သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈ တားဆီးကာကြယ္ေရး ဥပေဒ ျပဌာန္းႏိုင္ဖို႔ အလားအလာ


(Zawgyi/Unicode)

အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈ တားဆီး ကာကြယ္ေရး ဥပေဒတရပ္ ျမန္မာႏိုင္ငံမွာ အျမန္ဆံုး ေပၚေပါက္ဖို႔ လိုအပ္ေနသလို၊ အမ်ိဳးသမီးေတြကို အမွန္တကယ္ အကာအကြယ္ေပးႏိုင္တဲ့ ျပီးျပည့္စံုတဲ့ ဥပေဒရပ္ ျဖစ္ဖို႔လည္း အေရးၾကီးတယ္လို႔ WLB အမ်ိဳးသမီးမ်ားအဖြဲ႔ခ်ဳပ္ (ျမန္မာႏိုင္ငံ) ကေျပာပါတယ္။ လက္ရွိျပဌာန္းဖို႔ ၾကိဳးစားေနတဲ့ PoVAW လို႔ အတိုေကာက္ေခၚတဲ့ အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈ တားဆီးကာကြယ္ေရး ဥပေဒမူၾကမ္းမွာေတာ့ လိုအပ္ခ်က္ေတြ ရွိေနဆဲျဖစ္ျပီး ျပင္ဆင္ေရးဆြဲဖို႔ လိုအပ္ေန ေသးတယ္လုိ႔ WLB အဖြဲ႔ရဲ႕ အေထြေထြ အတြင္းေရးမွဴး ေနာ္ဆဲဆဲက ေျပာပါတယ္။ ဘယ္လိုအခ်က္ေတြကို ျပင္ဆင္ ျဖည့္စြက္ဖို႔ အမ်ိဳးသမီးအဖြဲ႔ေတြက အၾကံျပဳပါလဲ။ ဘာ့ေၾကာင့္ပါလဲ။ အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈေတြကို ကာကြယ္တားဆီးႏုိင္တဲ့ ဥပေဒတရပ္ ေပၚေပါက္လာဖို႔ နီးစပ္လာေနပါျပီလား။ မၾကာခင္ အသစ္ ဖြဲ႔စည္းမယ့္ လႊတ္ေတာ္သစ္မွာ ဒီ ဥပေဒမူၾကမ္း ျပင္ဆင္ ေရးဆြဲ ျပဌာန္းႏိုင္ဖို႔ အလားအလာ ဘယ္လိုရွိေနသလဲ ဆုိတာေတြကို WLB အေထြေထြ အတြင္းေရးမွဴး ေနာ္ဆဲဆဲ ကို ဆက္သြယ္ေမးျမန္းျပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္း တင္ဆက္ထားပါတယ္။

အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈ တားဆီးကာကြယ္ေရး ဥပေဒမူၾကမ္းကို ၂၀၁၃ ခုႏွစ္ေလာက္မွာ စတင္ေရးဆြဲခဲ့တယ္လို႔ သိရပါတယ္။ အခုဆိုရင္ ႏွစ္ေပါင္း ၇ ႏွစ္ေက်ာ္ ရွိလာျပီေပါ့ေလ။ ဒါေပမဲ့ အခုထိ ဥပေဒတရပ္အျဖစ္ မျပဌာန္းႏုိင္ေသးဘူးဆိုတာက ဘာ အဟန္႔အတား အကန္႔အသတ္ေတြ ရွိေနလို႔ ဒီေလာက္ ၾကန္႔ၾကာေနတယ္လို႔ ထင္ပါသလဲရွင့္။

“ေျပာရမယ္ဆိုရင္ ျမန္မာႏုိင္ငံက သူ႔ရဲ႕ mindset (ေတြးေခၚယူဆပံု) အရ အမ်ားၾကီး ျပဳျပင္ေျပာင္းလဲရမယ္။ patriachy system ေပါ့ေနာ္။ ဖို၀ါဒၾကီးစိုးတဲ့၀ါဒ က်င့္သံုးတာက ဒီေန႔ ဒီအခ်ိန္အထိပဲ။ ျပီးလို႔ရွိရင္လည္း ျပဳျပင္ေျပာင္းလဲခ်င္တဲ့ ႏုိင္ငံေရး စိတ္ဆႏၵ မရွိဘူး။ ဒီဥပေဒတခုပဲ မဟုတ္ဘူး။ တျခားေသာ ႏုိင္ငံေရးျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ခ်င္ရင္လဲ သူက ေျပာင္းလဲဖို႔လည္း ခက္တယ္။ ေျပာင္းလဲခ်င္စိတ္လည္း မရွိဘူး။ ေျပာင္းလဲဖို႔အတြက္ကလည္း အကန္႔အသတ္ ရွိတယ္။ ေျပာင္းလဲခ်င္တဲ့ စိတ္ဆႏၵ မရွိတဲ့သူေတြနဲ႔ သြားေပါင္းလိုက္တဲ့အခါက်ေတာ့ ဥပေဒအရပဲေျပာေျပာ၊ ပါ၀ါအရပဲေျပာေျပာ အဲ့လို အကန္႔အသတ္ေတြ ရွိတယ္။ အဲ့ဒါေတြကလည္း ၾကန္႔ၾကာတာျဖစ္တဲ့ အေနအထားျဖစ္တယ္။ တကယ္သာ အမ်ိဳးသမီးထုေတြအတြက္ကို ျဖစ္ေစခ်င္တယ္၊ လုပ္ေစခ်င္တယ္ဆိုရင္ အမ်ိဳးသမီးထုေတြရဲ႕ အသံကို နားေထာင္ရမယ္။ ဒီဥပေဒမူၾကမ္းက တကယ္တမ္းဆိုရင္ ရွိသင့္တယ္ေပါ့ေနာ္။ တေန႔ တေန႔ အၾကမ္းဖက္မႈေတြက နည္းနည္းေနာေနာမဟုတ္ဘူး။ တေန႔တေန႔ ပိုဆိုးလာေနတဲ့အေနအထားမွာ ဥပေဒနဲ႔ ကာကြယ္မေပးႏိုင္ဘူးဆိုရင္ ကိုယ္က ဒီဟာကို က်ဴးလြန္ဖို႔ ခြင့္ျပဳလုိက္သလို႔ျဖစ္တယ္။ ဆိုေတာ့ က်မတို႔က လာမယ့္ လႊတ္ေတာ္သက္တမ္းက တာ၀န္ရွိသူေတြကိုလည္း တိုက္တြန္းခ်င္တယ္။ ဒီဟာကို ေလးေလးနက္နက္ စဥ္းစားပါ။ တကယ္ျပည့္စံုတဲ့ တကယ္ အမ်ိဳးသမီးထု ကာကြယ္ေပးသင့္တဲ့သူေတြ အကုန္လံုးကို ျပည့္ျပည့္စံုစံု ပါေစခ်င္တာေပါ့ေနာ္။ အဲ့ဒါေၾကာင့္ က်မတို႔က ဒီေန႔ ဒီအခ်ိန္အထိ ေအာ္ေနရတယ္။ ေျပာေနရတယ္ေပါ့ေနာ္။”

လက္ရွိ ေရးဆြဲထားတဲ့ ဥပေဒမူၾကမ္းက အမ်ိဳးသမီးေတြအေပၚ တကယ္တမ္း အၾကမ္းဖက္မႈေတြ ျဖစ္လာတဲ့အခါ ခုိင္ခိုင္မာမာ အကာအကြယ္ ေပးႏိုင္တဲ့ ဥပေဒတရပ္ ျဖစ္မေနဘူးဆိုတဲ့ ေ၀ဖန္မႈေတြ ၾကားေနရပါတယ္။ WLB အေနနဲ႔ေရာ ဒီမူၾကမ္းနဲ႔ပတ္သက္လို႔ ဘယ္လို သံုးသပ္ထားတာ ရွိပါလဲ။ ဘယ္လိုအခ်က္ေတြကေတာ့ လိုအပ္ေနတယ္ဆုိတာမ်ိဳး ေထာက္ျပထားတာ ရွိပါသလဲရွင့္။

“က်မတို႔ရဲ႕ သံုးသပ္ခ်က္ထဲမွာ အဓိက အေၾကာင္းအရာ ၄ ခုကို ေထာက္ျပတယ္။ ျပီးလို႔ရွိရင္ တကယ္လို႔ အေကာင္အထည္ ေဖာ္တဲ့ေနရာမွာ ျဖစ္လာနုိင္တဲ့ အဟန္႔အတားေတြေပါ့။ အမ်ိဳးသမီးအၾကမ္းဖက္မႈေတြ ကိုင္တြယ္ ေျဖရွင္းတဲ့အခါမွာ လူ႔အခြင့္အေရးကို သိပ္ျပီးေတာ့ မခ်ဥ္းကပ္တဲ့အပိုင္းေတြ အမ်ားၾကီးရွိတယ္။ အဓိပၸါယ္ဖြင့္ဆိုခ်က္ အပါအ၀င္ ဒီဥပေဒအရ ျပစ္မႈျပစ္ဒဏ္ အပါအ၀င္ အဲ့ဒါမ်ိဳးေတြေပါ့ေနာ္။ တကယ္ပဲ ႏုိင္ငံတကာ စံခ်ိန္စံညႊန္းနဲ႔ လူ႔အခြင့္အေရးနဲ႔ သိပ္ျပီးေတာ့ မခ်ဥ္းကပ္တဲ့အပိုင္းေတြ အမ်ားၾကီးရွိတယ္။ ေနာက္တခုကေတာ့ အမ်ိဳးသမီးေတြကို နည္းမ်ိဳးစံု အၾကမ္းဖက္မႈေတြကေန ကာကြယ္တဲ့ ျပီးျပည့္စံုတဲ့ ဥပေဒတခုကို ျဖစ္ဖို႔အတြက္ဆိုရင္ က်မတို႔က article (အပို္ဒ္) လိုက္ကို ၾကည့္လိုက္တဲ့အခါမွာ မျပည့္စံုဘူးေပါ့ေနာ္။ ဥပေမာ တခုေျပာရရင္ေတာ့ စစ္ပဋိပကၡျဖစ္ေနတဲ့ အမ်ိဳးသမီးေတြရဲ႕ အေျခအေန၊ အမ်ိဳးသမီးေတြ လံုျခံဳေရးအေျခအေန၊ အမ်ိဳးသမီးေတြ ျငိမ္းခ်မ္းေရး အေျခအေနေတြက လံုး၀ ေသေသခ်ာခ်ာ မထည့္ထားဘူး။ တကယ္လို႔ ဒီလိုအေျခအေနက အမ်ိဳးသမီးေတြ အၾကမ္းဖက္မႈၾကံဳရရင္ ဘာမွ ဒီဥပေဒနဲ႔မဆိုင္သလို ျဖစ္တယ္။ ဒါက တခုေပါ့ေနာ္။ ေနာက္တခုကေတာ့ စစ္ပဋိပကၡမွာ က်ဴးလြန္ခံရတဲ့ အမ်ိဳးသမီးေတြအတြက္၊ က်ဴးလြန္တဲ့သူေတြက ဥပေမာဆိုရင္ ႏုိင္ငံေတာ္ရဲ႕လံုျခံဳေရးဆိုင္ရာ တာ၀န္ရွိသူေတြ။ တပ္မေတာ္ပဲျဖစ္ျဖစ္ ရဲပဲျဖစ္ျဖစ္ လံုျခံဳေရးဆိုင္ရာ တာ၀န္ယူတဲ့သူေတြရဲ႕ က်ဴးလြန္မႈေတြနဲ႔ပတ္သက္လို႔ အခန္းက႑ ေသခ်ာ မေရးထားဘူး။ တဘက္မွာလည္း ဖြဲ႔စည္းပံုက ကာကြယ္ထားတာ ရွိတယ္။ စစ္ေရးမွာပဲျဖစ္လာတဲ့ ျပႆနာဆိုရင္ တပ္မေတာ္ကေနပဲ စစ္ဥပေဒအရ စစ္ခံု႐ံုးကပဲ ေျဖရွင္းတဲ့အပိုင္းေတြ ရွိတဲ့ အေနအထားမွာ အမွန္တကယ္ဆိုရင္ ဒါကို ဒီဥပေဒထဲမွာ ကာကြယ္သင့္တဲ့ ကိစၥမ်ိဳး ျဖစ္တာေပါ့ေနာ္။ ဒါေတြလည္း မရွိဘူး။ ေနာက္တခုက်ေတာ့ ရွင္သန္ က်န္ရစ္တဲ့အမ်ိဳးသမီးေတြ အတြက္ ၀န္ေဆာင္မႈေတြ။ ျပႆနာေတြ အမ်ားၾကီးပါပဲ။ တခ်ိဳ႕ တိုင္းရင္းသား ေဒသမွာဆိုရင္လည္း ဥပမာ - ျမန္မာစကားမေျပာတတ္ဘူးဆိုရင္ ဘာသာျပန္ေတြလည္း မရွိဘူး။ ျပီးရင္ ႐ံုးခ်ိန္းေတြကလည္းၾကာ၊ တဘက္မွာလည္း တရားေရးစနစ္က အားမေကာင္းဘူးဆိုရင္၊ ၀န္ေဆာင္မႈေတြလည္း အားမေကာင္းဘူးဆိုရင္ ဘယ္လိုနည္းနဲ႔မွ တရားမ ွ်တမႈ ရမွာ မဟုတ္ဘူးေပါ့ေနာ္။ ဒီဟာေတြကို က်မတို႔ တြန္းတယ္ဆိုတာ တရားမ ွ်တမႈရဖို႔အတြက္ အဓိက ျဖစ္တယ္ေပါ့။ ျပီးလို႔ရွိရင္ တာ၀န္ယူမႈ တာ၀န္ခံမႈကို က်မတို႔က ရွိေစခ်င္တာေပါ့။ အဲ့ဒါေၾကာင့္မိုလို႔ ဥပေဒက အကာအကြယ္ ေပးရတဲ့ဟာမ်ိဳးေတြ ျဖစ္ရမွာေပါ့ေနာ္။”

အခုလို လိုအပ္ခ်က္ေတြကို အၾကံျပဳထားတဲ့အေပၚမွာ တာ၀န္ရွိတဲ့သူေတြက ဒီအၾကံျပဳခ်က္ေတြကို နားေထာင္တာ၊ ျပင္ဆင္ျဖည့္စြက္တာေတြ ရွိပါသလား။ ဘယ္လို အေျခအေန ရွိပါလဲ။

“အဓိက ကေတာ့ သူတို႔ရဲ႕ လုပ္ပိုင္ခြင့္နဲ႔ သူတို႔အေပၚမွာ အမ်ားၾကီး မူတည္တယ္ေပါ့ေနာ္။ ဘယ္သူမဆို အစိုးရကို အေကာင္းပဲလုပ္ေစခ်င္တယ္။ အစိုးရက ကိုယ့္ျပည္သူစကားကို နားေထာင္ေစခ်င္တယ္ေပါ့ေနာ္။ အဲ့ဒီျပည္သူ အတြက္ကို ရပ္တည္ေပးတဲ့ ကိုယ့္ရဲ႕အမတ္ေတြ၊ ကိုယ့္ရဲ႕ကိုယ္စားလွယ္ေတြပဲ ျဖစ္ခ်င္ၾကတယ္ေပါ့ေနာ္။ ဒါေပမဲ့ တဘက္မွာလည္း ျမန္မာႏိုင္ငံက ၂၀၀၈ ဖြဲ႔စည္းပံုအရ လႊတ္ေတာ္အခန္းက႑ပဲေျပာေျပာ၊ အုပ္ခ်ဳပ္ေရးအခန္းက႑ပဲ ေျပာေျပာ၊ တရားစီရင္ေရး အခန္းက႑ပဲ ေျပာေျပာ အဲ့ဒီမွာပဲ သြားခ်ဳပ္ေနတယ္။ အဲ့ဒီမွာ automatic က တပ္မေတာ္ေတြက ရွိေနတယ္။ အဲ့ဒီလိုမ်ိဳး အဲ့ဒီအေပၚမွာ သေဘာထား အမ်ားၾကီး စိတ္မ၀င္စားတဲ့ လႊတ္ေတာ္အမတ္တခ်ိဳ႕ကလည္း အဲ့ဒီမွာရွိေနတယ္ေပါ့။ ဆိုေတာ့ ဒီေန႔ ဒီခ်ိန္ထိကေတာ့ ျပီးခဲ့တဲ့အစိုးရ သက္တမ္းပဲျဖစ္ျဖစ္၊ ျပီးခဲ့တဲ့တာ၀န္ရွိသူေတြပဲျဖစ္ျဖစ္ ဒီမူၾကမ္းအေပၚမွာ ေလးေလးနက္နက္နဲ႔ အမ်ိဳးသမီးထုေတြရဲ႕ အသံကို နားေထာင္ျပီး အမ်ိဳးသမီးထုေတြရဲ႕ အၾကံေပးမႈေတြကိုေတာ့ ထည့္သြင္း စဥ္းစားတာမရွိဘူးေပါ့ေနာ္။”

ဆိုေတာ့ အခုဆိုရင္ ႏွစ္ေတြလည္း အေတာ္ၾကာလာခဲ့ျပီ။ ဒီဥပေေဒကို ျပဌာန္းႏိုင္ျခင္း မရွိေသးတဲ့အျပင္ လိုအပ္ခ်က္ေတြကိုေတာင္ နားေထာင္ျပီး ျပင္ဆင္ ျဖည့္စြက္တဲ့အဆင့္ မရွိေသးဘူးဆိုေတာ့ ဒီဥပေဒမူၾကမ္းကို အျပသေဘာ သက္သက္ ေဆာင္ရြက္ေနတာမ်ိဳး ျဖစ္ေနတာပါလား။ ဒီသေဘာမ်ား သက္ေရာက္ေနပါလားရွင့္။

“ဟုတ္တယ္။ ဒီလုိသေဘာမ်ိဳးေတာ့ သက္ေရာက္တာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ ဖိအားေၾကာင့္ အလုပ္ လုပ္လာတဲ့အရာေတြ အမ်ားၾကီးရွိတယ္။ အခုဆိုရင္ donor (ေငြေၾကး ေထာက္ပံ့လွဴဒါန္းသူ) က ဖိအားေပးလုိက္တယ္။ အမ်ိဳးသမီး မပါမေနရ ဆိုျပီးေတာ့ တာ၀န္အရပဲ ဖိတ္တာေတြရွိတယ္။ ဘယ္သူလာလာ အဓိပၸါယ္ရွိတဲ့ ပါ၀င္မႈျဖစ္ျဖစ္ မျဖစ္ျဖစ္ စိတ္မ၀င္စားဘူး။ လာဖို႔ပဲ။ ပါဖို႔ပဲ ဆိုျပီး ဖိအားေၾကာင့္ ျဖစ္သလို လုပ္သြားတဲ့အရာေတြ အမ်ားၾကီးရွိတယ္။ အခုလည္း ဒီလိုပဲ။ ဖိအားေတြေၾကာင့္ လုပ္လိုက္ရတယ္။ လုပ္လည္း လုပ္ျပီးေရာ တခါ တဘက္မွာ ဖိအားေပးတဲ့သူ ကလည္း ေထာက္တာ ေမးတာက ဘယ္လို အကန္႔အသတ္မ်ိဳး ရွိလဲ။ ဘယ္လိုလဲေပါ့။ အခ်ိန္ၾကာၾကာ ဆြဲျပီးေတာ့ image ယူတဲ့ သေဘာမ်ိဳးေပါ့။ လုပ္ေနဆဲပါ။ လုပ္ေနပါတယ္။ မျပည့္စံုေသးဘူး ဆိုတဲ့ အေၾကာင္းျပခ်က္ေတြ ျပန္တံု႔ျပန္ႏုိင္ေအာင္ လုပ္တာပဲေပါ့။ ဒါကလည္း ျဖစ္သလိုလုပ္တဲ့ သေဘာမ်ိဳးတယ္ျဖစ္တယ္ေပါ့ေနာ္။”

ဘယ္လိုပဲျဖစ္ျဖစ္ ျပီးခဲ့တဲ့ေရြးေကာက္ပြဲမွာ အႏုိင္ရခဲ့တဲ့ လႊတ္ေတာ္အမတ္ေတြနဲ႔ မၾကာခင္မွာ လႊတ္ေတာ္သစ္တရပ္ စေတာ့မယ္ ဆိုေတာ့ လႊတ္ေတာ္သစ္မွာေရာ ဒီဥပေဒမူၾကမ္းကို အခု ေထာက္ျပေျပာဆိုမႈေတြကိုပါ ထည့္သြင္းျပီး ျပင္ဆင္ ေရးဆြဲ ျပဌာန္း လာႏိုင္တဲ့ အလားအလာ ဘယ္ေလာက္ ေမ ွ်ာ္လင့္လို႔ရႏိုင္ပါမလဲ။

“က်မတို႔ ျမန္မာႏုိင္ငံ အေျခအေနနဲ႔ ဆိုရင္ေတာ့ ဒါ တကယ့္ အေရးၾကီးတဲ့ ဥပေဒတခုျဖစ္တယ္။ အေရးတၾကီးလည္း လိုအပ္တဲ့ ဥပေဒတခုျဖစ္တယ္။ သို႔ေသာ္ ျပီးျပည့္စံုတဲ့ ဥပေဒတခုေတာ့ ျဖစ္ဖို႔လိုတယ္။ ဒါလည္း အေရးၾကီးတယ္။ အဲ့ဒါေၾကာင့္မို႔ က်မတို႔က ဦးစားေပး အလုပ္ စဥ္းစားတဲ့အခါမွာ၊ ဥပေဒေတြကို ေဆြးေႏြးတဲ့ အခါမွာ ဦးစားေပး အလုပ္ကို က်မတို႔ စဥ္းစားရမယ္။ ဆိုေတာ့ ဒါက အေရးတၾကီးလည္း လိုတယ္။ ပိုျပည့္စံုဖို႔လည္း အေရးၾကီးတယ္။ ဆိုေတာ့ အေရးၾကီး... အေရးၾကီးတဲ့ကိစၥကို က်မတို႔ ဘယ္လို ဦးစားေပး လုပ္မလဲေပါ့ေနာ္။ ဦးစားေပး ဘယ္လိုစဥ္းစားမလဲ ဆိုတဲ့ဟာကိုေတာ့ ထည့္သြင္း စဥ္းစားေစခ်င္ပါတယ္လို႔။ ဆိုေတာ့ က်မတို႔ကေတာ့ ေမ ွ်ာ္လင့္တယ္။ လာမယ့္လႊတ္ေတာ္ အမတ္ေတြက ျပီးခဲ့တဲ့အေျခအေနေတြကို ေလ့လာသင္ယူျပီးေတာ့ လႊတ္ေတာ္အမတ္ေဟာင္းပဲျဖစ္ျဖစ္၊ အသစ္ပဲျဖစ္ျဖစ္ေပါ့ေနာ္ အေကာင္းဆံုး လုပ္ေဆာင္ေစခ်င္တယ္။ အထူးသျဖင့္ ဒီ အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈ တားဆီးကာကြယ္ေရး ဥပေဒကလည္း ျပီးျပည့္စံုျပီးေတာ့ တကယ့္ အားလံုးကို လႊမ္းျခံဳႏုိင္တဲ့ ကာကြယ္ႏိုင္တဲ့ ဥပေဒတခုကို ေသေသခ်ာခ်ာ စိစစ္ျပီးေတာ့၊ ေသေသခ်ာခ်ာ ေဆြးေႏြးျပီးေတာ့ အတည္ျပဳေစခ်င္တယ္ေပါ့ေနာ္။”

အကယ္၍ လာမယ့္ လႊတ္ေတာ္သက္တမ္းမွာ ဒီမူၾကမ္းကို အမ်ိဳးသမီးအဖြဲ႔ေတြ လူ႔အခြင့္အေရး အဖြဲ႔ေတြရဲ႕ အၾကံျပဳခ်က္ေတြကို ထည့္သြင္း မစဥ္းစားဘဲ ျပဌာန္းလိုက္ႏုိင္တာမ်ိဳးေရာ ရွိလား။ အဲ့ဒီလိုဆိုရင္ေရာ ဘာျဖစ္နိုင္မလဲ။

“တကယ္လို႔သာ ဒီဥပေဒက အကာအကြယ္ မရွိဘူးဆိုရင္ေပါ့ေနာ္။ ေစာနက ေျပာလိုမ်ိဳး ဒီအတိုင္းပဲ ျပဌာန္းလိုက္မယ္ဆိုရင္ ျမန္မာႏိုင္ငံရဲ႕ အေနအထားက ေတာ္ေတာ္မ်ားမ်ားက ဒီဥပေဒကို မသိလိုက္ဘဲနဲ႔ ျပဌာန္းသြားတာမ်ိဳး ျဖစ္မွာေပါ့။ အခုေတာင္ ဒါ ႏွစ္ေတာ္ေတာ္ၾကာေနျပီ။ ဒါေပမဲ့ မသိေသးတဲ့သူေတြ အမ်ားၾကီး ရွိတယ္။ ဥပေဒကို ျပဌာန္းျပီးေတာ့ မသိတဲ့အခါက်ေတာ့ ဘယ္ဥပေဒက ဘာ နားမလည္ေတာ့ သူ႔နည္းသူဟန္နဲ႔ ေျဖရွင္းတဲ့အပိုင္းေတြ ရွိတယ္။ အထူးသျဖင့္ တိုင္းရင္းသား ေဒသမွာက ႐ိုးရာစဥ္လာနဲ႔ ရြာဓေလ့ေတြနဲ႔ ဒါေတြက ဒီလို လုပ္ေနက် ဆိုျပီးေတာ့ တရားမမ ွ်တ တာေတြ အမ်ားၾကီး ရွိတယ္။ အဲ့ဒီလိုမ်ိဳးေတြကို က်မတို႔က ထပ္ မျဖစ္ေစခ်င္ဘူး။ တကယ္ စဥ္းစားေစခ်င္တယ္ေပါ့ေနာ္။ က်မတို႔ ျပဌာန္းထားတဲ့ ဥပေဒအေပၚမွာ တကယ္ ရပ္တည္ရမယ္။ ဥပေဒကလည္း တကယ္ အကာအကြယ္ေပးတဲ့ ဥပေဒ ျဖစ္ရမယ္။ လူကလည္း ဥပေဒအေပၚမွာ မရွိရဘူး။ တခါတေလက်ရင္ လူက ဥပေဒထက္ အာဏာပိုရွိတဲ့ က်င့္သံုးမႈေတြကလည္း ဒီေန႔ ဒီအခ်ိန္အထိ ရွိေနတယ္။ အဲ့ဒီလိုမ်ိဳး ဟာေတြက ဆက္ျပီး က်င့္သံုးေနမယ္ဆိုရင္ က်မတို႔ ဘယ္ေလာက္ပဲ ဥပေဒေတြ ျပဌာန္းျပဌာန္း ဘယ္လိုပဲ က်မတို႔ ၾကိဳးစားၾကိဳးစား။ ဒီလိုမ်ိဳး စိတ္ဓာတ္ပိုင္းဆိုင္ရာ အေတြးအေခၚေတြက မေျပာင္းလဲဘူးဆိုရင္ ဥပေဒက ဒီအတိုင္းပဲ ရွိမွာပဲ။ သူ ဆိုင္ခ်င္တဲ့အခ်ိန္ဆိုင္၊ မဆိုင္ခ်င္တဲ့အခ်ိန္ မဆိုင္။ အဲ့ဒီလိုမ်ိဳး ျဖစ္သြားမယ့္ အေနအထားမ်ိဳးေတြ ဆက္ျဖစ္မွာပဲ။ ဆိုေတာ့ အဲ့ဒါမ်ိဳးေတြလည္း က်မတို႔ မျဖစ္ေစခ်င္ေတာ့ဘူးေပါ့ေနာ္။ အာဏာပိုင္ေတြကပဲ က်ဴးလြန္ က်ဴးလြန္၊ ျပည္သူလူထုကပဲ က်ဴးလြန္က်ဴးလြန္ တန္းတန္းတူတူ ခံစားရတဲ့ အေျခအေနမ်ိဳးကို က်မတို႔ ျဖစ္ေစခ်င္ပါတယ္။”

ဟုတ္ကဲ့။ ေက်းဇူး အမ်ားၾကီးတင္ပါတယ္ရွင့္။

တိုက္႐ိုက္ လင့္ခ္

==========================================

[Unicode Version]

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကြမ်း ပြဌာန်းနိုင်ဖို့ အလားအလာ (အမျိုးသမီးကဏ္ဍ)

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေး ဥပဒေတရပ် မြန်မာနိုင်ငံမှာ အမြန်ဆုံး ပေါ်ပေါက်ဖို့ လိုအပ်နေသလို၊ အမျိုးသမီးတွေကို အမှန်တကယ် အကာအကွယ်ပေးနိုင်တဲ့ ပြီးပြည့်စုံတဲ့ ဥပဒေရပ် ဖြစ်ဖို့လည်း အရေးကြီးတယ်လို့ WLB အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကပြောပါတယ်။ လက်ရှိပြဌာန်းဖို့ ကြိုးစားနေတဲ့ PoVAW လို့ အတိုကောက်ခေါ်တဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေမူကြမ်းမှာတော့ လိုအပ်ချက်တွေ ရှိနေဆဲဖြစ်ပြီး ပြင်ဆင်ရေးဆွဲဖို့ လိုအပ်နေ သေးတယ်လို့ WLB အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး နော်ဆဲဆဲက ပြောပါတယ်။ ဘယ်လိုအချက်တွေကို ပြင်ဆင် ဖြည့်စွက်ဖို့ အမျိုးသမီးအဖွဲ့တွေက အကြံပြုပါလဲ။ ဘာ့ကြောင့်ပါလဲ။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကို ကာကွယ်တားဆီးနိုင်တဲ့ ဥပဒေတရပ် ပေါ်ပေါက်လာဖို့ နီးစပ်လာနေပါပြီလား။ မကြာခင် အသစ် ဖွဲ့စည်းမယ့် လွှတ်တော်သစ်မှာ ဒီ ဥပဒေမူကြမ်း ပြင်ဆင် ရေးဆွဲ ပြဌာန်းနိုင်ဖို့ အလားအလာ ဘယ်လိုရှိနေသလဲ ဆိုတာတွေကို WLB အထွေထွေ အတွင်းရေးမှူး နော်ဆဲဆဲ ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေမူကြမ်းကို ၂၀၁၃ ခုနှစ်လောက်မှာ စတင်ရေးဆွဲခဲ့တယ်လို့ သိရပါတယ်။ အခုဆိုရင် နှစ်ပေါင်း ၇ နှစ်ကျော် ရှိလာပြီပေါ့လေ။ ဒါပေမဲ့ အခုထိ ဥပဒေတရပ်အဖြစ် မပြဌာန်းနိုင်သေးဘူးဆိုတာက ဘာ အဟန့်အတား အကန့်အသတ်တွေ ရှိနေလို့ ဒီလောက် ကြန့်ကြာနေတယ်လို့ ထင်ပါသလဲရှင့်။

“ပြောရမယ်ဆိုရင် မြန်မာနိုင်ငံက သူ့ရဲ့ mindset (တွေးခေါ်ယူဆပုံ) အရ အများကြီး ပြုပြင်ပြောင်းလဲရမယ်။ patriachy system ပေါ့နော်။ ဖိုဝါဒကြီးစိုးတဲ့ဝါဒ ကျင့်သုံးတာက ဒီနေ့ ဒီအချိန်အထိပဲ။ ပြီးလို့ရှိရင်လည်း ပြုပြင်ပြောင်းလဲချင်တဲ့ နိုင်ငံရေး စိတ်ဆန္ဒ မရှိဘူး။ ဒီဥပဒေတခုပဲ မဟုတ်ဘူး။ တခြားသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ချင်ရင်လဲ သူက ပြောင်းလဲဖို့လည်း ခက်တယ်။ ပြောင်းလဲချင်စိတ်လည်း မရှိဘူး။ ပြောင်းလဲဖို့အတွက်ကလည်း အကန့်အသတ် ရှိတယ်။ ပြောင်းလဲချင်တဲ့ စိတ်ဆန္ဒ မရှိတဲ့သူတွေနဲ့ သွားပေါင်းလိုက်တဲ့အခါကျတော့ ဥပဒေအရပဲပြောပြော၊ ပါဝါအရပဲပြောပြော အဲ့လို အကန့်အသတ်တွေ ရှိတယ်။ အဲ့ဒါတွေကလည်း ကြန့်ကြာတာဖြစ်တဲ့ အနေအထားဖြစ်တယ်။ တကယ်သာ အမျိုးသမီးထုတွေအတွက်ကို ဖြစ်စေချင်တယ်၊ လုပ်စေချင်တယ်ဆိုရင် အမျိုးသမီးထုတွေရဲ့ အသံကို နားထောင်ရမယ်။ ဒီဥပဒေမူကြမ်းက တကယ်တမ်းဆိုရင် ရှိသင့်တယ်ပေါ့နော်။ တနေ့ တနေ့ အကြမ်းဖက်မှုတွေက နည်းနည်းနောနောမဟုတ်ဘူး။ တနေ့တနေ့ ပိုဆိုးလာနေတဲ့အနေအထားမှာ ဥပဒေနဲ့ ကာကွယ်မပေးနိုင်ဘူးဆိုရင် ကိုယ်က ဒီဟာကို ကျူးလွန်ဖို့ ခွင့်ပြုလိုက်သလို့ဖြစ်တယ်။ ဆိုတော့ ကျမတို့က လာမယ့် လွှတ်တော်သက်တမ်းက တာဝန်ရှိသူတွေကိုလည်း တိုက်တွန်းချင်တယ်။ ဒီဟာကို လေးလေးနက်နက် စဉ်းစားပါ။ တကယ်ပြည့်စုံတဲ့ တကယ် အမျိုးသမီးထု ကာကွယ်ပေးသင့်တဲ့သူတွေ အကုန်လုံးကို ပြည့်ပြည့်စုံစုံ ပါစေချင်တာပေါ့နော်။ အဲ့ဒါကြောင့် ကျမတို့က ဒီနေ့ ဒီအချိန်အထိ အော်နေရတယ်။ ပြောနေရတယ်ပေါ့နော်။”

လက်ရှိ ရေးဆွဲထားတဲ့ ဥပဒေမူကြမ်းက အမျိုးသမီးတွေအပေါ် တကယ်တမ်း အကြမ်းဖက်မှုတွေ ဖြစ်လာတဲ့အခါ ခိုင်ခိုင်မာမာ အကာအကွယ် ပေးနိုင်တဲ့ ဥပဒေတရပ် ဖြစ်မနေဘူးဆိုတဲ့ ဝေဖန်မှုတွေ ကြားနေရပါတယ်။ WLB အနေနဲ့ရော ဒီမူကြမ်းနဲ့ပတ်သက်လို့ ဘယ်လို သုံးသပ်ထားတာ ရှိပါလဲ။ ဘယ်လိုအချက်တွေကတော့ လိုအပ်နေတယ်ဆိုတာမျိုး ထောက်ပြထားတာ ရှိပါသလဲရှင့်။

“ကျမတို့ရဲ့ သုံးသပ်ချက်ထဲမှာ အဓိက အကြောင်းအရာ ၄ ခုကို ထောက်ပြတယ်။ ပြီးလို့ရှိရင် တကယ်လို့ အကောင်အထည် ဖော်တဲ့နေရာမှာ ဖြစ်လာနိုင်တဲ့ အဟန့်အတားတွေပေါ့။ အမျိုးသမီးအကြမ်းဖက်မှုတွေ ကိုင်တွယ် ဖြေရှင်းတဲ့အခါမှာ လူ့အခွင့်အရေးကို သိပ်ပြီးတော့ မချဉ်းကပ်တဲ့အပိုင်းတွေ အများကြီးရှိတယ်။ အဓိပ္ပါယ်ဖွင့်ဆိုချက် အပါအဝင် ဒီဥပဒေအရ ပြစ်မှုပြစ်ဒဏ် အပါအဝင် အဲ့ဒါမျိုးတွေပေါ့နော်။ တကယ်ပဲ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ လူ့အခွင့်အရေးနဲ့ သိပ်ပြီးတော့ မချဉ်းကပ်တဲ့အပိုင်းတွေ အများကြီးရှိတယ်။ နောက်တခုကတော့ အမျိုးသမီးတွေကို နည်းမျိုးစုံ အကြမ်းဖက်မှုတွေကနေ ကာကွယ်တဲ့ ပြီးပြည့်စုံတဲ့ ဥပဒေတခုကို ဖြစ်ဖို့အတွက်ဆိုရင် ကျမတို့က article (အပိုဒ်) လိုက်ကို ကြည့်လိုက်တဲ့အခါမှာ မပြည့်စုံဘူးပေါ့နော်။ ဥပမော တခုပြောရရင်တော့ စစ်ပဋိပက္ခဖြစ်နေတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေ၊ အမျိုးသမီးတွေ လုံခြုံရေးအခြေအနေ၊ အမျိုးသမီးတွေ ငြိမ်းချမ်းရေး အခြေအနေတွေက လုံးဝ သေသေချာချာ မထည့်ထားဘူး။ တကယ်လို့ ဒီလိုအခြေအနေက အမျိုးသမီးတွေ အကြမ်းဖက်မှုကြုံရရင် ဘာမှ ဒီဥပဒေနဲ့မဆိုင်သလို ဖြစ်တယ်။ ဒါက တခုပေါ့နော်။ နောက်တခုကတော့ စစ်ပဋိပက္ခမှာ ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေအတွက်၊ ကျူးလွန်တဲ့သူတွေက ဥပမောဆိုရင် နိုင်ငံတော်ရဲ့လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေ။ တပ်မတော်ပဲဖြစ်ဖြစ် ရဲပဲဖြစ်ဖြစ် လုံခြုံရေးဆိုင်ရာ တာဝန်ယူတဲ့သူတွေရဲ့ ကျူးလွန်မှုတွေနဲ့ပတ်သက်လို့ အခန်းကဏ္ဍ သေချာ မရေးထားဘူး။ တဘက်မှာလည်း ဖွဲ့စည်းပုံက ကာကွယ်ထားတာ ရှိတယ်။ စစ်ရေးမှာပဲဖြစ်လာတဲ့ ပြဿနာဆိုရင် တပ်မတော်ကနေပဲ စစ်ဥပဒေအရ စစ်ခုံရုံးကပဲ ဖြေရှင်းတဲ့အပိုင်းတွေ ရှိတဲ့ အနေအထားမှာ အမှန်တကယ်ဆိုရင် ဒါကို ဒီဥပဒေထဲမှာ ကာကွယ်သင့်တဲ့ ကိစ္စမျိုး ဖြစ်တာပေါ့နော်။ ဒါတွေလည်း မရှိဘူး။ နောက်တခုကျတော့ ရှင်သန် ကျန်ရစ်တဲ့အမျိုးသမီးတွေ အတွက် ဝန်ဆောင်မှုတွေ။ ပြဿနာတွေ အများကြီးပါပဲ။ တချို့ တိုင်းရင်းသား ဒေသမှာဆိုရင်လည်း ဥပမာ - မြန်မာစကားမပြောတတ်ဘူးဆိုရင် ဘာသာပြန်တွေလည်း မရှိဘူး။ ပြီးရင် ရုံးချိန်းတွေကလည်းကြာ၊ တဘက်မှာလည်း တရားရေးစနစ်က အားမကောင်းဘူးဆိုရင်၊ ဝန်ဆောင်မှုတွေလည်း အားမကောင်းဘူးဆိုရင် ဘယ်လိုနည်းနဲ့မှ တရားမ ျှတမှု ရမှာ မဟုတ်ဘူးပေါ့နော်။ ဒီဟာတွေကို ကျမတို့ တွန်းတယ်ဆိုတာ တရားမ ျှတမှုရဖို့အတွက် အဓိက ဖြစ်တယ်ပေါ့။ ပြီးလို့ရှိရင် တာဝန်ယူမှု တာဝန်ခံမှုကို ကျမတို့က ရှိစေချင်တာပေါ့။ အဲ့ဒါကြောင့်မိုလို့ ဥပဒေက အကာအကွယ် ပေးရတဲ့ဟာမျိုးတွေ ဖြစ်ရမှာပေါ့နော်။”

အခုလို လိုအပ်ချက်တွေကို အကြံပြုထားတဲ့အပေါ်မှာ တာဝန်ရှိတဲ့သူတွေက ဒီအကြံပြုချက်တွေကို နားထောင်တာ၊ ပြင်ဆင်ဖြည့်စွက်တာတွေ ရှိပါသလား။ ဘယ်လို အခြေအနေ ရှိပါလဲ။

“အဓိက ကတော့ သူတို့ရဲ့ လုပ်ပိုင်ခွင့်နဲ့ သူတို့အပေါ်မှာ အများကြီး မူတည်တယ်ပေါ့နော်။ ဘယ်သူမဆို အစိုးရကို အကောင်းပဲလုပ်စေချင်တယ်။ အစိုးရက ကိုယ့်ပြည်သူစကားကို နားထောင်စေချင်တယ်ပေါ့နော်။ အဲ့ဒီပြည်သူ အတွက်ကို ရပ်တည်ပေးတဲ့ ကိုယ့်ရဲ့အမတ်တွေ၊ ကိုယ့်ရဲ့ကိုယ်စားလှယ်တွေပဲ ဖြစ်ချင်ကြတယ်ပေါ့နော်။ ဒါပေမဲ့ တဘက်မှာလည်း မြန်မာနိုင်ငံက ၂၀၀၈ ဖွဲ့စည်းပုံအရ လွှတ်တော်အခန်းကဏ္ဍပဲပြောပြော၊ အုပ်ချုပ်ရေးအခန်းကဏ္ဍပဲ ပြောပြော၊ တရားစီရင်ရေး အခန်းကဏ္ဍပဲ ပြောပြော အဲ့ဒီမှာပဲ သွားချုပ်နေတယ်။ အဲ့ဒီမှာ automatic က တပ်မတော်တွေက ရှိနေတယ်။ အဲ့ဒီလိုမျိုး အဲ့ဒီအပေါ်မှာ သဘောထား အများကြီး စိတ်မဝင်စားတဲ့ လွှတ်တော်အမတ်တချို့ကလည်း အဲ့ဒီမှာရှိနေတယ်ပေါ့။ ဆိုတော့ ဒီနေ့ ဒီချိန်ထိကတော့ ပြီးခဲ့တဲ့အစိုးရ သက်တမ်းပဲဖြစ်ဖြစ်၊ ပြီးခဲ့တဲ့တာဝန်ရှိသူတွေပဲဖြစ်ဖြစ် ဒီမူကြမ်းအပေါ်မှာ လေးလေးနက်နက်နဲ့ အမျိုးသမီးထုတွေရဲ့ အသံကို နားထောင်ပြီး အမျိုးသမီးထုတွေရဲ့ အကြံပေးမှုတွေကိုတော့ ထည့်သွင်း စဉ်းစားတာမရှိဘူးပေါ့နော်။”

ဆိုတော့ အခုဆိုရင် နှစ်တွေလည်း အတော်ကြာလာခဲ့ပြီ။ ဒီဥပေဒေကို ပြဌာန်းနိုင်ခြင်း မရှိသေးတဲ့အပြင် လိုအပ်ချက်တွေကိုတောင် နားထောင်ပြီး ပြင်ဆင် ဖြည့်စွက်တဲ့အဆင့် မရှိသေးဘူးဆိုတော့ ဒီဥပဒေမူကြမ်းကို အပြသဘော သက်သက် ဆောင်ရွက်နေတာမျိုး ဖြစ်နေတာပါလား။ ဒီသဘောများ သက်ရောက်နေပါလားရှင့်။

“ဟုတ်တယ်။ ဒီလိုသဘောမျိုးတော့ သက်ရောက်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဖိအားကြောင့် အလုပ် လုပ်လာတဲ့အရာတွေ အများကြီးရှိတယ်။ အခုဆိုရင် donor (ငွေကြေး ထောက်ပံ့လှူဒါန်းသူ) က ဖိအားပေးလိုက်တယ်။ အမျိုးသမီး မပါမနေရ ဆိုပြီးတော့ တာဝန်အရပဲ ဖိတ်တာတွေရှိတယ်။ ဘယ်သူလာလာ အဓိပ္ပါယ်ရှိတဲ့ ပါဝင်မှုဖြစ်ဖြစ် မဖြစ်ဖြစ် စိတ်မဝင်စားဘူး။ လာဖို့ပဲ။ ပါဖို့ပဲ ဆိုပြီး ဖိအားကြောင့် ဖြစ်သလို လုပ်သွားတဲ့အရာတွေ အများကြီးရှိတယ်။ အခုလည်း ဒီလိုပဲ။ ဖိအားတွေကြောင့် လုပ်လိုက်ရတယ်။ လုပ်လည်း လုပ်ပြီးရော တခါ တဘက်မှာ ဖိအားပေးတဲ့သူ ကလည်း ထောက်တာ မေးတာက ဘယ်လို အကန့်အသတ်မျိုး ရှိလဲ။ ဘယ်လိုလဲပေါ့။ အချိန်ကြာကြာ ဆွဲပြီးတော့ image ယူတဲ့ သဘောမျိုးပေါ့။ လုပ်နေဆဲပါ။ လုပ်နေပါတယ်။ မပြည့်စုံသေးဘူး ဆိုတဲ့ အကြောင်းပြချက်တွေ ပြန်တုံ့ပြန်နိုင်အောင် လုပ်တာပဲပေါ့။ ဒါကလည်း ဖြစ်သလိုလုပ်တဲ့ သဘောမျိုးတယ်ဖြစ်တယ်ပေါ့နော်။”

ဘယ်လိုပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်အမတ်တွေနဲ့ မကြာခင်မှာ လွှတ်တော်သစ်တရပ် စတော့မယ် ဆိုတော့ လွှတ်တော်သစ်မှာရော ဒီဥပဒေမူကြမ်းကို အခု ထောက်ပြပြောဆိုမှုတွေကိုပါ ထည့်သွင်းပြီး ပြင်ဆင် ရေးဆွဲ ပြဌာန်း လာနိုင်တဲ့ အလားအလာ ဘယ်လောက် မေ ျှာ်လင့်လို့ရနိုင်ပါမလဲ။

“ကျမတို့ မြန်မာနိုင်ငံ အခြေအနေနဲ့ ဆိုရင်တော့ ဒါ တကယ့် အရေးကြီးတဲ့ ဥပဒေတခုဖြစ်တယ်။ အရေးတကြီးလည်း လိုအပ်တဲ့ ဥပဒေတခုဖြစ်တယ်။ သို့သော် ပြီးပြည့်စုံတဲ့ ဥပဒေတခုတော့ ဖြစ်ဖို့လိုတယ်။ ဒါလည်း အရေးကြီးတယ်။ အဲ့ဒါကြောင့်မို့ ကျမတို့က ဦးစားပေး အလုပ် စဉ်းစားတဲ့အခါမှာ၊ ဥပဒေတွေကို ဆွေးနွေးတဲ့ အခါမှာ ဦးစားပေး အလုပ်ကို ကျမတို့ စဉ်းစားရမယ်။ ဆိုတော့ ဒါက အရေးတကြီးလည်း လိုတယ်။ ပိုပြည့်စုံဖို့လည်း အရေးကြီးတယ်။ ဆိုတော့ အရေးကြီး... အရေးကြီးတဲ့ကိစ္စကို ကျမတို့ ဘယ်လို ဦးစားပေး လုပ်မလဲပေါ့နော်။ ဦးစားပေး ဘယ်လိုစဉ်းစားမလဲ ဆိုတဲ့ဟာကိုတော့ ထည့်သွင်း စဉ်းစားစေချင်ပါတယ်လို့။ ဆိုတော့ ကျမတို့ကတော့ မေ ျှာ်လင့်တယ်။ လာမယ့်လွှတ်တော် အမတ်တွေက ပြီးခဲ့တဲ့အခြေအနေတွေကို လေ့လာသင်ယူပြီးတော့ လွှတ်တော်အမတ်ဟောင်းပဲဖြစ်ဖြစ်၊ အသစ်ပဲဖြစ်ဖြစ်ပေါ့နော် အကောင်းဆုံး လုပ်ဆောင်စေချင်တယ်။ အထူးသဖြင့် ဒီ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကလည်း ပြီးပြည့်စုံပြီးတော့ တကယ့် အားလုံးကို လွှမ်းခြုံနိုင်တဲ့ ကာကွယ်နိုင်တဲ့ ဥပဒေတခုကို သေသေချာချာ စိစစ်ပြီးတော့၊ သေသေချာချာ ဆွေးနွေးပြီးတော့ အတည်ပြုစေချင်တယ်ပေါ့နော်။”

အကယ်၍ လာမယ့် လွှတ်တော်သက်တမ်းမှာ ဒီမူကြမ်းကို အမျိုးသမီးအဖွဲ့တွေ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ အကြံပြုချက်တွေကို ထည့်သွင်း မစဉ်းစားဘဲ ပြဌာန်းလိုက်နိုင်တာမျိုးရော ရှိလား။ အဲ့ဒီလိုဆိုရင်ရော ဘာဖြစ်နိုင်မလဲ။

“တကယ်လို့သာ ဒီဥပဒေက အကာအကွယ် မရှိဘူးဆိုရင်ပေါ့နော်။ စောနက ပြောလိုမျိုး ဒီအတိုင်းပဲ ပြဌာန်းလိုက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အနေအထားက တော်တော်များများက ဒီဥပဒေကို မသိလိုက်ဘဲနဲ့ ပြဌာန်းသွားတာမျိုး ဖြစ်မှာပေါ့။ အခုတောင် ဒါ နှစ်တော်တော်ကြာနေပြီ။ ဒါပေမဲ့ မသိသေးတဲ့သူတွေ အများကြီး ရှိတယ်။ ဥပဒေကို ပြဌာန်းပြီးတော့ မသိတဲ့အခါကျတော့ ဘယ်ဥပဒေက ဘာ နားမလည်တော့ သူ့နည်းသူဟန်နဲ့ ဖြေရှင်းတဲ့အပိုင်းတွေ ရှိတယ်။ အထူးသဖြင့် တိုင်းရင်းသား ဒေသမှာက ရိုးရာစဉ်လာနဲ့ ရွာဓလေ့တွေနဲ့ ဒါတွေက ဒီလို လုပ်နေကျ ဆိုပြီးတော့ တရားမမ ျှတ တာတွေ အများကြီး ရှိတယ်။ အဲ့ဒီလိုမျိုးတွေကို ကျမတို့က ထပ် မဖြစ်စေချင်ဘူး။ တကယ် စဉ်းစားစေချင်တယ်ပေါ့နော်။ ကျမတို့ ပြဌာန်းထားတဲ့ ဥပဒေအပေါ်မှာ တကယ် ရပ်တည်ရမယ်။ ဥပဒေကလည်း တကယ် အကာအကွယ်ပေးတဲ့ ဥပဒေ ဖြစ်ရမယ်။ လူကလည်း ဥပဒေအပေါ်မှာ မရှိရဘူး။ တခါတလေကျရင် လူက ဥပဒေထက် အာဏာပိုရှိတဲ့ ကျင့်သုံးမှုတွေကလည်း ဒီနေ့ ဒီအချိန်အထိ ရှိနေတယ်။ အဲ့ဒီလိုမျိုး ဟာတွေက ဆက်ပြီး ကျင့်သုံးနေမယ်ဆိုရင် ကျမတို့ ဘယ်လောက်ပဲ ဥပဒေတွေ ပြဌာန်းပြဌာန်း ဘယ်လိုပဲ ကျမတို့ ကြိုးစားကြိုးစား။ ဒီလိုမျိုး စိတ်ဓာတ်ပိုင်းဆိုင်ရာ အတွေးအခေါ်တွေက မပြောင်းလဲဘူးဆိုရင် ဥပဒေက ဒီအတိုင်းပဲ ရှိမှာပဲ။ သူ ဆိုင်ချင်တဲ့အချိန်ဆိုင်၊ မဆိုင်ချင်တဲ့အချိန် မဆိုင်။ အဲ့ဒီလိုမျိုး ဖြစ်သွားမယ့် အနေအထားမျိုးတွေ ဆက်ဖြစ်မှာပဲ။ ဆိုတော့ အဲ့ဒါမျိုးတွေလည်း ကျမတို့ မဖြစ်စေချင်တော့ဘူးပေါ့နော်။ အာဏာပိုင်တွေကပဲ ကျူးလွန် ကျူးလွန်၊ ပြည်သူလူထုကပဲ ကျူးလွန်ကျူးလွန် တန်းတန်းတူတူ ခံစားရတဲ့ အခြေအနေမျိုးကို ကျမတို့ ဖြစ်စေချင်ပါတယ်။”

ဟုတ်ကဲ့။ ကျေးဇူး အများကြီးတင်ပါတယ်ရှင့်။

XS
SM
MD
LG