သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာသံရံုး၀န္ထမ္းေတြ ပူးေပါင္းပါ၀င္ဖို႔ ၀ါရွင္ၿမိဳ႕ေတာ္ ဆႏၵျပသမားေတြေတာင္းဆို 


(ဓါတ္ပံု- ကိုရင္ေအး)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္ကအာဏာသိမ္းယူလိုက္တာကို ဆန္႔က်င္ ကန္႔ကြက္တဲ့အေနနဲ႔ အေမရိကန္ႏိုင္ငံ၊ ဝါရွင္တန္ ဒီစီၿမိဳ႕ အနီး၀န္းက်င္မွာရွိတဲ့ ျမန္မာ့ ဒီမိုကေရစီအင္စားစုေတြ စုစည္းၿပီး ျမန္မာသံ႐ုံးေရွ႕မွာ ဗုဒၶဟူးေန႔က စုေ၀း ဆႏၵျပၾကၿပီး သံ႐ုံး၀န္ထမ္းေတြအေနနဲ႔ ျပည္သူလူထုနဲ႔အတူ ပူးေပါင္းပါ၀င္ၾကဖို႔ မၾကာေသးခင္ကဘဲ ႏႈတ္ထြက္ၿပီး လူထုလႈပ္ရွားမႈမွာ ပူးေပါင္း ပါ၀င္လာတဲ့ သံ႐ုံး ပထမအတြင္း၀န္ ဦးေမာင္ေမာင္လတ္နဲ႔အတူ ေတာင္းဆိုခဲ့ၾကပါတယ္။ အျပည့္အစုံကိုေတာ့ ကိုေဇာ္၀င္းလႈိင္က တင္ျပေပးပါမယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းယူၿပီး ၁၇ ရက္ေျမာက္ေန႔မွာ ဒီ အာဏာသိမ္းမႈကို ဆန္႔က်င္ကန္႔ကြက္တဲ့အေနနဲ႔ ဝါရွင္တန္ ဒီစီ အနီး၀န္းက်င္မွာရွိတဲ့ ျမန္မာမိသားစုေတြ၊ ဒီမိုကေရစီအေရး လိုလားသူေတြနဲ႔ ျမန္မာႏိုင္ငံကို ခ်စ္ျမတ္ႏိုးသူေတြ စုေ၀းၿပီး ျမန္မာသံ႐ုံးေရွ႕မွာ စုေ၀းဆႏၵျပခဲ့ၾကတာပါ။ သူတို႔ဆႏၵျပရျခင္း အေၾကာင္းရင္းကိုေတာ့ ဆႏၵျပပြဲကို ဦးေဆာင္ က်င္းပသူတဦးျဖစ္တဲ့ ကိုရင္ေအးက ရွင္းျပပါတယ္။

"ဒီေန ့ကေတာ့ က်ေနာ္တို ့၀ါရွင္တန္ဒီစီတ၀ိုက္မွာရွိၾကတဲ့ က်ေနာ္တို ့ျမန္မာအင္အားစုေတြ အကုန္လုံုးက လာၿပီးေတာ့ ျမန္မာသံရံုးက သံအမတ္ႀကီးနဲ ့တကြ သံအမႈထမ္းမ်ားအားလံုးကို လူထုရဲ့လႈပ္ရွားမႈျဖစ္တဲ့ CDM အာဏာဖီဆန္ေရး လွုပ္ရွားမႈမွာ ပူးေပါင္းပါ၀င္ၾကဖို ့က်ေနာ္တို ့လာၿပီး request လုပ္တာပါ။ က်ေနာ္တို ့တင္ျပေတာင္းဆိုျခင္းျဖစ္ပါတယ္။ က်ေနာ္တို ့၀ါရွင္တန္ဒီစီမွာရွိတဲ့ ျမန္မာသံရံုးက သံအမႈထမ္းေတြထဲကေနျပီးေတာ့ ပထမ အတြင္း၀န္ ဦးေမာင္ေမာင္လတ္ကလည္း က်ေနာ္တို ့ျပည္သူလူထုဘက္ကို ပူးေပါင္းထားၿပီးျဖစ္ပါတယ္။ ဒါေၾကာင့္မို ့ဒီေန ့မွာ ဦးေမာင္ေမာင္လတ္နဲ ့မိသားစုုက လာၿပီးေတာ့မွာ သူ ့ရဲ့ လုပ္ေဖၚကိုင္ဖက္ေတြကို ရဲရင့္ျပတ္သားစြာ လူထုဘက္က ရပ္တည္ေပးဖို ့လာၿပီးေတာင္းဆိုေနၾကျခင္းျဖစ္ပါတယ္။"

ဝါရွင္တန္ ဒီစီၿမိဳ႕မွာရွိတဲ့ ျမန္မာသံ႐ုံးကေန မၾကာေသးခင္က ရာထူးကႏႈတ္ထြက္လိုက္တဲ့ ပထမအတြင္း၀န္ ဦးေမာင္ေမာင္လတ္ကလည္း သံ႐ုံး၀န္ထမ္းေတြအေနနဲ႔ ရဲရင့္ ျပတ္သားစြာ ရပ္တည္ၾကဖို႔ တိုက္တြန္းခဲ့ပါတယ္။

"သံရံုးအမႈထမ္းမ်ားအေနနဲ ့လည္း ကိုယ္က်င့္တရားရွိဖို ့နဲ ့ ရဲရင့္ျပတ္သားစြာ ရပ္တည္ဖို ့ေျပာဆိုရဲတဲ့သတၱိေမြးဖို ့က်ေနာ့္အေနနဲ ့တိုက္တြန္းခ်င္ပါတယ္ခင္ဗ်။ ေက်းဇူးပါပဲခင္ဗ်၊ ေက်းဇူးတင္ပါတယ္။"

ဦးေမာင္ေမာင္လတ္ရဲ႕ သမီးတဦးျဖစ္သူ မယြန္းပန္းအိကလည္း သံ႐ုံး၀န္ထမ္းေတြ ျပည္သူနဲ႔အတူ ပူးေပါင္းပါ၀င္ၾကဖို႔ ဒီ ဆႏၵျပပြဲအခမ္းအနားမွာ တိုက္တြန္း ေျပာၾကားခဲ့ပါတယ္။

"က်မတို ့ဆက္လက္ၿပီးေတာ့ လက္ခံလို ့မျဖစ္ပါဘူး။ သမီးတို ့အားလံုးဆန္ ့က်င္ရပါမယ္။ ရဲရဲရင့္ရင့္ သတၱိရွိရွိနဲ ့။ အမွန္တရားအတြက္ ျပည္သူလူထုဘက္က ရပ္တည္ရပါမယ္။ သမီးက ေတာင္းပန္ပါတယ္။ ေတာင္းဆိုပါတယ္။ သစၥာရွိေပးပါ။ ျပည္သူလူထုဘက္က သစၥာရွိေပးပါ။ လူေတြရဲ႕ ငိုသံေတြကို မထီမဲ့ျမင္ မျပဳၾကပါနဲ ့။ CDM မွာ ပါ၀င္ေပးၾကပါ။ လူထုက ေရြးခ်ယ္တင္ေျမွာက္ထားတဲ့ အစိုးရအေပၚကို သစၥာခံေပးၾကပါ။ သမီးက ေတာင္းဆိုပါတယ္။

ရံုးမတက္နဲ ့ရုန္းထြက္၊ ရုန္းထြက္။

ရံုးမတက္နဲ ့ ရုန္းထြက္၊ ရုန္းထြက္။"

ဝါရွင္တန္ ဒီစီၿမိဳ႕မွာရွိေနတဲ့ ျမန္မာသံ႐ုံး၀န္ထမ္းေတြအေနနဲ႔ ျပည္သူနဲ႔အတူ ပူးေပါင္းပါ၀င္ၾကဖို႔ ေတာင္းဆိုထားတဲ့စာကို ဝါရွင္တန္ ဒီစီ အနီး၀န္းက်င္မွာရွိတဲ့ ဒီမိုကေရစီအေရး ေတာင္းဆို ဆႏၵျပသူေတြက ေဖေဖာ္ဝါရီလ ၉ ရက္ေန႔က ေပးအပ္ခဲ့ၿပီး ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

မြန်မာသံရုံးဝန်ထမ်းတွေ ပူးပေါင်းပါဝင်ဖို့ ဝါရှင်မြို့တော် ဆန္ဒပြသမားတွေတောင်းဆို

(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းယူလိုက်တာကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီမြို့ အနီးဝန်းကျင်မှာရှိတဲ့ မြန်မာ့ ဒီမိုကရေစီအင်စားစုတွေ စုစည်းပြီး မြန်မာသံရုံးရှေ့မှာ ဗုဒ္ဓဟူးနေ့က စုဝေး ဆန္ဒပြကြပြီး သံရုံးဝန်ထမ်းတွေအနေနဲ့ ပြည်သူလူထုနဲ့အတူ ပူးပေါင်းပါဝင်ကြဖို့ မကြာသေးခင်ကဘဲ နှုတ်ထွက်ပြီး လူထုလှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်လာတဲ့ သံရုံး ပထမအတွင်းဝန် ဦးမောင်မောင်လတ်နဲ့အတူ တောင်းဆိုခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူပြီး ၁၇ ရက်မြောက်နေ့မှာ ဒီ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဝါရှင်တန် ဒီစီ အနီးဝန်းကျင်မှာရှိတဲ့ မြန်မာမိသားစုတွေ၊ ဒီမိုကရေစီအရေး လိုလားသူတွေနဲ့ မြန်မာနိုင်ငံကို ချစ်မြတ်နိုးသူတွေ စုဝေးပြီး မြန်မာသံရုံးရှေ့မှာ စုဝေးဆန္ဒပြခဲ့ကြတာပါ။ သူတို့ဆန္ဒပြရခြင်း အကြောင်းရင်းကိုတော့ ဆန္ဒပြပွဲကို ဦးဆောင် ကျင်းပသူတဦးဖြစ်တဲ့ ကိုရင်အေးက ရှင်းပြပါတယ်။

"ဒီနေ့ကတော့ ကျနော်တို့ဝါရှင်တန်ဒီစီတဝိုက်မှာရှိကြတဲ့ ကျနော်တို့မြန်မာအင်အားစုတွေ အကုန်လုံးက လာပြီးတော့ မြန်မာသံရုံးက သံအမတ်ကြီးနဲ့တကွ သံအမှုထမ်းများအားလုံးကို လူထုရဲ့လှုပ်ရှားမှုဖြစ်တဲ့ CDM အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့ကျနော်တို့လာပြီး request လုပ်တာပါ။ ကျနော်တို့တင်ပြတောင်းဆိုခြင်းဖြစ်ပါတယ်။ ကျနော်တို့ဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာသံရုံးက သံအမှုထမ်းတွေထဲကနေပြီးတော့ ပထမ အတွင်းဝန် ဦးမောင်မောင်လတ်ကလည်း ကျနော်တို့ပြည်သူလူထုဘက်ကို ပူးပေါင်းထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့ဒီနေ့မှာ ဦးမောင်မောင်လတ်နဲ့မိသားစုက လာပြီးတော့မှာ သူ့ရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေကို ရဲရင့်ပြတ်သားစွာ လူထုဘက်က ရပ်တည်ပေးဖို့လာပြီးတောင်းဆိုနေကြခြင်းဖြစ်ပါတယ်။"

ဝါရှင်တန် ဒီစီမြို့မှာရှိတဲ့ မြန်မာသံရုံးကနေ မကြာသေးခင်က ရာထူးကနှုတ်ထွက်လိုက်တဲ့ ပထမအတွင်းဝန် ဦးမောင်မောင်လတ်ကလည်း သံရုံးဝန်ထမ်းတွေအနေနဲ့ ရဲရင့် ပြတ်သားစွာ ရပ်တည်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

"သံရုံးအမှုထမ်းများအနေနဲ့လည်း ကိုယ်ကျင့်တရားရှိဖို့နဲ့ ရဲရင့်ပြတ်သားစွာ ရပ်တည်ဖို့ပြောဆိုရဲတဲ့သတ္တိမွေးဖို့ကျနော့်အနေနဲ့တိုက်တွန်းချင်ပါတယ်ခင်ဗျ။ ကျေးဇူးပါပဲခင်ဗျ၊ ကျေးဇူးတင်ပါတယ်။"

ဦးမောင်မောင်လတ်ရဲ့ သမီးတဦးဖြစ်သူ မယွန်းပန်းအိကလည်း သံရုံးဝန်ထမ်းတွေ ပြည်သူနဲ့အတူ ပူးပေါင်းပါဝင်ကြဖို့ ဒီ ဆန္ဒပြပွဲအခမ်းအနားမှာ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

"ကျမတို့ဆက်လက်ပြီးတော့ လက်ခံလို့မဖြစ်ပါဘူး။ သမီးတို့အားလုံးဆန့်ကျင်ရပါမယ်။ ရဲရဲရင့်ရင့် သတ္တိရှိရှိနဲ့။ အမှန်တရားအတွက် ပြည်သူလူထုဘက်က ရပ်တည်ရပါမယ်။ သမီးက တောင်းပန်ပါတယ်။ တောင်းဆိုပါတယ်။ သစ္စာရှိပေးပါ။ ပြည်သူလူထုဘက်က သစ္စာရှိပေးပါ။ လူတွေရဲ့ ငိုသံတွေကို မထီမဲ့မြင် မပြုကြပါနဲ့။ CDM မှာ ပါဝင်ပေးကြပါ။ လူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရအပေါ်ကို သစ္စာခံပေးကြပါ။ သမီးက တောင်းဆိုပါတယ်။

ရုံးမတက်နဲ့ရုန်းထွက်၊ ရုန်းထွက်။

ရုံးမတက်နဲ့ ရုန်းထွက်၊ ရုန်းထွက်။"

ဝါရှင်တန် ဒီစီမြို့မှာရှိနေတဲ့ မြန်မာသံရုံးဝန်ထမ်းတွေအနေနဲ့ ပြည်သူနဲ့အတူ ပူးပေါင်းပါဝင်ကြဖို့ တောင်းဆိုထားတဲ့စာကို ဝါရှင်တန် ဒီစီ အနီးဝန်းကျင်မှာရှိတဲ့ ဒီမိုကရေစီအရေး တောင်းဆို ဆန္ဒပြသူတွေက ဖေဖော်ဝါရီလ ၉ ရက်နေ့က ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG