{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံမွာ အရပ္သားအစိုးရကို ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းခဲ့ၿပီးေနာက္ ဖမ္းဆီးထားသူ ၄၀၀ ေက်ာ္ထက္မနည္းရွိေၾကာင္း ႏိုင္ငံေရးအက်ဥ္းသားေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ ဖမ္းဆီးခံထားရသူေတြဟာ မိသားစုနဲ႔ ေတြ႕ခြင့္မရသလို၊ ဥပေဒနဲ႔အညီ အခြင့္အေရးေတြ မရၾကဘူးလို႔လည္း ေျပာပါတယ္။ အျပည့္အစုံကိုေတာ့ ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ မေမခက ေျပာျပေပးပါမယ္။
စစ္တပ္က အာဏာသိမ္းခ်ိန္ကစလို႔ ဖမ္းဆီးခံရသူေတြနဲ႔ ေနာက္ဆက္တြဲ အၾကမ္းမဖက္တဲ့ အာဏာဖီဆန္ေရး လႈပ္ရွားမႈေတြနဲ႔ ဆက္ႏြယ္ၿပီး ဖမ္းဆီးထားသူ ၄၀၀ ေက်ာ္ ရွိေၾကာင္း ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (ျမန္မာႏိုင္ငံ) AAPP-B က ေျပာပါတယ္။ ဖမ္းဆီးမႈ အမ်ားစုဟာ အာဏာသိမ္းမႈေနာက္ပိုင္း လႈပ္ရွားမႈေတြနဲ႔ ဆက္ႏြယ္ေနတယ္လို႔လည္း AAPP အဖြဲ႔တြဲဖက္အတြင္းေရးမႉး ဦးဘိုၾကည္ကေျပာပါတယ္။
"က်ေနာ္တို႔စာရင္းကေတာ့ အားလုံး ၄၅၂ေယာက္ရွိပါတယ္။ ဒီထဲမွာ ၃၅ေယာက္ျပန္လြတ္လာတာမို႔ အခုစာရင္းရွိကေတာ့ ၄၁၇ ေယာက္က်န္ပါတယ္။ ေနာက္ အာဏာမသိမ္းခင္မွာဖမ္းထားတာ ၆၀၁ ေယာက္ရွိတယ္ဆိုေတာ့ ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးအက်ဥ္းသား ၁၀၀၀ေက်ာ္ရွိသြားၿပီေျပာလို႔ရပါတယ္။"
"အဓိကကေတာ့ အစိုးရအဖြဲ႕ဝင္ေတြ အစိုးရအမတ္ေတြ NLDကျဖစ္တဲ့ အလယ္အလတ္ပိုင္း ေခါင္းေဆာင္ေတြ CDM လႈပ္ရွားမႈလုပ္ေနတဲ့ ေက်ာင္းဆရာေတြ၊ တက္ႂကြလႈပ္ရွားသူေတြ ဒါေတြကို အဓိက ပစ္မွတ္ထားလုပ္ေနတယ္လို႔ က်ေနာ္တို႔ေတြ႕ရပါတယ္။ သူတို႔က အဓိက NLD ကိုၿဖိဳခြဲမယ့္ပုံစံမ်ိဳးအဓိကလုပ္ေဆာင္တာက်ေနာ္တို႔ ေတြ႕ရပါတယ္။ တခ်ိဳ႕သပိတ္ထဲမွာပါတဲ့ သူေတြက ရဲစခန္းေခၚသြားတာတို႔ အဲလိုမ်ိဳးပါတာဆိုသိရတာရွိတယ္။ ေနာက္တခ်ိဳ႕သူတို႔ေတြ ျပန္လြတ္လာတာမ်ိဳးလဲ ရွိပါတယ္။ ေနာက္အဲလိုေခၚတာမပါတဲ့ သူေတြေတာ္ေတာ္မ်ားမ်ားက်ေတာ့ ဘယ္ကိုေခၚသြားမွန္း ဘာေၾကာင့္ေခၚသြားမွန္း အမ်ားစုကမသိၾကရပါဘူး"
တပ္မေတာ္က အာဏာသိမ္းၿပီးေနာက္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္နဲ႔ အစိုးရအဖြဲ႕ဝင္ေတြအျပင္ တက္ႂကြလႈပ္ရွားသူေတြကိုလည္း ဖမ္းဆီးခဲ့တာပါ။ ဒီအထဲမွာ ပါဝင္ခဲ့တဲ့ ဦးျမေအးဟာ ဆိုရင္လည္း သီတင္း ၃ ပတ္ေလာက္ ရွိလာတဲ့အထိ အက်ိဳးအေၾကာင္း မသိရေသးဘူးလို႔လည္း ဦးျမေအးရဲ႕မိခင္က ေျပာပါတယ္။ က်န္းမာေရးမေကာင္းတဲ့သားျဖစ္သူအတြက္ စိတ္မေအးရဘူးလို႔လည္း ဦးျမေအးမိခင္က ဗြီအိုေအကိုေျပာပါတယ္။
" ဖမ္းထဲကေခၚတာဘာမွ မသိရဘူး. ဘယ္မွာရွိလဲမသိဘူး။ ဘာသတင္းမွမရတာ"
CDM လို႔ေခၚတဲ့ အာဏာသိမ္းမႈကို အၾကမ္းမဖက္ အာဏာဖီဆန္တဲ့ လႈပ္ရွားမႈနဲ႔ ဆက္ႏြယ္ၿပီး ႏိုင္ငံဝန္ထမ္းေတြ အပါအဝင္ ႏိုင္ငံအႏွံမွာ အာဏာပိုင္ေတြ ဖမ္းဆီးမႈေတြ ရွိေနတာပါ။ ဧရာဝတီတိုင္း၊ အဂၤပူၿမိဳ႕နယ္ မဲဇလီကုန္း တိုက္နယ္ေဆး႐ုံက ကေလး ၂ေယာက္ ဖခင္ ဆရာဝန္ ေဒါက္တာျပည့္ၿဖိဳးႏိုင္ဟာ ဆိုရင္လည္း ေဖေဖာ္ဝါရီ ၁၁ရက္ေန႔ထဲက ဖမ္းဆီးေခၚေဆာင္သြားခဲ့ၿပီး မိသားစုက ခုခ်ိန္ထိ ေတြ႕ခြင့္မရေသးဘူးလို႔ ေျပာပါတယ္။ ေထာင္ ၃ႏွစ္ခ်ႏိုင္တဲ့ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈ ဥပေဒနဲ႔ တရားစြဲဖို႔ စီစဥ္ေနတယ္သာၾကားသိရၿပီး ေရွ႕ေနျဖစ္သူနဲ႔ တဆင့္ေတြ႕ဆုံဖို႔ ႀကိဳးစားေနဆဲျဖစ္ေၾကာင္းလည္း ဇနီးျဖစ္သဴက ဗြီအိုေအကိုေျပာပါတယ္။
"ခုခ်ိန္ထိဖမ္းသြားတာမေတြ႕ရေသးဘူး။ ဘယ္မွာလဲမသိဘူး။ ေရွ႕ေနနဲ႔ေတာင္ေတြ႕ခြင့္မရဘူး။ က်မတို႔မွာ သူတို႔လုပ္ခ်င္သလိုလုပ္တာ ခံေနရတယ္။ သူက CDM လုပ္တာ ႐ုံးစာ႐ြက္စာတမ္းသြားယူေတာ့ ဆႏၵျပသူေတြနဲ႔ေတြ႕လို႔ အၾကမ္းမဖက္ဖို႔ေျပာတာကို တခ်ိဳ႕က ဓါတ္ပုံ႐ိုက္သြားၾကတာ။ အဲဒ့ါကို သူက လူစုပါတယ္ ဆိုၿပီး သဘာဝေဘးနဲ႔အေရးယူမယ္လို႔ေျပာတာၾကားတယ္။ ဒါမယ့္ ခုထိေသခ်ာကိုမသိရေသးတာပါ။ က်မတို႔မွာ မတရားကိုဖမ္းခံထားရတာပါ။ အခုကေလး အငယ္ကိုသူ႔အေဖ တရားစခန္းဝင္တယ္ေျပာေတာ့ ျပန္လာေတာ့မလားဘဲေမးေနတယ္။"
အာဏာဖီဆန္ေရး လႈပ္ရွားမႈေတြနဲ႔ လမ္းေပၚထြက္ ဆႏၵျပပြဲေတြ ဆက္လက္ အရွိန္ေကာင္းေနခ်ိန္မွာပဲ ဖမ္းဆီးမႈေတြလည္း ဆက္လက္ ထြက္ေပၚေနတာပါ။ ညဖက္အခ်ိန္မေတာ္ ဥပေဒမဲ့ ဖမ္းဆီးမႈေတြနဲ႔ ဖမ္းဆီးခံရသူေတြဟာ ဥပေဒနဲ႔အညီ ခံစားခြင့္ေတြ ဆုံးရႈံးေနရတယ္လို႔လည္း AAPP အဖဲြ႕ ဦးဘိုၾကည္က ေထာက္ျပပါတယ္။
"ဒါဟာဥပ ေဒအရမတရားဖမ္းဆီးမႈေျမာက္ပါတယ္။ ဖမ္းခံရသူေတြေတာ္ေတာ္မ်ားမ်ားစိုးရိမ္ရတာလို႔က်ေနာ္တို႔ သုံးသပ္လို႔ရတယ္။ ေနာက္ၿပီး ဥပေဒအရဆို ၂၄နာရီထိပိုခ်ဳပ္တာ၊ ေရွ႕ေနေတြနဲ႔ေတြ႕ခြင့္မရတာ ဒီလိုေတြဆုံးရႈံးေနရတာရွိတယ္။ တခ်ိဳ႕ဆို မိသားစုနဲ႔ေတြ႕ခြင့္ ေတာင္မရမို႔က်န္းမာေရးမ ေကာင္းသူေတြေတာ္ေတာ္စိတ္ပူေနၾကရတယ္။ ေန႔စဥ္ေသာက္သုံးေနတဲ့ေဆးဝါးပုံမွန္ေသာက္ရတာရွိမရွိဆိုတာက အစ ဒီလိုစိတ္ပူစရာေတြရွိလို႔ ဒါေတြဟာ ဆိုးရိမ္ရတာရွိပါတယ္။ ဥပေဒအရအာဏာသိမ္းတာမတရားမႈ၊ တရားမဝင္ အစိုးရကလူေတြကိုမတရား ဖမ္းဆီးေနတာေတြ ဘဲျဖစ္တယ္။ တန္ဆာခံသေဘာဖမ္းေနရတာေတြမ်ိဳးေတြေတြ႕ရတယ္။ ဒါမ်ိဳးေတြတကယ္မလုပ္သင့္ဘူး။ စစ္တပ္ကအာဏာသိမ္းလို႔တိုင္းျပည္ေကာင္းလာဖို႔ ထက္ဆိုးက်ိဳး ပို ျဖစ္မယ္ဆိုတာ အာဏာသိမ္းသူေတြသိသင့္တယ္။ဒီလူေတြကို အျမန္ဆုံးလႊတ္ဖို႔လိုတယ္ ျပည္သူဆႏၵကို အျမန္ဆုံးေလးစားလိုက္နာဖို႔လိုပါတယ္"
လတ္တေလာ ဖမ္းဆီးမႈေတြနဲ႔ ဖမ္းဆီးထိန္းသိမ္းခံရသူေတြ အခြင့္အေရး ဆုံးရႈံးမႈေတြနဲ႔ ပတ္သက္လို႔ ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ တာဝန္ခံေျဖဆိုမယ့္သူ မရွိခဲ့ပါဘူး။ ကုလသမဂၢနဲ႔ အေမရိကန္ အပါအဝင္ ႏိုင္ငံတကာ အသိုင္းအဝန္းနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားမႈ အဖြဲ႕ေတြကလည္း ဥပေဒမဲ့ ဖမ္းဆီးမႈေတြအေပၚ ကန႔္ကြက္ေျပာဆိုထားၾကသလို၊ အရပ္သားအစိုးရ ေခါင္းေဆာင္ေတြ အပါအဝင္ ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးဖို႔လည္း ေတာင္းဆိုထားပါတယ္ရွင္။
............................
{{Unicode}}
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဖမ်းဆီးထားသူ ၄၀၀ ကျော်ထက်မနည်းရှိကြောင်း နိုင်ငံရေးအကျဉ်းသားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဖမ်းဆီးခံထားရသူတွေဟာ မိသားစုနဲ့ တွေ့ခွင့်မရသလို၊ ဥပဒေနဲ့အညီ အခွင့်အရေးတွေ မရကြဘူးလို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမေခက ပြောပြပေးပါမယ်။
စစ်တပ်က အာဏာသိမ်းချိန်ကစလို့ ဖမ်းဆီးခံရသူတွေနဲ့ နောက်ဆက်တွဲ အကြမ်းမဖက်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထားသူ ၄၀၀ ကျော် ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B က ပြောပါတယ်။ ဖမ်းဆီးမှု အများစုဟာ အာဏာသိမ်းမှုနောက်ပိုင်း လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်နေတယ်လို့လည်း AAPP အဖွဲ့တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကပြောပါတယ်။
"ကျနော်တို့စာရင်းကတော့ အားလုံး ၄၅၂ယောက်ရှိပါတယ်။ ဒီထဲမှာ ၃၅ယောက်ပြန်လွတ်လာတာမို့ အခုစာရင်းရှိကတော့ ၄၁၇ ယောက်ကျန်ပါတယ်။ နောက် အာဏာမသိမ်းခင်မှာဖမ်းထားတာ ၆၀၁ ယောက်ရှိတယ်ဆိုတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၁၀၀၀ကျော်ရှိသွားပြီပြောလို့ရပါတယ်။"
"အဓိကကတော့ အစိုးရအဖွဲ့ဝင်တွေ အစိုးရအမတ်တွေ NLDကဖြစ်တဲ့ အလယ်အလတ်ပိုင်း ခေါင်းဆောင်တွေ CDM လှုပ်ရှားမှုလုပ်နေတဲ့ ကျောင်းဆရာတွေ၊ တက်ကြွလှုပ်ရှားသူတွေ ဒါတွေကို အဓိက ပစ်မှတ်ထားလုပ်နေတယ်လို့ ကျနော်တို့တွေ့ရပါတယ်။ သူတို့က အဓိက NLD ကိုဖြိုခွဲမယ့်ပုံစံမျိုးအဓိကလုပ်ဆောင်တာကျနော်တို့ တွေ့ရပါတယ်။ တချို့သပိတ်ထဲမှာပါတဲ့ သူတွေက ရဲစခန်းခေါ်သွားတာတို့ အဲလိုမျိုးပါတာဆိုသိရတာရှိတယ်။ နောက်တချို့သူတို့တွေ ပြန်လွတ်လာတာမျိုးလဲ ရှိပါတယ်။ နောက်အဲလိုခေါ်တာမပါတဲ့ သူတွေတော်တော်များများကျတော့ ဘယ်ကိုခေါ်သွားမှန်း ဘာကြောင့်ခေါ်သွားမှန်း အများစုကမသိကြရပါဘူး"
တပ်မတော်က အာဏာသိမ်းပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ အစိုးရအဖွဲ့ဝင်တွေအပြင် တက်ကြွလှုပ်ရှားသူတွေကိုလည်း ဖမ်းဆီးခဲ့တာပါ။ ဒီအထဲမှာ ပါဝင်ခဲ့တဲ့ ဦးမြအေးဟာ ဆိုရင်လည်း သီတင်း ၃ ပတ်လောက် ရှိလာတဲ့အထိ အကျိုးအကြောင်း မသိရသေးဘူးလို့လည်း ဦးမြအေးရဲ့မိခင်က ပြောပါတယ်။ ကျန်းမာရေးမကောင်းတဲ့သားဖြစ်သူအတွက် စိတ်မအေးရဘူးလို့လည်း ဦးမြအေးမိခင်က ဗွီအိုအေကိုပြောပါတယ်။
" ဖမ်းထဲကခေါ်တာဘာမှ မသိရဘူး. ဘယ်မှာရှိလဲမသိဘူး။ ဘာသတင်းမှမရတာ"
CDM လို့ခေါ်တဲ့ အာဏာသိမ်းမှုကို အကြမ်းမဖက် အာဏာဖီဆန်တဲ့ လှုပ်ရှားမှုနဲ့ ဆက်နွယ်ပြီး နိုင်ငံဝန်ထမ်းတွေ အပါအဝင် နိုင်ငံအနှံမှာ အာဏာပိုင်တွေ ဖမ်းဆီးမှုတွေ ရှိနေတာပါ။ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် မဲဇလီကုန်း တိုက်နယ်ဆေးရုံက ကလေး ၂ယောက် ဖခင် ဆရာဝန် ဒေါက်တာပြည့်ဖြိုးနိုင်ဟာ ဆိုရင်လည်း ဖေဖော်ဝါရီ ၁၁ရက်နေ့ထဲက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မိသားစုက ခုချိန်ထိ တွေ့ခွင့်မရသေးဘူးလို့ ပြောပါတယ်။ ထောင် ၃နှစ်ချနိုင်တဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေနဲ့ တရားစွဲဖို့ စီစဉ်နေတယ်သာကြားသိရပြီး ရှေ့နေဖြစ်သူနဲ့ တဆင့်တွေ့ဆုံဖို့ ကြိုးစားနေဆဲဖြစ်ကြောင်းလည်း ဇနီးဖြစ်သူက ဗွီအိုအေကိုပြောပါတယ်။
"ခုချိန်ထိဖမ်းသွားတာမတွေ့ရသေးဘူး။ ဘယ်မှာလဲမသိဘူး။ ရှေ့နေနဲ့တောင်တွေ့ခွင့်မရဘူး။ ကျမတို့မှာ သူတို့လုပ်ချင်သလိုလုပ်တာ ခံနေရတယ်။ သူက CDM လုပ်တာ ရုံးစာရွက်စာတမ်းသွားယူတော့ ဆန္ဒပြသူတွေနဲ့တွေ့လို့ အကြမ်းမဖက်ဖို့ပြောတာကို တချို့က ဓါတ်ပုံရိုက်သွားကြတာ။ အဲဒ့ါကို သူက လူစုပါတယ် ဆိုပြီး သဘာဝဘေးနဲ့အရေးယူမယ်လို့ပြောတာကြားတယ်။ ဒါမယ့် ခုထိသေချာကိုမသိရသေးတာပါ။ ကျမတို့မှာ မတရားကိုဖမ်းခံထားရတာပါ။ အခုကလေး အငယ်ကိုသူ့အဖေ တရားစခန်းဝင်တယ်ပြောတော့ ပြန်လာတော့မလားဘဲမေးနေတယ်။"
အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေနဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ ဆက်လက် အရှိန်ကောင်းနေချိန်မှာပဲ ဖမ်းဆီးမှုတွေလည်း ဆက်လက် ထွက်ပေါ်နေတာပါ။ ညဖက်အချိန်မတော် ဥပဒေမဲ့ ဖမ်းဆီးမှုတွေနဲ့ ဖမ်းဆီးခံရသူတွေဟာ ဥပဒေနဲ့အညီ ခံစားခွင့်တွေ ဆုံးရှုံးနေရတယ်လို့လည်း AAPP အဖွဲ့ ဦးဘိုကြည်က ထောက်ပြပါတယ်။
"ဒါဟာဥပ ဒေအရမတရားဖမ်းဆီးမှုမြောက်ပါတယ်။ ဖမ်းခံရသူတွေတော်တော်များများစိုးရိမ်ရတာလို့ကျနော်တို့ သုံးသပ်လို့ရတယ်။ နောက်ပြီး ဥပဒေအရဆို ၂၄နာရီထိပိုချုပ်တာ၊ ရှေ့နေတွေနဲ့တွေ့ခွင့်မရတာ ဒီလိုတွေဆုံးရှုံးနေရတာရှိတယ်။ တချို့ဆို မိသားစုနဲ့တွေ့ခွင့် တောင်မရမို့ကျန်းမာရေးမ ကောင်းသူတွေတော်တော်စိတ်ပူနေကြရတယ်။ နေ့စဉ်သောက်သုံးနေတဲ့ဆေးဝါးပုံမှန်သောက်ရတာရှိမရှိဆိုတာက အစ ဒီလိုစိတ်ပူစရာတွေရှိလို့ ဒါတွေဟာ ဆိုးရိမ်ရတာရှိပါတယ်။ ဥပဒေအရအာဏာသိမ်းတာမတရားမှု၊ တရားမဝင် အစိုးရကလူတွေကိုမတရား ဖမ်းဆီးနေတာတွေ ဘဲဖြစ်တယ်။ တန်ဆာခံသဘောဖမ်းနေရတာတွေမျိုးတွေတွေ့ရတယ်။ ဒါမျိုးတွေတကယ်မလုပ်သင့်ဘူး။ စစ်တပ်ကအာဏာသိမ်းလို့တိုင်းပြည်ကောင်းလာဖို့ ထက်ဆိုးကျိုး ပို ဖြစ်မယ်ဆိုတာ အာဏာသိမ်းသူတွေသိသင့်တယ်။ဒီလူတွေကို အမြန်ဆုံးလွှတ်ဖို့လိုတယ် ပြည်သူဆန္ဒကို အမြန်ဆုံးလေးစားလိုက်နာဖို့လိုပါတယ်"
လတ်တလော ဖမ်းဆီးမှုတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူတွေ အခွင့်အရေး ဆုံးရှုံးမှုတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကို ဆက်သွယ်မေးမြန်းရာမှာတော့ တာဝန်ခံဖြေဆိုမယ့်သူ မရှိခဲ့ပါဘူး။ ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေကလည်း ဥပဒေမဲ့ ဖမ်းဆီးမှုတွေအပေါ် ကန့်ကွက်ပြောဆိုထားကြသလို၊ အရပ်သားအစိုးရ ခေါင်းဆောင်တွေ အပါအဝင် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်ရှင်။