းအမှတ် အခမ်းအနားတွေ၊ ဆွေးနွေးပွဲ စကားဝိုင်းတွေ ကျင်းပကြလေ့ ရှိသလို၊ လူ့အခွင့်အရေး ပိုမို တိုးတက်ကောင်းမွန်လာအောင် ဘာတွေ လုပ်ဆောင်သင့်တယ် ဆိုတာတွေကို အလေးအနက်ထား ထောက်ပြ ပြောဆိုကြလေ့ရှိပါတယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့ ကျမတို့ မြန်မာနိုင်ငံမှာရော ပြည်သူ့ အစိုးရလက်ထက်မှာ အရင်စနစ်ဟောင်းနဲ့မတူတဲ့ တိုးတက်ပြောင်းလဲမှု ဘာတွေ ရှိနေပါလဲ။ အမျိုးသမီးတွေအတွက် အခွင့်အရေးတွေရော တိုးတက် ပြောင်းလဲ လာပါပြီလား။ မြန်မာနိုင်ငံရဲ့ လက်ရှိ လူ့အခွင့်အရေး အခြေအနေ၊ အမျိုးသမီး အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ဥက္ကဋ္ဌ မတင်တင်ညိုကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

“အခုဆိုရင် ကျမတို့နိုင်ငံမှာ အရပ်သားအစိုးရ၊ ဒီမိုကရေစီအစိုးရ အုပ်ချုပ်လာတာ ၁၀ နှစ်ဆိုတဲ့ အတိုင်းအတာ ရှိလာပြီပေါ့နော်။ ဒီ ၁၀ နှစ် အတိုင်းအတာမှာ ကျမတို့ လူ့အခွင့်အရေး ကိစ္စရပ်တွေကို ကြည့်လိုက်မယ်ဆိုရင် အထူးသဖြင့် ဒီအထဲမှာ ကျမ ဖော်ပြချင်တာက ကျမတို့ရဲ့ လူ့အခွင့်အရေးထဲမှာမှ အရေးကြီးတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ပေါ့နော်။ အဲ့ဒီ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကတော့ အကြီးမားဆုံး ကန့်သတ်မှုတွေ ဆက်ပြီးတော့မှခံရတယ်လို့ ပြောချင်တာပေါ့လေ။ အထူးသဖြင့် အစိုးရကို၊ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို check and balance ဖြစ်ဖို့ ထောက်ပြပြောဆိုတာတွေ၊ ဝေဖန် သုံးသပ်တာတွေဆိုရင် အစိုးရအနေနဲ့ ဒါ သည်းခံတာမျိုးမရှိဘဲနဲ့ ဖမ်းဆီးတာ၊ ချုပ်နှောင်တာ၊ ထောင်ချတာ၊ တရားစွဲတာ၊ ဒါမျိုးတွေကို တောက်လေ ျှာက် လုပ်ဆောင်ခဲ့တာ ရှိတယ်။ ဒီလိုလုပ်ဆောင်တဲ့နေရာမှာ တက်ကြွလှုပ်ရှားသူတွေကို ရော နိုင်ငံရေးသမားတွေကိုရော၊ ပြီးတဲ့အခါ သတင်းမီဒီယာတွေမှာ လုပ်ဆောင်နေကြတဲ့ သတင်းထောက်တွေ၊ အယ်ဒီတာချုပ်တွေကိုကအစ ဒီလိုမျိုး ဖိနှိပ်မှုတွေ ရှိနေတယ်ဆိုတာကို ကျမတို့ တွေ့ရတာပေါ့။ တကယ့်တကယ်ဆိုရင် ကျမတို့ အထူးသဖြင့် ဒီ NLD ဦးဆောင်တဲ့ အရပ်သား အစိုးရ လက်ထက်မှာ ပြောရမယ်ဆိုရင် လွတ်လပ်မှုနဲ့ လုံခြုံမှုကို ထိပါးစေတဲ့ ဥပဒေတွေကို ကအစ သူတို့က ဖျက်သိမ်းမယ်။ တရားဥပဒေ စိုးမိုးရေးလုပ်မယ် ဆိုပြီးတော့မှ ဒါ အစိုးရသစ် တက်လာချိန်တုန်းက ပြောခဲ့တာတွေ ရှိတာပေါ့နော်။ ဒါပေမဲ့ လက်တွေ့မှာကတော့ အဲ့ဒါတွေနဲ့ တခြားစီဖြစ်တယ်။ ဆိုတဲ့အခါကျတော့ သူတို့ရဲ့ပြောဆိုမှုတွေကို အကောင်အထည် မဖော်လိုက်နိုင်တဲ့ အနေအထားတခုကို ပြောရမယ်ဆိုရင်တော့ ဒီ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်က အကြီးမားဆုံး ဆုံးရှုံးမှု တခုအနေနဲ့ ကျမက ထောက်ပြချင်ပါတယ်။”

အဓိက ကတော့ ပြည်သူရွေးကောက်တင်မြှောက်တဲ့ အစိုးရတက်လာတဲ့အခါမှာ ဒီလိုအခြေအနေတွေတော့ ပိုပြီးတော့ တိုးတက်ကောင်းမွန်လာမှာပဲလို့ အများက မေ ျှာ်လင့်ခဲ့ကြပြီးတော့မှ ထင်သလောက် မဖြစ်တဲ့ အခြေအနေေတွေ ရှိနေတဲ့သဘောလို့ နားလည်ပါတယ်။ ဒါပေမဲ့ တဘက်မှာကျတော့ရော ဒီ အစိုးရလက်ထက်မှာ အရင်နဲ့မတူတဲ့ တိုးတက်ပြောင်းလဲမှု ဘာတွေများရှိတယ်လို့ ပြောနိုင်မလဲရှင့်။

“အထူးသဖြင့်ကတော့ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှုကို ပြောမယ်ဆိုလို့ရှိရင်တော့ အတိုင်းအတာ တခုအထိကတော့ ဝေဖန်တာတွေ၊ သုံးသပ်တာတွေ လုပ်နေကြတာတွေ ရှိတယ်။ နောက်ပြီးတဲ့အခါကျလို့ရှိရင် တချို့ လိုအပ်နေတဲ့ ပြည်သူလူထုတွေကို လိုက်လံ ကူညီနေနိုင်တဲ့ အနေအထားတချို့ ရှိတယ်။ အကန့်အသတ်နဲ့ပေါ့နော်။ အရမ်း sensitive ဖြစ်တဲ့ (ထိရှလွယ်တဲ့) conflict (ပဋိပက္ခ) ဖြစ်တဲ့နေရာမျိုးတွေကတော့ ဒါ တားဆီးပိတ်ပင်ခံရတဲ့ ပုံစံမျိုးတွေ ရှိမယ်။ ဒါပေမဲ့ တကယ့်တကယ် တချို့မြို့တွေမှာ တချို့နယ်တွေမှာတော့ အစိုးရကို တိုက်ရိုက် မထိခိုက်ဘူး။ အစိုးရရဲ့ မူ ပေါ်လစီကို တိုက်ရိုက် မကိုင်လှုပ်ဘူးဆိုရင်တော့ တစုံတရာ လှုပ်ရှားလို့ရတယ်။ အလုပ် လုပ်လို့ရတယ်။ ပြည်သူလူထုတွေကို ကာကွယ်စောင့်ရှောက်တာတွေ၊ သူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာတွေ။ ဒီလိုမျိုးဟာတွေကိုတော့ အတိုင်းအတာတခုအထိ လုပ်လို့ရတဲ့ အနေအထားတွေတော့ တွေ့ရတယ်။ လုံးဝကြီး လွတ်လွတ်လပ်လပ်ဆိုတဲ့ အနေအထား တခုတော့ မရှိနေဘူးပေါ့နော်။”

ဟုတ်ကဲ့။ တဆက်တည်းပဲ အမျိုးသမီးတွေနဲ့ပတ်သက်လို့ရော ကျား-မ တန်းတူ အခွင့်အရေးပဲပြောပြော၊ အမျိုးသမီးတွေ နိုင်ငံရေးမှာ ဦးဆောင်မှုအခန်းကဏ္ဍမှာ ပိုမို ပါဝင်လာနိုင်ဖို့ အခွင့်အလမ်း အခြေအနေ တိုးတက်မှုတွေ၊ အမျိုးသမီးအခွင့်အရေး အာမခံချက်တွေ ပိုပြီး ရှိလာတာမျိုးရော တွေ့ရပါလားရှင့်။

“ဟုတ်ကဲ့။ နှစ်ပိုင်းတော့ရှိတယ်ရှင့်။ ဒီအမျိုးသမီး အခွင့်အရေးကိစ္စရပ်ကို ပြောမယ်ဆိုလို့ရှိရင် တခုကကျတော့ ဥပဒေရေးရာအရ အကာအကွယ်တွေ ပေးနိုင်မယ့် အနေအထားတွေ ပေါ်ပေါက်လာအောင် လုပ်ဆောင်ဖို့ရယ်။ ဒီဥပဒေတွေ ပေါ်ပေါက်လာပြီဆိုရင် တကယ်ပဲ ဒီဥပဒေတွေက ဒီအမျိုးသမီးတွေကို အကာအကွယ်ပေးတယ်ဆိုတဲ့ တရားဥပဒေ စိုးမိုးမှုအဆင့် ဖြစ်လာဖို့ရယ်။ နောက်တခုကျတော့ လူတွေရဲ့ အတွေးအခေါ် အမြင်တွေကို ပြောင်းလဲနိုင်တယ်ဆိုတဲ့ အနေအထားပေါ့နော်။ ဆိုတော့ အဲ့ဒီအပိုင်းနှစ်ခုနဲ့ ကျမတို့က ပြန်ပြီးတော့ သုံးသပ်ရမယ့် အနေအထား ဖြစ်မယ်။ ဆိုတော့ တစ်တချက်က ကျတော့ လူတွေရဲ့အမြင် အတွေးအခေါ်ပိုင်းတွေကို ကျမ ပြန်ပြီး သုံးသပ်ကြည့်တဲ့အခါကျတော့ ကျမတို့မှာက ကျမတို့မေ ျှာ်မှန်းတဲ့အဆင့်ကို မရောက်နေဘူးပေါ့။ တချို့ကကျတော့ လုပ်ငန်းသဘောအရ ဖိအားတွေကြောင့်မိုလို့ အမျိုးသမီးတွေရဲ့ နိုင်ငံရေး ပါဝင်မှုတွေကို အသိအမှတ်ပြုသလိုလိုနဲ့ ထည့်သွင်းလာတာ ရှိပေမဲ့ တကယ့်တကယ် လက်တွေ့မှာ ကျတော့ သူတို့ရဲ့ စိတ်ရောကိုယ်ပါ လက်ခံလိုက်တယ်ဆိုတဲ့ အနေအထား မဟုတ်ဘူးပေါ့နော်။ တကယ့် အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချရမယ့်နေရာမျိုးတွေမှာဆိုရင် အမျိုးသမီးတွေ မရနိုင်တဲ့ အနေအထားကတော့ ရှိနေဆဲပါပဲ။ ဆိုတော့ အရေးကြီးတဲ့ ရေးရာကော်မတီလို ကိစ္စရပ်မျိုးတွေမှာ။ လွှတ်တော်မှာတောင်မှ ကော်မတီတွေ အများကြီးရှိပါတယ်။ အဲ့ဒီကော်မတီတွေမှာဆိုရင်လည်း တချို့ နေရာတွေမှာတော့ အမျိုးသမီးတွေက တော်တော်လေးကို အဆင့်မြင့်တဲ့ တာဝန်တွေရမယ်။ ဥက္ကဋ္ဌလို နေရာမျိုးတွေရမယ်။ ဒါပေမဲ့ ဒါက အနည်းအကျဉ်းပဲ။ အဲ့ဒီလို ရတယ်ဆိုရင်တောင်မှ တခြားသော အကြောင်းအရာတွေကိုပဲ ပိုမိုအာရုံစိုက် လုပ်သွားပြီးတော့ အမျိုးသမီးရေး၊ အမျိုးသမီးတွေရဲ့ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ဆိုတဲ့ အဲ့ဒီကိစ္စရပ်တွေကိုတော့ အာရုံစိုက်တာ အခုထိ နည်းတယ်ပေါ့နော်။ ဒီအစိုးရ ၅ နှစ်သက်တမ်းမှာ ပြောရမယ်ဆိုလို့ရှိရင် အမျိုးသမီး issue ကို ဒါကြီးက အရေးကြီးတဲ့ issue ၊ ဒါကြီးကို ဦးစားပေး လုပ်ရမယ်ဆိုတဲ့ အမြင်တွေ အတွေးအခေါ်တွေက အဆင့်ဆင့် အစိုးရမှာ တာဝန်ယူနေတဲ့သူတွေ ကိုယ်တိုင်မှာလည်း မရှိဘူး။ တဘက်ကလည်း ကျမတို့ တက်ကြွလှုပ်ရှားတဲ့ လှုပ်ရှားမှုမှာပဲ ပြောပြော၊ နိုင်ငံရေးပါတီတွေ အဝန်းအဝိုင်းမှာပဲပြောပြော အမျိုးသမီးတွေရဲ့ နိုင်ငံရေး ပါဝင်မှု၊ အမျိုးသမီးတွေရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေပေါ်မှာ လက်ခံနိုင်မှုက အတိုင်းအတာ တခုအထိပဲ ရှိတယ်။ အဲ့ဒါကကျတော့လည်း မဖြစ်မနေ ထည့်သွင်းပေးရမယ်ဆိုတဲ့ အဆင့်ကြောင့်မိုလို့ ထည့်သွင်းလာတယ်ဆိုတာက အများစုလို့ ကျမ အနေနဲ့ သုံးသပ်တယ်ပေါ့နော်။ ပြီးခဲ့အခါကျလို့ရှိရင် အတွေးအခေါ်ပိုင်း attitude ၊ mindset တွေပေါ့။ အတွေးအခေါ်တွေ အယူအဆတွေ အရိုးစွဲနေတဲ့အမြင်တွေကို ကျမတို့က အခုထိ ပြောင်းလဲနိုင်ဖို့မှာတော့ တော်တော်လေး အားနည်းနေသေးတာကို ကျမတို့ တွေ့ရတာပေါ့နော်။”

ဟုတ်ကဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီအစိုးရလက်ထက်မှာ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုမို ပါဝင်လာတာတွေတော့ ရှိပါတယ်။ ဥပမာ လွှတ်တော်ထဲမှာဆိုရင်လည်း အရင်ထက်ပိုပြီး လွှတ်တော်အမတ်နေရာ ဝင် အရွေးခံတဲ့သူတွေ၊ အရွေးခံရသူတွေ ပိုများလာတာမျိုးတွေလည်း ရှိပါတယ်။ ဆိုတော့ ဒါတွေကိုရော တိုးတက်မှုလို့ မမြင်နိုင်ဘူးလားရှင့်။

“ဟုတ်ကဲ့ရှင့်။ ဆိုတော့ ဒီအစိုးရသက်တမ်းမှာ တော့ သေချာတာကတော့ အမျိုးသမီးတွေရဲ့ ပါဝင်မှုက နံပါတ်အရပေါ့နော်။ အရေအတွက် အရကတော့ အရမ်းများလာတယ်။ ဒီအပေါ်မှာလည်း ကျမတို့ အရမ်းကြိုဆိုတယ်။ အရမ်းလည်း အားတက်တယ်။ ဘာပဲဖြစ်ဖြစ် ဒါက ကောင်းသောခြေလှမ်းတခုလို့တော့ ကျမတို့ အနေနဲ့ ယူဆတယ်ပေါ့လေ။ ဒီဘက် ၂၀၂၀ မှာလည်း အမျိုးသမီးတွေရဲ့ ပါဝင်မှုက ပိုတောင်မှ ထပ်များလာသေးတဲ့ အနေအထား ဖြစ်တယ်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒါကိုတော့ ကျမတို့အရမ်းကို ကြိုဆိုပါတယ်။ တခုရှိတာကတော့ အမျိုးသမီးတွေရဲ့ အရေအတွက် တိုးတက်တယ်ဆိုတဲ့နေရာမှာ အရေအတွက် တခုတည်းမဟုတ်ဘဲနဲ့ တကယ့် လက်တွေ့ အကောင်အထည်ဖော်တဲ့ အပိုင်းတွေမှာကအစ သူတို့ကိုယ်တိုင် အားလုံးက ပိုမိုပြီးတော့မှ ဒီ့ထက် အားစိုက်ထုတ်ပြီးတော့ လုပ်ဆောင်တယ်ဆိုတဲ့ အဆင့်မျိုးကိုတော့ ပိုပြီးတော့ ဖြစ်စေချင်တယ်။ အထူးသဖြင့် အမျိုးသမီး အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကိုပေါ့။ ဆိုတော့ ကျမတို့ နားလည်တယ်။ တချို့အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေက စိတ်ဓာတ်ရှိတယ်။ လုပ်ဆောင်ပေးချင်တယ်။ သို့သော်လည်း ပါတီရဲ့ မူဝါဒအရ၊ ပါတီရဲ့ ဦးစားပေး မူဝါဒတွေကို ကျော်လွန်ပြီး လုပ်ဆောင်ပေးနိုင်မှု မရှိတဲ့အခါကျတော့ အကန့်အသတ်တွေ အများကြီးရှိတယ်။ အဲ့ဒီအပေါ်မှာ သူတို့ကိုယ်တိုင် အားမလိုအားမရတာတွေ စိတ်ဓာတ်ကျရတဲ့ အခြေအနေတွေ အများကြီး ရှိပါတယ်။ ပြောမယ်ဆိုလို့ရှိရင်တော့ တော်တော်များများ နေရာတွေမှာ အမျိုးသမီးတွေကတော့ တဆင့်တဆင့် တိုးပြီးတော့မှတော့ ပါဝင်လာနိုင်အောင် ကြိုးစားနေကြတာ ရှိပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ် ဆိုရင်လည်း ထိုနည်းလည်းကောင်းပဲပေါ့နော်။ တကယ့် အရေးပါတဲ့နေရာတွေမှာ ပြောရေးဆိုခွင့်ရှိတဲ့နေရာတွေမှာ၊ အပြန်အလှန် ဆွေးနွေးညှိနှိုင်းတဲ့ နေရာတွေမှာ အများစု မပါနိုင်ပေမဲ့လည်း တကယ် အောက်ခြေထု နေရာတွေမှာကတော့ အမျိုးသမီးတွေ ပါဝင်မှုတွေ ရှိနေအောင်လို့တော့ ကျမတို့ အမျိုးသမီးအဖွဲ့တွေ ကိုယ်တိုင်ကလည်း အများကြီး လိုက်ပြီး ကြိုးစားတာတွေ ရှိပါတယ်။”

ဟုတ်ကဲ့ ရှေ့အလားအလာနဲ့ ပတ်သက်ပြီးတော့လည်း မေးချင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူထောက်ခံတဲ့ အရပ်သား အစိုးရတရပ် နောက်ထပ် ၅ နှစ်သက်တမ်း ထပ်လာဦးမယ်ဆိုတော့ လူ့အခွင့်အရေးတွေ၊ အမျိုးသမီး အခွင့်အရေးတွေ အရင်ထက်ပိုပြီး တိုးတက်လာဖို့ရော ကျမတို့ မေ ျှာ်လင့်လို့ ရနိုင်မလား။ ဘယ်လိုများသုံးသပ်မိပါလဲရှင့်။

“ဟုတ်ကဲ့ပါရှင့်။ ဒီလာမယ့် သက်တမ်းပေါ့နော်။ ပြောမယ်ဆိုရင်တော့ အခုလက်ရှိအစိုးရကပဲ ဆက်လက်ပြီးတော့ အုပ်ချုပ်သွားမယ်ဆိုတဲ့ အနေအထား တခုပေါ့နော်။ ဆိုတော့ ဒီလို အနေအထားမျိုးမှာ ကျမတို့ အနေနဲ့ကတော့ မေ ျှာ်လင့်ချက်မဲ့ စကားတော့ မပြောချင်ဘူး။ ဒါပေမဲ့ ကျမတို့ကိုယ်တိုင်က အများကြီး ဒီပြီးခဲ့တဲ့သက်တမ်းထက် ကျမတို့ အမျိုးသမီးအဖွဲ့တွေက အများကြီး ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ပိုမိုပြီးတော့မှ တိုက်တိုက်တွန်းတွန်း ကြိုးစားလုပ်ဆောင်ရမယ့် အနေအထားတွေကို ကျမ ပိုမြင်လာတယ်ပေါ့နော်။ အစိုးရအနေနဲ့ ဒီ အမျိုးသမီး၊ လူငယ်၊ ကလေး စသဖြင့်ပေါ့နော်။ သူတို့ဘာတွေ လုပ်ဆောင်ပေးမလဲ ဆိုတဲ့ သူတို့ရဲ့ အစီအစဉ်တွေ ရှိတယ်။ ဒီအစီအစဉ်တွေကို ကျမတို့က သေသေချာချာ ကျမတို့က ပုံမှန် စောင့်ကြည့်သွားရမယ်လို့ ကျမ မြင်တယ်။ ပုံမှန်စောင့်ကြည့်ပြီးတော့မှ ဒါတော့ မလုပ်ရသေးဘူး။ ဒါတော့လုပ်ဖို့လိုတယ် ဆိုတဲ့ဟာမျိုးကိုလည်း သေချာ ထောက်ပြပေးသွားရမယ်။ အဲ့ဒီလိုမျိုး လုပ်မှလည်း အစိုးရအနေနဲ့က ဒီအရေးကိစ္စတွေက သူတို့အနေနဲ့ မဖြစ်မနေ စဉ်းစားပေးလာရတော့မယ်ဆိုတဲ့အသိပေါ့နော်။ အသိတွေရှိလာမယ်။ အဲ့ဒီအသိရဲ့ နောက်ဆက်တွဲကတော့ လက်တွေ့ အကောင်အထည် ဖော်မယ့် အဆင့်။ တဆင့်ပြီးတဆင့်တော့ ရောက်လာနိုင်တဲ့ အနေအထား ဖြစ်တယ်ပေါ့။ အဓိက ကတော့ ကျမတို့တွေက ပိုမိုပြီးတော့မှ အလုပ် လုပ်ရမယ်။ ပိုမိုပြီးတော့မှ ကိုယ့်ရဲ့အလုပ်အပေါ်မှာ တစိုက်မတ်မတ် ဖြစ်ဖို့လိုတယ်။ ပိုပြီး ချိတ်ဆက်ဖို့လိုတယ်။ Networking တွေ အားကောင်းဖို့လိုတယ်ပေါ့နော်။ ဒီလို လုပ်ဆောင်မယ်ဆိုရင်တော့ ဒီလာမယ့် အစိုးရသက်တမ်းမှာတော့ ဒီအမျိုးသမီးတွေနဲ့ပတ်သက်ပြီး တစုံတရာ အပြောင်းအလဲ ပိုမိုတိုးတက်တဲ့ အနေအထားတခုကို ကျမတို့ မြင်လာလို့ရမယ်ပေါ့နော်။ ပြီးတော့ ကျမတို့အမျိုးသမီးတွေကို ကန့်သတ်ချုပ်ချယ်ထားတဲ့ ဖိနှိပ်ထားတဲ့ ဥပဒေတွေ လုပ်ဆောင်ချက်တွေ ပပျောက်အောင်လည်း ကျမတို့ အားလုံးကတော့ ဝိုင်းဝန်း ကြိုးစားရမယ်။ ပိုမိုကြိုးစားရမယ်။ ဆထက်တပိုး အများကြီး လုပ်ဆောင်ရမယ်လို့ ကျမ မြင်ပါတယ်။ ဒါမှလဲ အမျိုးသမီးရေးကို အလေးထားပြီးတော့မှ လုပ်ငန်းပိုင်းဆိုင်ရာအရ လက်တွေ့ အကောင်အထည်ဖော်တဲ့ အစိုးရတရပ်ကို ကျမတို့အနေနဲ့ ရရှိမှာဖြစ်ပါတယ်။”

XS
SM
MD
LG