(Zawgyi/Unicode)
ျမန္မာနိုင္ငံမွာ စစ္တပ္က အာဏာသိမ္းယူၿပီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္ အပါအဝင္ နိုင္ငံေရးေခါင္းေဆာင္ေတြ၊ တက္ႂကြလႈပ္ရွားသူေတြ၊ ေရြးေကာက္ပြဲ တာဝန္ရွိသူေတြနဲ႔ CDM လို႔ ေခၚတဲ့ အႏုနည္းနဲ႔ အာဏာ ဖီဆန္ရာမွာ ပါဝင္သူေတြကို ဖမ္းဆီး ေနတာ သီတင္းသုံးပတ္ထဲ ေရာက္လာတဲ့အခ်ိန္မွာပဲ လူသိမ်ား တဲ့ ႐ုပ္ရွင္ သ႐ုပ္ေဆာင္နဲ႔ ဒါရိုက္တာေတြကို ျမန္မာစစ္တပ္က တရား စြဲဆို ဖမ္းဆီးမိန္႔ ထုတ္ျပန္လိုက္ပါတယ္။
မေန႔က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ အႏုပညာနယ္ပယ္က လူသိမ်ားေက်ာ္ၾကားသူေတြျဖစ္တဲ့ သ႐ုပ္ေဆာင္ ေျပတီဦး၊ ဒါရိုက္တာ ကိုေပါက္၊သ႐ုပ္ေဆာင္လူမင္း၊ ဒါရိုက္တာဝိုင္း၊ ဒါရိုက္တာဏႀကီးနဲ႔ အဆိုေတာ္အနဂၢတို႔ကို ဖမ္းဆီးမိန္႔ ဝရမ္း ထုတ္ျပန္လိုက္တာပါ။
အဲဒီ အႏုပညာရွင္ေတြက သူတို႔ရဲ့ ထင္ေပၚေက်ာ္ၾကားမႈကို အသုံးျပဳၿပီး နိုင္ငံတာဝန္ထမ္းေဆာင္ေနတဲ့ ဝန္ထမ္းေတြကို CDM လႈပ္ရွား မႈမွာ ပါဝင္လာေအာင္လႈံ႔ေဆာ္တာ၊ ဆူပူဆႏၵျပမႈမွာ ဝန္ထမ္းေတြပါဝင္လာေအာင္လႈံ႔ေဆာ္တာ စတာေတြကို လုပ္ေဆာင္ေနတာ ေၾကာင့္ ရာဇသတ္ ႀကီးပုဒ္မ ၅၀၅(က) နဲ႔ ဖမ္းဝရမ္း ထုတ္တာလို႔ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕က ေၾကညာထားပါတယ္။
အခု ထုတ္ျပန္တဲ့ ေၾကညာခ်က္လိုမ်ိဳး ၿပီးခဲ့တဲ့ သီတင္းပတ္ကလည္း ထုတ္ျပန္ၿပီး၈၈ မ်ိဳးဆက္ ေက်ာင္းသား ေခါင္းေဆာင္ေတြ ျဖစ္တဲ့ ကိုမင္းကို နိုင္နဲ႔ ကိုဂ်င္မီတို႔ အပါအဝင္ စုစုေပါင္း ၇ ေယာက္ကို ဖမ္းဝရမ္း ထုတ္ထားတာပါ။
..........
CDM လှုံ့ဆော်သူ ရုပ်ရှင်သရုပ်ဆောင်တွေကို ဖမ်းဝရမ်းထုတ်
(Unicode)
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင်နိုင်ငံရေးခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ရွေးကောက်ပွဲ တာဝန်ရှိသူတွေနဲ့ CDM လို့ ခေါ်တဲ့ အနုနည်းနဲ့ အာဏာ ဖီဆန်ရာမှာ ပါဝင်သူတွေကို ဖမ်းဆီး နေတာ သီတင်းသုံးပတ်ထဲ ရောက်လာတဲ့အချိန်မှာပဲ လူသိများ တဲ့ ရုပ်ရှင် သရုပ်ဆောင်နဲ့ ဒါရိုက်တာတွေကို မြန်မာစစ်တပ်က တရား စွဲဆို ဖမ်းဆီးမိန့် ထုတ်ပြန်လိုက်ပါတယ်။
မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ အနုပညာနယ်ပယ်က လူသိများကျော်ကြားသူတွေဖြစ်တဲ့ သရုပ်ဆောင် ပြေတီဦး၊ ဒါရိုက်တာ ကိုပေါက်၊သရုပ်ဆောင်လူမင်း၊ ဒါရိုက်တာဝိုင်း၊ ဒါရိုက်တာဏကြီးနဲ့ အဆိုတော်အနဂ္ဂတို့ကို ဖမ်းဆီးမိန့် ဝရမ်း ထုတ်ပြန်လိုက်တာပါ။
အဲဒီ အနုပညာရှင်တွေက သူတို့ရဲ့ ထင်ပေါ်ကျော်ကြားမှုကို အသုံးပြုပြီး နိုင်ငံတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို CDM လှုပ်ရှား မှုမှာ ပါဝင်လာအောင်လှုံ့ဆော်တာ၊ ဆူပူဆန္ဒပြမှုမှာ ဝန်ထမ်းတွေပါဝင်လာအောင်လှုံ့ဆော်တာ စတာတွေကို လုပ်ဆောင်နေတာ ကြောင့် ရာဇသတ် ကြီးပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဝရမ်း ထုတ်တာလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ကြေညာထားပါတယ်။
အခု ထုတ်ပြန်တဲ့ ကြေညာချက်လိုမျိုး ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ထုတ်ပြန်ပြီး၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုမင်းကို နိုင်နဲ့ ကိုဂျင်မီတို့ အပါအဝင် စုစုပေါင်း ၇ ယောက်ကို ဖမ်းဝရမ်း ထုတ်ထားတာပါ။