သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဝါရွင္တန္ဒီစီနဲ႔ ကန္ ျပည္နယ္တခ်ဳိ႕မွာ စစ္အာဏာသိမ္းဆန္႔က်င္ေရးဆႏၵျပပြဲ ဆက္လက္ျပဳလုပ္


ဝါရွင္တန္ဒီစီ ျမန္မာသံရံုးေရွ႕ ဆႏၵျပပြဲ (VOA/ SU Mon)

(Zawgyi/Unicode)

၂၀၂၀ ေရြးေကာက္ပဲြ ရလဒ္ေတြကို ျငင္းပယ္ၿပီး ျမန္မာစစ္တပ္က အာဏာသိမ္းယူလိုက္တဲ့အေပၚ အေမရိကန္ျပည္ေထာင္စု ျပည္နယ္တခ်ဳိ႕က ျမန္မာနဲ႔ တိုင္းရင္းသား (၁၀၀)ဝန္းက်င္ လာေရာက္စုေပါင္းၿပီး ေသာၾကာေန႔ မြန္းလဲြပိုင္းက ဝါရွင္တန္ဒီစီ ျမန္မာစစ္သံ႐ုံးေရွ႕ သြားေရာက္ဆႏၵျပၾကတဲ့အေၾကာင္း ကိုဥာဏ္ဝင္းေအာင္ စုစည္း တင္ျပထားပါတယ္။

အဲဒီဆႏၵျပပဲြမွာ ေရာက္ေနတဲ့ VOA သတင္းေထာက္ မဆုမြန္က စစ္သံရုံးေရွ႕ ျမင္ကြင္းအေျခအေနကို ရွင္းျပပါတယ္။

“မဆုမြန္ ။ ။ အခုက်မ ေရာက္ရွိေနတဲ့ ေနရာကေတာ့ ဝါရွင္တန္ဒီစီၿမဳိ႕က ျမန္မာစစ္သံ႐ုံးေရွ႕ ေရာက္ေနတာ ျဖစ္ပါတယ္။ စစ္တပ္က အာဏာယူလုိက္တဲ့ ကိစၥအေပၚမွာ မေၾကနပ္တဲ့ အတြက္ေၾကာင့္မို႔ အေမရိကန္ တဝွမ္းလုံးမွာရွိေနတဲ့ ျမန္မာႏိုင္ငံသားေတြနဲ႔ ျမန္မာ့ ဒီမုိကေရစီေရးကုိ ေထာက္ခံတဲ့ ႏိုင္ငံျခားသားတခ်ဳိ႕ ဒီမွာလာၿပီး ဆႏၵ ထုတ္ေဖၚေနၾကတာ ေတြ႔ရပါတယ္။ ဒီ စစ္သံ႐ုံးရဲ႕ ေရွ႕တည့္တည့္မွာ သူတို႔ ဆႏၵထုတ္ေဖၚ ေနၾကတာပါ။

ကုိဥာဏ္ဝင္းေအာင္ ။ ။ အခုက ကိုဗစ္ကာလဆိုေတာ့ အဲဒီမွာ လူေတြက ဘယ္လိုပုံစံနဲ႔ ဆႏၵလာျပတာလဲခင္ဗ်။

မဆုမြန္ ။ ။ ဟုတ္ကဲ့ရွင့္ ၊ က်မ သိသေလာက္ဆုိလို႔ရွိရင္ေတာ့ ဒီ ဝါရွင္တန္ဒီစီမွာေပါ့ေနာ္၊ ကိုဗစ္ကပ္ေရာဂါ ျဖစ္ေနတဲ့အခ်ိန္လည္း ျဖစ္ေတာ့ ရဲေတြက လူေတြကို ႏိုင္ငံသားတုိ႔ရဲ႕အခြင့္အေရးျဖစ္တဲ့ လြတ္လပ္စြာ ဆႏၵျပခြင့္ရွိတယ္ ၊ ခြင့္ေတာင္းစရာမလုိဘူး ၊ ဒါေပမဲ့ ဒီေနရာမွာ လူ(၂၅)ေယာက္ထက္ ပို မစုရဘူး ခပ္ခြါခြါ ေနရမယ္ဆိုတဲ့ စည္းကမ္းခ်က္ေတြ လိုက္နာရမယ္ဆိုၿပီးေတာ့ ရဲကေနၿပီးေတာ့ ဆႏၵျပဦးေဆာင္တဲ့ သူေတြကို လာေျပာေနတာ ေတြ႔ရပါတယ္ရွင့္။

ဆႏၵျပပဲြမွာ ပါဝင္သူေတြရဲ႕အသံကိုလည္း နားေထာင္ၾကည့္ရေအာင္ပါ။

ေျမာက္ကယ္႐ုိလိုင္းနားျပည္နယ္ကေန ၾကြလာတဲ့ သံဃာေတာ္ အရွင္ဦးအဂၢက ခုလို မိန္႔ပါတယ္။

“ျပည္သူတရပ္လုံး လက္သန္းမွင္စုိၿပီး ထုတ္ေဖၚေပးထားတဲ့ မဲေတြကို .. မဲလိမ္တယ္ မဲခုိးတယ္ဆုိၿပီး မတရားစြပ္စဲြၿပီးေတာ့ စစ္တပ္က အာဏာသိမ္းတဲ့လုပ္ရပ္ဟာ တပ္မေတာ္အတြက္ သိကၡာက်သလုိ၊ ဒီလုိလုပ္ဖို႔ စစ္ေခါင္းေဆာင္ေတြ ဘယ္လို စဥ္းစားခဲ့တာလဲလို႔ပဲ ေမးလိုက္ခ်င္တယ္။”

West Virginia ျပည္နယ္ကလာတဲ့ ၂၀၀၃ ဒီပဲရင္းလႈပ္ရွားမႈမွာ ပါဝင္ခဲ့သူ NLD ပါတီဝင္ေဟာင္း ေဒၚခင္ေအးျမင့္ကလည္း -

“ စစ္သံရံုးေရွ႕မွာ စစ္အာဏာရွင္စနစ္ အလုိမရွိဘူး ။ ဖမ္းဆီးခံ ေခါင္းေဆာင္ေတြနဲ႔ ျပည္သူ႔အာဏာကို ျပန္လည္အပ္ႏွံေပးပါ။ စစ္တပ္ အာဏာသိမ္းထားတာ ျပန္႐ုပ္သိမ္းပါ။ အေရြးေကာက္ခံ ရလဒ္ကို အေကာင္ထည္ေဖၚပါ။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတႀကီး ဦးဝင္းျမင့္တုိ႔ကို ခ်က္ခ်င္းလႊတ္ၿပီးေတာ့ စစ္အာဏာသိမ္း အဓမၼဝါဒီေတြကို မတရားတဲ့အမိန္႔ မွန္သမွ်ကို ဖီဆန္ၾကပါလို႔ က်မတို႔ ေျပာခ်င္ပါတယ္။”

ေမရီလန္းမွာေနတဲ့ NLD ပါတီ ပဲခူးတိုင္းစည္း အဖြဲ႔ဝင္ေဟာင္း ဦးေအာင္ေစာဦးက ျမန္မာျပည္သူေတြနဲ႔အတူ ရပ္တည္ေနေၾကာင္း ေျပာပါတယ္။

“ ျမန္မာႏိုင္ငံမွာ ဝန္ထမ္းေတြ သပိတ္ေမွာက္ေနတဲ့အတြက္ လစာမရမွာ ထမင္းငတ္မွာကို မပူၾကပါနဲ႔လို႔ ေျပာခ်င္ပါတယ္။ တခ်ိန္ က်ေနာ္တို႔ ဒီမုိကေရစီ လက္ဝယ္ျပန္ေရာက္ရင္ ျပည္သူ႔အစိုးရက ျပန္ၿပီးၾကည့္ပါလိမ့္မယ္လို႔ပဲ ေျပာလုိပါတယ္။ ဒီကေန႔ က်ေနာ္တို႔ ျပည္တြင္းလႈပ္ရွားမႈဟာ ဘယ္အဖြဲ႔က ဦးေဆာင္လုပ္ေနတာမ်ဳိး မဟုတ္ပဲ ျပည္သူလူထု တဦးခ်င္းစီက ေခါင္းေဆာင္ေတြပဲ ျဖစ္တယ္။ အထူးသျဖင့္ မ်ဳိးဆက္လူငယ္အင္အားစုေတြက ပိုၿပီးတက္ၾကြတယ္။ သူတို႔မွာ ဖန္တီးႏိုင္စြမ္းလည္းရွိတယ္။ မကုန္ခမ္းႏိုင္တဲ့ အင္အားေတြ က်ေနာ္တို႔ လက္ထဲမွာ ရွိတဲ့အတြက္ ဘယ္စစ္အာဏာသိမ္းမႈပဲ ျဖစ္ျဖစ္ အျမစ္မက်န္ေအာင္ ေျခမႈန္းသုတ္သင္ဖုိ႔ဟာ က်ေနာ္တို႔ တမ်ဳိးသားလုံးရဲ႕ မ်က္ေမွာက္တာဝန္ ျဖစ္တယ္လို႔ က်ေနာ္ေျပာခ်င္ပါတယ္။”

နယူးေယာက္ျပည္နယ္ ဘတ္ဖဲလိုးၿမဳိ႕ကေန ဒီစီၿမဳိ႕ ျမန္မာစစ္သံရုံးေရွ႕ထိ အေရာက္လာတဲ့ ျမန္မာ့အေရးလႈပ္ရွားသူ ဦးမင္းႏိုင္ ေျပာတာက -

“အေဝးႀကီးကေန ခုလို ဝါရွင္တန္ဒီစီထိေရာက္လာၿပီး ဆႏၵျပရတဲ့ အေၾကာင္းရင္းက ျပည္တြင္းမွာ ေရြးခ်ယ္ခံျပည္သူ႔အစိုးရကို အာဏာသိမ္းလုိက္ၿပီး စစ္အာဏာရွင္လက္ေအာက္ တေၾကာ့ျပန္ေရာက္သြားတဲ့ ျပည္သူေတြအတြက္ မခံမရပ္ႏိုင္လုိ႔ က်ေနာ္တို႔ အေဝးေရာက္ေတြ အေနနဲ႔လည္း ျပည္တြင္းမွာရွိတဲ့ ျပည္သူေတြမ်ဳိးဆက္သစ္ေတြအတြက္ က်ေနာ္တို႔ ေရာက္ေနတဲ့ အရပ္ကေန စြမ္းႏိုင္သမွ် အာဏာရွင္ကို အျမစ္ျပတ္ေျခမႈန္းဖို႔ ခုလိုဒီကို ေရာက္လာၾကတာျဖစ္တယ္။ ျပည္နယ္အသီးသီးကေန မုိင္ေပါင္းမ်ားစြာ .. က်ေနာ္တို႔ဆိုရင္ ႏွင္းမုန္တုိင္းၾကားကေန အႏၱရာယ္ကိုျဖတ္ေက်ာ္ၿပီး ဒီေနရာကို ေရာက္လာၾကတယ္။ ဆႏၵတူတဲ့ ရဲေဘာ္ညီေနာင္ မိတ္ေဆြ တုိင္းရင္းသားေတြနဲ႔ ဒီမွာ မထင္မွတ္ပဲ လူတစ္ရာေက်ာ္သြားတယ္။”

ေျမာက္ကယ္႐ုိလိုင္းနားျပည္နယ္က ျမန္မာ့အေရးလႈပ္ရွားသူ ကုိေအာင္သန္းကလည္း ခုလို ေျပာပါတယ္။

“ လက္ရွိမွာ ျပည္သူေရြးခ်ယ္ တင္ေျမွာက္ထားတဲ့ အစိုးရလည္းရွိေနတယ္ ၊ ျပည္သူေတြ မဲေပးလိုက္တဲ့ဟာ ရွိေနတာကို မတရား အဓမၼ အႏိုင္က်င့္ အာဏာသိမ္းလုိက္တဲ့အေပၚမွာ က်ေနာ္တို႔ ေျမာက္ကယ္ရိုလုိင္းနားျပည္နယ္ ၊ ဘတ္ဖဲလိုး ၊ ဝါရွင္တန္ဒီစီ ဗာဂ်ီးနီးယား အျခားျပည္နယ္ေတြကပါ လာေရာက္ပူးေပါင္း ဆႏၵျပေနၾကျခင္း ျဖစ္ပါတယ္။ ျပည္တြင္းက ျပည္သူေတြရဲ႕အသံနဲ႔ က်ေနာ္တို႔ဒီက အသံေတြဟာ တထပ္ထဲျဖစ္ေနမယ္ဆိုတာ က်ေနာ္တုိ႔ ေလးေလးနက္နက္ ေျပာလုိပါတယ္။”

ဝါရွင္တန္ဒီစီမွာလိုပဲ အုိကလာဟုိးမားျပည္နယ္ ေတာ္လ္ဆာၿမဳိ႕မွာလည္း ကူကီးခ်င္းတိုင္းရင္းသားေတြ အပါဝင္ ျမန္မာေတြပါ ရာနဲ႔ခ်ီ ဆႏၵျပခဲ့ေၾကာင္း ၿမဳိ႕ခံ ဦးခင္ေမာင္စီက ေျပာပါတယ္။

“ စစ္အာဏာရွင္ရဲ႕ အာဏာသိမ္းတာကို အလုိမရွိဘူးဆိုတာ ထုတ္ေဖၚတဲ့ပဲြပါပဲ။ အုိကလာဟိုးမားျပည္နယ္ ေတာ္လ္ဆာၿမဳိ႕ေတာ္ ခန္းမေရွ႕မွာ လုပ္တာပါ။ ဒီမွာရွိတဲ့ တုိင္းရင္းသားေတြ စုေပါင္းလုပ္တာပါ။ လူအင္အား ၂၀၀ နဲ႔ ၃၀၀ ၾကားရွိပါတယ္။ အဓိကေတာ့ သမၼတႀကီးဦးဝင္းျမင့္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္အျပင္ စစ္တပ္က ဖမ္းထားသူေတြ အကုန္ ျပန္လႊတ္ေပးဖို႔ပါ။ လူထုကိုယ္စားလွယ္ေတြနဲ႔ ဖဲြ႔စည္းလိုက္တဲ့ အခုလႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီကိုလည္း က်ေနာ္တုိ႔ ေထာက္ခံတယ္။ ေနာက္ၿပီး အေမရိကန္ အစိုးရက ျမန္မာစစ္တပ္ကို ဖိအားေပး အေရးယူဖို႔ က်ေနာ္တုိ႔ ေတာင္းဆိုထားပါတယ္”

ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းမႈ ျပန္မ႐ုပ္သိမ္းမခ်င္း ဆႏၵျပပဲြေတြ ဆက္လုပ္သြားမယ္လို႔ ျမန္္မာ့အေရးလႈပ္ရွားသူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ဝါရှင်တန်ဒီစီနဲ့ ကန် ပြည်နယ်တချို့မှာ စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲ ဆက်လက်ပြုလုပ်

(Unicode)

၂၀၂၀ ရွေးကောက်ပွဲ ရလဒ်တွေကို ငြင်းပယ်ပြီး မြန်မာစစ်တပ်က အာဏာသိမ်းယူလိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စု ပြည်နယ်တချို့က မြန်မာနဲ့ တိုင်းရင်းသား (၁၀၀)ဝန်းကျင် လာရောက်စုပေါင်းပြီး သောကြာနေ့ မွန်းလွဲပိုင်းက ဝါရှင်တန်ဒီစီ မြန်မာစစ်သံရုံးရှေ့ သွားရောက်ဆန္ဒပြကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် စုစည်း တင်ပြထားပါတယ်။

အဲဒီဆန္ဒပြပွဲမှာ ရောက်နေတဲ့ VOA သတင်းထောက် မဆုမွန်က စစ်သံရုံးရှေ့ မြင်ကွင်းအခြေအနေကို ရှင်းပြပါတယ်။

“မဆုမွန် ။ ။ အခုကျမ ရောက်ရှိနေတဲ့ နေရာကတော့ ဝါရှင်တန်ဒီစီမြို့က မြန်မာစစ်သံရုံးရှေ့ ရောက်နေတာ ဖြစ်ပါတယ်။ စစ်တပ်က အာဏာယူလိုက်တဲ့ ကိစ္စအပေါ်မှာ မကြေနပ်တဲ့ အတွက်ကြောင့်မို့ အမေရိကန် တဝှမ်းလုံးမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံတဲ့ နိုင်ငံခြားသားတချို့ ဒီမှာလာပြီး ဆန္ဒ ထုတ်ဖေါ်နေကြတာ တွေ့ရပါတယ်။ ဒီ စစ်သံရုံးရဲ့ ရှေ့တည့်တည့်မှာ သူတို့ ဆန္ဒထုတ်ဖေါ် နေကြတာပါ။

ကိုဉာဏ်ဝင်းအောင် ။ ။ အခုက ကိုဗစ်ကာလဆိုတော့ အဲဒီမှာ လူတွေက ဘယ်လိုပုံစံနဲ့ ဆန္ဒလာပြတာလဲခင်ဗျ။

မဆုမွန် ။ ။ ဟုတ်ကဲ့ရှင့် ၊ ကျမ သိသလောက်ဆိုလို့ရှိရင်တော့ ဒီ ဝါရှင်တန်ဒီစီမှာပေါ့နော်၊ ကိုဗစ်ကပ်ရောဂါ ဖြစ်နေတဲ့အချိန်လည်း ဖြစ်တော့ ရဲတွေက လူတွေကို နိုင်ငံသားတို့ရဲ့အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ဆန္ဒပြခွင့်ရှိတယ် ၊ ခွင့်တောင်းစရာမလိုဘူး ၊ ဒါပေမဲ့ ဒီနေရာမှာ လူ(၂၅)ယောက်ထက် ပို မစုရဘူး ခပ်ခွါခွါ နေရမယ်ဆိုတဲ့ စည်းကမ်းချက်တွေ လိုက်နာရမယ်ဆိုပြီးတော့ ရဲကနေပြီးတော့ ဆန္ဒပြဦးဆောင်တဲ့ သူတွေကို လာပြောနေတာ တွေ့ရပါတယ်ရှင့်။

ဆန္ဒပြပွဲမှာ ပါဝင်သူတွေရဲ့အသံကိုလည်း နားထောင်ကြည့်ရအောင်ပါ။

မြောက်ကယ်ရိုလိုင်းနားပြည်နယ်ကနေ ကြွလာတဲ့ သံဃာတော် အရှင်ဦးအဂ္ဂက ခုလို မိန့်ပါတယ်။

“ပြည်သူတရပ်လုံး လက်သန်းမှင်စိုပြီး ထုတ်ဖေါ်ပေးထားတဲ့ မဲတွေကို .. မဲလိမ်တယ် မဲခိုးတယ်ဆိုပြီး မတရားစွပ်စွဲပြီးတော့ စစ်တပ်က အာဏာသိမ်းတဲ့လုပ်ရပ်ဟာ တပ်မတော်အတွက် သိက္ခာကျသလို၊ ဒီလိုလုပ်ဖို့ စစ်ခေါင်းဆောင်တွေ ဘယ်လို စဉ်းစားခဲ့တာလဲလို့ပဲ မေးလိုက်ချင်တယ်။”

West Virginia ပြည်နယ်ကလာတဲ့ ၂၀၀၃ ဒီပဲရင်းလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ NLD ပါတီဝင်ဟောင်း ဒေါ်ခင်အေးမြင့်ကလည်း -

“ စစ်သံရုံးရှေ့မှာ စစ်အာဏာရှင်စနစ် အလိုမရှိဘူး ။ ဖမ်းဆီးခံ ခေါင်းဆောင်တွေနဲ့ ပြည်သူ့အာဏာကို ပြန်လည်အပ်နှံပေးပါ။ စစ်တပ် အာဏာသိမ်းထားတာ ပြန်ရုပ်သိမ်းပါ။ အရွေးကောက်ခံ ရလဒ်ကို အကောင်ထည်ဖေါ်ပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ကို ချက်ချင်းလွှတ်ပြီးတော့ စစ်အာဏာသိမ်း အဓမ္မဝါဒီတွေကို မတရားတဲ့အမိန့် မှန်သမျှကို ဖီဆန်ကြပါလို့ ကျမတို့ ပြောချင်ပါတယ်။”

မေရီလန်းမှာနေတဲ့ NLD ပါတီ ပဲခူးတိုင်းစည်း အဖွဲ့ဝင်ဟောင်း ဦးအောင်စောဦးက မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေကြောင်း ပြောပါတယ်။

“ မြန်မာနိုင်ငံမှာ ဝန်ထမ်းတွေ သပိတ်မှောက်နေတဲ့အတွက် လစာမရမှာ ထမင်းငတ်မှာကို မပူကြပါနဲ့လို့ ပြောချင်ပါတယ်။ တချိန် ကျနော်တို့ ဒီမိုကရေစီ လက်ဝယ်ပြန်ရောက်ရင် ပြည်သူ့အစိုးရက ပြန်ပြီးကြည့်ပါလိမ့်မယ်လို့ပဲ ပြောလိုပါတယ်။ ဒီကနေ့ ကျနော်တို့ ပြည်တွင်းလှုပ်ရှားမှုဟာ ဘယ်အဖွဲ့က ဦးဆောင်လုပ်နေတာမျိုး မဟုတ်ပဲ ပြည်သူလူထု တဦးချင်းစီက ခေါင်းဆောင်တွေပဲ ဖြစ်တယ်။ အထူးသဖြင့် မျိုးဆက်လူငယ်အင်အားစုတွေက ပိုပြီးတက်ကြွတယ်။ သူတို့မှာ ဖန်တီးနိုင်စွမ်းလည်းရှိတယ်။ မကုန်ခမ်းနိုင်တဲ့ အင်အားတွေ ကျနော်တို့ လက်ထဲမှာ ရှိတဲ့အတွက် ဘယ်စစ်အာဏာသိမ်းမှုပဲ ဖြစ်ဖြစ် အမြစ်မကျန်အောင် ခြေမှုန်းသုတ်သင်ဖို့ဟာ ကျနော်တို့ တမျိုးသားလုံးရဲ့ မျက်မှောက်တာဝန် ဖြစ်တယ်လို့ ကျနော်ပြောချင်ပါတယ်။”

နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့ကနေ ဒီစီမြို့ မြန်မာစစ်သံရုံးရှေ့ထိ အရောက်လာတဲ့ မြန်မာ့အရေးလှုပ်ရှားသူ ဦးမင်းနိုင် ပြောတာက -

“အဝေးကြီးကနေ ခုလို ဝါရှင်တန်ဒီစီထိရောက်လာပြီး ဆန္ဒပြရတဲ့ အကြောင်းရင်းက ပြည်တွင်းမှာ ရွေးချယ်ခံပြည်သူ့အစိုးရကို အာဏာသိမ်းလိုက်ပြီး စစ်အာဏာရှင်လက်အောက် တကြော့ပြန်ရောက်သွားတဲ့ ပြည်သူတွေအတွက် မခံမရပ်နိုင်လို့ ကျနော်တို့ အဝေးရောက်တွေ အနေနဲ့လည်း ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေမျိုးဆက်သစ်တွေအတွက် ကျနော်တို့ ရောက်နေတဲ့ အရပ်ကနေ စွမ်းနိုင်သမျှ အာဏာရှင်ကို အမြစ်ပြတ်ခြေမှုန်းဖို့ ခုလိုဒီကို ရောက်လာကြတာဖြစ်တယ်။ ပြည်နယ်အသီးသီးကနေ မိုင်ပေါင်းများစွာ .. ကျနော်တို့ဆိုရင် နှင်းမုန်တိုင်းကြားကနေ အန္တရာယ်ကိုဖြတ်ကျော်ပြီး ဒီနေရာကို ရောက်လာကြတယ်။ ဆန္ဒတူတဲ့ ရဲဘော်ညီနောင် မိတ်ဆွေ တိုင်းရင်းသားတွေနဲ့ ဒီမှာ မထင်မှတ်ပဲ လူတစ်ရာကျော်သွားတယ်။”

မြောက်ကယ်ရိုလိုင်းနားပြည်နယ်က မြန်မာ့အရေးလှုပ်ရှားသူ ကိုအောင်သန်းကလည်း ခုလို ပြောပါတယ်။

“ လက်ရှိမှာ ပြည်သူရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရလည်းရှိနေတယ် ၊ ပြည်သူတွေ မဲပေးလိုက်တဲ့ဟာ ရှိနေတာကို မတရား အဓမ္မ အနိုင်ကျင့် အာဏာသိမ်းလိုက်တဲ့အပေါ်မှာ ကျနော်တို့ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ၊ ဘတ်ဖဲလိုး ၊ ဝါရှင်တန်ဒီစီ ဗာဂျီးနီးယား အခြားပြည်နယ်တွေကပါ လာရောက်ပူးပေါင်း ဆန္ဒပြနေကြခြင်း ဖြစ်ပါတယ်။ ပြည်တွင်းက ပြည်သူတွေရဲ့အသံနဲ့ ကျနော်တို့ဒီက အသံတွေဟာ တထပ်ထဲဖြစ်နေမယ်ဆိုတာ ကျနော်တို့ လေးလေးနက်နက် ပြောလိုပါတယ်။”

ဝါရှင်တန်ဒီစီမှာလိုပဲ အိုကလာဟိုးမားပြည်နယ် တော်လ်ဆာမြို့မှာလည်း ကူကီးချင်းတိုင်းရင်းသားတွေ အပါဝင် မြန်မာတွေပါ ရာနဲ့ချီ ဆန္ဒပြခဲ့ကြောင်း မြို့ခံ ဦးခင်မောင်စီက ပြောပါတယ်။

“ စစ်အာဏာရှင်ရဲ့ အာဏာသိမ်းတာကို အလိုမရှိဘူးဆိုတာ ထုတ်ဖေါ်တဲ့ပွဲပါပဲ။ အိုကလာဟိုးမားပြည်နယ် တော်လ်ဆာမြို့တော် ခန်းမရှေ့မှာ လုပ်တာပါ။ ဒီမှာရှိတဲ့ တိုင်းရင်းသားတွေ စုပေါင်းလုပ်တာပါ။ လူအင်အား ၂၀၀ နဲ့ ၃၀၀ ကြားရှိပါတယ်။ အဓိကတော့ သမ္မတကြီးဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပြင် စစ်တပ်က ဖမ်းထားသူတွေ အကုန် ပြန်လွှတ်ပေးဖို့ပါ။ လူထုကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းလိုက်တဲ့ အခုလွှတ်တော်ကိုယ်စားပြု ကော်မတီကိုလည်း ကျနော်တို့ ထောက်ခံတယ်။ နောက်ပြီး အမေရိကန် အစိုးရက မြန်မာစစ်တပ်ကို ဖိအားပေး အရေးယူဖို့ ကျနော်တို့ တောင်းဆိုထားပါတယ်”

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ပြန်မရုပ်သိမ်းမချင်း ဆန္ဒပြပွဲတွေ ဆက်လုပ်သွားမယ်လို့ မြန်မာ့အရေးလှုပ်ရှားသူတွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG