သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

(၂၆) ႏွစ္ျပည့္ ျမန္မာ့အမ်ိဳးသမီးသမဂၢ ျဖတ္သန္းမႈတခ်ိဳ႕


(Zawgyi/Unicode)

ရွစ္ေလးလံုး လူထုအေရးေတာ္ပံုကေန ေပါက္ဖြားလာခဲ့တဲ့ အမ်ိဳးသမီးႏိုင္ငံေရး တက္ၾကြလႈပ္ရွားသူေတြ စုေပါင္းျပီး ျမန္မာ့အမ်ိဳးသမီးသမဂၢ (BWU) ကို ဖြဲ႔စည္းခဲ့တာ ဒီလ ၇ ရက္ ၾကာသပေတးေန႔က ၂၆ ႏွစ္ ျပည့္ခဲ့ပါတယ္။ ျမန္မာ့အမ်ိဳးသမီးသမဂၢကို ဘယ္လိုရည္ရြယ္ခ်က္ေတြနဲ႔ စတင္ဖြဲ႔စည္းခဲ့တာပါလဲ။ အဖြဲ႔ရဲ႕ ရည္မွန္းခ်က္ေတြကို ဘယ္လို အေကာင္အထည္ ေဖာ္ေနသလဲ။ အနာဂတ္ေမ ွ်ာ္မွန္းခ်က္ေတြကေရာ ဘာေတြ ရွိေနလဲ ဆိုတာေတြကို ျမန္မာ့အမ်ိဳးသမီးသမဂၢ ဥကၠ႒ မတင္တင္ညိဳကို ဆက္သြယ္ေမးျမန္းျပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ဆက္ထားပါတယ္။

“ျမန္မာ့အမ်ိဳးသမီးသမဂၢက ေျပာရမယ္ဆိုရင္ေတာ့ ထူးျခားခ်က္ အေနနဲ႔ဆိုရင္ေတာ့ က်မတို႔က စစ္အာဏာရွင္စနစ္ တိုက္ဖ်က္ေရး၊ ဒီမိုကေရစီေရးနဲ႔ ျငိမ္းခ်မ္းေရးေပါ့ေနာ္။ ဒီရည္မွန္းခ်က္ ၃ ခုကို အဓိက ထားျပီးေတာ့ က်ားမ တန္းတူေရး၊ အမ်ိဳးသမီးေတြရဲ႕ ပါ၀င္မႈေတြ ကေနတဆင့္ ဒါေတြကို ေဖာ္ေဆာင္သြားမယ္ဆိုတဲ့ ရည္မွန္းခ်က္ၾကီးကို ခ်ျပီးေတာ့ လုပ္ေဆာင္ခဲ့တာေပါ့ေနာ္။ ဆိုေတာ့ ဒါကေတာ့ ေျပာမယ္ဆိုရင္ အမ်ိဳးသမီးအဖြဲ႔။ သို႔ေသာ္လည္း ႏုိင္ငံေရးအရ ရည္မွန္းခ်က္ၾကီးၾကီးမားမား ခ်ျပီးေတာ့မွ လုပ္ငန္း အေကာင္အထည္ ေဖာ္ေနတဲ့ အဖြဲ႔အစည္းလို႔ ေျပာလို႔ရပါတယ္။”

ဆိုေတာ့ ျမန္မာ့အမ်ိဳးသမီးသမဂၢဟာ အမ်ိဳးသမီးေရးသက္သက္ ေဆာင္ရြက္တဲ့ အဖြဲ႔အစည္းမ်ိဳး ဆိုတာမ်ိဳးထက္ အမ်ိဳးသမီးေတြစုဖြဲ႔ျပီး ႏုိင္ငံေရး ရည္မွန္းခ်က္၊ တိုင္းျပည္မွာ လိုအပ္တဲ့ ႏုိင္ငံေရး အေျပာင္းအလဲေတြ ျဖစ္လာဖို႔ ၾကိဳးပမ္းတဲ့ အဖြဲ႔အစည္းမ်ိဳးလို႔ ေျပာလို႔ရပါသလား။

“အခ်က္ ႏွစ္ခ်က္အေပၚမွာေတာ့ အေျခခံတာေပါ့ေနာ္။ တခုကေတာ့ BWU စဖြဲ႔စည္းစဥ္ကတည္းက ရည္မွန္းထားတဲ့ ျမန္မာျပည္မွာ စစ္အာဏာရွင္စနစ္ ခ်ဳပ္ျငိမ္းရမယ္။ ျပီးရင္ တိုင္းရင္းသား တန္းတူေရးကို အာမခံတဲ့ ဒီမိုကေရစီ ျပည္ေထာင္စုတခု ေပၚေပါက္ရမယ္ဆိုတဲ့ ရည္မွန္းခ်က္ ရွိတယ္။ ဆိုေတာ့ အဲ့ဒီလိုမ်ိဳး အေရးကိစၥေတြမွာ ေဖာ္ေဆာင္တဲ့ေနရာေတြမွာ အမ်ိဳးသမီးေတြကိုယ္တိုင္က တက္တက္ၾကြၾကြနဲ႔ ျပီးေတာ့မွ ဦးေဆာင္တဲ့ေနရာကေန ပါ၀င္ခြင့္ရဖို႔ ဆိုတဲ့ အေနအထားေတြက လိုလာတယ္ေပါ့ေနာ္။ ဒါေၾကာင့္မိုလို႔ BWU လို အဖြဲ႔အစည္းတခု ဖြဲ႔လိုက္တယ္ဆိုလို႔ရွိရင္ ဒီအပိုင္း ႏွစ္ခုကို က်မတို႔အေနနဲ႔ ေဆာင္ရြက္ႏိုင္တယ္။ တပိုင္းကလည္း အမ်ိဳးသမီးေတြရဲ႕ဦးေဆာင္မႈကို က်မတို႔ ျမွင့္တင္ေပးႏုိင္တယ္။ ျပီးေတာ့မွ အမ်ိဳးသမီးေတြ အေနနဲ႔ ဒီ ဦးေဆာင္မႈေနရာမွာ ထဲထဲ၀င္၀င္ အဓိပၸါယ္ျပည့္၀စြာ ပါ၀င္ႏုိင္ဖို႔အတြက္ကိုလည္း စည္း႐ံုး လႈံ႔ေဆာ္လို႔ ရႏုိင္မယ္။ တျပိဳင္တည္းမွာပဲ ခုနကေျပာတဲ့ ျမန္မာျပည္ၾကီး ျငိမ္းခ်မ္းေရး ရရွိဖို႔အတြက္ကိုလည္း က်မတို႔ေတြက ေနရာ တေနရာ ကေနျပီးေတာ့မွ တာ၀န္ယူလုပ္ေဆာင္သြြားႏုိင္မယ္ ေပါ့ေနာ္။ ဒီလိုအေနအထားေလးေတြကို က်မတို႔ စဥ္းစားျပီးေတာ့မွ ဖြဲ႔စည္းခဲ့တယ္။ အဲ့ဒီလို ဖြဲ႔စည္းျပီးတဲ့အခါမွာ ဘာေတြ႔လာရလဲ ဆိုေတာ့ အမ်ိဳးသမီးေတြက စစ္ပြဲေတြအတြင္းမွာ အၾကမ္းဖက္မႈမ်ားစြာ ၾကံဳေတြ႔ၾကရတာ ရွိတယ္။ နယ္စပ္တေလ ွ်ာက္မွာ ျဖတ္ေက်ာ္ျပီးေတာ့မွ ထြက္ေျပးလာရတယ္။ ပုန္းေအာင္းလာရတယ္။ ျပီးေတာ့ ဒုကၡသည္စခန္းေတြမွာ ေရာက္လာတယ္။ သူတို႔ေတြမွာက အၾကမ္းဖက္မႈေတြကေနလည္း အကာအကြယ္ေပးဖုိ႔ လိုအပ္သလို၊ တျပိဳင္တည္းမွာပဲ စစ္အာဏာရွင္စနစ္ေအာက္မွာ ၾကီးျပင္းရတာေၾကာင့္မိုလို႔ သူတို႔မရရွိႏုိင္တဲ့ ပညာေရးေတြအတြက္ကို က်မတို႔အေနနဲ႔က အလြတ္သေဘာ သင္ၾကားမႈမ်ိဳးေလးေတြကိုလည္း စီစဥ္ေပးႏုိင္ဖို႔ လိုအပ္တယ္ဆိုတာေတြလည္း ျမင္လာတယ္ေပါ့ေနာ္။ ဒါေၾကာင့္မိုလို႔လဲ တဘက္က ပညာေပးမယ္။ တဘက္က စည္း႐ံုးလံႈ႔ေဆာ္မယ္။ တဘက္ကလည္း လုပ္ပိုင္ခြင့္ အခြင့္အလမ္းေတြ ရလာျပီဆိုရင္ ပဏာမရည္မွန္းခ်က္ျဖစ္တဲ့ စစ္အာဏာရွင္စနစ္ ခ်ဳပ္ျငိမ္းေရး၊ ျပီးေတာ့ ျပည္တြင္း ျငိမ္းခ်မ္းေရး၊ က်ားမ တန္းတူေရး ဆိုတာကို က်မတို႔ ေဖာ္ေဆာင္သြားႏုိင္မယ္ေပါေ့နာ္။ ဆိုေတာ့ ဒီလိုရည္မွန္းခ်က္ေတြနဲ႔ က်မတို႔ ဖြဲ႔စည္းခဲ့တယ္။ လုပ္ငန္းေတြကို အေကာင္အထည္ ေဖာ္ခဲ့တာရွိပါတယ္။”

အဲ့ဒီေတာ့ ဒီရည္မွန္းခ်က္ေတြကို ဘယ္ေလာက္အထိ အေကာင္အထည္ ေဖာ္ႏုိင္ျပီလို႔ အခုခ်ိန္မွာ ျပန္ သံုးသပ္ႏုိင္ပါမလဲ။

“၂၆ ႏွစ္တာကာလကို ျပန္သံုးသပ္ၾကည့္လိုက္မယ္ဆိုရင္ အတိုင္းအတာ တခုအထိကေတာ့ အမ်ိဳးသမီးေတြကို က်မတို႔ေတြ စြမ္းရည္ျမွင့္တင္ေရးေတြ လုပ္ေပးႏုိင္တယ္။ အသိပညာေပးေတြ ေပးႏုိင္ခဲ့တယ္။ ျပီးေတာ့ သူတို႔ကိုယ္တိုင္က သူတို႔ရဲ႕ ရပ္ရြာ နယ္ေျမ၊ သူတို႔ လူထုအတြက္ ျပန္ျပီးေတာ့မွ စြမ္းစြမ္းတမံ တတ္ႏုိင္တဲ့အင္အားေတြနဲ႔ အလုပ္ေတြ ျပန္အက်ိဳးျပဳရမယ္ဆိုတဲ့ အသိေတြျဖစ္လာျပီးေတာ့ လုပ္ငန္းေတြထဲမွာ ပါလာၾကတယ္။ ဒါကေတာ့ ေအာင္ျမင္မႈတခုလို႔ ေျပာလို႔ရတယ္။ အမ်ိဳးသမီးေရး လႈပ္ရွားမႈ လုပ္တယ္ဆုိတဲ့ေနရာမွာ လူေတြရဲ႕ အေတြးအျမင္၊ အေတြးအေခၚ၊ ပံုစံခြက္ ေရွး႐ိုးအယူအဆေတြကို တိုက္ဖ်က္ရတာျဖစ္လို႔ အမ်ားၾကီးေတာ့ ဆက္လက္ လုပ္ေဆာင္ရဦးမယ္။ က်မတို႔ရဲ႕ အမ်ိဳးသမီး လႈပ္ရွားမႈ ခရီးစဥ္ကေတာ့ ေရရွည္ေပါ့ေနာ္ ႏွစ္ေပါင္းမ်ားစြာ ဆက္ျပီးေတာ့ သြားေနရဦးမယ့္ ခရီးစဥ္ ျဖစ္တယ္ေပါ့ေလ။”

ျမန္မာ့အမ်ိဳးသမီးသမဂၢကို စဖြြဲ႔ခဲ့တုန္းက ဒါက ၈၈ လူထုလႈပ္ရွားမႈ အေရးေတာ္ပံုမွာ ပါ၀င္ခဲ့ၾကတဲ့ အမ်ိဳးသမီးေတြက တိုင္းျပည္မွာ အေျပာင္းအလဲ ေဖာ္ေဆာင္ဖို႔ ၾကိဳးစားရင္း၊ နယ္စပ္ေဒသေတြကို ေရာက္လာ စုစည္းမိျပီးေတာ့မွ ျပည္ပမွာပဲ ဖြဲ႔စည္းခဲ့ျပီးေတာ့ အခုေနာက္ပိုင္း ျမန္မာႏိုင္ငံမွာ ႏုိင္ငံေရး ျပဳျပင္ေျပာင္းလဲမႈေတြ ရွိလာတဲ့အခါမွာလည္း ျမန္မာျပည္တြင္းမွာ လႈပ္ရွားလာတယ္ ဆိုေတာ့ အခု ျမန္မာႏိုင္ငံတြင္းမွာေရာ တရား၀င္ အဖြဲ႔အစည္းတခု အေနနဲ႔ ရပ္တည္ လႈပ္ရွားခြင့္ရေနပါျပီလားရွင့္။

“BWU ကေတာ့ ေျပာရမယ္ဆုိရင္ သူ႔ရဲ႕သမုိင္းေၾကာင္းကိုက စစ္အာဏာရွင္စနစ္ ျဖဳတ္ခ်ေရးကို က်မတို႔က ဦးတည္ခဲ့တယ္။ အဓိက ကေတာ့ စနစ္ေပါ့ေနာ္။ စနစ္တခုမွာမွ က်ားမ တန္းတူေရးကို ျမွင့္တင္ေပးတဲ့ လူမႈတရားမ ွ်တမႈကို သယ္ေဆာင္ေပးမယ့္ အေျခအေနတခုကို ျပဳလုပ္ခ်င္တဲ့အခါက်ေတာ့ က်မတို႔ရဲ႕သမိုင္းေၾကာင္းရယ္၊ လက္ရွိ လုပ္ေဆာင္ေနတဲ့ အေနအထားက စိန္ေခၚမႈမ်ားတယ္။ အႏၱရာယ္ နည္းနည္း မ်ားတယ္ေပါ့ေနာ္။ ေတာက္ေလ ွ်ာက္ႏွစ္ေတြမွာ က်မတို႔ အဲ့ဒီလို သံုးသပ္ခဲ့ျပီးေတာ့ မွတ္ပံုမတင္ခဲ့ဘူးေပါ့ေနာ္။ က်မတို႔က တခု စိတ္ပူတာက အကယ္၍မ်ား က်မတို႔ မွတ္ပံုတင္ လုက္တယ္ဆိုရင္၊ တကယ္လို႔ က်မတို႔က အစုိးရကိုေရာ တပ္မေတာ္ကိုေရာ သူတို႔ရဲ႕လုပ္ေဆာင္ခ်က္ေတြ မွားယြင္းေနတယ္။ လုိအပ္ခ်က္ေတြ ရွိေနလို႔ ပြင့္ပြင့္လင္းလင္း ေထာက္ျပ ေျပာဆုိ ေ၀ဖန္ သံုးသပ္မယ္ ဆိုလို႔ရွိရင္ ေနာက္ထပ္ ရရွိလာမယ့္ ေဘးထြက္ဆိုးက်ိဳးေတြေပါ့ေနာ္။ ဒါနဲ႔ပတ္သက္ရင္ ဘယ္လို အာမခံခ်က္မ်ိဳး ေပးႏုိင္မလဲ ဆုိတာေတြက အခုခ်ိန္ထိ အေျဖမရႏုိင္ေသးတဲ့ အေနအထားျဖစ္တယ္။ ေနာက္တခုကက်ေတာ့ အသင္းအဖြဲ႔မွတ္ပံုတင္ျခင္းဆိုင္ရာ ဥပေဒအရ ဆိုရင္လည္း က်မတို႔က မွတ္ပံုမတင္လည္း ရတယ္။ register မလုပ္လည္း ရတယ္။ က်မတို႔ လႈပ္ရွားမႈေတြကို ပံုမွန္ ဆက္လုပ္ခြင့္ရွိတယ္ဆိုတဲ့ အေနအထားလည္း ရွိတာေပါ့ေနာ္။ ဆိုေတာ့ အဲ့ဒီအခြင့္အေရးကို က်မတို႔က ဆက္လက္ အသံုးခ်ေနတယ္။ ဒါေပမဲ့ အခက္အခဲ အမ်ားၾကီး ရွိတယ္။ register မဟုတ္တဲ့အတြက္ေၾကာင့္မိုလို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ သြားေတြ႔တာေတြ က်မတို႔လုပ္ဖို႔ အခြင့္အေရး မရခဲ့ဘူးေပါ့ေနာ္။ ေတြ႔ခြင့္မရဘူး။ ေနာက္ျပီးတဲ့အခါက်ေတာ့ တခ်ိဳ႕ နယ္ေတြမွာ အခမ္းအနားေတြ လုပ္တယ္၊ ပြဲေတြလုပ္တယ္ဆိုရင္လည္း အမ်ားၾကီး အခက္အခဲ စိန္ေခၚမႈေတြ ၾကံဳရတယ္။ ျခိမ္းေျခာက္တာေတြ ခံရတယ္။ ဆိုေတာ့ ဒီေနာက္ပိုင္းမွာေတာ့ မွတ္ပံုတင္ဖို႔အတြက္က လုိအပ္ခ်က္ တခုက ျဖစ္လာတယ္။ ဒါေပမဲ့ တဘက္မွာလည္း ခုနကေျပာတဲ့ စိန္ေခၚမႈနဲ႔ ရရွိလာႏုိင္တဲ့ ေဘးအႏၱရာယ္ကို ဘယ္လို ကာကြယ္ေပးႏုိင္မလဲ ဆိုတဲ့ စဥ္းစားခ်က္လည္း ျဖစ္ေနေသးတယ္ေပါ့ေနာ္။”

ဘယ္လိုပဲျဖစ္ျဖစ္ ျမန္မာ့အမ်ိဳးသမီးသမဂၢ အေနနဲ႔ လႈပ္ရွားမႈေတြကေတာ့ ဆက္ရွိေနတယ္ဆိုေတာ့ တျခား အမ်ိဳးသမီးအဖြဲ႔အစည္းေတြနဲ႔ေရာ ဘယ္လိုပံုစံနဲ႔ ပူးေပါင္း ေဆာင္ရြက္ေနတာေတြ ရွိပါလဲ။

“က်မတို႔ ျမန္မာ့အမ်ိဳးသမီးသမဂၢရဲ႕ ယံုၾကည္မႈတခုက စနစ္တခုကို အေျပာင္းအလဲျပဳလုပ္ဖို႔၊ ေနာက္ျပီးေတာ့ လူေတြရဲ႕ အ႐ိုးစြဲေနတဲ့ ေရွး႐ိုးစြဲ အယူအဆေတြ ဖယ္ရွားပစ္ဖို႔ဆိုရင္ တစ္ဦး၊ တစ္ေယာက္၊ တစ္ဖြဲ႔၊ တစ္အုပ္စုကပဲ လုပ္လို႔မရဘူး။ အားလံုးက အတူတကြ ပူးေပါင္းေဆာင္ရြက္ျပီးေတာ့ လုပ္ေဆာင္မွ ဒီအေရးက ေအာင္ျမင္မယ္ဆုိတာကို က်မတို႔က နဂိုကတည္းက ခံယူထားတယ္။ ဒါေၾကာင့္မိုလို႔ movement builing ေပါ့ေနာ္။ လႈပ္ရွားမႈတခုကို တည္ေဆာက္မယ္ဆိုတဲ့ စဥ္းစားခ်က္ကို အစကတည္းက က်မတို႔ရွိတယ္။ အဲ့ဒီလို က်မတို႔ရဲက စဥ္းစားခ်က္ကိုလည္း ဘယ္ကေန စျပီးေတာ့ ေဖာ္ေဆာင္လဲ ဆိုေတာ့ WLB အမ်ိဳးသမီးမ်ားအဖြဲ႔ခ်ဳပ္ (ျမန္မာႏိုင္ငံ) ဖြဲ႔စည္းဖို႔ ျဖစ္လာဖို႔ကို က်မတို႔က ဦးေဆာင္ျပီးေတာ့မွ အေကာင္အထည္ ေဖာ္ခဲ့တာ။ ဒါက ေျပာမယ္ဆိုရင္ သမုိင္းမွတ္တုိင္တခုလို႔ ေျပာလို႔ရပါတယ္။”

WLB အျပင္ တျခား ျပည္တြင္းမွာရွိေနတဲ့ အမ်ိဳးသမီးအဖြဲ႔ေတြနဲ႔ေရာ ခ်ိတ္ဆက္လုပ္ေဆာင္မႈေတြက ေလာေလာဆယ္ ဘယ္လို အေျခအေနမွာ ရွိေနပါလဲ။

“က်မတို႔ အမ်ိဳးသမီးေရးလႈပ္ရွားမႈ တခုလံုးက အရမ္းၾကီး ခ်ိတ္ဆက္ မမိေနဘူးလို႔ ေျပာလို႔ရတယ္။ တခ်ိဳ႕က အေၾကာင္းအရာအလုိက္ ခ်ိတ္ဆက္ၾကတယ္။ တခ်ိဳ႕က အဖြဲ႔အစည္းသ႑န္ေပၚ မူတည္ျပီး ခ်ိတ္ဆက္ၾကတယ္။ ဥပမာ အလုပ္သမားအေရး ဆိုရင္လဲ အလုပ္သမားအေရး။ ျပီးေတာ့မွ ေန႔ထူးေန႔ျမတ္ေတြမွာ ခ်ိတ္ဆက္လုပ္ေဆာင္တာေတြ ရွိေပမဲ့ တကယ့္ ကြန္ရက္ပံုစံမ်ိဳး အခ်ိတ္အဆက္ မိမိနဲ႔ေတာ့ အမ်ိဳးသမီးေရး လႈပ္ရွားမႈ တခုလံုးက မျဖစ္ေနဘူး။ ဆိုေတာ့ BWU လည္းပဲ သူ႔ရဲ႕ပစ္မွတ္နယ္ေျမရဲ႕ လုပ္ငန္း လႈပ္ရွားမႈေတြမွာ ပိုမို အာ႐ံု စိုက္ရင္းနဲ႔ တျခား အမ်ိဳးသမီးအဖြဲ႔ေတြနဲ႔ ခ်ိတ္ဆက္တဲ့ေနရာမွာ ပူးေပါင္းေဆာင္ရြက္တဲ့ ေနရာမွာ အမ်ားၾကီးအားနည္းခဲ့တယ္။ အမ်ားၾကီး လိုအပ္ခ်က္ေတြ ရွိခဲ့တယ္။ တျခား အဖြဲ႔ေတြလည္း အဲ့ဒီလိုပဲ ျဖစ္လိမ့္မယ္လို႔ ထင္တယ္။ ကိုယ့္ရဲ႕သတ္မွတ္ထားတဲ့ လုပ္ငန္းေတြ ျပီးေျမာက္ေအာင္ျမင္ဖို႔ကို ပိုျပီးအာ႐ံုစိုက္ရင္းနဲ႔ တဘက္က က်မတို႔ လက္ခ်င္းခ်ိတ္ ပူးေပါင္း ေဆာင္ရြက္မယ္ဆိုတဲ့ လုပ္ေဆာင္ခ်က္ေတြက အားေလ်ာ့လာတယ္။ ဒါမွမဟုတ္ရင္လည္း ခ်ိတ္ဆက္မႈ ခုထိ မမိေနေသးဘူးလို႔ပဲ က်မ အေနနဲ႔ သံုးသပ္မိပါတယ္။”

အဲ့ဒီေတာ့ အခု ၂၆ ႏွစ္တာ သက္တမ္းကိုလည္း ျဖတ္သန္းလာခဲ့ျပီဆိုေတာ့ ေရွ႕ အနာဂတ္မွာေရာ ဘယ္လို ပံုစံနဲ႔ ပိုေကာင္းေအာင္ ဘယ္လိုမ်ိဳး ရပ္တည္သြားဖုိ႔ရွိေနလဲ။ အနာဂတ္ ရပ္တည္ခ်က္၊ ေမ ွ်ာ္မွန္းခ်က္ကိုလည္း သိပါရေစရွင့္။

“အမ်ိဳးသမီးေတြရဲ႕ အေျခအေနေတြကို စမ္းစစ္ခ်က္ေတြ လုပ္ေလေလ၊ သူတို႔ရဲ႕လုိအပ္ခ်က္ေတြကို ပိုေတြ႔ေလေလ။ အမ်ားၾကီး အလုပ္ေတြ လုပ္ေပးရမယ္ဆုိတာလည္း အမ်ားၾကီး သိရတယ္။ ဒါေပမဲ့ က်မတို႔ ျပန္သံုးသပ္မိတာက က်မတို႔အားလံုးကို မလုပ္ႏုိင္ဘူး။ ဆိုေတာ့ က်မတို႔ ဘယ္ဟာကို အဓိကအေျပာင္းအလဲ လုပ္မလဲေပါ့ေနာ္။ ဆိုေတာ့ ေအာက္ေျခထု အမ်ိဳးသမီးေတြရဲ႕ဘ၀ ျမင့္မားလာဖို႔အတြက္ကို စြမ္းရည္ျမွင့္တင္ေရးေတြ လုပ္ရင္း၊ ျပီးေတာ့မွ သူတို႔ကို အသိပညာေပးေတြ လုပ္ေပးရင္းနဲ႔ သူတို႔လုိအပ္တဲ့ ကူညီ ေစာင့္ေရွာက္ေရးေတြကိုပဲ လုပ္သြားမလား။ သို႔မဟုတ္ မူ ေပၚလစီပိုင္း ဆိုင္ရာအရ အေျပာင္းအလဲေတြ ျဖစ္လာဖုိ႔၊ ဥပေဒေတြ ခ်မွတ္လာႏုိင္ဖို႔၊ ျမန္မာျပည္မွာရွိေနတဲ့ ယႏၱရားေတြတိုင္းမွာ အမ်ိဳးသမီးေတြရဲ႕ ပါ၀င္မႈအေပၚမွာ အသိအမွတ္ျပဳမႈ။ အဲ့ဒီအေပၚမွာပဲ စည္း႐ံုးလႈံ႔ေဆာ္မႈေတြ၊ တိုက္တြန္း လႈံ႕ေဆာ္ခ်က္ေတြကိုပဲ ပိုလုပ္သြားမလား ဆိုတဲ့ အဲ့ဒီႏွစ္ခုၾကားမွာေတာ့ က်မတို႔ အမ်ားၾကီး ျပန္စဥ္းစားေနရတာ ရွိတယ္။ တျပိဳင္တည္းမွာပဲ ေတာက္ေလ ွ်ာက္ကေတာ့ က်မတို႔က Theme အေနနဲ႔ ထားခဲ့တာက အမ်ိဳးသမီးလူငယ္ေတြရဲ႕ ဦးေဆာင္မႈ ပိုမိုျမင့္တက္လာဖို႔ တဆင့္ျပီးတဆင့္ လက္ဆင့္ကမ္းႏုိင္ဖို႔အတြက္ က်မတို႔ ပိုၾကိဳးစားခဲ့တယ္။ ဒါေပမဲ့ ဒီဘက္ေနာက္ပိုင္းမွာေတာ့ က်မတို႔ ပင္မ ထား ထားတဲ့ ရည္မွန္းခ်က္ေပါ့ ျမန္မာျပည္ ျပန္လည္သင့္ျမတ္ေရး၊ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး ဆုိတာ အရမ္းအေရးၾကီးတယ္ေပါ့ေနာ္။ အဲ့ဒီအပိုင္းကို ပိုမိုျပီးေတာ့ လႈပ္ရွားသြားရမယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဖက္ဒရယ္ဟာ ျမန္မာျပည္မွာ ဒီစကားလံုးကို ေတာ္ေတာ္ တြင္တြင္က်ယ္က်ယ္ ေျပာေပမဲ့ နားလည္မႈေတြ မတူၾကဘူး။ အစုိးရနဲ႔ စစ္တပ္နဲ႔ ျပီးေတာ့ တိုင္းရင္းသား လက္နက္ကိုင္ အင္အားစုေတြ၊ အရပ္ဖက္အဖြဲ႔အစည္းေတြ ၾကားမွာ ဘယ္ေလာက္ အတိုင္းအတာအထိ ဖက္ဒရယ္အေပၚမွာ အဓိပၸါယ္ဖြင့္ဆိုမႈေတြ တူညီေနၾကသလဲ။ ဒါေတြကို က်မတို႔ ျပန္ ဆန္းစစ္ရမယ္။ ျပီးတဲ့အခါက်ရင္ တကယ္ က်မတို႔ေျပာတဲ့ တဦးတေယာက္ခ်င္းစီရဲ႕ အခြင့္အေရးကို အာမခံျပီးေတာ့မွ တိုင္းရင္းသား အားလံုးရဲ႕ တန္းတူေရးကို ေဖာ္ေဆာင္ေပးမယ့္ ဖက္ဒရယ္ ျပည္ေထာင္စုတခု ရွိလာဖို႔ လိုတယ္။ အဲ့ဒီဖက္ဒရယ္ျပည္ေထာင္စု ျဖစ္လာဖုိ႔အတြက္ကို က်မတို႔ ျမန္မာ့အမ်ိဳးသမီးသမဂၢ အေနနဲ႔ ကေတာ့ ပိုမိုအားစိုက္ျပီး လုပ္ေဆာင္သြားမယ္။ အထူးသျဖင့္ကေတာ့ ဖက္ဒရယ္နဲ႔ပတ္သက္တဲ့ နားလည္မႈေတြကို ပိုျပီးေတာ့ တူညီတဲ့အျမင္ေတြနဲ႔ ခုနကေျပာတဲ့ စဥ္းစားခ်က္အေပၚမွာ ရပ္တည္ျပီးေတာ့မွ ျမင္လာဖို႔အတြက္ လုပ္ေဆာင္သြားဖို႔ က်မတို႔အစီအစဥ္ ရွိပါတယ္။”

တိုက္႐ိုက္ လင့္ခ္

=============================================

[Unicode Version]

(၂၆) နှစ်ပြည့် မြန်မာ့အမျိုးသမီးသမဂ္ဂ ဖြတ်သန်းမှုတချို့

ရှစ်လေးလုံး လူထုအရေးတော်ပုံကနေ ပေါက်ဖွားလာခဲ့တဲ့ အမျိုးသမီးနိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ စုပေါင်းပြီး မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကို ဖွဲ့စည်းခဲ့တာ ဒီလ ၇ ရက် ကြာသပတေးနေ့က ၂၆ နှစ် ပြည့်ခဲ့ပါတယ်။ မြန်မာ့အမျိုးသမီးသမဂ္ဂကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ စတင်ဖွဲ့စည်းခဲ့တာပါလဲ။ အဖွဲ့ရဲ့ ရည်မှန်းချက်တွေကို ဘယ်လို အကောင်အထည် ဖော်နေသလဲ။ အနာဂတ်မေ ျှာ်မှန်းချက်တွေကရော ဘာတွေ ရှိနေလဲ ဆိုတာတွေကို မြန်မာ့အမျိုးသမီးသမဂ္ဂ ဥက္ကဋ္ဌ မတင်တင်ညိုကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

“မြန်မာ့အမျိုးသမီးသမဂ္ဂက ပြောရမယ်ဆိုရင်တော့ ထူးခြားချက် အနေနဲ့ဆိုရင်တော့ ကျမတို့က စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးပေါ့နော်။ ဒီရည်မှန်းချက် ၃ ခုကို အဓိက ထားပြီးတော့ ကျားမ တန်းတူရေး၊ အမျိုးသမီးတွေရဲ့ ပါဝင်မှုတွေ ကနေတဆင့် ဒါတွေကို ဖော်ဆောင်သွားမယ်ဆိုတဲ့ ရည်မှန်းချက်ကြီးကို ချပြီးတော့ လုပ်ဆောင်ခဲ့တာပေါ့နော်။ ဆိုတော့ ဒါကတော့ ပြောမယ်ဆိုရင် အမျိုးသမီးအဖွဲ့။ သို့သော်လည်း နိုင်ငံရေးအရ ရည်မှန်းချက်ကြီးကြီးမားမား ချပြီးတော့မှ လုပ်ငန်း အကောင်အထည် ဖော်နေတဲ့ အဖွဲ့အစည်းလို့ ပြောလို့ရပါတယ်။”

ဆိုတော့ မြန်မာ့အမျိုးသမီးသမဂ္ဂဟာ အမျိုးသမီးရေးသက်သက် ဆောင်ရွက်တဲ့ အဖွဲ့အစည်းမျိုး ဆိုတာမျိုးထက် အမျိုးသမီးတွေစုဖွဲ့ပြီး နိုင်ငံရေး ရည်မှန်းချက်၊ တိုင်းပြည်မှာ လိုအပ်တဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာဖို့ ကြိုးပမ်းတဲ့ အဖွဲ့အစည်းမျိုးလို့ ပြောလို့ရပါသလား။

“အချက် နှစ်ချက်အပေါ်မှာတော့ အခြေခံတာပေါ့နော်။ တခုကတော့ BWU စဖွဲ့စည်းစဉ်ကတည်းက ရည်မှန်းထားတဲ့ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရမယ်။ ပြီးရင် တိုင်းရင်းသား တန်းတူရေးကို အာမခံတဲ့ ဒီမိုကရေစီ ပြည်ထောင်စုတခု ပေါ်ပေါက်ရမယ်ဆိုတဲ့ ရည်မှန်းချက် ရှိတယ်။ ဆိုတော့ အဲ့ဒီလိုမျိုး အရေးကိစ္စတွေမှာ ဖော်ဆောင်တဲ့နေရာတွေမှာ အမျိုးသမီးတွေကိုယ်တိုင်က တက်တက်ကြွကြွနဲ့ ပြီးတော့မှ ဦးဆောင်တဲ့နေရာကနေ ပါဝင်ခွင့်ရဖို့ ဆိုတဲ့ အနေအထားတွေက လိုလာတယ်ပေါ့နော်။ ဒါကြောင့်မိုလို့ BWU လို အဖွဲ့အစည်းတခု ဖွဲ့လိုက်တယ်ဆိုလို့ရှိရင် ဒီအပိုင်း နှစ်ခုကို ကျမတို့အနေနဲ့ ဆောင်ရွက်နိုင်တယ်။ တပိုင်းကလည်း အမျိုးသမီးတွေရဲ့ဦးဆောင်မှုကို ကျမတို့ မြှင့်တင်ပေးနိုင်တယ်။ ပြီးတော့မှ အမျိုးသမီးတွေ အနေနဲ့ ဒီ ဦးဆောင်မှုနေရာမှာ ထဲထဲဝင်ဝင် အဓိပ္ပါယ်ပြည့်ဝစွာ ပါဝင်နိုင်ဖို့အတွက်ကိုလည်း စည်းရုံး လှုံ့ဆော်လို့ ရနိုင်မယ်။ တပြိုင်တည်းမှာပဲ ခုနကပြောတဲ့ မြန်မာပြည်ကြီး ငြိမ်းချမ်းရေး ရရှိဖို့အတွက်ကိုလည်း ကျမတို့တွေက နေရာ တနေရာ ကနေပြီးတော့မှ တာဝန်ယူလုပ်ဆောင်သွားနိုင်မယ် ပေါ့နော်။ ဒီလိုအနေအထားလေးတွေကို ကျမတို့ စဉ်းစားပြီးတော့မှ ဖွဲ့စည်းခဲ့တယ်။ အဲ့ဒီလို ဖွဲ့စည်းပြီးတဲ့အခါမှာ ဘာတွေ့လာရလဲ ဆိုတော့ အမျိုးသမီးတွေက စစ်ပွဲတွေအတွင်းမှာ အကြမ်းဖက်မှုများစွာ ကြုံတွေ့ကြရတာ ရှိတယ်။ နယ်စပ်တလေ ျှာက်မှာ ဖြတ်ကျော်ပြီးတော့မှ ထွက်ပြေးလာရတယ်။ ပုန်းအောင်းလာရတယ်။ ပြီးတော့ ဒုက္ခသည်စခန်းတွေမှာ ရောက်လာတယ်။ သူတို့တွေမှာက အကြမ်းဖက်မှုတွေကနေလည်း အကာအကွယ်ပေးဖို့ လိုအပ်သလို၊ တပြိုင်တည်းမှာပဲ စစ်အာဏာရှင်စနစ်အောက်မှာ ကြီးပြင်းရတာကြောင့်မိုလို့ သူတို့မရရှိနိုင်တဲ့ ပညာရေးတွေအတွက်ကို ကျမတို့အနေနဲ့က အလွတ်သဘော သင်ကြားမှုမျိုးလေးတွေကိုလည်း စီစဉ်ပေးနိုင်ဖို့ လိုအပ်တယ်ဆိုတာတွေလည်း မြင်လာတယ်ပေါ့နော်။ ဒါကြောင့်မိုလို့လဲ တဘက်က ပညာပေးမယ်။ တဘက်က စည်းရုံးလှုံ့ဆော်မယ်။ တဘက်ကလည်း လုပ်ပိုင်ခွင့် အခွင့်အလမ်းတွေ ရလာပြီဆိုရင် ပဏာမရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ပြီးတော့ ပြည်တွင်း ငြိမ်းချမ်းရေး၊ ကျားမ တန်းတူရေး ဆိုတာကို ကျမတို့ ဖော်ဆောင်သွားနိုင်မယ်ပေါေ့နာ်။ ဆိုတော့ ဒီလိုရည်မှန်းချက်တွေနဲ့ ကျမတို့ ဖွဲ့စည်းခဲ့တယ်။ လုပ်ငန်းတွေကို အကောင်အထည် ဖော်ခဲ့တာရှိပါတယ်။”

အဲ့ဒီတော့ ဒီရည်မှန်းချက်တွေကို ဘယ်လောက်အထိ အကောင်အထည် ဖော်နိုင်ပြီလို့ အခုချိန်မှာ ပြန် သုံးသပ်နိုင်ပါမလဲ။

“၂၆ နှစ်တာကာလကို ပြန်သုံးသပ်ကြည့်လိုက်မယ်ဆိုရင် အတိုင်းအတာ တခုအထိကတော့ အမျိုးသမီးတွေကို ကျမတို့တွေ စွမ်းရည်မြှင့်တင်ရေးတွေ လုပ်ပေးနိုင်တယ်။ အသိပညာပေးတွေ ပေးနိုင်ခဲ့တယ်။ ပြီးတော့ သူတို့ကိုယ်တိုင်က သူတို့ရဲ့ ရပ်ရွာ နယ်မြေ၊ သူတို့ လူထုအတွက် ပြန်ပြီးတော့မှ စွမ်းစွမ်းတမံ တတ်နိုင်တဲ့အင်အားတွေနဲ့ အလုပ်တွေ ပြန်အကျိုးပြုရမယ်ဆိုတဲ့ အသိတွေဖြစ်လာပြီးတော့ လုပ်ငန်းတွေထဲမှာ ပါလာကြတယ်။ ဒါကတော့ အောင်မြင်မှုတခုလို့ ပြောလို့ရတယ်။ အမျိုးသမီးရေး လှုပ်ရှားမှု လုပ်တယ်ဆိုတဲ့နေရာမှာ လူတွေရဲ့ အတွေးအမြင်၊ အတွေးအခေါ်၊ ပုံစံခွက် ရှေးရိုးအယူအဆတွေကို တိုက်ဖျက်ရတာဖြစ်လို့ အများကြီးတော့ ဆက်လက် လုပ်ဆောင်ရဦးမယ်။ ကျမတို့ရဲ့ အမျိုးသမီး လှုပ်ရှားမှု ခရီးစဉ်ကတော့ ရေရှည်ပေါ့နော် နှစ်ပေါင်းများစွာ ဆက်ပြီးတော့ သွားနေရဦးမယ့် ခရီးစဉ် ဖြစ်တယ်ပေါ့လေ။”

မြန်မာ့အမျိုးသမီးသမဂ္ဂကို စဖွဲ့ခဲ့တုန်းက ဒါက ၈၈ လူထုလှုပ်ရှားမှု အရေးတော်ပုံမှာ ပါဝင်ခဲ့ကြတဲ့ အမျိုးသမီးတွေက တိုင်းပြည်မှာ အပြောင်းအလဲ ဖော်ဆောင်ဖို့ ကြိုးစားရင်း၊ နယ်စပ်ဒေသတွေကို ရောက်လာ စုစည်းမိပြီးတော့မှ ပြည်ပမှာပဲ ဖွဲ့စည်းခဲ့ပြီးတော့ အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ရှိလာတဲ့အခါမှာလည်း မြန်မာပြည်တွင်းမှာ လှုပ်ရှားလာတယ် ဆိုတော့ အခု မြန်မာနိုင်ငံတွင်းမှာရော တရားဝင် အဖွဲ့အစည်းတခု အနေနဲ့ ရပ်တည် လှုပ်ရှားခွင့်ရနေပါပြီလားရှင့်။

“BWU ကတော့ ပြောရမယ်ဆိုရင် သူ့ရဲ့သမိုင်းကြောင်းကိုက စစ်အာဏာရှင်စနစ် ဖြုတ်ချရေးကို ကျမတို့က ဦးတည်ခဲ့တယ်။ အဓိက ကတော့ စနစ်ပေါ့နော်။ စနစ်တခုမှာမှ ကျားမ တန်းတူရေးကို မြှင့်တင်ပေးတဲ့ လူမှုတရားမ ျှတမှုကို သယ်ဆောင်ပေးမယ့် အခြေအနေတခုကို ပြုလုပ်ချင်တဲ့အခါကျတော့ ကျမတို့ရဲ့သမိုင်းကြောင်းရယ်၊ လက်ရှိ လုပ်ဆောင်နေတဲ့ အနေအထားက စိန်ခေါ်မှုများတယ်။ အန္တရာယ် နည်းနည်း များတယ်ပေါ့နော်။ တောက်လေ ျှာက်နှစ်တွေမှာ ကျမတို့ အဲ့ဒီလို သုံးသပ်ခဲ့ပြီးတော့ မှတ်ပုံမတင်ခဲ့ဘူးပေါ့နော်။ ကျမတို့က တခု စိတ်ပူတာက အကယ်၍များ ကျမတို့ မှတ်ပုံတင် လုက်တယ်ဆိုရင်၊ တကယ်လို့ ကျမတို့က အစိုးရကိုရော တပ်မတော်ကိုရော သူတို့ရဲ့လုပ်ဆောင်ချက်တွေ မှားယွင်းနေတယ်။ လိုအပ်ချက်တွေ ရှိနေလို့ ပွင့်ပွင့်လင်းလင်း ထောက်ပြ ပြောဆို ဝေဖန် သုံးသပ်မယ် ဆိုလို့ရှိရင် နောက်ထပ် ရရှိလာမယ့် ဘေးထွက်ဆိုးကျိုးတွေပေါ့နော်။ ဒါနဲ့ပတ်သက်ရင် ဘယ်လို အာမခံချက်မျိုး ပေးနိုင်မလဲ ဆိုတာတွေက အခုချိန်ထိ အဖြေမရနိုင်သေးတဲ့ အနေအထားဖြစ်တယ်။ နောက်တခုကကျတော့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ ဆိုရင်လည်း ကျမတို့က မှတ်ပုံမတင်လည်း ရတယ်။ register မလုပ်လည်း ရတယ်။ ကျမတို့ လှုပ်ရှားမှုတွေကို ပုံမှန် ဆက်လုပ်ခွင့်ရှိတယ်ဆိုတဲ့ အနေအထားလည်း ရှိတာပေါ့နော်။ ဆိုတော့ အဲ့ဒီအခွင့်အရေးကို ကျမတို့က ဆက်လက် အသုံးချနေတယ်။ ဒါပေမဲ့ အခက်အခဲ အများကြီး ရှိတယ်။ register မဟုတ်တဲ့အတွက်ကြောင့်မိုလို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သွားတွေ့တာတွေ ကျမတို့လုပ်ဖို့ အခွင့်အရေး မရခဲ့ဘူးပေါ့နော်။ တွေ့ခွင့်မရဘူး။ နောက်ပြီးတဲ့အခါကျတော့ တချို့ နယ်တွေမှာ အခမ်းအနားတွေ လုပ်တယ်၊ ပွဲတွေလုပ်တယ်ဆိုရင်လည်း အများကြီး အခက်အခဲ စိန်ခေါ်မှုတွေ ကြုံရတယ်။ ခြိမ်းခြောက်တာတွေ ခံရတယ်။ ဆိုတော့ ဒီနောက်ပိုင်းမှာတော့ မှတ်ပုံတင်ဖို့အတွက်က လိုအပ်ချက် တခုက ဖြစ်လာတယ်။ ဒါပေမဲ့ တဘက်မှာလည်း ခုနကပြောတဲ့ စိန်ခေါ်မှုနဲ့ ရရှိလာနိုင်တဲ့ ဘေးအန္တရာယ်ကို ဘယ်လို ကာကွယ်ပေးနိုင်မလဲ ဆိုတဲ့ စဉ်းစားချက်လည်း ဖြစ်နေသေးတယ်ပေါ့နော်။”

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့အမျိုးသမီးသမဂ္ဂ အနေနဲ့ လှုပ်ရှားမှုတွေကတော့ ဆက်ရှိနေတယ်ဆိုတော့ တခြား အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ရော ဘယ်လိုပုံစံနဲ့ ပူးပေါင်း ဆောင်ရွက်နေတာတွေ ရှိပါလဲ။

“ကျမတို့ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ ယုံကြည်မှုတခုက စနစ်တခုကို အပြောင်းအလဲပြုလုပ်ဖို့၊ နောက်ပြီးတော့ လူတွေရဲ့ အရိုးစွဲနေတဲ့ ရှေးရိုးစွဲ အယူအဆတွေ ဖယ်ရှားပစ်ဖို့ဆိုရင် တစ်ဦး၊ တစ်ယောက်၊ တစ်ဖွဲ့၊ တစ်အုပ်စုကပဲ လုပ်လို့မရဘူး။ အားလုံးက အတူတကွ ပူးပေါင်းဆောင်ရွက်ပြီးတော့ လုပ်ဆောင်မှ ဒီအရေးက အောင်မြင်မယ်ဆိုတာကို ကျမတို့က နဂိုကတည်းက ခံယူထားတယ်။ ဒါကြောင့်မိုလို့ movement builing ပေါ့နော်။ လှုပ်ရှားမှုတခုကို တည်ဆောက်မယ်ဆိုတဲ့ စဉ်းစားချက်ကို အစကတည်းက ကျမတို့ရှိတယ်။ အဲ့ဒီလို ကျမတို့ရဲက စဉ်းစားချက်ကိုလည်း ဘယ်ကနေ စပြီးတော့ ဖော်ဆောင်လဲ ဆိုတော့ WLB အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ဖွဲ့စည်းဖို့ ဖြစ်လာဖို့ကို ကျမတို့က ဦးဆောင်ပြီးတော့မှ အကောင်အထည် ဖော်ခဲ့တာ။ ဒါက ပြောမယ်ဆိုရင် သမိုင်းမှတ်တိုင်တခုလို့ ပြောလို့ရပါတယ်။”

WLB အပြင် တခြား ပြည်တွင်းမှာရှိနေတဲ့ အမျိုးသမီးအဖွဲ့တွေနဲ့ရော ချိတ်ဆက်လုပ်ဆောင်မှုတွေက လောလောဆယ် ဘယ်လို အခြေအနေမှာ ရှိနေပါလဲ။

“ကျမတို့ အမျိုးသမီးရေးလှုပ်ရှားမှု တခုလုံးက အရမ်းကြီး ချိတ်ဆက် မမိနေဘူးလို့ ပြောလို့ရတယ်။ တချို့က အကြောင်းအရာအလိုက် ချိတ်ဆက်ကြတယ်။ တချို့က အဖွဲ့အစည်းသဏ္ဍန်ပေါ် မူတည်ပြီး ချိတ်ဆက်ကြတယ်။ ဥပမာ အလုပ်သမားအရေး ဆိုရင်လဲ အလုပ်သမားအရေး။ ပြီးတော့မှ နေ့ထူးနေ့မြတ်တွေမှာ ချိတ်ဆက်လုပ်ဆောင်တာတွေ ရှိပေမဲ့ တကယ့် ကွန်ရက်ပုံစံမျိုး အချိတ်အဆက် မိမိနဲ့တော့ အမျိုးသမီးရေး လှုပ်ရှားမှု တခုလုံးက မဖြစ်နေဘူး။ ဆိုတော့ BWU လည်းပဲ သူ့ရဲ့ပစ်မှတ်နယ်မြေရဲ့ လုပ်ငန်း လှုပ်ရှားမှုတွေမှာ ပိုမို အာရုံ စိုက်ရင်းနဲ့ တခြား အမျိုးသမီးအဖွဲ့တွေနဲ့ ချိတ်ဆက်တဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်တဲ့ နေရာမှာ အများကြီးအားနည်းခဲ့တယ်။ အများကြီး လိုအပ်ချက်တွေ ရှိခဲ့တယ်။ တခြား အဖွဲ့တွေလည်း အဲ့ဒီလိုပဲ ဖြစ်လိမ့်မယ်လို့ ထင်တယ်။ ကိုယ့်ရဲ့သတ်မှတ်ထားတဲ့ လုပ်ငန်းတွေ ပြီးမြောက်အောင်မြင်ဖို့ကို ပိုပြီးအာရုံစိုက်ရင်းနဲ့ တဘက်က ကျမတို့ လက်ချင်းချိတ် ပူးပေါင်း ဆောင်ရွက်မယ်ဆိုတဲ့ လုပ်ဆောင်ချက်တွေက အားလျော့လာတယ်။ ဒါမှမဟုတ်ရင်လည်း ချိတ်ဆက်မှု ခုထိ မမိနေသေးဘူးလို့ပဲ ကျမ အနေနဲ့ သုံးသပ်မိပါတယ်။”

အဲ့ဒီတော့ အခု ၂၆ နှစ်တာ သက်တမ်းကိုလည်း ဖြတ်သန်းလာခဲ့ပြီဆိုတော့ ရှေ့ အနာဂတ်မှာရော ဘယ်လို ပုံစံနဲ့ ပိုကောင်းအောင် ဘယ်လိုမျိုး ရပ်တည်သွားဖို့ရှိနေလဲ။ အနာဂတ် ရပ်တည်ချက်၊ မေ ျှာ်မှန်းချက်ကိုလည်း သိပါရစေရှင့်။

“အမျိုးသမီးတွေရဲ့ အခြေအနေတွေကို စမ်းစစ်ချက်တွေ လုပ်လေလေ၊ သူတို့ရဲ့လိုအပ်ချက်တွေကို ပိုတွေ့လေလေ။ အများကြီး အလုပ်တွေ လုပ်ပေးရမယ်ဆိုတာလည်း အများကြီး သိရတယ်။ ဒါပေမဲ့ ကျမတို့ ပြန်သုံးသပ်မိတာက ကျမတို့အားလုံးကို မလုပ်နိုင်ဘူး။ ဆိုတော့ ကျမတို့ ဘယ်ဟာကို အဓိကအပြောင်းအလဲ လုပ်မလဲပေါ့နော်။ ဆိုတော့ အောက်ခြေထု အမျိုးသမီးတွေရဲ့ဘဝ မြင့်မားလာဖို့အတွက်ကို စွမ်းရည်မြှင့်တင်ရေးတွေ လုပ်ရင်း၊ ပြီးတော့မှ သူတို့ကို အသိပညာပေးတွေ လုပ်ပေးရင်းနဲ့ သူတို့လိုအပ်တဲ့ ကူညီ စောင့်ရှောက်ရေးတွေကိုပဲ လုပ်သွားမလား။ သို့မဟုတ် မူ ပေါ်လစီပိုင်း ဆိုင်ရာအရ အပြောင်းအလဲတွေ ဖြစ်လာဖို့၊ ဥပဒေတွေ ချမှတ်လာနိုင်ဖို့၊ မြန်မာပြည်မှာရှိနေတဲ့ ယန္တရားတွေတိုင်းမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုအပေါ်မှာ အသိအမှတ်ပြုမှု။ အဲ့ဒီအပေါ်မှာပဲ စည်းရုံးလှုံ့ဆော်မှုတွေ၊ တိုက်တွန်း လှုံ့ဆော်ချက်တွေကိုပဲ ပိုလုပ်သွားမလား ဆိုတဲ့ အဲ့ဒီနှစ်ခုကြားမှာတော့ ကျမတို့ အများကြီး ပြန်စဉ်းစားနေရတာ ရှိတယ်။ တပြိုင်တည်းမှာပဲ တောက်လေ ျှာက်ကတော့ ကျမတို့က Theme အနေနဲ့ ထားခဲ့တာက အမျိုးသမီးလူငယ်တွေရဲ့ ဦးဆောင်မှု ပိုမိုမြင့်တက်လာဖို့ တဆင့်ပြီးတဆင့် လက်ဆင့်ကမ်းနိုင်ဖို့အတွက် ကျမတို့ ပိုကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဒီဘက်နောက်ပိုင်းမှာတော့ ကျမတို့ ပင်မ ထား ထားတဲ့ ရည်မှန်းချက်ပေါ့ မြန်မာပြည် ပြန်လည်သင့်မြတ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆိုတာ အရမ်းအရေးကြီးတယ်ပေါ့နော်။ အဲ့ဒီအပိုင်းကို ပိုမိုပြီးတော့ လှုပ်ရှားသွားရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖက်ဒရယ်ဟာ မြန်မာပြည်မှာ ဒီစကားလုံးကို တော်တော် တွင်တွင်ကျယ်ကျယ် ပြောပေမဲ့ နားလည်မှုတွေ မတူကြဘူး။ အစိုးရနဲ့ စစ်တပ်နဲ့ ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ ကြားမှာ ဘယ်လောက် အတိုင်းအတာအထိ ဖက်ဒရယ်အပေါ်မှာ အဓိပ္ပါယ်ဖွင့်ဆိုမှုတွေ တူညီနေကြသလဲ။ ဒါတွေကို ကျမတို့ ပြန် ဆန်းစစ်ရမယ်။ ပြီးတဲ့အခါကျရင် တကယ် ကျမတို့ပြောတဲ့ တဦးတယောက်ချင်းစီရဲ့ အခွင့်အရေးကို အာမခံပြီးတော့မှ တိုင်းရင်းသား အားလုံးရဲ့ တန်းတူရေးကို ဖော်ဆောင်ပေးမယ့် ဖက်ဒရယ် ပြည်ထောင်စုတခု ရှိလာဖို့ လိုတယ်။ အဲ့ဒီဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာဖို့အတွက်ကို ကျမတို့ မြန်မာ့အမျိုးသမီးသမဂ္ဂ အနေနဲ့ ကတော့ ပိုမိုအားစိုက်ပြီး လုပ်ဆောင်သွားမယ်။ အထူးသဖြင့်ကတော့ ဖက်ဒရယ်နဲ့ပတ်သက်တဲ့ နားလည်မှုတွေကို ပိုပြီးတော့ တူညီတဲ့အမြင်တွေနဲ့ ခုနကပြောတဲ့ စဉ်းစားချက်အပေါ်မှာ ရပ်တည်ပြီးတော့မှ မြင်လာဖို့အတွက် လုပ်ဆောင်သွားဖို့ ကျမတို့အစီအစဉ် ရှိပါတယ်။”

XS
SM
MD
LG