သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈဆန္႔က်င္ဆႏၵျပမႈ ၁၂ ရက္ေျမာက္


ရန္ကုန္ၿမိဳ႕စစ္အာဏာသိမ္းကန္႔ကြက္ဆႏၵျပပြဲ ၁၂ ရက္ေန႔

{{Zawgyi/Unicode}}

စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ကန႔္ကြက္တဲ့ ႏိုင္ငံတဝန္း ဆႏၵျပပြဲေတြ ၁၂ ရက္ေျမာက္ေန႔မွာေတာ့ ရန္ကုန္ၿမိဳ႕လည္ေခါင္မွာ ခုခ်ိန္ထိဆိုရင္ အႀကီးမားဆုံးလို႔ေျပာၾကတဲ့ ဆႏၵျပပြဲျဖစ္ခဲ့ပါတယ္။

ဆႏၵျပပြဲေတြကို စစ္ေကာင္စီက အင္အားသုံး ႏွိမ္နင္းၿဖိဳခြဲမယ့္အေပၚ စိုးရိမ္တဲ့အေၾကာင္း ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးအေျခအေနဆိုင္ရာ ကုလသမဂၢ အထူးစုံစမ္းစစ္ေဆးေရးမႉး Tom Andrews က ေျပာခဲ့အၿပီး ေနာက္တစ္ရက္မွာပဲ အခုလို ဆႏၵျပပြဲႀကီးျဖစ္ခဲ့တာပါ။

အဲဒီဆႏၵျပပြဲမွာ ထင္ရွားတဲ့ ၈၈ မ်ိဳးဆက္ ေခါင္းေဆာင္တစ္ဦးျဖစ္သူ ကိုမင္းကိုႏိုင္က အသံသြင္းထားတဲ့ ေျပာဆိုခ်က္ကို ေပးပို႔ၿပီးေတာ့ ဆႏၵျပပြဲအတြင္း ဖြင့္ၿပီး နားေထာင္ခဲ့ၾကပါတယ္။
ဒီဆႏၵျပပြဲေတြနဲ႔အတူ အစိုးရဝန္ထမ္းေတြ အလုပ္မဆင္းဘဲ အာဏာဖီဆန္တဲ့ CDM လႈပ္ရွားမႈကိုလည္း တၿပိဳင္နက္ထဲမွာ လုပ္ေဆာင္ေနၾကတာျဖစ္ၿပီးေတာ့ ေအာင္ျမင္မႈရမယ္လို႔ ယုံၾကည္တဲ့အေၾကာင္း ဆႏၵျပသူတစ္ဦးက ေျပာပါတယ္။

"စစ္အစိုးရက ခနခနေျပာတယ္ ။ ဝန္ထမ္းေတြရုံးတက္ၾကပါ။ ရုံးတက္ၾကပါဆိုၿပီ။ သူတို႔ေတာင္မွ တပ္ပ်က္ေနၿပီ။ ဒီေတာ့က်ေနာ္တို႔ CDM ကိုဆက္ၿပီး တြန္းအားေပးပါ။ ဆက္ၿပီဖိအားေပးပါ။ သူတို႔လမ္းေပၚထြက္တာအျပင္ကို ဝန္ထမ္းေတြအေနနဲ႔ကလည္း CDM ကိုဆက္လုပ္မယ္ဆိုလို႔ရွိရင္ ဒီယႏၱယားႀကီးက လုံးဝရပ္တန္႔သြားမယ္ဆိုတာ က်ေနာ္တို႔လုံးဝယုံၾကည္ပါတယ္။ "

ရန္ကုန္ၿမိဳ႕က ဒီကေန႔ဆႏၵျပပြဲမွာ အထူးျခားဆံုးလုိ႔ေျပာရမွာကေတာ့ အိမ္စီးကိုယ္ပိုင္ကားေတြအပါအဝင္ ေမာ္ေတာ္ယာဥ္အမ်ားအျပား ကားပ်က္တယ္ဆိုၿပီး လမ္းေတြေပၚမွာ ပိတ္ဆို႔ထားခဲ့ၾကတာပါ။ ကားပ်က္ေနတယ္လို႔ေရးထားၿပီး CDM စာလံုးေတြပါေရးထားတဲ့ စာရြက္ေတြ၊ ဆိုင္းဘုတ္ေတြ ကားအေတာ္မ်ားမ်ားမွာ ကပ္ထား ခ်ိတ္ထားတာေတြ႔ရပါတယ္။
ဒါဟာ CDM လႈပ္ရွားမႈမွာမပါဝင္ဘဲ ခုခ်ိန္ထိ အလုပ္သြားေနသူေတြကို တားဆီးဖို႔ျဖစ္သလို ဆႏၵျပပြဲေတြကိုၿဖိဳခြဲမယ့္ ရဲနဲ႔စစ္ကားေတြ မသြားႏိုင္ေအာင္ျဖစ္တယ္လို႔ ဆႏၵျပသူေတြကေျပာပါတယ္။

ၿပီးခဲ့တဲ့ရက္က အင္အားသုံးႏွိမ္နင္းတာေတြရွိခဲ့တဲ့ မႏၲေလးၿမိဳ႕မွာ ဒီကေန႔ေတာ့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ရွိခဲ့တဲ့အေၾကာင္း အဲဒီမွာရွိေနတဲ့ ဗြီအိုေအသတင္းေထာက္ကေျပာပါတယ္။ CDM လႈပ္ရွားမႈတစိတ္တပိုင္းအျဖစ္ ရထားေတြမထြက္ဖို႔ မႏၲေလး ဒီဇယ္စက္ေခါင္းစက္႐ုံေရွ႕မွာ ဆႏၵျပခဲ့ၾကပါတယ္။

ေနျပည္ေတာ္မွာလည္း ေက်ာင္းဆရာ ဆရာမေတြ၊ သူနာျပဳေတြ၊ ဘဏ္ဝန္ထမ္းေတြအပါအဝင္ အစိုးရဝန္ထမ္းေတြ CDM လႈပ္ရွားမႈကို ေထာက္ခံၿပီး ဆႏၵျပတဲ့ထဲ ပါဝင္ခဲ့ၾကပါတယ္။
ႀကံခင္းၿမိဳ႕ ဆႏၵျပပြဲမွာဆိုရင္ ရဲတပ္ဖြဲ႕ဝင္တခ်ိဳ႕ ပါဝင္လာတာကို ဆိုရွယ္မီဒီယာမွာပ်ံ႕ေနတဲ့ ဓာတ္ပုံေတြထဲမွာ ေတြ႕ရပါတယ္။

စစ္ေကာင္စီက တနလၤာေန႔မွာလုပ္တဲ့ သတင္းစာရွင္းလင္းပြဲ တက္ေရးမတက္ေရးနဲ႔ပတ္သက္လို႔ သတင္းမီဒီယာသမားေတြၾကားမွာ သေဘာထားကြဲျပားမႈေတြရွိခဲ့ၿပီး အမ်ားစုက မတက္ဘဲ CDM လႈပ္ရွားမႈအရ ကန႔္ကြက္ခဲ့ၾကၿပီးတဲ့ေနာက္ ဒီကေန႔မွာေတာ့ ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီဝင္တခ်ိဳ႕ ႏုတ္ထြက္ၾကတာကို သူတို႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာေတြမွာ ကိုယ္တိုင္ေရးထားတာေတြ႕ရပါတယ္။

.....................................................

စစ္အာဏာသိမ္းမႈဆန္႔က်င္ဆႏၵျပမႈ ၁၂ ရက္ေျမာက္
please wait

No media source currently available

0:00 0:02:35 0:00
တိုက္႐ိုက္ လင့္ခ္

{{Unicode}}

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ၁၂ ရက်မြောက်နေ့မှာတော့ ရန်ကုန်မြို့လည်ခေါင်မှာ ခုချိန်ထိဆိုရင် အကြီးမားဆုံးလို့ပြောကြတဲ့ ဆန္ဒပြပွဲဖြစ်ခဲ့ပါတယ်။ဆန္ဒပြပွဲတွေကို စစ်ကောင်စီက အင်အားသုံး နှိမ်နင်းဖြိုခွဲမယ့်အပေါ် စိုးရိမ်တဲ့အကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး Tom Andrews က ပြောခဲ့အပြီး နောက်တစ်ရက်မှာပဲ အခုလို ဆန္ဒပြပွဲကြီးဖြစ်ခဲ့တာပါ။

အဲဒီဆန္ဒပြပွဲမှာ ထင်ရှားတဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းကိုနိုင်က အသံသွင်းထားတဲ့ ပြောဆိုချက်ကို ပေးပို့ပြီးတော့ ဆန္ဒပြပွဲအတွင်း ဖွင့်ပြီး နားထောင်ခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲတွေနဲ့အတူ အစိုးရဝန်ထမ်းတွေ အလုပ်မဆင်းဘဲ အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုကိုလည်း တပြိုင်နက်ထဲမှာ လုပ်ဆောင်နေကြတာဖြစ်ပြီးတော့ အောင်မြင်မှုရမယ်လို့ ယုံကြည်တဲ့အကြောင်း ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။

"စစ်အစိုးရက ခနခနပြောတယ် ။ ဝန်ထမ်းတွေရုံးတက်ကြပါ။ ရုံးတက်ကြပါဆိုပြီ။ သူတို့တောင်မှ တပ်ပျက်နေပြီ။ ဒီတော့ကျနော်တို့ CDM ကိုဆက်ပြီး တွန်းအားပေးပါ။ ဆက်ပြီဖိအားပေးပါ။ သူတို့လမ်းပေါ်ထွက်တာအပြင်ကို ဝန်ထမ်းတွေအနေနဲ့ကလည်း CDM ကိုဆက်လုပ်မယ်ဆိုလို့ရှိရင် ဒီယန္တယားကြီးက လုံးဝရပ်တန့်သွားမယ်ဆိုတာ ကျနော်တို့လုံးဝယုံကြည်ပါတယ်။ "

ရန်ကုန်မြို့က ဒီကနေ့ဆန္ဒပြပွဲမှာ အထူးခြားဆုံးလို့ပြောရမှာကတော့ အိမ်စီးကိုယ်ပိုင်ကားတွေအပါအဝင် မော်တော်ယာဉ်အများအပြား ကားပျက်တယ်ဆိုပြီး လမ်းတွေပေါ်မှာ ပိတ်ဆို့ထားခဲ့ကြတာပါ။ ကားပျက်နေတယ်လို့ရေးထားပြီး CDM စာလုံးတွေပါရေးထားတဲ့ စာရွက်တွေ၊ ဆိုင်းဘုတ်တွေ ကားအတော်များများမှာ ကပ်ထား ချိတ်ထားတာတွေ့ရပါတယ်။
ဒါဟာ CDM လှုပ်ရှားမှုမှာမပါဝင်ဘဲ ခုချိန်ထိ အလုပ်သွားနေသူတွေကို တားဆီးဖို့ဖြစ်သလို ဆန္ဒပြပွဲတွေကိုဖြိုခွဲမယ့် ရဲနဲ့စစ်ကားတွေ မသွားနိုင်အောင်ဖြစ်တယ်လို့ ဆန္ဒပြသူတွေကပြောပါတယ်။

ပြီးခဲ့တဲ့ရက်က အင်အားသုံးနှိမ်နင်းတာတွေရှိခဲ့တဲ့ မန္တလေးမြို့မှာ ဒီကနေ့တော့ ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့တဲ့အကြောင်း အဲဒီမှာရှိနေတဲ့ ဗွီအိုအေသတင်းထောက်ကပြောပါတယ်။ CDM လှုပ်ရှားမှုတစိတ်တပိုင်းအဖြစ် ရထားတွေမထွက်ဖို့ မန္တလေး ဒီဇယ်စက်ခေါင်းစက်ရုံရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

နေပြည်တော်မှာလည်း ကျောင်းဆရာ ဆရာမတွေ၊ သူနာပြုတွေ၊ ဘဏ်ဝန်ထမ်းတွေအပါအဝင် အစိုးရဝန်ထမ်းတွေ CDM လှုပ်ရှားမှုကို ထောက်ခံပြီး ဆန္ဒပြတဲ့ထဲ ပါဝင်ခဲ့ကြပါတယ်။
ကြံခင်းမြို့ ဆန္ဒပြပွဲမှာဆိုရင် ရဲတပ်ဖွဲ့ဝင်တချို့ ပါဝင်လာတာကို ဆိုရှယ်မီဒီယာမှာပျံ့နေတဲ့ ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။

စစ်ကောင်စီက တနင်္လာနေ့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ တက်ရေးမတက်ရေးနဲ့ပတ်သက်လို့ သတင်းမီဒီယာသမားတွေကြားမှာ သဘောထားကွဲပြားမှုတွေရှိခဲ့ပြီး အများစုက မတက်ဘဲ CDM လှုပ်ရှားမှုအရ ကန့်ကွက်ခဲ့ကြပြီးတဲ့နောက် ဒီကနေ့မှာတော့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်တချို့ နုတ်ထွက်ကြတာကို သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွေမှာ ကိုယ်တိုင်ရေးထားတာတွေ့ရပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG