သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်ဆင်းဖို့ ဖိအားပေးခံနေရတဲ့ စည်ပင်ဝန်ထမ်းတဦးနဲ့ ဆက်သွယ်မေးမြန်းချက်


ရန်ကုန်မြို့ရှိ ရုရှားသံရုံရှေ့ ဆန္ဒပြ မြင်ကွင်း။

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းယူလိုက်တာကို ကန့်ကွက်တဲ့အနေနဲ့ Civil Disobedience Movement မှာ ပါဝင်နေတဲ့ ဝန်ထမ်းတွေကို အာဏာပိုင်တွေက အလုပ်ပြန်ဆင်းဖို့ ဖိအားပေးမှုတွေ အရှိန်မြင့် လုပ်ဆောင်နေတာမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဌာနက ဝန်ထမ်းတွေလည်း အဲဒီလို ဖိအားပေးခံရတဲ့အထဲ ပါဝင်ပါတယ်။ စည်ပင် ဝန်ထမ်းတွေအနေနဲ့ ဖေဖော်ဝါရီလ ၁၉ လုပ်ငန်းခွင် ပြန်ဝင်ကြဖို့ အတင်းအကြပ် စေခိုင်းနေတဲ့ တချိန်ထဲမှာဘဲ တချို့ဝန်ထမ်းတွေဟာ အဖမ်းခံရမှာ စိုးရိမ်တဲ့အတွက် ဘေးကင်းရာမှာ ရှောင်တိမ်းနေကြရတယ်လို့ ဒီလှုပ်ရှားမှုမှာ ပါဝင်သူတွေက ဗွီအိုအေကို ပြောပါတယ်။ CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး လောလောဆယ် ရှောင်တိမ်းနေရတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဌာနက ဝန်ထမ်းတဦးကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ကိုဇော်ဝင်းလှိုင်။ ။ အမတို့က စည်ပင်ဝန်ထမ်းတွေအနေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်နေတာ အဲလိုလားခင်ဗျ။

ဖြေ။ ။ ဟုတ်ကဲ့ပါရှင့်၊ ပါပါတယ်ရှင့်။

ကိုဇော်ဝင်းလှိုင်။ ။ ဟုတ်ကဲ့ အခု အမတို့ နောက်ဆုံးဖြစ်နေတဲ့အခြေအနေလေးကို ပြောပြပါဦး ကျနော်တို့ကြားတာက မနက်ဖြန်မှာ အလုပ်တွေ၊

ဖြေ။ ။ ဟုတ်ကဲ့ ၁၉ ရက်နေ့မှာမှ မတက်ဘူးဆိုရင် ကျမတို့တွေကို ထုတ်ပယ်မယ်ဆိုတဲ့ စာပေါ့နော် ။ အဆုံးအဖြတ်ယူမယ်ပေါ့နော်။ အရာထမ်းတွေကျတော့ ၂၆ ရက်နေ့ နောက်ဆုံးထားပြီး တက်ရပါမယ်လို့ ပြောပါတယ်ရှင့်။ ကျမတို့တွေကို အဆုံးအဖြတ်ယူမယ်ပေါ့နော်။ ဝန်ထမ်းဆိုရင် ဆက်တက်၊ မဟုတ်ဘူးဆိုရင် စာရေးဆိုတဲ့ သဘောနဲ့ ပြောနေပါတယ်ရှင့်။ အဲလိုသဘောမျိုးပါပဲ။

ကိုဇော်ဝင်းလှိုင်။ ။ ဟုတ်ကဲ့ အဲဒီလိုပြောတဲ့သူ စာထုတ်တဲ့လူက ဘယ်သူလဲခင်ဗျ ဘယ်အဆင့်ရှိပါသလဲ။

ဖြေ။ ။ဌာနမှူးတယောက်ပါရှင့် ဟုတ်ကဲ့။

ကိုဇော်ဝင်းလှိုင်။ ။ဆိုတော့ အမတို့အနေနဲ့ရော ဘယ်လိုသဘောရသလဲ အခု အမတို့လည်း ကြားသိနေမှာပေါ့နော် CDM လှုပ်ရှားမှု အရှိန်ကောင်းလာတာနဲ့အမျှ တဖက်မှာလည်း အဲဒီ CDM ထဲမှာပါတဲ့ ဝန်ထမ်းတွေကို ပြန်ပြီးအလုပ်ဆင်းဖို့ ဖိအားပေးတာတွေကလည်း အာဏာပိုင်တွေဘက်က တော်တော်လေးလုပ်နေတယ် ဆိုတော့ အမတို့အနေနဲ့ CDM လှုပ်ရှားမှုကို ဆက်ပြီးတော့ လုပ်သွားဖို့ရှိလား။

ဖြေ။ ။ အကောင်အထည်ဖော်သွားမှာပါ ။ ကျမတို့ ဆက်ပြီးတော့ လုပ်သွားမှာပါ။ ကျမတို့ ဘယ်လိုလုပ်မလဲဆိုတော့ ကျမတို့အနေနဲ့ အခုဆိုရင် စဉ်းစားထားတာပေါ့နော်၊ ကျမတို့ ၁ ရက်လာပြီးတော့ တက်ပေးပါ။ တကယ်လို့ နောက်ရက်တွေကျရင်လည်း ခွင့်ယူရင်လည်းယူပါ။ တချို့ရုံးတွေကပြောတယ်။ တချို့တွေကျတော့လည်း မဟုတ်ဘူး ဆက်တိုက်တက်ရမယ်၊ ဝန်ထမ်းအလုပ် လုပ်တဲ့ ။ ကျမတို့ ရုံးတွေကလည်း အကုန်စုထားတယ်ဆိုတော့လေ။

ကိုဇော်ဝင်းလှိုင်။ ။ အမတို့ နီးစပ်ရာ အသိုင်းအဝိုင်းမှာဆိုရင် တော်တေ်ာများလားခင်ဗျ ဘယ်လောက်များရှိပါသလဲ အမ ပြောလို့ရနိုင်တဲ့ နံပတ်ရှိသလား။

ဖြေ။ ။ ကျမတို့ အနည်းဆုံး ၂၀၀ ကျော်ရှိပါတယ်ရှင့်၊ အများဆုံး ၃၄၀ ရှိပါတယ်။ ကျမတို့ဝန်ထမ်းတွေအနေနဲ့က နယ်မြေထဲကို အခွန်ကောက်ခံခြင်းလည်း မရှိတော့ပါဘူးရှင့်။ ဝင်ငွေတွေအကုန်လုံးလည်း ရပ်ထားပါတယ်။ CDM လုပ်တယ်ဆိုတဲ့ သဘောအနေနဲ့ တချို့ကျမတို့ လူပြတာပဲရှိတယ်။ တချို့ဝန်ထမ်းတွေဆိုရင် အလုပ်မလုပ်ပဲ ထိုင်နေကြတယ်၊ ထိုင်ခုံပေါ်မှာပဲ။ ကျမတို့တွေ အပြင်ဘက်ကနေ လှုပ်ရှားမှုတွေ အများကြီးရှိပါတယ်ရှင့်။ ချွန်တာတွေရော ရှိရင် ရှိမှာပေါ့နော်

ကိုဇော်ဝင်းလှိုင်။ ။အကြောင်းအမျိုးမျိုးကြောင့် ရှိကြမှာပေါ့နော် ကျနော်တို့လည်း အဲလိုကြားပါတယ် တချို့ဝန်ထမ်းတွေ ဌာနကြီးတခုလုံးမဟုတ်ပဲနဲ့။

ဖြေ။ ။ ကျမတို့ဆို ချွန်ခံရတယ် တချို့တွေ။ ရုံးတိုင်း ရုံးတိုင်မှာတော့ ရှိပါတယ်ရှင့်၊ ဟုတ်ကဲ့။

ကိုဇော်ဝင်းလှိုင်။ ။ နောက်တခုကလေ အခု ကျနော်တို့ ကြားတာက ဒီညမှာ အမတို့နဲ့အတူတူ CDM ထဲမှာ ပါနေတဲ့ စည်ပင်ဝန်ထမ်းတွေထဲကကိုပဲ ဖမ်းမှာဆီးမှာကြောက်လို့ ရှောင်တိမ်း နေတဲ့သူတွေရှိတယ်လို့ ကြားပါတယ်။ အဲဒါ ဟုတ်ပါသလား။

ဖြေ။ ။ဟုတ်ပါတယ်ရှင့် ၊ တချို့တွေဆိုရင် နယ်မှာသွား၊ တချို့ဆိုရင် အပြင်မှာသွား ထွက်အိပ်ရတာတွေရှိပါတယ်ရှင့်။

ကိုဇော်ဝင်းလှိုင်။ ။ ကိုယ့်အိမ်ကိုယ် မနေရဲကြတော့တဲ့ အနေအထားလားခင်ဗျ။

ဖြေ။ ။ ဟုတ်တယ် အဲလို အနေအထားပေါ့နော်။ ဒါပေမယ့် သူတို့ဘက်က နှုတ်က မပြောပေမယ့် ကျမတို့က အရင်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အတိုင်းဆိုရင် အဲလိုမျိုး စိတ်ထဲမှာထင်နေလို့ ကျမတို့ အပြင်မှာနေရတာတွေ ရှိတယ်ရှင့်။

ကိုဇော်ဝင်းလှိုင်။ ။ အမကိုယ်တိုင်က ရှောင်နေရတာလားခင်ဗျ အိမ်မှာမနေပဲနဲ့။

ဖြေ။ ။ ကိုယ့်ဟာနဲ့ကိုယ် ကြောက်လို့ သိတဲ့စိတ်နဲ့ ၊ အဲလိုပေ့ါ သို့လော သို့လောတွေက ။ တချို့ဆရာသမားတွေက ဖုန်းဆက်တယ်။ အဲလိုမျိုး ဆိုတော့ ကိုယ်လည်း ရှောင်နေရတဲ့ သဘောမှာရှိပါတယ်။ ကိုယ့်အသိစိတ်ဓါတ်နဲ့ ရှောင်နေရတာပေါ့ အဲလိုမျိုး ။

ကိုဇော်ဝင်းလှိုင်။ ။ ဆိုတော့ ဝန်ထမ်းတွေက အခု CDM ကိုလည်း ဆက်လုပ်ချင်တယ် ဒါပေမယ့် တဖက်မှာလည်း အလုပ်ပြုတ်တာနဲ့ မပြုတ်တာဆိုတာထက် လောလောဆည်က ကိုယ့်အသက်အန္တရာယ်အတွက် ဒါမှမဟုတ်လည်း ဖမ်းဆီးခံရမယ့် အန္တရာယ်က ပိုကြောက်စရာကောင်းလာတဲ့ အနေအထားဖြစ်လာတာလားခင်ဗျ။

ဖြေ။ ။ ဟုတ်ပါတယ်ရှင့်။ နောက်ပြီးတော့ တချို့ရုံးတွေဆိုရင် သော့ပိတ်မယ်တို့ ခြိမ်းခြောက်တာတွေလည်း ရှိတယ်လို့ ကြားပါတယ်ရှင့်။

ကိုဇော်ဝင်းလှိုင်။ ။ အခု အမတို့ ဒီအထဲမှာ ပါဝင်နေတဲ့သူတွေ အချင်းချင်းကြားထဲမှာရော အမကိုယ်တိုင် ခံစားမိတာကရောပေါ့၊ ဒီ CDM လှုပ်ရှားမှုဟာ ထိရောက်မှုရှိတယ်၊ အောင်မြင်တယ်လို့ ယူဆကြပါသလား။

ဖြေ။ ။အောင်မြင်နေပါတယ်ရှင့်။ ကျမတို့က အခုအကြံပေးချင်တာကတော့ ပြည်သူလူထုကလည်း ကျမတို့ ကောက်တဲ့အခွန်တွေကို ဘယ်သူမှ မဆောင်ဖို့ မေတ္တာရပ်ခံပါတယ်။ ကျမတို့ လာကောက်တယ်ဆိုရင်တောင်မှ ဘယ်သူမှမဆောင်ဘူး ။ မဆောင်ဘူးဆိုရင်လည်း ကျမတို့က လာပြီးတော့ နှိုးဆော်ခဲ့တယ် ဆိုရင်တောင် မဆောင်ပါနဲ့ ။ ကျမတို့ အနေနဲ့လည်း ဘာမှ လုပ်လို့ရမှာမဟုတ်ပါဘူး။ မဆောင်ပါနဲ့ လို့ မေတ္တာရပ်ခံပါတယ်။

ကိုဇော်ဝင်းလှိုင်။ ။ ဆိုတော့ ပြည်သူလူထုက ညတွေမှာ အိမ်တွေမှာ လိုက်ဖမ်းသလိုမျိုး အဖမ်းမခံဘူးဆိုပြီး ငြင်းထုတ်လိုက်သလိုမျိုး အခွန်ပေးရမှာကို အခွန်မပေးဘူးဆိုပြီး ငြင်းထုတ်လိုက်ရင်လည်း အမတို့ အနေနဲ့လည်း ဥပဒေအရ အရေးယူပိုင်ခွင့်မရှိဘူး၊ အဲဒီလိုလားခင်ဗျ။

ဖြေ။ ။ ကျမတို့ CDM ထဲမှာလည်း အကြုံးဝင်ပါတယ်။ ကျမတို့ကိုလည်း တနည်းအားဖြင့် ထောက်ပံ့တဲ့ အတူတူပါပဲရှင့်။

ကိုဇော်ဝင်းလှိုင်။ ။ အမတို့ အခုလို လုပ်နေကြတယ်ဆိုပေမယ့် ကိုယ်တိုင်လည်း ဒုက္ခအခက်အခဲတွေနဲ့ ကြုံနေရတာဆိုတော့နော် ဒါကလည်း ဘယ်လောက်ကြာမလဲဆိုတာ ဘယ်သူမှလည်း မပြောနိုင်တော့ အချင်းချင်း အားပေးတာတို့၊ ဒါမှမဟုတ်ရင်လည်း ကျန်တဲ့ ဝန်ထမ်းတွေကို ဘာများပြောချင်တာရှိပါသလဲ။

ဖြေ။ ။ ကျမတို့ ဘာများပြောချင်သလဲဆိုတော့ တခြားဝန်ထမ်းတွေလည်း အဲလိုမျိုး လုပ်ပါလို့ တခြားဝန်ထမ်းတွေကိုသနားသောအားဖြင့် ကျမတို့ အခုဆို မီးရထားဝန်ထမ်းတွေ ခံစားနေရတယ် ။ ကျမတို့တွေလည်း ဘယ်တော့ ဖြစ်မလဲမသိဘူး ဒါတွေ အားလုံး ကျမတို့အတူတူ တိုက်ပွဲဝင်မှ ဖြစ်မှာ ။ အားလျှော့လို့လည်း မရပါဘူးရှင့်။

ကိုဇော်ဝင်းလှိုင်။ ။ စည်ပင်ဝန်ထမ်းအများစုက ဒီ CDM ထဲမှာ တနည်းတဖုံနဲ့ ပါနေကြတယ်လို့ ပြောလို့ရလား။

ဖြေ။ ။ပါနေပါတယ်ရှင့်။ ဒါပေမယ့် ကိုယ့်ဝတ်ဝုံ Uniform နဲ့ မထွက်ရဲကြတာ အကုန်လုံးအပြင်မှာ လှုပ်ရှားနေပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)






























ဆက်စပ်သတင်းများ ...

XS
SM
MD
LG