(Zawgyi/Unicode)
အမ်ိဳးသမီးေတြ အဓိကၾကံဳေတြ႔ရတဲ့ အိမ္တြင္းအၾကမ္းဖက္မႈေတြဟာ ၂၀၂၀ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံမွာ သိသိသာသာ တိုးလာတာ ေတြ႔ရတယ္လို႔ ဒီလိုအေျခအေနေတြကို ေလ့လာ ေစာင့္ၾကည့္ သုေတသနလုပ္ေနတဲ့ အခရာအမ်ိဳးသမီးအဖြဲ႔က ေျပာပါတယ္။ COVID-19 ကပ္ေဘးေၾကာင့္ ျမန္မာအပါအ၀င္ ကမၻာတ၀ွမ္းမွာ အိမ္တြင္းအၾကမ္းဖက္မႈေတြ တိုးလာတယ္ဆိုတာကို ကုလသမဂၢနဲ႔ လူ႔အခြင့္အေရးအဖြဲ႔ေတြကလည္း အခ်က္အလက္နဲ႔တကြ ေထာက္ျပ ေျပာဆိုေနၾကတာပါ။ ၂၀၂၀ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံမွာ အမ်ိဳးသမီးေတြ အိမ္တြြင္း အၾကမ္းဖက္ခံရတဲ့ အေျခအေနေတြနဲ႔ပတ္သက္လို ဒီလို အိမ္တြင္းအၾကမ္းဖက္ခံရသူေတြဘက္ကေန လိုက္ပါ ကူညီေဆာက္ရြက္ေပးေနတဲ့ အခရာအမ်ိဳးသမီးအဖြဲ႔ကို တည္ေထာင္သူလည္းျဖစ္၊ လက္ရွိ ဒီအဖြဲ႔ရဲ႕ အမႈေဆာင္ညႊန္ၾကားေရးမွဴးလည္း ျဖစ္တဲ့ မထားထားကို ဆက္သြြယ္ေမးျမန္းျပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ဆက္ထားပါတယ္။
“က်မတို႔ဆီကို လာတိုင္တန္းတဲ့အမႈေတြခ်ည္းပဲ ၾကည့္မယ္ဆိုရင္ ျပီးခဲ့တဲ့ ၂၀၁၉ က ၂၉ မႈရွိတယ္။ ၂၀၂၀ အခုခ်ိန္ထိ ဆိုရင္ေတာ့ ၁၃၅ မႈ ရွိတယ္။ ရာခိုင္ႏႈန္းအားျဖင့္ ဆိုရင္ ၃၆၅ % ေလာက္အထိ တက္လာတယ္ေပါ့ေနာ္။ ဒီကိန္းဂဏန္းေတြကို ၾကည့္မယ္ဆိုရင္ ကိုဗစ္ေၾကာင့္ေပါ့ေနာ္ အမ်ိဳးသမီးေတြကို အႏိုင္က်င့္တာ၊ ႏွိပ္စက္တာ၊ အၾကမ္းဖက္တာေတြ ပိုဆိုးလာတယ္လို႔ ေသေသခ်ာခ်ာ ေျပာလို႔ရပါတယ္။ က်မတို႔ႏုိင္ငံမွာ စာရင္းျပဳစုထားတာေပါ့ေနာ္ ကိန္းဂဏန္း data ေတြ အတိအက်ေတာ့ မရွိပါဘူး တႏုိင္ငံလံုး အတိုင္းအတာအရေပါ့။ က်မ ေျပာတာက က်မတို႔အဖြဲ႔ကို တိုင္တန္းတဲ့ ကိန္းဂဏန္း data ကိုပဲ ေျပာတာပါ။”
ဆိုေတာ့ ဆိုလိုတာက ဒါက အဖြဲ႔တဖြဲ႔တည္းကိုပဲ လာျပီးတိုင္တန္းတဲ့ အေရအတြက္ပဲ ရွိေသးတယ္။ တိုင္တန္းတဲ့ေနရာမွာလဲ ဘယ္လို အေျခအေနေရာက္မွ လာျပီးတိုင္တန္းတာလဲ ဆိုတာလည္း ရွိေသးတဲ့အခါက်ေတာ့ အိမ္တြင္း အၾကမ္းဖက္မႈေတြက ျမန္မာႏုိင္ငံမွာ အတိုင္းအတာတခုအထိ ေတာ္ေတာ္ေလး ဆိုးေနတယ္လို႔ ေျပာလို႔ရတဲ့ အေျခအေန ရွိေနပါလား။ မထားထားတုိ႔ရဲ႕ ရွာေဖြ ေတြ႔ရွိမႈအရဆိုရင္ ျမန္မာႏုိင္ငံမွာ လက္ရွိျဖစ္ေနတဲ့ အေနအထားကို ဘယ္လိုမ်ား သံုးသပ္ႏိုင္ပါမလဲရွင့္။
“ျမန္မာႏိုင္ငံမွာ လက္ရွိ အိမ္တြင္းအၾကမ္းဖက္မႈဆိုတဲ့ အေျခအေနကို သိရွိထားတဲ့ နားလည္ထားတဲ့ အေျခအေနကလဲ ႐ိုက္မွ က်ိဳးမွ ကန္းမွေပါ့။ ခႏၶာပိုင္းဆိုင္ရာ ႏွိပ္စက္တာလို႔ နားလည္ထားၾကတယ္။ ျပီးသြားလို႔ရွိရင္ အိမ္တြင္းကမီး အိမ္အျပင္မထုတ္နဲ႔ဆိုတဲ့ အယူအဆေတြေပါ့ေနာ္။ ဥပမာ - က်မ အမ်ိဳးသားက က်မကို ႐ိုက္လို႔ ႏွိပ္စက္လို႔ က်မက တုိင္မယ္ဆိုရင္ အရွက္ရတာက က်မပဲ။ က်မက က်မေယာက္်ားကို မထိန္းကြပ္လို႔၊ က်မက အ႐ိုက္မခံရရင္ မေနတတ္လို႔၊ အေနအထိုင္မတတ္လို႔၊ မိသားစုကို မထိန္းတတ္လို႔၊ အိမ္မွာ မိန္းမေကာင္း မပီသလို႔ ဆိုတဲ့ က်မကိုပဲ အျပစ္တင္တဲ့ဟာေတြပဲ ရွိတယ္ဆိုျပီး အေတာ္မ်ားမ်ားက မတိုင္ၾကဘူး။ တိုင္တန္းတဲ့ ရာခိုင္ႏႈန္းက အရမ္းနည္းတယ္။ အဲ့ဒီနည္းတဲ့ ရာခိုင္ႏႈန္းေတာင္ အခု ေတာ္ေတာ္ မ်ားေနတာေပါ့ေနာ္။ ဒီ ကိုဗစ္ ျဖစ္ေနတဲ့အခ်ိန္ အထူးသျဖင့္ မိန္းခေလးေတြက ေတာ့ ကိုဗစ္ေၾကာင့္ စိတ္ဆင္းရဲတာကိုလည္း ခံရတယ္။ ကိုယ့္အမ်ိဳးသားရဲ႕ စိတ္ဆင္းရဲမႈ စိတ္ဖိစီးမႈေတြရဲ႕ စိတ္ထြက္ေပါက္ အျဖစ္လည္း အၾကမ္းဖက္မႈ အႏုိင္က်င့္မႈေတြလည္း ခံရတယ္ေပါ့ေနာ္။ ျမန္မာႏိုင္ငံမွာ ကိုဗစ္မျဖစ္ခင္ကတည္းက အိမ္တြင္းအၾကမ္းဖက္မႈေတြက ေတာ္ေတာ္ေလး ျဖစ္ေနတယ္လို႔ ယူဆရပါတယ္။”
ဆိုေတာ့ ကိုဗစ္မျဖစ္ခင္ကတည္းက ျဖစ္ေနတာကိုမွ ကိုဗစ္ကပ္ေဘး ၾကံဳရတဲ့အခါက်ေတာ့ လူေတြ အက်ပ္အတည္းေတြ ပိုၾကံဳလာရတဲ့အခ်ိန္မွာ မိသားစုေတြကလည္း အိမ္ထဲမွာပဲ ေနရတယ္။ စား၀တ္ေနေရးကလည္း အျပင္ထြက္မလုပ္ရေတာ့ အခက္အခဲေတြ ပိုျဖစ္လာတဲ့အခါမွာ ဒီရဲ႕႐ိုက္ခတ္မႈကို အမ်ိဳးသမီးေတြက ပိုျပီး ခံစားေတြ႔ၾကံဳရတယ္လို႔ ေျပာလို႔ရႏုိင္မလားရွင့္။
“ကိုဗစ္ေၾကာင့္ လူတိုင္း ခံရတယ္ဆိုေပမဲ့ ဒီအေျခအနေတြကို ၾကည့္မယ္ဆိုရင္ အမ်ိဳးသမီးေတြက ပိုျပီးေတာ့ ခံစားရတယ္ေပါ့ေနာ္။ ဒါက တကမၻာလံုး အတိုင္းအတာအရ ဆိုရင္ေတာင္မွ ဒီဟာကို ကပ္ေရာဂါနဲ႔အတူ လိုက္လာတဲ့ ေနာက္ ကပ္ေဘးတခုလိုမ်ိဳး ဒီအိမ္တြင္းအၾကမ္းဖက္မႈကို ေခၚေ၀ၚလာၾကတယ္ေပါ့ေနာ္။”
ဟုတ္ကဲ့။ အဲ့ဒီေတာ့ ဆိုလိုတာက ဒီ ကိုဗစ္ကာလမွာ အိမ္တြင္း အၾကမ္းဖက္မႈကလည္း ေနာက္ထပ္ တြဲကပ္ပါလာတဲ့ ကပ္ေဘးတခုလိုေတာင္မွ ျဖစ္လာတယ္ဆုိေတာ့ ေတာ္ေတာ္ကို ဆိုးရြားတဲ့အေျခအေနအျဖစ္ ေျပာခ်င္တာလို႔ နားလည္ပါတယ္။ အဲ့ေတာ့ ဒီ ကိုဗစ္ကာလအတြင္းနဲ႔ ကိုဗစ္မတိုင္ခင္ ၾကားထဲမွာ အိမ္တြင္း အၾကမ္းဖက္မႈေတြ တိုးလာတဲ့ အေရအတြက္၊ အေျခအေနကိုလည္း နည္းနည္းေလာက္ ပိုျပီးေတာ့ ရွင္းျပေပးေစခ်င္ပါတယ္။ အေရအတြက္အားျဖင့္ ရာခိုင္ႏႈန္းအားျဖင့္ ဘယ္ေလာက္အထိ တက္သြားလို႔ ဒါကို ကပ္ေဘး တခုလို႔ေတာင္ ေျပာခ်င္တာပါလဲ။
“က်မတို႔ကို လာ တုိင္တန္းတဲ့ အေျခအေနေတြအရဆိုရင္ ကိုဗစ္မျဖစ္ခင္က ၉ ရက္မွာ အိမ္တြင္းအၾကမ္းဖက္မႈ ၁ မႈေလာက္ပဲ တိုင္တန္းတာရွိပါတယ္။ ဒါေပမဲ့ ကိုဗစ္ျဖစ္သြားတဲ့အခ်ိန္မွာ၊ ဥပမာ မတ္လ ၂၂ ရက္ေန႔ ေနာက္ပိုင္းမွာဆိုလို႔ရွိရင္၊ ကိုဗစ္ ျမန္မာျပည္ကို ေရာက္လာခ်ိန္မွာဆိုရင္ မတ္လ ေနာက္ပိုင္းကေန ဧျပီ၊ ေမ ေနာက္ပိုင္းေလာက္ ဆိုရင္ အိမ္တြင္း အၾကမ္းဖက္မႈက တရက္ကို တေယာက္ေက်ာ္ေက်ာ္ကို တိုင္တန္းလာတာျဖစ္တယ္။ အရင္က ၉ ရက္မွာ တေယာက္။ ကိုဗစ္ ျပီးျပီး ႏွစ္လ သံုးလ ေလာက္မွာဆိုရင္ တရက္ကို တေယာက္ထက္ေတာင္ ေက်ာ္သြားတယ္ေပါ့ေနာ္။ က်မတို႔ဆီမွာ တိုင္တန္းတဲ့ ရာခိုင္ႏႈန္းအရ ဆိုရင္ ၆၀၀ % တို႔၊ ၇၀၀ % တို႔ေလာက္အထိ တက္သြားတယ္ေပါ့ေနာ္။”
ဒါေတာင္ ဒါက တိုင္တန္းတဲ့သူ စာရင္းကို ေျပာတာဆိုေတာ့ လာျပီး မတိုင္တန္းတဲ့သူေတြက အမ်ားၾကီး ရွိႏိုင္ေသးတယ္လို႔လည္း ယူဆႏုိင္တာေပါ့။
“အမ်ားၾကီး ရွိႏိုင္ပါတယ္။ ကိုဗစ္ ျဖစ္ေနတဲ့အတြက္ တိုင္ရင္ေရာ ဘယ္လိုတိ္ုင္ရမွာလဲ။ ဘာလုပ္ေပးမွာလဲ ဆိုတာေတြက အမ်ားၾကီးပဲ။”
ဟုတ္ကဲ့။ ဆိုေတာ့ ဒီလိုျဖစ္ေနတဲ့သူေတြကို၊ လာ တိုင္တန္းတဲ့သူေတြကို အကာအကြယ္ေပးတဲ့အပိုင္းမွာေရာ မထားထားတို႔လို လူမႈအဖြဲ႔အစည္းေတြ၊ အစိုးရ တာ၀န္ရွိသူေတြဘက္ကေရာ ဒီလို အိမ္တြင္း အၾကမ္းဖက္ခံရတဲ့ အမ်ိဳးသမီးေတြအတြက္ ဘာေတြမ်ား ကာကြယ္ေပး ေဆာင္ရြက္ေနတာ ရွိပါသလဲရွင့္။
“က်မတို႔ အဖြဲ႔ေတြအေနနဲ႔ကေတာ့ တတ္ႏုိင္သေလာက္ ျပီးျပည့္စံုတဲ့ ၀န္ေဆာင္မႈ ေပးပါတယ္။ ဥပမာဆိုလို႔ရွိရင္ Hotline ဖုန္းေတြ ရွိတယ္။ ကိုဗစ္ျဖစ္တဲ့ ကာလမွာ ပိုျပီး ခ်ဲ႕လိုက္တယ္။ အရင္တုန္းကဆိုရင္ ၂ ခုပဲရွိတယ္။ အခုဆိုရင္ က်မတို႔ နယ္ေတြကိုပါ ခ်ဲ႕ျပီးေတာ့ ၆ ခု ၈ ခုေလာက္အထိ ခ်ဲ႕တယ္။ အရင္က က်မတို႔က ရန္ကုန္ကေနပဲ service ေပးတာ။ အခုက်ေတာ့ နယ္ေတြမွာရွိတဲ့ က်မတို႔ မိတ္ဖတ္အဖြဲ႔အစည္းေတြကိုလည္း ဒီလို ၀န္ေဆာင္မႈေတြကို သူတို႔နယ္ေတြမွာပဲ အစိုးရအဖြဲ႔ေတြနဲ႔ တိုက္႐ုိက္ ခ်ိတ္ဆက္ေပးျပီးေတာ့ လုပ္ေဆာင္ေနပါတယ္။ ေနာက္တခုကေတာ့ အမ်ိဳးသမီးတေယာက္က လာတိုင္ရင္ အေရးၾကီးဆံုးျဖစ္တဲ့ အတိုင္ပင္ခံတာေပါ့ေနာ္။ သူ ဘာျဖစ္တာလဲ။ ဘယ္လိုျဖစ္တာလဲ။ သူ ဘာလိုခ်င္တာလဲ။ ဘာျဖစ္ခ်င္လဲ။ ဘယ္ေလာက္အထိ ျဖစ္ခ်င္လဲ။ ဘယ္လို လုပ္ႏုိင္သလဲ ဆုိတာ တေယာက္နဲ႔တေယာက္ ဘယ္လိုမွမတူႏိုင္ဘူး။ အဲ့ဒီမတူတဲ့အေပၚမွာ မူတည္ျပီး က်မတို႔ေတြ စီစဥ္တယ္။ သူနဲ႔အတူတူ တိုင္ပင္တယ္။ ေရးဆြဲတယ္ေပါ့ေနာ္။ ျပီးေတာ့ လိုအပ္တာေတြကို ဆက္ျပီး ေဆာင္ရြက္တယ္။ က်မတို႔က survivor-centered approach လို႔ေခၚတဲ့ ၀န္ေဆာင္မႈကို ေပးပါတယ္။ ခံစားရတဲ့သူကို ဗဟိုျပဳျပီးေတာ့ အစီအစဥ္ဆြဲျပီးေတာ့ ေပးတဲ့ ၀န္ေဆာင္မႈျဖစ္ပါတယ္။”
ဆိုေတာ့ မထားထား ေျပာတဲ့အေပၚမွာဆိုရင္ ျမန္မာႏိုင္ငံမွာ အိမ္တြင္းအၾကမ္းဖက္မႈေတြက ေတာ္ေတာ္ေလး က်ယ္က်ယ္ျပန္႔ျပန္႔ ရွိေနတယ္လို႔ က်မ နားလည္ပါတယ္။ ဆိုေတာ့ အစိုးရပိုင္း တာ၀န္ရွိသူေတြ၊ အာဏာပိုင္အဖြဲ႔အစည္းေတြကေရာ မထားထား တို႔လို အဖြဲ႔အစည္းေတြ ပူးေပါင္းျပီးေတာ့ ေဆာင္ရြက္တာေတြ ရွိပါသလား။ သူတို႔ကေရာ ဘယ္လို ထိေရာက္တဲ့ ကာကြယ္မႈေတြ ေပးေနတာ ရွိပါသလဲရွင့္။
“က်မတို႔က တခါတခါ က်လို႔ရွိရင္ သူတို႔နဲ႔ပူးေပါင္းျပီး လုပ္ေဆာင္ရတာေတြ ရွိပါတယ္။ လံုျခံဳေရး အေျခအေနအရ က်မတို႔ရဲ႕ ခိုနားစရာေနရာမွာ ထားလို႔မရလို႔ရွိရင္ သူတို႔ဆီမွာ ထားရတာမ်ိဳးေပါ့။ သူတို႔လည္း တခိ်ဳ႕ အကူအညီေတြ လိုအပ္ရင္ က်မတို႔ ၀ိုင္းျပီးေတာ့ ၀ိုင္း၀န္းကူညီ လုပ္ေဆာင္ပါတယ္။ ျပီးေတာ့ အစိုးရဌာနေတြ အေနနဲ႔လည္း ပူးေပါင္းျပီးေတာ့ UN တို႔၊ က်မတို႔လို အဖြဲ႔အစည္းေတြနဲ႔ ပူးေပါင္းျပီးေတာ့ ဘယ္လိုမ်ိဳး ပိုေကာင္းတဲ့ ၀န္ေဆာင္မႈေတြ ေပးႏုိင္ေအာင္ coordination ေပါ့။ ဘယ္လို ျဖည့္စြက္ ေဆာင္ရြက္ၾကမလဲ။ ဘယ္လို ၀န္ေဆာင္မႈေတြ ေပးၾကမလဲ။ ေနာက္ ဒီကိုဗစ္ကာလမွာ အၾကမ္းဖက္မႈေတြအတြက္ တိုင္ပင္ေဆြးေႏြးမႈေတြ၊ ပိုျပီးေတာ့ ခ်ိတ္ဆက္အားေကာင္းမႈေတြ ျပဳလုပ္လာဖို႔ အစီအစဥ္ေတြ ေရးဆြဲၾကပါတယ္။”
အခုေျပာေနတာ အဓိက ကေတာ့ ျဖစ္ရပ္တခု ျဖစ္လာျပီဆိုရင္ ဘယ္လိုကာကြယ္ ေစာင့္ေရွာက္မႈေတြ ေပးတယ္။ ဘယ္လို ၀ိုင္းျပီးေတာ့ ကူညီေစာင့္ေရွာက္သလဲ ဆိုတာေတြေပါ့ေလ။ ဆိုေတာ့ ဒါက တပိုင္းေပါ့။ ဒါ့အျပင္ကို ေရရွည္အေနနဲ႔ေရာ ဒီလိုမ်ိဳး အိမ္အတြင္း အၾကမ္းဖက္မႈအေျခအနေတြ မၾကံဳရေအာင္ ၾကိဳတင္ကာကြယ္ႏိုင္မယ့္ အေနအထားမ်ိဳးေတြ ျဖစ္လာဖို႔ ဆိုရင္ေရာ အစိုးရ၊ အရပ္ဘက္အဖြဲ႔အစည္း၊ လူမႈအသိုင္းအ၀ိုင္း အားလံုး ပူးေပါင္းျပီးေတာ့ ဘာေတြမ်ား ေဆာင္ရြက္ႏုိင္ပါမလဲရွင့္။
“ဟုတ္ကဲ့ အဲ့ဒါကေတာ့ ဒီဟာေတြ အမ်ားၾကီး ရပ္တန္႔သြားဖို႔အတြက္ လုပ္ေဆာင္ဖို႔ဆိုရင္ လူတိုင္း လူတိုင္း၊ အဖြဲ႔အစည္းတိုင္း၊ အစိုးရ၊ က်မတို႔ တဦးတေယာက္ခ်င္းစီမွာလည္း တာ၀န္ရွိပါတယ္။ ဥပမာ - ခံစားရတဲ့သူတေယာက္ အေနနဲ႔ဆိုရင္ က်မ အားေပးခ်င္တာ၊ ေျပာခ်င္တာကေတာ့ အမ်ိဳးသမီးအဖြဲ႔ေတြကိုပဲ ျဖစ္ျဖစ္၊ အစိုးရ အဖြဲ႔ေတြကိုပဲျဖစ္ျဖစ္ တေနရာမဟုတ္ တေနရာကို အင္တာနက္ေတြထဲမွာလည္း ရွိပါတယ္။ ရွာပါ။ တုိင္ပါ။ ဖုန္းဆက္ပါေပါ့ေနာ္။ ဖုန္းဆက္လို႔ရွိရင္ အမႈဖြင့္ရမယ္ မဟုတ္ဘူးေပါ့ေနာ္။ တျခား လုပ္ႏုိင္တဲ့အရာေတြ အမ်ားၾကီးရွိတယ္။ တုိင္ပင္ပါ။ ေဆြးေႏြးပါေပါ့။
“ေနာက္တခုကေတာ့ က်မတို႔အစိုးရ အဖြဲ႔အေနနဲ႔ဆိုရင္ ဥပေဒေပါ့ေနာ္။ အမ်ိဳးသမီးေတြ တကယ္ ခံရတဲ့ အမ်ိဳးသမီးေတြရဲ႕ လက္ရွိ လက္ေတြ႔ေျမျပင္မွာျဖစ္ေနတဲ့ အေျခအေန အေနအထားနဲ႔ကိုက္တဲ့ ဥပေဒကို အျမန္ဆံုး ေရးဆြဲေပးဖုိ႔၊ အျမန္ဆံုး ျပဌာန္းေပးဖို႔ လိုပါတယ္။ ဥပေဒ ရွိ႐ံုနဲ႔တင္လည္း မရေသးပါဘူး။ က်မတို႔ ႏုိင္ငံမွာက ျပည္သူလူထုရဲ႕ အေတြးအျမင္ေတြ၊ သေဘာထား အျမင္ေတြ ေျပာင္းလဲဖို႔လည္း အေရးၾကီးပါတယ္။ ဥပမာ - အ႐ိုးကြဲေအာင္႐ိုက္မွ အသည္းစြဲေအာင္ခ်စ္မယ္တို႔၊ မိန္းမနဲ႔ႏြားကို မသနားေကာင္းဘူးဆိုတဲ့ အေတြးအေခၚ အယူအဆေတြ။ မိန္းမဆိုရင္ တဆင့္နိမ့္တယ္။ မိန္းမဆိုရင္ ႐ိုက္ျပီးေတာ့ ဆံုးမပိုင္ခြင့္ရွိတယ္။ မိန္းမဆိုရင္ ႏွိမ္ထားရမယ္ ဆိုတာမ်ိဳးေတြက၊ ဒီအယူအဆေတြက ယဥ္ေက်းမႈေယာင္ေယာင္၊ ဓေလ့ထံုးစံေယာင္ေယာင္၊ ဘာသာေရးေယာင္ေယာင္ ကေန ျဖစ္လာတာေပါ့။ က်မတို႔ ဘယ္ဘာသာေရးမွာမွ မိန္းမကို႐ိုက္ဖို႔ အားေပးတဲ့ ဘာသာေရး မရွိပါဘူး။ ဆိုေတာ့ ဘာသာေရး အဖြဲ႔အစည္းေတြကလည္း ဒါေတြကို ေသေသခ်ာခ်ာေလး တားျမစ္တဲ့ ေဟာေျပာမႈေတြ၊ သြန္သင္မႈေတြ ျပဳလုပ္ရပါမယ္။
“က်မတို႔လို အဖြဲ႔အစည္းေတြအေနနဲ႔လည္း၊ က်မတို႔ေရာ အစိုးရအဖြဲ႔အစည္းေတြေရာ ၀န္ေဆာင္မႈေတြကို ေနရာတကာမွာ လက္လွမ္းမီေအာင္ တကယ္တမ္း ၾကိဳးစားရမယ္။ ဥပမာ - အျမဲေျပာေနက်ေပါ့ေနာ္။ က်မ အမ်ိဳးသားက က်မကို ႐ုိက္မယ္ဆိုလို႔ရွိရင္ က်မသည္ က်မအတြက္ ၀န္ေဆာင္မႈ အနီးအနားမွာရွိတယ္။ ဒါမွမဟုတ္ သိတယ္ လက္လွမ္းမီတယ္။ က်မသည္ ဖုန္းဆက္လိုက္လို႔ ရတယ္လို႔ က်မ အမ်ိဳးသားကပါ သိထားရင္ က်မကို ႏွိပ္စက္ခ်င္ရင္ေတာင္ အႏိုင္က်င့္ခ်င္ရင္ေတာင္ သူသည္ စဥ္းစားမယ္။ ေသေသခ်ာခ်ာ စဥ္းစားမယ္။ ႏွစ္ခါေတာ့ အနည္းဆံုး စဥ္းစားမွာပဲေပါ့ေနာ္။ ၀န္ေဆာင္မႈ ရရွိေနျခင္း လက္လွမ္းမီေနျခင္းသည္ အေကာင္းဆံုးထဲက တခုေသာ ကာကြယ္တားဆီးေရးျဖစ္တယ္ေပါ့။ အဲ့ဒါကိုလည္း ေျပာခ်င္ပါတယ္။”
ေက်းဇူးအမ်ားၾကီးတင္ပါတယ္။ ခုလို အခ်ိန္ေပး ေျဖၾကားေပးတဲ့အတြက္။
“ဟုတ္ကဲ့။ က်မလည္း ေက်းဇူးတင္ပါတယ္။”
===============================================
[Unicode Version]
ကိုဗစ်ကပ်ဘေးနဲ့အတူ ဆိုးရွားလာတဲ့ အိမ်တွင်းအကြမ်းဖက်မှု (အမျိုးသမီးကဏ္ဍ)
အမျိုးသမီးတွေ အဓိကကြုံတွေ့ရတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေဟာ ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ သိသိသာသာ တိုးလာတာ တွေ့ရတယ်လို့ ဒီလိုအခြေအနေတွေကို လေ့လာ စောင့်ကြည့် သုတေသနလုပ်နေတဲ့ အခရာအမျိုးသမီးအဖွဲ့က ပြောပါတယ်။ COVID-19 ကပ်ဘေးကြောင့် မြန်မာအပါအဝင် ကမ္ဘာတဝှမ်းမှာ အိမ်တွင်းအကြမ်းဖက်မှုတွေ တိုးလာတယ်ဆိုတာကို ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကလည်း အချက်အလက်နဲ့တကွ ထောက်ပြ ပြောဆိုနေကြတာပါ။ ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အိမ်တွင်း အကြမ်းဖက်ခံရတဲ့ အခြေအနေတွေနဲ့ပတ်သက်လို ဒီလို အိမ်တွင်းအကြမ်းဖက်ခံရသူတွေဘက်ကနေ လိုက်ပါ ကူညီဆောက်ရွက်ပေးနေတဲ့ အခရာအမျိုးသမီးအဖွဲ့ကို တည်ထောင်သူလည်းဖြစ်၊ လက်ရှိ ဒီအဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးလည်း ဖြစ်တဲ့ မထားထားကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။
“ကျမတို့ဆီကို လာတိုင်တန်းတဲ့အမှုတွေချည်းပဲ ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ ၂၀၁၉ က ၂၉ မှုရှိတယ်။ ၂၀၂၀ အခုချိန်ထိ ဆိုရင်တော့ ၁၃၅ မှု ရှိတယ်။ ရာခိုင်နှုန်းအားဖြင့် ဆိုရင် ၃၆၅ % လောက်အထိ တက်လာတယ်ပေါ့နော်။ ဒီကိန်းဂဏန်းတွေကို ကြည့်မယ်ဆိုရင် ကိုဗစ်ကြောင့်ပေါ့နော် အမျိုးသမီးတွေကို အနိုင်ကျင့်တာ၊ နှိပ်စက်တာ၊ အကြမ်းဖက်တာတွေ ပိုဆိုးလာတယ်လို့ သေသေချာချာ ပြောလို့ရပါတယ်။ ကျမတို့နိုင်ငံမှာ စာရင်းပြုစုထားတာပေါ့နော် ကိန်းဂဏန်း data တွေ အတိအကျတော့ မရှိပါဘူး တနိုင်ငံလုံး အတိုင်းအတာအရပေါ့။ ကျမ ပြောတာက ကျမတို့အဖွဲ့ကို တိုင်တန်းတဲ့ ကိန်းဂဏန်း data ကိုပဲ ပြောတာပါ။”
ဆိုတော့ ဆိုလိုတာက ဒါက အဖွဲ့တဖွဲ့တည်းကိုပဲ လာပြီးတိုင်တန်းတဲ့ အရေအတွက်ပဲ ရှိသေးတယ်။ တိုင်တန်းတဲ့နေရာမှာလဲ ဘယ်လို အခြေအနေရောက်မှ လာပြီးတိုင်တန်းတာလဲ ဆိုတာလည်း ရှိသေးတဲ့အခါကျတော့ အိမ်တွင်း အကြမ်းဖက်မှုတွေက မြန်မာနိုင်ငံမှာ အတိုင်းအတာတခုအထိ တော်တော်လေး ဆိုးနေတယ်လို့ ပြောလို့ရတဲ့ အခြေအနေ ရှိနေပါလား။ မထားထားတို့ရဲ့ ရှာဖွေ တွေ့ရှိမှုအရဆိုရင် မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အနေအထားကို ဘယ်လိုများ သုံးသပ်နိုင်ပါမလဲရှင့်။
“မြန်မာနိုင်ငံမှာ လက်ရှိ အိမ်တွင်းအကြမ်းဖက်မှုဆိုတဲ့ အခြေအနေကို သိရှိထားတဲ့ နားလည်ထားတဲ့ အခြေအနေကလဲ ရိုက်မှ ကျိုးမှ ကန်းမှပေါ့။ ခန္ဓာပိုင်းဆိုင်ရာ နှိပ်စက်တာလို့ နားလည်ထားကြတယ်။ ပြီးသွားလို့ရှိရင် အိမ်တွင်းကမီး အိမ်အပြင်မထုတ်နဲ့ဆိုတဲ့ အယူအဆတွေပေါ့နော်။ ဥပမာ - ကျမ အမျိုးသားက ကျမကို ရိုက်လို့ နှိပ်စက်လို့ ကျမက တိုင်မယ်ဆိုရင် အရှက်ရတာက ကျမပဲ။ ကျမက ကျမယောက်ျားကို မထိန်းကွပ်လို့၊ ကျမက အရိုက်မခံရရင် မနေတတ်လို့၊ အနေအထိုင်မတတ်လို့၊ မိသားစုကို မထိန်းတတ်လို့၊ အိမ်မှာ မိန်းမကောင်း မပီသလို့ ဆိုတဲ့ ကျမကိုပဲ အပြစ်တင်တဲ့ဟာတွေပဲ ရှိတယ်ဆိုပြီး အတော်များများက မတိုင်ကြဘူး။ တိုင်တန်းတဲ့ ရာခိုင်နှုန်းက အရမ်းနည်းတယ်။ အဲ့ဒီနည်းတဲ့ ရာခိုင်နှုန်းတောင် အခု တော်တော် များနေတာပေါ့နော်။ ဒီ ကိုဗစ် ဖြစ်နေတဲ့အချိန် အထူးသဖြင့် မိန်းခလေးတွေက တော့ ကိုဗစ်ကြောင့် စိတ်ဆင်းရဲတာကိုလည်း ခံရတယ်။ ကိုယ့်အမျိုးသားရဲ့ စိတ်ဆင်းရဲမှု စိတ်ဖိစီးမှုတွေရဲ့ စိတ်ထွက်ပေါက် အဖြစ်လည်း အကြမ်းဖက်မှု အနိုင်ကျင့်မှုတွေလည်း ခံရတယ်ပေါ့နော်။ မြန်မာနိုင်ငံမှာ ကိုဗစ်မဖြစ်ခင်ကတည်းက အိမ်တွင်းအကြမ်းဖက်မှုတွေက တော်တော်လေး ဖြစ်နေတယ်လို့ ယူဆရပါတယ်။”
ဆိုတော့ ကိုဗစ်မဖြစ်ခင်ကတည်းက ဖြစ်နေတာကိုမှ ကိုဗစ်ကပ်ဘေး ကြုံရတဲ့အခါကျတော့ လူတွေ အကျပ်အတည်းတွေ ပိုကြုံလာရတဲ့အချိန်မှာ မိသားစုတွေကလည်း အိမ်ထဲမှာပဲ နေရတယ်။ စားဝတ်နေရေးကလည်း အပြင်ထွက်မလုပ်ရတော့ အခက်အခဲတွေ ပိုဖြစ်လာတဲ့အခါမှာ ဒီရဲ့ရိုက်ခတ်မှုကို အမျိုးသမီးတွေက ပိုပြီး ခံစားတွေ့ကြုံရတယ်လို့ ပြောလို့ရနိုင်မလားရှင့်။
“ကိုဗစ်ကြောင့် လူတိုင်း ခံရတယ်ဆိုပေမဲ့ ဒီအခြေအနတွေကို ကြည့်မယ်ဆိုရင် အမျိုးသမီးတွေက ပိုပြီးတော့ ခံစားရတယ်ပေါ့နော်။ ဒါက တကမ္ဘာလုံး အတိုင်းအတာအရ ဆိုရင်တောင်မှ ဒီဟာကို ကပ်ရောဂါနဲ့အတူ လိုက်လာတဲ့ နောက် ကပ်ဘေးတခုလိုမျိုး ဒီအိမ်တွင်းအကြမ်းဖက်မှုကို ခေါ်ဝေါ်လာကြတယ်ပေါ့နော်။”
ဟုတ်ကဲ့။ အဲ့ဒီတော့ ဆိုလိုတာက ဒီ ကိုဗစ်ကာလမှာ အိမ်တွင်း အကြမ်းဖက်မှုကလည်း နောက်ထပ် တွဲကပ်ပါလာတဲ့ ကပ်ဘေးတခုလိုတောင်မှ ဖြစ်လာတယ်ဆိုတော့ တော်တော်ကို ဆိုးရွားတဲ့အခြေအနေအဖြစ် ပြောချင်တာလို့ နားလည်ပါတယ်။ အဲ့တော့ ဒီ ကိုဗစ်ကာလအတွင်းနဲ့ ကိုဗစ်မတိုင်ခင် ကြားထဲမှာ အိမ်တွင်း အကြမ်းဖက်မှုတွေ တိုးလာတဲ့ အရေအတွက်၊ အခြေအနေကိုလည်း နည်းနည်းလောက် ပိုပြီးတော့ ရှင်းပြပေးစေချင်ပါတယ်။ အရေအတွက်အားဖြင့် ရာခိုင်နှုန်းအားဖြင့် ဘယ်လောက်အထိ တက်သွားလို့ ဒါကို ကပ်ဘေး တခုလို့တောင် ပြောချင်တာပါလဲ။
“ကျမတို့ကို လာ တိုင်တန်းတဲ့ အခြေအနေတွေအရဆိုရင် ကိုဗစ်မဖြစ်ခင်က ၉ ရက်မှာ အိမ်တွင်းအကြမ်းဖက်မှု ၁ မှုလောက်ပဲ တိုင်တန်းတာရှိပါတယ်။ ဒါပေမဲ့ ကိုဗစ်ဖြစ်သွားတဲ့အချိန်မှာ၊ ဥပမာ မတ်လ ၂၂ ရက်နေ့ နောက်ပိုင်းမှာဆိုလို့ရှိရင်၊ ကိုဗစ် မြန်မာပြည်ကို ရောက်လာချိန်မှာဆိုရင် မတ်လ နောက်ပိုင်းကနေ ဧပြီ၊ မေ နောက်ပိုင်းလောက် ဆိုရင် အိမ်တွင်း အကြမ်းဖက်မှုက တရက်ကို တယောက်ကျော်ကျော်ကို တိုင်တန်းလာတာဖြစ်တယ်။ အရင်က ၉ ရက်မှာ တယောက်။ ကိုဗစ် ပြီးပြီး နှစ်လ သုံးလ လောက်မှာဆိုရင် တရက်ကို တယောက်ထက်တောင် ကျော်သွားတယ်ပေါ့နော်။ ကျမတို့ဆီမှာ တိုင်တန်းတဲ့ ရာခိုင်နှုန်းအရ ဆိုရင် ၆၀၀ % တို့၊ ၇၀၀ % တို့လောက်အထိ တက်သွားတယ်ပေါ့နော်။”
ဒါတောင် ဒါက တိုင်တန်းတဲ့သူ စာရင်းကို ပြောတာဆိုတော့ လာပြီး မတိုင်တန်းတဲ့သူတွေက အများကြီး ရှိနိုင်သေးတယ်လို့လည်း ယူဆနိုင်တာပေါ့။
“အများကြီး ရှိနိုင်ပါတယ်။ ကိုဗစ် ဖြစ်နေတဲ့အတွက် တိုင်ရင်ရော ဘယ်လိုတိုင်ရမှာလဲ။ ဘာလုပ်ပေးမှာလဲ ဆိုတာတွေက အများကြီးပဲ။”
ဟုတ်ကဲ့။ ဆိုတော့ ဒီလိုဖြစ်နေတဲ့သူတွေကို၊ လာ တိုင်တန်းတဲ့သူတွေကို အကာအကွယ်ပေးတဲ့အပိုင်းမှာရော မထားထားတို့လို လူမှုအဖွဲ့အစည်းတွေ၊ အစိုးရ တာဝန်ရှိသူတွေဘက်ကရော ဒီလို အိမ်တွင်း အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအတွက် ဘာတွေများ ကာကွယ်ပေး ဆောင်ရွက်နေတာ ရှိပါသလဲရှင့်။
“ကျမတို့ အဖွဲ့တွေအနေနဲ့ကတော့ တတ်နိုင်သလောက် ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှု ပေးပါတယ်။ ဥပမာဆိုလို့ရှိရင် Hotline ဖုန်းတွေ ရှိတယ်။ ကိုဗစ်ဖြစ်တဲ့ ကာလမှာ ပိုပြီး ချဲ့လိုက်တယ်။ အရင်တုန်းကဆိုရင် ၂ ခုပဲရှိတယ်။ အခုဆိုရင် ကျမတို့ နယ်တွေကိုပါ ချဲ့ပြီးတော့ ၆ ခု ၈ ခုလောက်အထိ ချဲ့တယ်။ အရင်က ကျမတို့က ရန်ကုန်ကနေပဲ service ပေးတာ။ အခုကျတော့ နယ်တွေမှာရှိတဲ့ ကျမတို့ မိတ်ဖတ်အဖွဲ့အစည်းတွေကိုလည်း ဒီလို ဝန်ဆောင်မှုတွေကို သူတို့နယ်တွေမှာပဲ အစိုးရအဖွဲ့တွေနဲ့ တိုက်ရိုက် ချိတ်ဆက်ပေးပြီးတော့ လုပ်ဆောင်နေပါတယ်။ နောက်တခုကတော့ အမျိုးသမီးတယောက်က လာတိုင်ရင် အရေးကြီးဆုံးဖြစ်တဲ့ အတိုင်ပင်ခံတာပေါ့နော်။ သူ ဘာဖြစ်တာလဲ။ ဘယ်လိုဖြစ်တာလဲ။ သူ ဘာလိုချင်တာလဲ။ ဘာဖြစ်ချင်လဲ။ ဘယ်လောက်အထိ ဖြစ်ချင်လဲ။ ဘယ်လို လုပ်နိုင်သလဲ ဆိုတာ တယောက်နဲ့တယောက် ဘယ်လိုမှမတူနိုင်ဘူး။ အဲ့ဒီမတူတဲ့အပေါ်မှာ မူတည်ပြီး ကျမတို့တွေ စီစဉ်တယ်။ သူနဲ့အတူတူ တိုင်ပင်တယ်။ ရေးဆွဲတယ်ပေါ့နော်။ ပြီးတော့ လိုအပ်တာတွေကို ဆက်ပြီး ဆောင်ရွက်တယ်။ ကျမတို့က survivor-centered approach လို့ခေါ်တဲ့ ဝန်ဆောင်မှုကို ပေးပါတယ်။ ခံစားရတဲ့သူကို ဗဟိုပြုပြီးတော့ အစီအစဉ်ဆွဲပြီးတော့ ပေးတဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။”
ဆိုတော့ မထားထား ပြောတဲ့အပေါ်မှာဆိုရင် မြန်မာနိုင်ငံမှာ အိမ်တွင်းအကြမ်းဖက်မှုတွေက တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ်လို့ ကျမ နားလည်ပါတယ်။ ဆိုတော့ အစိုးရပိုင်း တာဝန်ရှိသူတွေ၊ အာဏာပိုင်အဖွဲ့အစည်းတွေကရော မထားထား တို့လို အဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ ဆောင်ရွက်တာတွေ ရှိပါသလား။ သူတို့ကရော ဘယ်လို ထိရောက်တဲ့ ကာကွယ်မှုတွေ ပေးနေတာ ရှိပါသလဲရှင့်။
“ကျမတို့က တခါတခါ ကျလို့ရှိရင် သူတို့နဲ့ပူးပေါင်းပြီး လုပ်ဆောင်ရတာတွေ ရှိပါတယ်။ လုံခြုံရေး အခြေအနေအရ ကျမတို့ရဲ့ ခိုနားစရာနေရာမှာ ထားလို့မရလို့ရှိရင် သူတို့ဆီမှာ ထားရတာမျိုးပေါ့။ သူတို့လည်း တချို့ အကူအညီတွေ လိုအပ်ရင် ကျမတို့ ဝိုင်းပြီးတော့ ဝိုင်းဝန်းကူညီ လုပ်ဆောင်ပါတယ်။ ပြီးတော့ အစိုးရဌာနတွေ အနေနဲ့လည်း ပူးပေါင်းပြီးတော့ UN တို့၊ ကျမတို့လို အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ဘယ်လိုမျိုး ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်အောင် coordination ပေါ့။ ဘယ်လို ဖြည့်စွက် ဆောင်ရွက်ကြမလဲ။ ဘယ်လို ဝန်ဆောင်မှုတွေ ပေးကြမလဲ။ နောက် ဒီကိုဗစ်ကာလမှာ အကြမ်းဖက်မှုတွေအတွက် တိုင်ပင်ဆွေးနွေးမှုတွေ၊ ပိုပြီးတော့ ချိတ်ဆက်အားကောင်းမှုတွေ ပြုလုပ်လာဖို့ အစီအစဉ်တွေ ရေးဆွဲကြပါတယ်။”
အခုပြောနေတာ အဓိက ကတော့ ဖြစ်ရပ်တခု ဖြစ်လာပြီဆိုရင် ဘယ်လိုကာကွယ် စောင့်ရှောက်မှုတွေ ပေးတယ်။ ဘယ်လို ဝိုင်းပြီးတော့ ကူညီစောင့်ရှောက်သလဲ ဆိုတာတွေပေါ့လေ။ ဆိုတော့ ဒါက တပိုင်းပေါ့။ ဒါ့အပြင်ကို ရေရှည်အနေနဲ့ရော ဒီလိုမျိုး အိမ်အတွင်း အကြမ်းဖက်မှုအခြေအနတွေ မကြုံရအောင် ကြိုတင်ကာကွယ်နိုင်မယ့် အနေအထားမျိုးတွေ ဖြစ်လာဖို့ ဆိုရင်ရော အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်း၊ လူမှုအသိုင်းအဝိုင်း အားလုံး ပူးပေါင်းပြီးတော့ ဘာတွေများ ဆောင်ရွက်နိုင်ပါမလဲရှင့်။
“ဟုတ်ကဲ့ အဲ့ဒါကတော့ ဒီဟာတွေ အများကြီး ရပ်တန့်သွားဖို့အတွက် လုပ်ဆောင်ဖို့ဆိုရင် လူတိုင်း လူတိုင်း၊ အဖွဲ့အစည်းတိုင်း၊ အစိုးရ၊ ကျမတို့ တဦးတယောက်ချင်းစီမှာလည်း တာဝန်ရှိပါတယ်။ ဥပမာ - ခံစားရတဲ့သူတယောက် အနေနဲ့ဆိုရင် ကျမ အားပေးချင်တာ၊ ပြောချင်တာကတော့ အမျိုးသမီးအဖွဲ့တွေကိုပဲ ဖြစ်ဖြစ်၊ အစိုးရ အဖွဲ့တွေကိုပဲဖြစ်ဖြစ် တနေရာမဟုတ် တနေရာကို အင်တာနက်တွေထဲမှာလည်း ရှိပါတယ်။ ရှာပါ။ တိုင်ပါ။ ဖုန်းဆက်ပါပေါ့နော်။ ဖုန်းဆက်လို့ရှိရင် အမှုဖွင့်ရမယ် မဟုတ်ဘူးပေါ့နော်။ တခြား လုပ်နိုင်တဲ့အရာတွေ အများကြီးရှိတယ်။ တိုင်ပင်ပါ။ ဆွေးနွေးပါပေါ့။
“နောက်တခုကတော့ ကျမတို့အစိုးရ အဖွဲ့အနေနဲ့ဆိုရင် ဥပဒေပေါ့နော်။ အမျိုးသမီးတွေ တကယ် ခံရတဲ့ အမျိုးသမီးတွေရဲ့ လက်ရှိ လက်တွေ့မြေပြင်မှာဖြစ်နေတဲ့ အခြေအနေ အနေအထားနဲ့ကိုက်တဲ့ ဥပဒေကို အမြန်ဆုံး ရေးဆွဲပေးဖို့၊ အမြန်ဆုံး ပြဌာန်းပေးဖို့ လိုပါတယ်။ ဥပဒေ ရှိရုံနဲ့တင်လည်း မရသေးပါဘူး။ ကျမတို့ နိုင်ငံမှာက ပြည်သူလူထုရဲ့ အတွေးအမြင်တွေ၊ သဘောထား အမြင်တွေ ပြောင်းလဲဖို့လည်း အရေးကြီးပါတယ်။ ဥပမာ - အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်မယ်တို့၊ မိန်းမနဲ့နွားကို မသနားကောင်းဘူးဆိုတဲ့ အတွေးအခေါ် အယူအဆတွေ။ မိန်းမဆိုရင် တဆင့်နိမ့်တယ်။ မိန်းမဆိုရင် ရိုက်ပြီးတော့ ဆုံးမပိုင်ခွင့်ရှိတယ်။ မိန်းမဆိုရင် နှိမ်ထားရမယ် ဆိုတာမျိုးတွေက၊ ဒီအယူအဆတွေက ယဉ်ကျေးမှုယောင်ယောင်၊ ဓလေ့ထုံးစံယောင်ယောင်၊ ဘာသာရေးယောင်ယောင် ကနေ ဖြစ်လာတာပေါ့။ ကျမတို့ ဘယ်ဘာသာရေးမှာမှ မိန်းမကိုရိုက်ဖို့ အားပေးတဲ့ ဘာသာရေး မရှိပါဘူး။ ဆိုတော့ ဘာသာရေး အဖွဲ့အစည်းတွေကလည်း ဒါတွေကို သေသေချာချာလေး တားမြစ်တဲ့ ဟောပြောမှုတွေ၊ သွန်သင်မှုတွေ ပြုလုပ်ရပါမယ်။
“ကျမတို့လို အဖွဲ့အစည်းတွေအနေနဲ့လည်း၊ ကျမတို့ရော အစိုးရအဖွဲ့အစည်းတွေရော ဝန်ဆောင်မှုတွေကို နေရာတကာမှာ လက်လှမ်းမီအောင် တကယ်တမ်း ကြိုးစားရမယ်။ ဥပမာ - အမြဲပြောနေကျပေါ့နော်။ ကျမ အမျိုးသားက ကျမကို ရိုက်မယ်ဆိုလို့ရှိရင် ကျမသည် ကျမအတွက် ဝန်ဆောင်မှု အနီးအနားမှာရှိတယ်။ ဒါမှမဟုတ် သိတယ် လက်လှမ်းမီတယ်။ ကျမသည် ဖုန်းဆက်လိုက်လို့ ရတယ်လို့ ကျမ အမျိုးသားကပါ သိထားရင် ကျမကို နှိပ်စက်ချင်ရင်တောင် အနိုင်ကျင့်ချင်ရင်တောင် သူသည် စဉ်းစားမယ်။ သေသေချာချာ စဉ်းစားမယ်။ နှစ်ခါတော့ အနည်းဆုံး စဉ်းစားမှာပဲပေါ့နော်။ ဝန်ဆောင်မှု ရရှိနေခြင်း လက်လှမ်းမီနေခြင်းသည် အကောင်းဆုံးထဲက တခုသော ကာကွယ်တားဆီးရေးဖြစ်တယ်ပေါ့။ အဲ့ဒါကိုလည်း ပြောချင်ပါတယ်။”
ကျေးဇူးအများကြီးတင်ပါတယ်။ ခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက်။
“ဟုတ်ကဲ့။ ကျမလည်း ကျေးဇူးတင်ပါတယ်။”